< Genesi 47 >

1 GIUSEPPE adunque venne, e rapportò e disse a Faraone: Mio padre, e i miei fratelli, con le lor gregge, e co' loro armenti, e con tutto ciò che hanno, son venuti dal paese di Canaan; ed ecco, [sono] nella contrada di Gosen.
သို့​ဖြစ်​၍​ယော​သပ်​သည်​ဖာ​ရော​ဘု​ရင်​ထံ သို့​သွား​လေ​၏။ ယော​သပ်​သည်​ဘု​ရင့်​ထံ​သို့ အ​ခ​စား​ဝင်​၍``ကျွန်​တော်​မျိုး​၏​အ​ဖ​နှင့် အစ်​ကို​တို့​သည်​သိုး​နွား​များ​နှင့်​တ​ကွ သူ တို့​ပိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း​များ​ကို​ယူ​ဆောင်​ကာ ခါ​နာန်​ပြည်​မှ​ရောက်​ရှိ​လာ​ကြ​ပါ​ပြီ။ ယ​ခု သူ​တို့​သည်​ဂေါ​ရှင်​အ​ရပ်​တွင်​ရှိ​ပါ​သည်'' ဟု လျှောက်​လေ​၏။-
2 Prese eziandio una parte de' suoi fratelli, [cioè] cinque, e li presentò davanti a Faraone.
ထို​နောက်​သူ​သည်​အစ်​ကို​ငါး​ယောက်​ကို​ရွေး ယူ​၍ ဘု​ရင်​ထံ​သို့​ဝင်​ရောက်​ခ​စား​စေ​သည်။-
3 E Faraone disse a' fratelli di Giuseppe: Qual'[è] il vostro mestiere? Ed essi dissero a Faraone: I tuoi servitori [son] pastori di gregge, come [anche furono] i nostri padri.
ဖာ​ရော​ဘု​ရင်​က​ယော​သပ်​၏​အစ်​ကို​တို့ အား``သင်​တို့​မည်​သည့်​အ​လုပ်​ကို​လုပ်​ကိုင် ကြ​သ​နည်း'' ဟု​မေး​လေ​၏။ သူ​တို့​က``ကျွန်​တော်​မျိုး​တို့​သည်​ဘိုး​ဘေး များ​ကဲ့​သို့​သိုး​ထိန်း​များ​ဖြစ်​ကြ​ပါ​သည်။-
4 Poi dissero a Faraone: Noi siam venuti per dimorare in questo paese; perciocchè non [vi è] pastura per le gregge de' tuoi servitori nel paese di Canaan, conciossiachè la fame vi [sia] grave; deh! permetti ora che i tuoi servitori dimorino nella contrada di Gosen.
ခါ​နာန်​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး အ​လွန်​ဆိုး​ရွား​လျက်​ရှိ​သ​ဖြင့် သိုး​နွား​တို့ အ​တွက်​စား​ကျက်​မ​ရှိ​ပါ။ သို့​ဖြစ်​၍​ကျွန်​တော် မျိုး​တို့​သည်​ဤ​ပြည်​တွင်​နေ​ထိုင်​ရန်​ရောက်​လာ ကြ​ပါ​သည်။ ကျွန်​တော်​မျိုး​တို့​အား​ဂေါ​ရှင် အရပ်​၌​နေ​ထိုင်​ခွင့်​ပေး​တော်​မူ​ပါ'' ဟု​လျှောက် ထား​ကြ​လေ​၏။-
5 E Faraone disse a Giuseppe: [Poichè] tuo padre, e i tuoi fratelli, son venuti a te;
ဖာ​ရော​ဘု​ရင်​က​ယော​သပ်​အား``သင်​၏​အ​ဖ နှင့်​အစ်​ကို​တို့​သည် သင့်​ထံ​သို့​ယ​ခု​ရောက်​ရှိ လာ​ကြ​ပြီ​ဖြစ်​၍၊-
6 il paese di Egitto [è] al tuo comando; fa' abitar tuo padre, e i tuoi fratelli, nel meglio del paese; dimorino pur nella contrada di Gosen, e se tu conosci che fra loro vi sieno degli uomini di valore, costituiscili governatori del mio bestiame.
