< Neemia 3 >

1 ED Eliasib, sommo sacerdote, e i suoi fratelli sacerdoti, si levarono su, ed edificarono la porta delle pecore; essi la santificarono, e posarono le sue porte; e la santificarono, fino alla torre di Cento, [e] fino alla torre di Hananeel.
မြို့​ရိုး​ကို​ပြန်​လည်​တည်​ဆောက်​ကြ​ပုံ​ကား ဤ သို့​တည်း။ ယဇ်​ပု​ရော​ဟိတ်​မင်း​ဧ​လျာ​ရှိပ်​နှင့်​သူ​၏ အ​ဖော်​ယဇ်​ပု​ရော​ဟိတ်​တို့​သည် သိုး​တံ​ခါး ကို​ပြန်​လည်​တည်​ဆောက်​၍​ဆက်​ကပ်​ပြီး လျှင် တံ​ခါး​ရွက်​များ​ကို​တပ်​ဆင်​ကြ​၏။ သူ​တို့​သည်​မြို့​ရိုး​ကို​ရာ​ပြည့်​ပြ​အိုး​နှင့် ဟာ​န​နေ​လ​ပြ​အိုး​တိုင်​အောင်​ဆက်​ကပ် ကြ​၏။
2 Ed allato a lui edificarono gli uomini di Gerico; e allato a loro edificò Zaccur, figliuolo d'Imri.
ယေ​ရိ​ခေါ​မြို့​သား​တို့​သည်​မြို့​ရိုး​နောက် တစ်​ပိုင်း​ကို​တည်​ဆောက်​ကြ​၍၊ ဣ​မ​ရိ​၏​သား​ဇက္ကု​ရ​သည် နောက်​ထပ်​တစ် ပိုင်း​ကို​တည်​ဆောက်​လေ​သည်။
3 Ed i figliuoli di Senaa edificarono la porta de' pesci; essi le fecero i suoi palchi, e posarono le sue porte, i suoi serrami, e le sue sbarre.
ဟ​ဿေ​နာ​သား​ချင်း​စု​သည်​ငါး​တံ​ခါး​ကို တည်​ဆောက်​ပြီး​လျှင်​တံ​ခါး​ထုပ်​များ၊ တံ​ခါး ရွက်​များ၊ တံ​ခါး​ပိတ်​ရန်​မင်း​တုပ်​များ​နှင့် ကန့်​လန့်​ကျင်​တို့​ကို​တပ်​ဆင်​ကြ​၏။
4 Ed allato a loro ristorò Meremot, figliuolo di Uria, figliuolo di Cos; ed allato a loro ristorò Mesullam, figliuolo di Berechia, figliuolo di Mesezabeel; ed allato a loro ristorò Sadoc, figliuolo di Baana.
မြို့​ရိုး​နောက်​တစ်​ပိုင်း​ကို​ဟက္ကု​၏​မြေး၊ ဥ​ရိ​ယ​၏​သား​မေ​ရ​မုတ်​တည်​ဆောက်​၍၊ နောက်​ထပ်​တစ်​ပိုင်း​ကို​မေ​ရှ​ဇ​ဗေ​လ​၏​မြေး၊ ဗေ​ရ​ခိ​၏​သား​မေ​ရှု​လံ​တည်​ဆောက်​လေ သည်။ နောက်​တစ်​ပိုင်း​ကို​ဗာ​နာ​၏​သား​ဇာ​ဒုတ် တည်​ဆောက်​၏။
5 Ed allato a loro ristorarono i Tecoiti; ma i principali d'infra loro non sottomisero il collo al servigio del lor Signore.
နောက်​ထပ်​တစ်​ပိုင်း​ကို​တေ​ကော​မြို့​သား​တို့ တည်​ဆောက်​ကြ​လေ​သည်။ သို့​ရာ​တွင်​မြို့​၏ အ​ကြီး​အ​ကဲ​များ​က​မူ မိ​မိ​တို့​အား​ကြီး ကြပ်​သူ​တို့​ပေး​အပ်​သည့်​ကာ​ယ​အ​လုပ် ကို​ငြင်း​ဆန်​ကြ​၏။
6 E Gioiada, figliuolo di Pasea, e Mesullam, figliuolo di Besodia, ristorarono la porta vecchia. Essi le fecero i suoi palchi, e posarono le sue porte, i suoi serrami, e le sue sbarre.
