< Geremia 39 >

1 NELL'anno nono di Sedechia, re di Giuda, nel decimo mese, Nebucadnesar, re di Babilonia, venne con tutto il suo esercito, sopra Gerusalemme, e l'assediò.
ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​နန်း​စံ​န​ဝ​မ​နှစ်၊ ဒ​သ​မ လ​၌​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည် မိ​မိ ၏​တပ်​မ​တော်​ကြီး​တစ်​ခု​လုံး​နှင့်​လာ​ရောက်​၍ ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​လေ​သည်။-
2 Nell'anno undecimo di Sedechia, nel quarto mese, nel nono giorno del mese, [i Caldei] penetrarono dentro alla città.
ဇေ​ဒ​ကိ​နန်း​စံ​တစ်​ဆယ့်​တစ်​နှစ်​မြောက်၊ စ​တုတ္ထ လ၊ န​ဝ​မ​ရက်​နေ့​၌​မြို့​ရိုး​များ​ပြို​ကျ​၍ သွား​လေ​၏။
3 E tutti i capitani del re di Babilonia [vi] entrarono, e si fermarono alla porta di mezzo, [cioè: ] Nergal-sareser, Samgar-nebu, Sarsechim, Rab-saris, Nergal-sareser, Rab-mag, e tutti gli altri capitani del re di Babilonia.
(ယေ​ရု​ရှ​လင်​မြို့​ကို​သိမ်း​ယူ​ရ​ရှိ​သော​အ​ခါ နေ​ရ​ဂါ​လ​ရှ​ရေ​ဇာ၊ သံ​ဂါ​နေ​ဗော၊ စာ​သ​ခိမ် နှင့်​အ​ခြား​နေ​ရ​ဂါ​လ​ရှ​ရေ​ဇာ​တို့​အ​ပါ အ​ဝင်​ဗာ​ဗု​လုန်​ဘု​ရင်​၏​မှူး​မတ်​တို့​သည် အ​လယ်​တံ​ခါး​သို့​လာ​၍​ထိုင်​ကြ​၏။)
4 E quando Sedechia, re di Giuda, e tutta la gente di guerra, [li] ebber veduti, se ne fuggirono, e uscirono di notte della città, traendo verso l'orto del re, per la porta d'infra le due mura; [e il re] uscì traendo verso il deserto.
ဤ​အ​ဖြစ်​အ​ပျက်​ကို​ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ နှင့် စစ်​သူ​ရဲ​ကောင်း​တို့​မြင်​လေ​လျှင်​ညဥ့်​အ​ခါ မြို့​ထဲ​မှ​ထွက်​ပြေး​ရန်​ကြိုး​စား​ကြ​၏။ သူ တို့​သည်​ဥ​ယျာဉ်​တော်​လမ်း​ဖြင့်​မြို့​ရိုး​နှစ်​ခု ကြား​ရှိ​တံ​ခါး​မှ​ထွက်​၍ ယော်​ဒန်​ချိုင့်​ဝှမ်း သို့​ရှေ့​ရှု​ထွက်​ပြေး​ကြ​လေ​သည်။-
5 Ma l'esercito de' Caldei li perseguitò, e raggiunse Sedechia nelle campagne di Gerico; e lo presero, e lo menarono a Nebucadnesar, re di Babilonia, in Ribla, nel paese di Hamat; e [quivi] egli gli pronunziò la sua sentenza.
သို့​ရာ​တွင်​ဗာ​ဗု​လုန်​တပ်​မ​တော်​သည် သူ တို့​အား​လိုက်​လံ​ဖမ်း​ဆီး​ရာ​ယေ​ရိ​ခေါ လွင်​ပြင်​အ​နီး​တွင်​ဇေ​ဒ​ကိ​ကို​ရ​မိ​ကြ​၏။ ထို​နောက်​သူ့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ် နေ​ဇာ​ရှိ​ရာ​ဟာ​မတ်​နယ်​မြေ၊ ရိ​ဗ​လ​မြို့ သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ထို​မြို့​တွင်​နေ​ဗု ခဒ်​နေ​ဇာ​သည်​ဇေ​ဒ​ကိ​အ​ပေါ်​၌​စီ​ရင် ချက်​ချ​တော်​မူ​၏။-
6 E il re di Babilonia fece scannare i figliuoli di Sedechia in Ribla, in sua presenza; fece eziandio scannare tutti i nobili di Giuda.
