< Giosué 6 >

1 OR Gerico era serrata ed abbarrata, per tema de' figliuoli d'Israele; niuno [ne] usciva, e niuno [vi] entrava.
ဣ​သ​ရေ​လ​အ​မျိုး​သား​များ​ယေ​ရိ​ခေါ​မြို့ တွင်း​သို့​မ​ဝင်​နိုင်​ရန်​မြို့​တံ​ခါး​များ​ကို​ပိတ် ၍ အ​စောင့်​များ​ချ​ထား​လေ​သည်။ မည်​သူ​မျှ မြို့​ကို​ဝင်​ထွက်​သွား​လာ​ခြင်း​မ​ပြု​နိုင်။-
2 E il Signore disse a Giosuè: Vedi, io ti do nelle mani Gerico, e il suo re, e la sua gente di valore.
ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``ငါ​သည် ယေ​ရိ​ခေါ​မြို့​နှင့်​တ​ကွ မြို့​ကို​အုပ်​ချုပ်​သော မင်း​ကြီး​နှင့်​သူ​ရ​သတ္တိ​ရှိ​သော​စစ်​သူ​ရဲ အ​ပေါင်း​တို့​ကို သင်​၏​လက်​တွင်း​သို့​ကျ ရောက်​စေ​မည်။-
3 Voi dunque, quanti [siete] uomini di guerra, circuite la città, aggirandola una volta.
သင်​နှင့်​သင်​၏​စစ်​သည်​တို့​သည်​တစ်​နေ့​လျှင် တစ်​ကြိမ်​ကျ​ဖြင့် ခြောက်​ရက်​တိုင်​မြို့​ကို​ပတ် ၍​ချီ​တက်​ရ​ကြ​မည်။-
4 Fa' così per sei giorni. E sette sacerdoti portino davanti all'Arca sette trombe da sonar suono d'allegrezza; e al settimo giorno circuite la città sette volte, e suonino i sacerdoti con le trombe.
ယဇ်​ပု​ရော​ဟိတ်​ခုနစ်​ယောက်​တို့​သည်​တံပိုး​ခ​ရာ တစ်​လုံး​စီ​ကိုင်​၍ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​က သွား​ရ​မည်။ သတ္တမ​နေ့​တွင်​ယဇ်​ပု​ရော​ဟိတ်​တို့ သည်​တံပိုး​ခရာ​မှုတ်​၍​ရှေ့​ဆောင်​လျက် သင်​နှင့် သင်​၏​စစ်​သည်​တို့​သည်​မြို့​ကို​ခု​နစ်​ကြိမ် ပတ်​ရ​ကြ​မည်။-
5 E quando soneranno alla distesa col corno da sonar suono d'allegrezza, e voi udirete il suon delle trombe, sclami tutto il popolo con gran grida; e le mura della città caderanno sotto di sè, e il popolo [vi] salirà [dentro], ciascuno dirincontro a sè.
ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​တံ​ပိုး​ခ​ရာ​ကို အ​သံ​ရှည်​ရှည်​တစ်​ချက်​မှုတ်​ရ​ကြ​မည်။ ထို အ​ချက်​ပေး​သံ​ကို​ကြား​ရ​လျှင် လူ​အ​ပေါင်း တို့​သည် အ​သံ​ကျယ်​စွာ​အော်​ဟစ်​ရ​ကြ​မည်။ ထို​အ​ခါ​မြို့​ရိုး​များ​ပြို​ကျ​သ​ဖြင့်​စစ်​သည် တပ်​သား​အား​လုံး မိ​မိ​တို့​ရှိ​နေ​ရာ​မှ​မြို့ တွင်း​သို့​အ​တား​အ​ဆီး​မ​ရှိ​ဘဲ​ဝင်​ရောက် နိုင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
6 Allora Giosuè, figliuolo di Nun, chiamò i sacerdoti, e disse loro: Portate l'Arca del Patto [sopra le vostre spalle]; e sette sacerdoti portino davanti all'Arca del Signore sette trombe da sonar suono d'allegrezza.