ပါ​သာ​၏​သား​ယော​ယ​ဒ​နှင့်​ဗေ​သော​ဒေ​ယ ၏​သား​မေ​ရှု​လံ​တို့​သည်​ယေ​ရှာ​နာ​တံ​ခါး ကို​ပြန်​လည်​တည်​ဆောက်​ကြ​ပြီး​လျှင်​တံ​ခါး ထုပ်​များ၊ တံခါး​ရွက်​များ၊ တံ​ခါး​ပိတ်​ရန်​မင်း တုပ်​များ​နှင့်​ကန့်​လန့်​ကျင်​တို့​ကို​တပ်​ဆင် ကြ​၏။
7 Ed allato a loro ristorarono Melatia Gabaonita, e Iadon Merenotita, [con] que' di Gabaon, e di Mispa, presso al seggio del governatore di qua dal fiume.
မြို့​ရိုး​နောက်​တစ်​ပိုင်း​ကို​ဂိ​ဗောင်​မြို့​သား​မေ လ​တိ၊ မေ​ရော​နုတ်​မြို့​သား​ယာ​ဒုန်​နှင့်​ဂိ​ဗောင် မြို့​သား၊ မိ​ဇ​ပါ​မြို့​သား​တို့​က​ဥ​ဖ​ရတ်​မြစ် အ​နောက်​ဘက်​ပြည်​နယ်​ဘု​ရင်​ခံ​၏​အိမ်​တော် တိုင်​အောင်​တည်​ဆောက်​ကြ​၏။
8 [Ed] allato ad esso ristorò Uzziel, figliuolo di Harhoia, con gli orafi; ed allato a lui ristorò Hanania, ch'[era] de' profumieri. E Gerusalemme fu lasciata [come era], fino in [capo del] muro largo.
နောက်​တစ်​ပိုင်း​ကို​ဟာ​ဟာ​ယ​၏​သား၊ ပန်း ထိမ်​သ​မား​သြ​ဇေ​လ​တည်​ဆောက်​၍ နောက် တစ်​ပိုင်း​ကို​မြို့​ရိုး​ကျယ်​တိုင်​အောင်​နံ့​သာ ဆီ​ထုတ်​လုပ်​သူ​ဟာ​န​နိ​တည်​ဆောက်​လေ သည်။
9 Ed allato a coloro ristorò Refaia, figliuolo di Hur, capitano della metà della contrada di Gerusalemme.
ဟု​ရ​၏​သား၊ ယေ​ရု​ရှ​လင်​နယ်​တစ်​ပိုင်း​ကို အုပ်​ချုပ်​ရ​သူ ရေ​ဖာ​ယ​သည်​မြို့​ရိုး​နောက် တစ်​ပိုင်း​ကို​တည်​ဆောက်​၏။
10 Ed allato a loro, e dirimpetto alla sua casa, ristorò Iedaia, figliuolo di Harumaf; ed allato a lui ristorò Hattus, figliuolo di Hasabneia.
၁၀ဟာ​ရု​မပ်​၏​သား​ယေ​ဒါ​ယ​သည်​မိ​မိ​နေ အိမ်​အ​နီး​ရှိ​မြို့​ရိုး​တစ်​ပိုင်း​ကို​တည်​ဆောက်​၍၊ ဟာ​ရှ​ဗာ​နိ​၏​သား​ဟတ္တုတ်​သည်​နောက်​တစ် ပိုင်း​ကို​တည်​ဆောက်​လေ​သည်။
11 Malchia, figliuolo di Harim, ed Hassub, figliuolo di Pahat-Moab, ristorarono un doppio spazio, ed anche la torre de' forni.