ရိ​ဗ​လ​မြို့​၌​ပင်​ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဇေ​ဒ ကိ​၏​မျက်​မှောက်​တွင် သူ​၏​သား​တော်​တို့​ကို ကွပ်​မျက်​စေ​လေ​သည်။ သူ​သည်​ယု​ဒ​မှူး​မတ် များ​ကို​လည်း​သတ်​စေ​၍၊-
7 Poi fece abbacinar gli occhi a Sedechia, e lo fece legar di due catene di rame, per menarlo in Babilonia.
ဇေ​ဒ​ကိ​၏​မျက်​စိ​များ​ကို​ထိုး​ဖောက်​စေ​၏။ ထို​နောက်​သူ့​အား​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင် သွား​ရန်​သံ​ကြိုး​များ​ဖြင့်​ချည်​နှောင်​ထား စေ​လေ​သည်။-
8 E i Caldei arsero col fuoco la casa del re, e le case del popolo e disfecero le mura di Gerusalemme.
ဤ​အ​တော​အ​တွင်း​၌​ဗာ​ဗု​လုန်​အ​မျိုး သား​တို့​သည် ဘု​ရင့်​နန်း​တော်​နှင့်​ပြည်​သူ တို့​၏​အိမ်​များ​ကို​မီး​ရှို့​ကာ​ယေရု​ရှ​လင် မြို့​ရိုး​တို့​ကို​ဖြို​ချ​ကြ​၏။-
9 E Nebuzaradan, capitano delle guardie, menò in cattività in Babilonia il rimanente del popolo ch'era restato nella città; e quelli che si erano andati ad arrendere a lui, e tutto [l'altro] popolo ch'era restato.
နောက်​ဆုံး​၌​တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည်​မြို့ တွင်း​၌​ကျန်​ရှိ​နေ​သူ​တို့​အား မိ​မိ​ထံ​သို့ ထွက်​ပြေး​လာ​ကြ​သူ​တို့​နှင့်​အ​တူ သုံ့​ပန်း များ​အ​ဖြစ်​ဖြင့်​ဗာ​ဗု​လုန်​မြို့​သို့​ခေါ် ဆောင်​သွား​လေ​၏။-
10 Ma Nebuzaradan, capitano delle guardie, lasciò nel paese di Giuda i più poveri d'infra il popolo, i quali non avevano nulla; e diede loro in quel giorno vigne e campi.
၁၀သူ​သည်​ပစ္စည်း​မဲ့​ဆင်း​ရဲ​သား​အ​ချို့​အား စ​ပျစ် ဥ​ယျာဉ်​များ​နှင့်​လယ်​ယာ​များ​ကို​ပေး​အပ် ကာ​ယု​ဒ​ပြည်​တွင်​ထား​ခဲ့​၏။
11 Or Nebucadnesar, re di Babilonia, aveva data commessione a Nebuzaradan, capitano delle guardie, intorno a Geremia, dicendo:
၁၁ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည် တပ်​မှူး နေ​ဗု​ဇာ​ရ​ဒန်​အား၊-
12 Prendilo, ed abbi cura di lui, e non fargli alcun male; anzi fa' inverso lui come egli ti dirà.
၁၂``သင်​သည်​သွား​၍​ယေ​ရ​မိ​ကို​ခေါ်​ယူ​ကာ ကောင်း​စွာ​ကြည့်​ရှု​စောင့်​ရှောက်​လော့။ သူ့​ကို မ​ညှင်း​ဆဲ​နှင့်။ သူ​အ​လို​ရှိ​သည်​အ​တိုင်း ဆောင်​ရွက်​၍​ပေး​လော့'' ဟု​မှာ​ကြား​တော် မူ​၏။-
13 Nebuzaradan adunque, capitano delle guardie, e Nebusazban, Rab-saris, Nergal-sareser, Rab-mag, e tutti gli [altri] capitani del re di Babilonia,
၁၃သို့​ဖြစ်​၍​နေ​ဗု​ဇာ​ရ​ဒန်​နှင့်​အ​မတ်​ကြီး တစ်​ဦး​ဖြစ်​သူ​နေ​ဗု​ရှာ​ဇ​ဗန်၊ အ​ခြား​အမတ် ကြီး​နေ​ရ​ဂါ​လ​ရှ​ရေ​ဇာ​အ​စ​ရှိ​သည့် ဗာ​ဗု​လုန်​ဘု​ရင်​၏​မှူး​မတ်​အ​ပေါင်း​တို့​သည်၊-
14 mandarono a far trarre Geremia fuor delle corte della prigione, e lo diedero a Ghedalia, figliuolo di Ahicam, figliuolo di Safan, per condurlo fuori in casa [sua]. Ma egli dimorò per mezzo il popolo.