ယော​ရှု​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ကို​ခေါ်​ပြီး လျှင်``ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကြ လော့။ သင်​တို့​အ​နက်​ခု​နစ်​ယောက်​တို့​သည် တံ​ပိုး​ခ​ရာ​များ​ကို​ကိုင်​လျက် ပ​ဋိ​ညာဉ် သေတ္တာ​တော်​ရှေ့​က​သွား​ကြ​လော့'' ဟု​မှာ ကြား​၏။-
7 Disse ancora al popolo: Passate, e circuite la città; e passi la gente di guerra davanti all'Arca del Signore.
ရှေ့​ဆုံး​မှ​တပ်​သား​များ၊ ထို​နောက်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်၊ နောက်​ဆုံး တွင်​လူ​တို့​လိုက်​ပါ​လျက် မြို့​ကို​ပတ်​၍​ချီ တက်​ရန်​ယော​ရှု​အ​မိန့်​ပေး​လေ​၏။-
8 E quando Giosuè ebbe detto [questo] al popolo, i sette sacerdoti, portando sette trombe da sonar suono d'allegrezza davanti al Signore, passarono oltre, e sonarono con le trombe; e l'Arca del Patto del Signore andava dietro a loro.
ယော​ရှု​အ​မိန့်​ပေး​သည့်​အ​တိုင်း​တံပိုး​ခရာ​မှုတ် သော​ယဇ်​ပု​ရော​ဟိတ်​များ​ရှေ့​က လက်​နက်​ကိုင် တပ်​သား​များ​စ​တင်​ချီ​တက်​လေ​သည်။ သူ​တို့ နောက်​တွင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင် သော​ယဇ်​ပု​ရော​ဟိတ်​များ၊ သူ​တို့​နောက်​တွင် တပ်​သား​များ​လိုက်​ပါ​ချီ​တက်​ကြ​သည်။ သူ တို့​ချီ​တက်​နေ​စဉ်​ယဇ်​ပု​ရော​ဟိတ်​များ​က တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​ကြ​သည်။-
9 E la gente di guerra camminava dinanzi a' sacerdoti che sonavano con le trombe; ma la retroguardia camminava dietro all'Arca; camminando si sonava con le trombe.
10 Or Giosuè avea comandato al popolo, dicendo; Non isclamate, e non fate udir la vostra voce, e non esca dalla vostra bocca parola alcuna, fino al giorno che io vi dirò: Sclamate; allora sclamate.
၁၀ယော​ရှု​က​လူ​အ​ပေါင်း​တို့​အား``ငါ​အ​မိန့် မ​ပေး​မီ​မည်​သူ​မျှ​မ​အော်​ဟစ်​ရ။ စ​ကား တစ်​ခွန်း​မျှ​မ​ပြော​ရ'' ဟု​မှာ​ထား​ပြီး ဖြစ်​၏။-
11 Così [Giosuè] fece circuir la città all'Arca del Signore, aggirandola una volta; poi [il popolo] se ne venne nel campo, e alloggiò nel campo.
၁၁သို့​ဖြစ်​၍​ယော​ရှု​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အား​မြို့​ကို ပ​ထ​မ အ​ကြိမ်​လှည့်​ပတ်​စေ​၏။ ထို​နောက်​သူ​တို့​သည် စခန်း​သို့​ပြန်​လာ​၍​တစ်​ည​တာ​ရပ်​နား​ကြ သည်။
12 Poi Giosuè si levò la mattina, e i sacerdoti si caricarono l'Arca del Signore [in su le spalle].
၁၂နောက်​တစ်​နေ့​နံ​နက်​စော​စော​တွင်​ယော​ရှု​သည် နိုး​ထ​၏။ ယဇ်​ပု​ရော​ဟိတ်​နှင့်​စစ်​သည်​တို့​သည် ဒု​တိ​ယ​အကြိမ်​မြို့​ကို​ယ​ခင်​နည်း​အ​တိုင်း လှည့်​ပတ်​ကြ​၏။-
13 E sette sacerdoti, portando sette trombe da sonar suono di allegrezza dinanzi all'Arca del Signore, camminavano, e camminando sonavano con le trombe; e la gente di guerra andava dinanzi a loro; e la retroguardia camminava dietro all'Arca del Signore; camminando si sonava con le trombe.