၁၁ဟာ​ရိမ်​၏​သား​မာ​လ​ခိ​ယ​နှင့်​ပါ​တတ်​မော​ဘ ၏​သား​ဟာ​ရှုတ်​တို့​သည် မြို့​ရိုး​နောက်​တစ်​ပိုင်း နှင့်​မုန့်​ဖို​ပြ​အိုး​ကို​တည်​ဆောက်​ကြ​၏။
12 Ed allato a loro ristorò Sallum, figliuolo di Lohes, capitano dell'[altra] metà della contrada di Gerusalemme, con le sue figliuole.
၁၂ဟာ​လော​ဟတ်​၏​သား၊ ယေ​ရု​ရှ​လင်​နယ်​ကျန် တစ်​ဝက်​ကို​အုပ်​ချုပ်​ရ​သူ​ရှလ္လုံ​သည် နောက်​တစ် ပိုင်း​ကို​တည်​ဆောက်​၏။ (တည်​ဆောက်​မှု​တွင် သူ​၏​သ​မီး​များ​က​ဝိုင်း​ဝန်း​ကူ​ညီ​ကြ လေ​သည်။)
13 Ed Hannun, e gli abitanti di Zanoa ristorarono la porta della valle; essi la fabbricarono, e posarono le sue porte, i suoi serrami, e le sue sbarre; ed insieme mille cubiti del muro, fino alla porta del letame.
၁၃ဟာ​နုန်​နှင့်​ဇာ​နော​မြို့​သား​တို့​သည် ချိုင့် တံ​ခါး​ကို​ပြန်​လည်​တည်​ဆောက်​ပြီး​လျှင် တံ​ခါး​ရွက်​များ၊ တံခါး​ပိတ်​ရန်​မင်း​တုပ် များ​နှင့်​ကန့်​လန့်​ကျင်​များ​ကို​တပ်​ဆင်​ကြ​၏။ ထို့​နောက်​မြို့​ရိုး​ပေ​တစ်​ထောင့်​ငါး​ရာ​ကို အ​မှိုက်​ပုံ​တံ​ခါး​တိုင်​အောင်​ပြင်​ဆင်​ကြ​၏။
14 E Malchia, figliuolo di Recab, capitano della contrada di Bet-cherem, ristorò la porta del letame; egli la fabbricò, e pose le sue porte, i suoi serrami, e le sue sbarre.
၁၄ရေ​ခပ်​၏​သား​ဗေ​သက္က​ရင်​နယ်​ကို​အုပ်​ချုပ်​ရ သူ​မာ​လ​ခိ​ယ​သည် အ​မှိုက်​ပုံ​တံ​ခါး​ကို​ပြန် လည်​တည်​ဆောက်​၍​တံ​ခါး​ရွက်​များ၊ မင်း​တုပ် များ​နှင့်​ကန့်​လန့်​ကျင်​များ​ကို​တပ်​ဆင်​လေ သည်။
15 E Sallum, figliuolo di Col-hoze, capitano della contrada di Mispa, ristorò la porta della fonte; egli la fabbricò, e la coperse, e posò le sue porte, i suoi serrami, e le sue sbarre; e insieme il muro dell'acquidotto di Sela, verso l'orto del re, e fino a' gradi, che scendono dalla Città di Davide.
၁၅ကော​လ​ဟော​ဇ​၏​သား၊ မိ​ဇ​ပါ​နယ်​ကို​အုပ် ချုပ်​ရ​သူ​ရှလ္လုံ​သည် စမ်း​ရေ​တွင်း​တံ​ခါး​ကို ပြန်​လည်​တည်​ဆောက်​ကာ​အ​မိုး​မိုး​၍​တံ​ခါး ရွက်​များ၊ မင်း​တုပ်​များ​နှင့်​ကန့်​လန့်​ကျင် များ​ကို​တပ်​ဆင်​၏။ သူ​သည်​ဘု​ရင်​ဥ​ယျာဉ် အ​နီး၊ ရှိ​လောင်​ရေ​ကန်​မြို့​ရိုး​ကို​ဒါ​ဝိဒ်​မြို့ တော်​လှေ​ကား​တိုင်​အောင်​တည်​ဆောက်​လေ သည်။
16 Dopo lui Neemia, figliuolo di Azbuc, capitano della metà della contrada di Betsur, ristorò fin dirimpetto alle sepolture di Davide, e fino allo stagno fatto [per arte], e fino alla casa de' prodi.
