< Giudici 19 >

1 OR in quel tempo, non [essendovi] alcun re in Israele, avvenne che un uomo Levita, dimorando nel fondo del monte di Efraim, si prese una donna concubina di Bet-lehem di Giuda.
ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ရှင်​ဘု​ရင်​မ​ပေါ်​မ​ရှိ သေး​မီ​ကာ​လ​၌ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ အ​စွန်​အ​ဖျား​တွင်​နေ​ထိုင်​သော​လေ​ဝိ​အ​မျိုး သား​တစ်​ယောက်​သည် ယု​ဒ​ပြည်​ဗက်​လင်​မြို့ သူ​တစ်​ယောက်​ကို​အ​ပျော်​မ​ယား​အ​ဖြစ် သိမ်း​ယူ​၏။-
2 E questa sua concubina fornicò in casa sua, e si partì da lui, e se ne andò a casa di suo padre, in Bet-lehem di Giuda, ove stette lo spazio di quattro mesi.
သို့​ရာ​တွင်​ထို​သူ​ငယ်​မ​သည်​ခင်​ပွန်း​နှင့် စိတ်​ဆိုး​သ​ဖြင့် ဗက်​လင်​မြို့​ရှိ​သူ့​ဖခင်​၏ အိမ်​သို့​ပြန်​ပြီး​လျှင်​ထို​အိမ်​တွင်​လေး​လ မျှ​နေ​လေ​သည်။-
3 Poi il suo marito si levò, e le andò dietro, per piegare il cuor suo con dolci parole, e per ricondurla; e avea seco il suo servitore, e un paio d'asini. Ed ella lo menò in casa di suo padre; e il padre della giovane, come l'ebbe veduto, gli si fece lietamente incontro.
ထို​အ​ခါ​လင်​ဖြစ်​သူ​သည်​သူ့​အား​ချော့​မော့​၍ မိ​မိ​ထံ​ပြန်​လာ​ရန်​ကြိုး​စား​မည်​ဟု​ဆုံး​ဖြတ် ကာ မိ​မိ​နှင့်​အ​တူ​မြည်း​နှစ်​ကောင်​နှင့်​အ​စေ​ခံ ကို​ပါ​ခေါ်​၍​သွား​၏။ သူ​ငယ်​မ​သည်​လေဝိ အ​မျိုး​သား​အား​အိမ်​ထဲ​သို့​ဝင်​ရန်​ဖိတ်​ခေါ် လိုက်​ရာ​ဖ​ခင်​ဖြစ်​သူ​သည် သူ့​ကို​မြင်​လျှင် ဝမ်း​မြောက်​စွာ​ကြို​ဆို​လက်​ခံ​လေ​သည်။-
4 E il suo suocero, padre della giovane, lo ritenne; ed egli dimorò con lui tre giorni; e mangiarono, e bevvero, e albergarono quivi.
သူ့​အား​လည်း​ဆက်​လက်​နေ​ထိုင်​ရန်​တိုက် တွန်း​၏။ ထို့​ကြောင့်​သူ​သည်​ယောက္ခ​မ​အိမ်​တွင် သုံး​ရက်​မျှ​နေ​ထိုင်​လေ​သည်။ သ​မက်​သည် ထို​အိမ်​၌​စား​သောက်​တည်း​ခို​ပြီး​နောက်၊-
5 E, al quarto giorno, si levarono la mattina; [e il Levita] si mise in ordine per andarsene; ma il padre della giovane disse al suo genero: Confortati il cuore con un boccon di pane, e poi voi ve ne andrete.
စ​တုတ္ထ​နေ့​နံ​နက်​၌​စော​စော​ထ​၍​ခ​ရီး​ထွက် ရန်​ပြင်​ဆင်​သော​အ​ခါ ယောက္ခ​မ​က``စား​စ​ရာ ကို​ဦး​စွာ​သုံး​ဆောင်​၍​အား​ဖြည့်​ပြီး​မှ​ခ​ရီး ထွက်​ပါ'' ဟု​ပြော​၏။
6 Così si posero amendue a sedere, e mangiarono, e bevvero insieme; e il padre della giovane disse a quell'uomo: Deh! piacciati star [qui] questa notte, e il cuor tuo si rallegri.