၁၃ရှေ့​ဆုံး​က​တပ်​သား​များ၊ ထို​နောက်​တံ​ပိုး​ခ​ရာ ခု​နစ်​လုံး​ကို​မှုတ်​သော​ယဇ်​ပု​ရော​ဟိတ်​ခု​နစ် ယောက်၊ သူ​တို့​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​သော​ယဇ်​ပု​ရော ဟိတ်​များ​နှင့်​နောက်​ဆုံး​တပ်​သား​များ​လိုက် ပါ​ချီ​တက်​ကြ​၏။ သူ​တို့​ချီ​တက်​နေ​စဉ် ယဇ်​ပု​ရော​ဟိတ်​များ​က​တံ​ပိုး​ခ​ရာ​များ ကို​မှုတ်​ကြ​သည်။-
14 E circuirono una volta la città nel secondo giorno, e poi ritornarono nel campo. Così fecero per sei giorni.
၁၄ဒု​တိ​ယ​နေ့​၌​သူ​တို့​သည်​တစ်​ဖန်​မြို့​ကို တစ် ကြိမ်​လှည့်​ပတ်​၍​စ​ခန်း​သို့​ပြန်​လာ​ကြ​လေ သည်။ သူ​တို့​သည်​ဤ​နည်း​နှင်​နှင်​ခြောက်​ရက် တိုင်​တိုင်​မြို့​ကို​လှည့်​ပတ်​ကြ​သည်။
15 E al settimo giorno, levatisi la mattina allo spuntar dell'alba, circuirono la città nella medesima maniera sette volte; sol quel giorno circuirono la città sette volte.
၁၅သတ္တမ​နေ့​နံ​နက်​အ​ရုဏ်​တက်​အ​ချိန်​၌​သူ​တို့ သည်​နိုး​ထ​၍ ယ​ခင်​လှည့်​ပတ်​နည်း​အ​တိုင်း​မြို့ ကို​ခုနစ်​ကြိမ်​လှည့်​ပတ်​ကြ​လေ​သည်။ ထို​နေ့​၌ သာ​မြို့​ကို​ခု​နစ်​ကြိမ်​တိုင်​အောင်​လှည့်​ပတ်​ကြ သည်။-
16 E la settima volta, come i sacerdoti sonavano con le trombe, Giosuè disse al popolo: Sclamate; perciocchè il Signore vi ha data la città.
၁၆မြို့​ကို​သတ္တ​မ​အ​ကြိမ်​လှည့်​ပတ်​နေ​စဉ်​ယဇ် ပု​ရော​ဟိတ်​များ တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​အံ့ ဆဲ​ဆဲ​၌​ယော​ရှု​သည်​လူ​အ​ပေါင်း​တို့​အား``ဟစ် အော်​ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​အား​မြို့​ကို​အပ်​တော်​မူ​ပြီ။-
17 E la città sarà un interdetto [consacrato] al Signore, insieme con tutto ciò che [vi è] dentro; sol la meretrice Rahab sarà lasciata in vita, con tutti quelli che [saranno] in casa con lei; perciocchè ella nascose i messi i quali noi mandammo.
၁၇မြို့​နှင့်​တ​ကွ​မြို့​တွင်း​၌​ရှိ​သ​မျှ​သော​ဥစ္စာ ပစ္စည်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ပူ​ဇော် သ​ကာ​အ​ဖြစ်​လုံး​ဝ​ဖျက်​ဆီး​ပစ်​ရ​မည်။ ပြည့် တန်​ဆာ​မ​ရာ​ခပ်​သည်​ငါ​တို့​၏​သူ​လျှို​များ ကို​ဝှက်​ထား​ခဲ့​သော​ကြောင့် သူ​နှင့်​သူ​၏​အိမ် သူ​အိမ်​သား​တို့​ကို​သာ​လျှင်​အ​သက်​ချမ်း သာ​ပေး​ရ​မည်။-
18 Or guardatevi sol dell'interdetto, che talora voi non vi rendiate colpevoli intorno all'interdetto, prendendo alcuna cosa d'esso, e non mettiate il campo di Israele nell'interdetto, e nol turbiate.