၁၆အာ​ဇ​ဗုတ်​၏​သား​ဗက်​ဇု​ရ​နယ်​တစ်​ဝက် ကို​အုပ်​ချုပ်​ရ​သူ​နေ​ဟ​မိ​သည် မြို့​ရိုး​နောက် တစ်​ပိုင်း​ကို​ဒါ​ဝိဒ်​သင်္ချိုင်း၊ ရေ​ကန်​နှင့်​စစ် တန်း​လျား​များ​တိုင်​အောင်​ဆောက်​လုပ်​၏။
17 Dopo lui ristorarono i Leviti, Rehum, figliuolo di Bani; [ed] allato a lui ristorò Hasabia, capitano della metà della contrada di Cheila, lungo la sua contrada.
၁၇အောက်​ပါ​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် မြို့​ရိုး တည်​ဆောက်​မှု​တွင်​ပါ​ဝင်​ကူ​ညီ​ကြ​လေ သည်။ ဗာ​နိ​၏​သား​ရေ​ဟုံ​သည်​မြို့​ရိုး​နောက်​တစ် ပိုင်း​ကို​တည်​ဆောက်​၍၊ ကိ​လ​နယ်​တစ်​ဝက်​ကို​အုပ်​ချုပ်​ရ​သူ​ဟာ ရှ​ဘိ​သည် နောက်​တစ်​ပိုင်း​ကို​မိ​မိ​နယ်​ကိုယ် စား​တည်​ဆောက်​၏။
18 Dopo lui ristorarono i lor fratelli, Bavvai, figliuolo di Henadad, capitano dell'[altra] metà della contrada di Cheila.
၁၈နောက်​တစ်​ပိုင်း​ကို​ဟေ​န​ဒဒ်​၏​သား၊ ကိ​လ နယ်​အ​ခြား​တစ်​ဝက်​ကို​အုပ်​ချုပ်​ရ​သူ ဗာ​ဝဲ​တည်​ဆောက်​၏။
19 Ed allato a lui Ezer, figliuolo di Iesua, capitano di Mispa, ristorò un doppio spazio, dirimpetto alla salita dell'armeria del cantone.
၁၉ယော​ရှ​၏​သား၊ မိ​ဇ​ပါ​မြို့​ကို​အုပ်​ချုပ်​ရ​သူ ဧ​ဇေ​ရ​သည် လက်​နက်​တိုက်​ရှေ့​ရှိ​မြို့​ရိုး​ကို မြို့​ထောင့်​တိုင်​အောင်​တည်​ဆောက်​လေ​သည်။
20 Dopo lui Baruc, figliuolo di Zaccai, s'inanimò, e ristorò doppio spazio, dal cantone fino all'entrata della casa di Eliasib, sommo sacerdote.
၂၀နောက်​တစ်​ပိုင်း​ကို​ဇဗ္ဗဲ​၏​သား​ဗာ​ရုတ်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​ဧ​လျာ​ရှိပ်​၏​အိမ် တော်​အ​ဝင်​ဝ​တိုင်​အောင်​တည်​ဆောက်​၏။
21 Dopo lui Meremot, figliuolo di Uria, figliuolo di Cos, ristorò altresì doppio spazio, dall'entrata della casa di Eliasib, fino all'estremità di essa.