သို့​ဖြစ်​၍​ယောက္ခ​မ​နှင့်​သမက်​တို့​သည်​အ​တူ ထိုင်​၍​စား​သောက်​ကြ​၏။ ထို​နောက်​ယောက္ခ​မ က``ယ​နေ့​လည်း​အိပ်​ပါ​ဦး​ပျော်​မွေ့​စွာ​နေ ပါ​ဦး'' ဟု​ဆို​၏။
7 Ma quell'uomo si levò per andarsene; ma pure il suo suocero gli fece forza, talchè egli se ne ritornò, e stette quivi quella notte.
လေ​ဝိ​အ​မျိုး​သား​သည်​ထ​၍​ခ​ရီး​သွား​ရန် ပြင်​ဆင်​သော်​လည်း ယောက္ခ​မ​ဖြစ်​သူ​က​ဆက် လက်​နေ​ထိုင်​ရန်​တိုက်​တွန်း​သ​ဖြင့် ထို​ည​တွင် လည်း​ထို​အိမ်​၌​အိပ်​လေ​သည်။-
8 E al quinto giorno, egli si levò la mattina per andarsene; e il padre della giovane gli dise: Deh! confortati il cuore. E, postisi amendue a mangiare insieme, indugiarono finchè il giorno fu calato.
ငါး​ရက်​မြောက်​သော​နေ့​နံနက်​စော​စော​၌​သူ သည် ခ​ရီး​သွား​ရန်​ထ​သော​အ​ခါ​ယောက္ခ​မ က``ကျေး​ဇူး​ပြု​၍​အ​စာ​စား​ပါ​ဦး။ နေ​မြင့် သည်​တိုင်​အောင်​စောင့်​ပါ​ဦး'' ဟု​ဆို​သ​ဖြင့် ယောက္ခ​မ​နှင့်​သမက်​တို့​သည်​အ​တူ​တ​ကွ စား​ကြ​၏။
9 Allora quell'uomo si levò, per andarsene con la sua concubina, e col suo servitore. Ma il suo suocero, padre della giovane, gli disse: Ecco ora, il giorno vien mancando e fassi sera; deh! state [qui] questa notte: ecco, il giorno cade; deh! sta' qui questa notte, e rallegrisi il cuor tuo; e domattina voi vi leverete per [andare] a vostro cammino, e tu te ne andrai a casa tua.
သူ​သည်​မိ​မိ​၏​မယား​ငယ်​နှင့်​အ​စေ​ခံ​ကို ခေါ်​၍ ထွက်​ခွာ​မည်​ပြု​သော​အ​ခါ​ယောက္ခ​မ က``ကြည့်​ပါ​ည​နေ​ချမ်း​အ​ချိန်​သို့​ရောက် လေ​ပြီ။ မ​ကြာ​မီ​ပင်​မှောင်​လာ​တော့​အံ့။ ဤ အ​ရပ်​၌​ပင်​တစ်​ည​အိပ်​၍​ပျော်​မွေ့​စွာ​နေ ပါ​လော့။ နက်​ဖြန်​နံ​နက်​စော​စော​ထ​၍​ပြန် ပါ​လော့'' ဟု​ဆို​လေ​သည်။
10 Ma quell'uomo non volle star quivi la notte; anzi si levò, e se ne andò; e giunse fin dirincontro a Iebus, [che] è Gerusalemme, co' suoi due asini carichi, e con la sua concubina.