၁၈သို့​ရာ​တွင်​သင်​တို့​သည်​ဖျက်​ဆီး​ပစ်​ရ​မည့် အ​ရာ​များ​မှ​မည်​သည့်​ပစ္စည်း​မျှ​မ​ယူ​ရ။ အ​ကယ်​၍​ယူ​မိ​လျှင်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​စ​ခန်း​တွင်​ဘေး​ဒုက္ခ​ဆိုက်​ရောက် လိမ့်​မည်။-
19 Ma tutto l'argento, e l'oro, e i vasellamenti di rame e di ferro, saranno consacrati al Signore; essi entreranno nel tesoro del Signore.
၁၉ရွှေ၊ ငွေ၊ ကြေး​နီ၊ သံ​တို့​ဖြင့်​ပြု​လုပ်​ထား​သော ဝတ္ထု​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​ကား ထာ​ဝ​ရ​ဘု​ရား အ​တွက်​သီး​သန့်​သတ်​မှတ်​ထား​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​ဘဏ္ဍာ​တော်​တိုက်​ထဲ​သို့​သွင်း​ထား​ရ မည်'' ဟု​မိန့်​ဆို​လေ​သည်။
20 Il popolo adunque sclamò, e [i sacerdoti] sonarono con le trombe; e avvenne che, quando il popolo ebbe udito il suon delle trombe, ed ebbe sclamato con gran grida, le mura [di Gerico] caddero sotto di sè; e il popolo salì dentro alla città, ciascuno dirincontro a sè, e presero la città.
၂၀ထို့​ကြောင့်​ယဇ်​ပု​ရော​ဟိတ်​တို့​တံ​ပိုး​ခရာ မှုတ်​လျှင်​မှုတ်​ခြင်း လူ​အ​ပေါင်း​တို့​သည် တ​ခဲ​နက်​ကြွေး​ကြော်​ရာ​မြို့​ရိုး​များ​ပြို​ကျ လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ သည်​မြို့​တွင်း​သို့​အ​တား​အ​ဆီး​မ​ရှိ​ဘဲ ဝင်​ရောက်​၍​မြို့​ကို​သိမ်း​ယူ​ကြ​၏။-
21 E distrussero al modo dell'interdetto tutto quello ch'[era] dentro della città, uomini e donne, fanciulli e vecchi; fino a' buoi, alle pecore, ed agli asini; [mettendoli] a fil di spada.
၂၁သူ​တို့​သည်​မြို့​တွင်း​၌​ရှိ​သ​မျှ​သော​ယောကျာ်း၊ မိန်း​မ​အ​ကြီး​အ​ငယ်​တို့​ကို​လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း​တို့​ကို​လည်း​ကောင်း၊ ဋ္ဌား​ဖြင့်​သတ် ဖြတ်​သုတ်​သင်​ကြ​၏။
22 E Giosuè disse a' due uomini che aveano spiato il paese: Andate in casa di quella donna meretrice, e fatene uscire lei, e tutto ciò che le [appartiene], come voi le giuraste.
၂၂ထို​နောက်​ယော​ရှု​သည်​ထို​ပြည်​ကို​ထောက်​လှမ်း ခဲ့​သော​သူ​လျှို​နှစ်​ယောက်​တို့​အား``သင်​တို့​သည် ပြည့်​တန်​ဆာ​မ​အား​က​တိ​ပေး​ခဲ့​သည့်​အ​တိုင်း သူ့​အိမ်​သူ​အိမ်​သား​တို့​ကို​ခေါ်​ဆောင်​ခဲ့​လော့'' ဟု စေ​ခိုင်း​လေ​၏။-
23 E que' giovani che aveano spiato [il paese] entrarono [in quella casa], e [ne] fecero uscir fuori Rahab, e suo padre, e sua madre, e i suoi fratelli, e tutto ciò che le [apparteneva]; fecero eziandio uscir fuori tutte le famiglie dei suoi, e le misero fuor del campo d'Israele.