၂၁နောက်​တစ်​ပိုင်း​ကို​ဟက္ကုတ်​၏​မြေး၊ ဥ​ရိ​ယ ၏​သား​မေ​ရ​မုတ်​သည် ဧ​လျာ​ရှိပ်​၏​အိမ် တော်​အ​စွန်​ဆုံး​တိုင်​အောင်​တည်​ဆောက် သ​တည်း။
22 E dopo lui, ristorarono i sacerdoti che abitavano nella pianura.
၂၂အောက်​ပါ​ယဇ်​ပု​ရော​ဟိတ်​တို့​သည် မြို့​ရိုး​တည် ဆောက်​မှု​တွင်​ပါ​ဝင်​ကူ​ညီ​ကြ​လေ​သည်။ ယေ​ရု​ရှ​လင်​မြို့​အ​နီး​တစ်​ဝိုက်​ရှိ​နယ်​မြေ​မှ ယဇ်​ပု​ရော​ဟိတ်​များ​သည်​မြို့​ရိုး​နောက်​တစ် ပိုင်း​ကို​တည်​ဆောက်​ကြ​၏။
23 Dopo loro ristorarono Beniamino, ed Hassub, dirimpetto alla lor casa. Dopo loro, Azaria, figliuolo di Maaseia, figliuolo di Anania, ristorò presso alla sua casa.
၂၃နောက်​တစ်​ပိုင်း​ကို​ဗင်္ယာ​မိန်​နှင့်​ဟာ​ရှုပ်​တို့​က မိ​မိ​တို့​နေ​အိမ်​များ​ရှေ့​တွင်​တည်​ဆောက် ကြ​၍၊ အာ​န​နိ​၏​မြေး​မာ​သေ​ယ​၏​သား​အာ​ဇ​ရိ က မိ​မိ​အိမ်​ရှေ့​၌​နောက်​တစ်​ပိုင်း​ကို​တည် ဆောက်​လေ​သည်။
24 Dopo lui, Binnui, figliuolo di Henadad, ristorò doppio spazio, dalla casa di Azaria fino alla rivolta, e fino al canto.
၂၄ဟေ​န​ဒဒ်​၏​သား​ဗိန္နိ​သည်​နောက်​တစ်​ပိုင်း ကို​အာ​ဇ​ရိ​၏​နေ​အိမ်​မှ​မြို့​ထောင့်​တိုင် အောင်​တည်​ဆောက်​၏။
25 Palal, figliuolo di Uzai, [ristorò] dalla rivolta, e dalla torre, che sporgeva infuori dall'alta casa del re, ch'[era] presso al cortile della prigione. Dopo lui [ristorò] Pedaia, figliuolo di Paros.
၂၅ဥ​ဇဲ​၏​သား​ပါ​လ​လ​သည်​မြို့​ရိုး​ထောင့်​နှင့် အ​စောင့်​တပ်​ဝင်း​အ​နီး​ရှိ အ​ထက်​နန်း​တော် အိုး​မှ​အ​စ​ပြု​၍​မြို့​ရိုး​နောက်​တစ်​ပိုင်း ကို​တည်​ဆောက်​၏။ ပါ​ရုပ်​၏​သား​ပေ​ဒါ​ယ​သည်​နောက်​တစ်​ပိုင်း ကို အ​ရှေ့​ဘက်​ရှိ​ရေ​တံ​ခါး​နှင့်​ဗိ​မာန်​တော် အ​စောင့်​ပြ​အိုး​အ​နီး​သို့​တိုင်​အောင်​တည် ဆောက်​လေ​သည်။ (ဤ​နေ​ရာ​သည်​ဗိ​မာန်​တော် အ​လုပ်​သ​မား​များ​နေ​ထိုင်​ရာ ယေ​ရု​ရှ​လင် မြို့​ရှိ​သြ​ဖေ​လ​ဟု​နာ​မည်​တွင်​သော ရပ်​ကွက်​တွင်​ရှိ​သ​တည်း။)
26 E i Netinei [che] abitavano in Ofel, ristorarono fino allato della porta delle acque, verso Oriente, e la torre sporta in fuori.