၁၀သို့​ရာ​တွင်​လေဝိ​အ​မျိုး​သား​သည်​နောက်​တစ် ည​မ​နေ​လို​တော့​သ​ဖြင့် ကုန်း​နှီး​တင်​ထား သည့်​မြည်း​နှစ်​စီး​ပါ​လျက် မိ​မိ​မ​ယား​ငယ် နှင့်​အ​တူ​စ​တင်​ခ​ရီး​ထွက်​လေ​၏။ သူ​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​တည်း​ဟူ​သော​ယေ​ဗုတ် မြို့​သို့​ရောက်​သော​အ​ခါ နေ့​အ​ချိန်​ကုန်​လွန် ခါ​နီး​လေ​ပြီ။ ထို့​ကြောင့်​အ​စေ​ခံ​က​မိ​မိ ၏​သ​ခင်​အား``ယေ​ဗု​သိ​အ​မျိုး​သား​တို့ နေ​ထိုင်​ရာ​မြို့​၌​ပင်​အ​ကျွန်ုပ်​တို့​အိပ်​ကြ ရ​အောင်'' ဟု​ပြော​၏။
11 Come furono presso a Iebus, il giorno era molto calato; laonde il servitore disse al suo padrone: Deh! vieni, riduciamoci in questa città de' Gebusei, e alberghiamo in essa.
၁၁
12 Ma il suo padrone gli disse: Noi non ci ridurremo in alcuna città di stranieri, che non sia de' figliuoli d'Israele; anzi passeremo fino a Ghibea.
၁၂သို့​ရာ​တွင်​သူ​၏​သ​ခင်​က``ဣ​သ​ရေ​လ အ​မျိုး​သား​မ​ဟုတ်​သူ​တို့​၏​မြို့​တွင် ငါ​တို့ မ​ရပ်​မ​နား​လို။ ရှေ့​သို့​အ​နည်း​ငယ်​ဆက် ၍​သွား​ပြီး​လျှင် ဂိ​ဗာ​မြို့​၌​အိပ်​ကြ​ကုန် အံ့'' ဟု​ဆို​လေ​သည်။-
13 Poi disse al suo servitore: Cammina, e arriviamo ad uno di que' luoghi, e alberghiamo in Ghibea, o in Rama.
၁၃
14 Essi adunque passarono oltre, e camminarono; e il sole tramontò loro presso a Ghibea, la quale [è] di Beniamino.
၁၄သို့​ဖြစ်​၍​သူ​တို့​သည်​ယေ​ဗုတ်​မြို့​ကို​ကျော် ဖြတ်​၍​ဆက်​လက်​ခ​ရီး​ပြု​ရာ ဗင်္ယာ​မိန်​အ​နွယ် ဝင်​တို့​၏​နယ်​မြေ​ရှိ​ဂိဗာ​မြို့​သို့​ရောက်​ကြ​၏။ ထို​အ​ခါ​၌​နေ​ဝင်​လျက်​နေ​လေ​ပြီ။-
15 Ed essi si rivolsero là, per andare ad albergare in Ghibea. Ed essendo [quel Levita] entrato [nella città], si fermò in su la piazza; e non vi fu alcuno che li accogliesse in casa per passar la notte.
၁၅ထို့​ကြောင့်​သူ​တို့​သည်​ထို​မြို့​တွင်​အိပ်​စက် နား​နေ​ရန်​မြို့​ထဲ​သို့​ဝင်​ပြီး​လျှင် မြို့​တံ​ခါး အ​နီး​ရှိ​ကွက်​လပ်​၌​ထိုင်​နေ​ကြ​၏။ သို့​သော် လည်း​မည်​သူ​မျှ​မိ​မိ​အိမ်​တွင်​တည်း​ခို​ရန် သူ​တို့​အား​ခေါ်​ဖိတ်​ခြင်း​မ​ပြု​ကြ​ချေ။
16 Ma ecco, un uomo vecchio, che veniva in su la sera dal suo lavoro da' campi, il quale [era] della montagna di Efraim, e dimorava in Ghibea; gli abitanti del qual luogo [erano] Beniaminiti.