၂၃ထို​ကြောင့်​သူ​တို့​သည်​ရာခပ်​နှင့်​တ​ကွ​သူ​၏ မိ​ဘ​များ၊ မောင်​နှ​မ​များ​နှင့်​အိမ်​သူ​အိမ်​သား များ​ကို​ခေါ်​ဆောင်​ခဲ့​၏။ ကျေး​ကျွန်​များ​ပါ မ​ကျန်​သူ​တို့​အား​လုံး​တို့​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​စ​ခန်း​အ​နီး​လုံ​ခြုံ​သော အ​ရပ်​တွင်​နေ​ရာ​ချ​ထား​ကြ​လေ​သည်။-
24 E [i figliuoli d'Israele] bruciarono col fuoco la città, e tutto ciò che [v'era] dentro; sol posero l'argento, e l'oro, e i vasellamenti di rame e di ferro, nel tesoro della Casa del Signore.
၂၄ထို​နောက်​သူ​တို့​သည်​မြို့​နှင့်​တ​ကွ​မြို့​တွင်း ၌​ရှိ​သ​မျှ​သော​အ​ရာ​အား​လုံး​ကို​မီး​ရှို့ ဖျက်​ဆီး​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​သည် ရွှေ၊ ငွေ၊ ကြေး​နီ၊ သံ​တို့​ဖြင့်​ပြု​လုပ်​သော​ဝတ္ထု​ပစ္စည်း များ​ကို​သိမ်း​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဘဏ္ဍာ တော်​တိုက်​ထဲ​သို့​သွင်း​ကြ​သည်။-
25 E Giosuè salvò la vita a Rahab meretrice, e alla famiglia di suo padre, e a tutti i suoi; ed essa è dimorata per mezzo Israele fino a questo giorno; perciocchè avea nascosti i messi che Giosuè avea mandati per ispiar Gerico.
၂၅ပြည့်​တန်​ဆာ​မ​ရာ​ခပ်​သည်​ယေ​ရိ​ခေါ​မြို့ အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း​ရန် စေ​လွှတ်​လိုက် သော​သူ​နှစ်​ယောက်​တို့​ကို​ဝှက်​ထား​ခဲ့​ခြင်း ကြောင့် ယော​ရှု​သည်​သူ​နှင့်​သူ​၏​ဆွေ​မျိုး​အား လုံး​တို့​ကို​အ​သက်​ချမ်း​သာ​ပေး​၏။ (သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ​နေ ထိုင်​လျက်​ရှိ​ကြ​သည်။)
26 E Giosuè in quel tempo fece fare un giuramento, dicendo: Maledetto [sia], nel cospetto del Signore, l'uomo il quale imprenderà di riedificar questa città di Gerico; egli la fonderà sopra il suo figliuol maggiore, e poserà le porte d'essa sopra il suo figliuol minore.
၂၆ထို​အ​ခါ​ယော​ရှု​က``ယေ​ရိ​ခေါ​မြို့​ကို​ပြန် လည်​တည်​ဆောက်​သော​သူ​သည် ထာ​ဝ​ရ ဘု​ရား​၏​ကျိန်​စာ​သင့်​ပါ​စေ​သား။ မြို့​၏​အုတ်​မြစ်​ကို​တည်​သော​သူ​သည် သား​ဦး​ဆုံး​ရ​ပါ​စေ​သား။ မြို့​တံ​ခါး​ကို​ဆောက်​သော​သူ​သည်​သား​ထွေး ဆုံး​ရ​ပါ​စေ​သား'' ဟူ​၍​ကျိန်​ဆို​လေ​၏။
27 E il Signore fu con Giosuè, e la fama di esso andò per tutta la terra.
၂၇ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​နှင့်​အ​တူ​ရှိ တော်​မူ​၍​သူ​၏​နာ​မည်​သည်​တစ်​ပြည်​လုံး တွင်​ထင်​ရှား​ကျော်​စော​လေ​၏။

< Giosué 6 >