၁၄ငါ့​အား​နန်း​တော်​ဝင်း​အ​တွင်း​မှ​ခေါ်​ယူ​ကြ​၏။ ထို​နောက်​သူ​တို့​သည်​ငါ့​အား​ဘေး​မဲ့​လုံ​ခြုံ စွာ​အိမ်​သို့​ပြန်​လည်​ပို့​ဆောင်​စေ​ရန်​ရှာ​ဖန် ၏​မြေး၊ အ​ဟိ​တံ​၏​သား​ဂေ​ဒ​လိ​၏​လက်​သို့ ပေး​အပ်​ကြ​၏။ သို့​ဖြစ်​၍​ငါ​သည်​မိ​မိ​၏ အ​မျိုး​သား​များ​နှင့်​အ​တူ​တစ်​ဖန်​နေ​ထိုင် ရ​လေ​သည်။
15 Or la parola del Signore era stata [indirizzata] a Geremia, mentre egli era rinchiuso nella corte della prigione, dicendo:
၁၅ငါ​သည်​နန်း​တော်​ဝင်း​အ​တွင်း​၌ အ​ကျဉ်း​ခံ နေ​ရ​စဉ်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-
16 Va' e parla ad Ebed-malec Etiopo, dicendo: Così ha detto il Signor degli eserciti, l'Iddio d'Israele: Ecco, io fo venire le mie parole contro a questa città, in male, e non in bene; e in quel giorno esse avverranno nella tua presenza.
၁၆ကိုယ်​တော်​က``သင်​သည်​ဆူ​ဒန်​အ​မျိုး​သား ဧ​ဗ​ဒ​မေ​လက်​အား`ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​က​ငါ​သည်​ယ​ခင်​က​ဖော်​ပြ​ခဲ့​သည့် အ​တိုင်း​ဤ​မြို့​ကို​ယို​ယွင်း​ပျက်​စီး​စေ​မည်။ ယင်း​ကို​ချမ်း​သာ​ကြွယ်​ဝ​စေ​လိမ့်​မည်​မ​ဟုတ်။ အ​ချိန်​ကျ​သော​အ​ခါ​ဤ​အ​မှု​အ​ရာ​များ ဖြစ်​ပျက်​လာ​သည်​ကို​တွေ့​မြင်​နိုင်​ရန်​သင် သည်​ထို​မြို့​တွင်​ရှိ​နေ​ပေ​လိမ့်​မည်။-
17 Ma in quel giorno io ti libererò, dice il Signore; e tu non sarai dato in man degli uomini, de' quali tu temi.
၁၇သို့​ရာ​တွင်​သင့်​အား​ငါ​ထာ​ဝ​ရ​ဘု​ရား ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​မည်​ဖြစ်​၍ သင် သည်​မိ​မိ​ကြောက်​လန့်​သည့်​လူ​တို့​၏​လက် တွင်း​သို့​ကျ​ရောက်​ရ​လိမ့်​မည်​မ​ဟုတ်။-
18 Perciocchè io ti scamperò di certo, e tu non caderai per la spada; e l'anima tua ti sarà per ispoglia; conciossiachè tu ti sii confidato in me, dice il Signore.
၁၈ငါ​သည်​သင့်​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​မည် ဖြစ်​သ​ဖြင့် သင်​သည်​အ​သတ်​ခံ​ရ​လိမ့်​မည် မ​ဟုတ်။ သင်​သည်​ငါ့​ကို​ယုံ​ကြည်​ကိုး​စား သော​ကြောင့်​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏' ဟု​မိန့်​တော်​မူ​ကြောင်း​ဆင့် ဆို​လော့'' ဟု​မှာ​ကြား​တော်​မူ​၏။

< Geremia 39 >