၁၆ယင်း​သို့​သူ​တို့​ထိုင်​နေ​ကြ​စဉ်​အ​ဖိုး​အို တစ်​ယောက်​သည် ညဥ့်​ဦး​ယံ​၌​လယ်​လုပ်​ရာ​မှ ပြန်​လာ​လေ​သည်။ သူ​သည်​ယ​ခု​အ​ခါ​၌ ဂိ​ဗာ​မြို့​တွင်​နေ​ထိုင်​လျက်​ရှိ​သော်​လည်း အ​စ​က​မူ​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ တွင်​နေ​ထိုင်​ခဲ့​သူ​ဖြစ်​၏။ (ထို​မြို့​ရှိ​အ​ခြား သူ​တို့​မှာ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ​ဖြစ် သ​တည်း။-)
17 Ed esso, alzati gli occhi, vide quel viandante nella piazza della città; e gli disse: Ove vai? ed onde vieni?
၁၇အ​ဖိုး​အို​သည်​မြို့​တံ​ခါး​အ​နီး​ကွက်​လပ် ရှိ​ခ​ရီး​သည်​ကို​မြင်​သော​အ​ခါ``သင်​အ​ဘယ် မှ​လာ​သ​နည်း။ အ​ဘယ်​အ​ရပ်​သို့​သွား​မည် နည်း'' ဟု​မေး​၏။
18 Ed egli gli disse: Noi passiamo da Bet-lehem di Giuda, [per andare] al fondo della montagna di Efraim; io [sono] di là, ed era andato fino a Bet-lehem di Giuda; e [ora] me ne vo alla Casa del Signore; e non [vi è] alcuno che mi accolga in casa.
၁၈လေ​ဝိ​အ​မျိုး​သား​က​လည်း``ကျွန်ုပ်​တို့​သည် ယု​ဒ​ပြည်​ဗက်​လင်​မြို့​သို့​သွား​ရောက်​ခဲ့​ပြီး နောက် ကျွန်ုပ်​တို့​၏​နေ​အိမ်​ရှိ​ရာ​ဧ​ဖ​ရိမ် တောင်​ကုန်း​ဒေ​သ​အ​စွန်း​အ​ဖျား​သို့​ပြန် ရန်​ခ​ရီး​သွား​နေ​ကြ​ပါ​၏။ ကျွန်ုပ်​တို့​အား ဤ​ည​အ​တွက်​တည်း​ခို​ရန်​ဖိတ်​ခေါ်​သူ မ​ရှိ​ပါ။-
19 E pure abbiamo della paglia, e della pastura, per li nostri asini; e anche del pane e del vino, per me, e per la tua servente, e per lo famiglio [che è] co' tuoi servitori; [noi] non [abbiamo] mancamento di nulla.
၁၉ကျွန်ုပ်​တို့​တွင်​မိ​မိ​တို့​မြည်း​များ​အ​တွက် ကောက်​ရိုး၊ ကျွန်ုပ်​နှင့်​ကျွန်ုပ်​၏​မ​ယား​နှင့် အ​စေ​ခံ​အ​တွက် အ​စား​အ​စာ​နှင့်​စ​ပျစ် ရည်​ရှိ​ပါ​၏။ အ​ကျွန်ုပ်​တို့​မှာ​တစ်​စုံ​တစ်​ခု မျှ​မ​လို​ပါ'' ဟု​ပြန်​ပြော​လေ​သည်။
20 E quell'uomo vecchio [gli] disse: Datti pace; [lascia] pur la cura a me d'ogni tuo bisogno; sol non istar la notte in su la piazza.
၂၀အ​ဖိုး​အို​က``သင်​သည်​ငါ​၏​အိမ်​တွင်​တည်း ခို​နိုင်​ပါ​သည်။ သင့်​အား​ငါ​ကြည့်​ရှု​ပြု​စု အံ့။ ဤ​ည​၌​ကွက်​လပ်​တွင်​သင်​တို့​အိပ် စက်​ရန်​မ​လို​ပါ'' ဟု​ဆို​၏။-
21 Ed egli lo menò in casa sua, e diè della pastura agli asini; ed essi si lavarono i piedi, e mangiarono e bevvero.
၂၁သို့​ဖြစ်​၍​သူ​သည်​ထို​သူ​တို့​ကို​မိ​မိ​၏​အိမ် သို့​ခေါ်​ဆောင်​ပြီး​လျှင် သူ​တို့​၏​မြည်း​များ ကို​အ​စာ​ကျွေး​၏။ သူ​၏​ဧည့်​သည်​တို့​သည် လည်း​ခြေ​ဆေး​ပြီး​လျှင်​အ​စား​အ​စာ​သုံး ဆောင်​ကြ​လေ​သည်။
22 Mentre stavano allegramente, ecco, gli uomini di quella città, uomini scellerati, furono attorno alla casa, picchiando all'uscio; e dissero a quell'uomo vecchio, padron della casa: Mena fuori quell'uomo ch'è venuto in casa tua, acciocchè noi lo conosciamo.