၂၆
27 Dopo loro, i Tecoiti ristorarono doppio spazio, d'allato alla torre grande sporta in fuori, fino al muro di Ofel.
၂၇တေ​ကော​မြို့​သား​တို့​သည်​ဒု​တိ​ယ​အ​ကြိမ် မြို့​ရိုး​နောက်​တစ်​ပိုင်း​ကို ဗိ​မာန်​တော်​အ​စောင့် မျှော်​စင်​ကြီး​ရှေ့​မှ​နေ​၍​သြ​ဖေ​လ​အ​ရပ် မြို့​ရိုး​အ​ထိ​တည်​ဆောက်​ကြ​၏။
28 I sacerdoti ristorarono d'appresso alla porta de' cavalli, ciascuno dirincontro alla sua casa.
၂၈နောက်​တစ်​ပိုင်း​ကို​ယဇ်​ပု​ရော​ဟိတ်​တစ်​စု​က မြင်း​တံ​ခါး​မှ​သည်​မြောက်​ဘက်​သို့ မိ​မိ​တို့ နေ​အိမ်​အ​သီး​သီး​ရှေ့​တွင်​တည်​ဆောက်​ကြ လေ​သည်။
29 Dopo loro, Sadoc, figliuolo d'Immer, ristorò dirincontro alla sua casa. E dopo lui, ristorò Semaia, figliuolo di Secania, guardiano della porta orientale.
၂၉ဣ​မေ​ရ​၏​သား​ဇာ​ဒုတ်​သည် မိ​မိ​၏​အိမ်​ရှေ့​၌ နောက်​တစ်​ပိုင်း​ကို​တည်​ဆောက်​၏။ ထို​နောက်​ရှေ​က​နိ​၏​သား၊ အ​ရှေ့​တံ​ခါး​မှူး ရှေ​မာ​ယ​သည် မြို့​ရိုး​တစ်​ပိုင်း​ကို​ဆက်​လက် တည်​ဆောက်​၏။
30 Dopo lui, Hanania, figliuolo di Selemia, ed Hanun, sesto figliuolo di Salaf, ristorarono doppio spazio. Dopo loro Mesullam, figliuolo di Berechia, ristorò dirincontro alle sue camere.
၃၀ရှေ​လ​မိ​၏​သား​ဟာ​န​နိ​နှင့်​ဇာ​လပ်​၏​ဆ​ဋ္ဌ မ​သား​ဟာ​နုန်​တို့​သည် ဒု​တိ​ယ​အ​ကြိမ်​မြို့ ရိုး​နောက်​တစ်​ပိုင်း​ကို​တည်​ဆောက်​ကြ​၏။ နောက်​တစ်​ပိုင်း​ကို​ဗေ​ရ​ခိ​၏​သား​မေ​ရှု​လံ သည် မိ​မိ​၏​အိမ်​ရှေ့​တွင်​တည်​ဆောက်​လေ​သည်။
31 Dopo lui, Malchia, figliuolo di un orafo, ristorò fino alla casa de' Netinei, e de' mercantanti d'aromati, allato alla porta della carcere, e fino all'alta sala del cantone.
၃၁ပန်း​ထိမ်​သ​မား​မာ​လ​ခိ​သည်​နောက်​တစ်​ပိုင်း ကို​ဗိ​မာန်​တော်​မိ​ဖ​ကဒ်​တံ​ခါး​နှင့် မြို့​ရိုး​၏ အ​ရှေ့​မြောက်​ထောင့်​ထိပ်​တွင်​ရှိ​သော​အ​ခန်း အ​နီး၊ ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​နှင့် ကုန်​သည်​တို့​အ​သုံး​ပြု​ရာ​အ​ဆောက်​အ​အုံ တိုင်​အောင်​တည်​ဆောက်​၏။
32 E fra l'alta sala del cantone, e la porta delle pecore, ristorarono gli orafi, ed i mercantanti di aromati.
၃၂နောက်​ဆုံး​အ​ပိုင်း​ကို​ပန်း​ထိမ်​သ​မား​များ နှင့်​ကုန်​သည်​များ​က​ထို​မြို့​ရိုး​ထောင့်​ခန်း မှ​သိုး​တံ​ခါး​တိုင်​အောင်​တည်​ဆောက်​ကြ သ​တည်း။

< Neemia 3 >