၂၂ယင်း​သို့​သူ​တို့​ပျော်​မွေ့​လျက်​နေ​ကြ​စဉ် ထို မြို့​က​အ​ဋ္ဌမ္မ​သား​အ​ချို့​တို့​သည်​အိမ်​ကို ဝိုင်း​ရံ​ထား​ပြီး​နောက်​တံ​ခါး​ကို​ထု​ရိုက် ကြ​၏။ အ​ဖိုး​အို​အား​လည်း``သင်​နှင့်​အ​တူ လိုက်​လာ​သူ​ကို​ခေါ်​ထုတ်​ပေး​ပါ။ ငါ​တို့ သူ​နှင့်​ကာ​မ​ရာ​ဂ​ဆက်​ဆံ​လို​ပါ​သည်'' ဟု​ဆို​ကြ​၏။
23 Ma quell'uomo, padron della casa, uscì fuori a loro, e disse loro: No, fratelli miei; deh! non fate [questo] male; poichè quest'uomo è venuto in casa mia, non fate questa villania.
၂၃သို့​ရာ​တွင်​အ​ဖိုး​အို​သည်​အိမ်​ပြင်​သို့​ထွက် ၍``မိတ်​ဆွေ​တို့၊ ကျေး​ဇူး​ပြု​၍​ဤ​သို့​ဆိုး​ညစ် ဟော့​ရမ်း​သည့်​အ​မှု​ကို​မ​ပြု​ကြ​ပါ​နှင့်။ ဤ သူ​သည်​ငါ​၏​ဧည့်​သည်​ဖြစ်​ပါ​သည်။-
24 Ecco, la mia figliuola, [ch'è] vergine, e la concubina di esso; deh! [lasciate] che io ve le meni fuori, e usate con esse, e fate loro ciò che vi piacerà; ma non fate questa villania a quest'uomo.
၂၄ဤ​မှာ​သူ​၏​မယား​ငယ်​နှင့်​ငါ့​ကိုယ်​ပိုင်​သ​မီး အ​ပျို​စင်​ရှိ​ပါ​၏။ သူ​တို့​အား​ယ​ခု​ငါ​ထုတ် ပေး​ပါ​မည်။ သင်​တို့​အ​လို​ရှိ​သ​လို​ပြု​ကျင့် ကြ​ပါ။ သို့​ရာ​တွင်​ငါ​၏​ဧည့်​သည်​ကို​မူ​ဤ မျှ​ဆိုး​သွမ်း​သည့်​အ​မှု​ကို​မ​ပြု​ကြ​ပါ​နှင့်'' ဟု​တောင်း​ပန်​၏။-
25 Ma quegli uomini non vollero ascoltarlo; laonde quell'uomo prese la sua concubina, e la menò loro nella strada; ed essi la conobbero, e la straziarono tutta quella notte infino alla mattina; poi, all'apparir dell'alba, la rimandarono.
၂၅သို့​ရာ​တွင်​ထို​သူ​တို့​သည်​သူ​၏​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့် လေ​ဝိ​အ​မျိုး​သား သည်​မိ​မိ​၏​မ​ယား​ငယ်​ကို​ထုတ်​၍ သူ​တို့ အား​အပ်​လိုက်​သ​ဖြင့်​သူ​တို့​သည်​ထို​အ​မျိုး သ​မီး​အား တစ်​ည​လုံး​ရက်​စက်​ကြမ်း​ကြုတ် စွာ​ပြု​ပြီး​နောက်​မိုး​သောက်​မှ​လွှတ်​လိုက် ကြ​၏။
26 E quella donna se ne venne, in sul far del dì, e cascò alla porta della casa di quell'uomo, nella quale il suo signore [era]; e stette quivi finchè fosse dì chiaro.
၂၆အ​ရုဏ်​တက်​ချိန်​၌​အ​မျိုး​သ​မီး​သည်​လာ​၍ မိ​မိ​၏​ခင်​ပွန်း​ရှိ​ရာ​အ​ဖိုး​အို​၏​အိမ်​တံ​ခါး​ဝ ၌​လဲ​ကျ​သွား​တော့​၏။ သူ​သည်​မိုး​လင်း​ချိန်​၌ လည်း​ထို​နေ​ရာ​တွင်​ပင်​ရှိ​နေ​သေး​၏။-
27 E il suo signore si levò la mattina, e aprì l'uscio della casa, e usciva fuori per andarsene a suo cammino; ed ecco, quella donna, sua concubina, giaceva alla porta della casa, con le mani in su la soglia.
၂၇ထို​နေ့​နံ​နက်​၌​သူ​၏​ခင်​ပွန်း​သည်​ခ​ရီး​ပြု​ရန် ထ​၍​တံ​ခါး​ကို​ဖွင့်​လိုက်​သော​အ​ခါ မိ​မိ​၏ မ​ယား​ငယ်​သည်​တံ​ခါး​ခုံ​ကို​လက်​တင်​၍​အိမ် ရှေ့​တွင်​လဲ​လျက်​နေ​သည်​ကို​တွေ့​ရှိ​ရ​လေ​သည်။-
28 Ed egli le disse: Levati, e andiamocene. Ma non [v'era] chi rispondesse. Allora egli la caricò sopra un asino, e si levò, e se ne andò al suo luogo.
၂၈သူ​က``ထ​လော့၊ ငါ​တို့​သွား​ကြ​စို့'' ဟု​ဆို​သော် လည်း​မည်​သည့်​အ​ဖြေ​ကို​မျှ​မ​ရ​ချေ။ သို့ ဖြစ်​၍​သူ​သည်​သူ​ငယ်​မ​၏​ရုပ်​အ​လောင်း ကို​မြည်း​ပေါ်​တွင်​တင်​၍​အိမ်​သို့​ပြန်​လေ​၏။-
29 E, come fu giunto a casa sua, tolse un coltello, e prese la sua concubina, e la tagliò, per le sue ossa, in dodici pezzi, e la mandò per tutte le contrade d'Israele.
၂၉အိမ်​သို့​ရောက်​သော​အ​ခါ​အိမ်​ထဲ​သို့​ဝင်​ပြီး လျှင်​ဋ္ဌား​တစ်​လက်​ကို​ယူ​၍ မ​ယား​ငယ်​၏ ရုပ်​အ​လောင်း​ကို​တစ်​ဆယ့်​နှစ်​ပိုင်း​ဖြတ်​၏။ ထို နောက်​ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​မျိုး​တို့​ထံ သို့​တစ်​ပိုင်း​စီ​ပေး​ပို့​လိုက်​လေ​သည်။-
30 E chiunque vide [ciò], disse: Tal cosa non è giammai stata fatta, nè veduta, dal dì che i figliuoli d'Israele salirono fuor del paese di Egitto, fino a questo giorno; prendete il fatto a cuore, tenetene consiglio e parlamento.
၃၀ထို​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​ရ​သူ​မှန်​သ​မျှ တို့​က``ဤ​အ​မှု​မျိုး​ကို​ငါ​တို့​အ​ဘယ်​အ​ခါ ၌​မျှ​မ​တွေ့​မ​မြင်​ခဲ့​ဘူး​ပါ။ အီ​ဂျစ်​ပြည်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထွက်​ခွာ​လာ​ချိန် မှ​စ​၍ ယ​နေ့​တိုင်​အောင်​ဤ​သို့​မ​ဖြစ်​မ​ပျက် ခဲ့​ဘူး​ပါ။ ထို့​ကြောင့်​ငါ​တို့​သည်​ဤ​အ​မှု​နှင့် ပတ်​သက်​၍​တစ်​ခု​ခု​ပြု​ကြ​ရ​မည်။ အ​ဘယ် သို့​ပြု​ကြ​ရ​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။

< Giudici 19 >