အီ​ဂျစ်​ပြည်​တွင်​အ​ကောင်း​ဆုံး​အ​ရပ်​ဖြစ် သော​ဂေါ​ရှင်​ဒေ​သ​၌​နေ​ထိုင်​ကြ​ပါ​စေ။ သူ တို့​အ​နက်​သင့်​တော်​သော​သူ​များ​ရှိ​လျှင် ငါ​၏​သိုး​နွား​အုပ်​အ​ရာ​၌​ခန့်​ထား​လော့'' ဟု​မိန့်​ကြား​လေ​၏။
7 Poi Giuseppe menò Giacobbe, suo padre, a Faraone, e gliel presentò. E Giacobbe benedisse Faraone.
ထို​နောက်​ယော​သပ်​သည်​မိ​မိ​၏​အ​ဖ​ကို​ဘု​ရင် ရှေ့​သို့​ခေါ်​ဆောင်​ခဲ့​၏။ ယာ​ကုပ်​သည်​ဖာ​ရော ဘု​ရင်​အား​ကောင်း​ချီး​ပေး​လေ​၏။-
8 E Faraone disse a Giacobbe: Quanti anni hai?
ဘု​ရင်​က​ယာ​ကုပ်​အား``အ​သက်​အ​ရွယ်​မည် မျှ​ရှိ​ပါ​သ​နည်း'' ဟု​မေး​၏။
9 E Giacobbe rispose a Faraone: Il tempo degli anni de' miei pellegrinaggi[è] centrent'anni; il tempo degli anni della mia vita è stato corto, e malvagio, e non è giunto al tempo degli anni della vita de' miei padri, ne' quali andarono peregrinando.
ယာ​ကုပ်​က``ကျွန်​တော်​မျိုး​သည်​လော​က​တွင် ဧည့်​သည်​အာ​ဂန္တု​အ​ဖြစ်​နှစ်​ပေါင်း​တစ်​ရာ့​သုံး ဆယ်​နေ​ထိုင်​ခဲ့​ပါ​ပြီ။ သို့​ရာ​တွင်​ဘိုး​ဘေး တို့​၏​သက်​တမ်း​ကို​မ​မီ​ပါ။ ကျွန်​တော်​မျိုး အ​သက်​ရှင်​ခဲ့​သော​နှစ်​များ​မှာ​တို​၍​ကြမ်း တမ်း​လှ​ပါ​၏'' ဟု​လျှောက်​လေ​၏။-
10 Poi Giacobbe, salutato Faraone, se ne uscì fuori dal suo cospetto.
၁၀ထို​နောက်​ယာ​ကုပ်​သည်​ဖာ​ရော​ဘု​ရင်​ကို​နှုတ် ဆက်​ကောင်း​ချီး​ပေး​ပြီး​လျှင် ဘု​ရင့်​ထံ​တော် မှ​ထွက်​လာ​ခဲ့​လေ​၏။-
11 E Giuseppe diede a suo padre, e ai suoi fratelli, stanza e possessione nel paese di Egitto, nel meglio del paese, nella contrada di Rameses, come Faraone avea comandato.
၁၁ယော​သပ်​သည်​ဖာ​ရော​ဘုရင်​အ​မိန့်​တော်​ရှိ​သည့် အ​တိုင်း​သူ​၏​အ​ဖ​နှင့်​အစ်​ကို​တို့​အား အီ​ဂျစ် ပြည်​ရာ​မ​သက်​မြို့​အ​နီး​ရှိ​အ​ကောင်း​ဆုံး အ​ရပ်​တွင်​မြေ​အ​ပိုင်​ပေး​၍​နေ​ထိုင်​စေ​၏။-
12 E Giuseppe sostentò suo padre, e i suoi fratelli, e tutta la casa di suo padre, [provvedendo loro] di pane, secondo le bocche delle [lor] famiglie.
၁၂ယော​သပ်​သည်​အ​ဖ​နှင့်​အစ်​ကို​များ​အ​ပါ အ​ဝင် ယာ​ကုပ်​၏​မိ​သား​စု​အား​လုံး​တို့ အား​စား​နပ်​ရိက္ခာ​ထောက်​ပံ့​လေ​၏။
13 OR in tutta la terra non [vi era] pane; perciocchè la fame [era] gravissima; e il paese di Egitto, e di Canaan, si veniva meno per la fame.
၁၃အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​သည်​အ​လွန်​ဆိုး​ရွား ရ​ကား​စား​နပ်​ရိက္ခာ​ပြတ်​လပ်​ကုန်​သ​ဖြင့် အီ​ဂျစ် ပြည်​နှင့်​ခါ​နာန်​ပြည်​ရှိ​လူ​အ​ပေါင်း​တို့​သည် အစာ​ငတ်​မွတ်​သည့်​ဒဏ်​ကို​အ​လူး​အ​လဲ​ခံ​ရ ကြ​၏။-
14 E Giuseppe raccolse tutti i danari che si ritrovarono nel paese di Egitto, e nel paese di Canaan, per lo grano che [la gente di] que' [paesi] comperava; e Giuseppe portò que' danari in casa di Faraone.
၁၄ယော​သပ်​သည်​စ​ပါး​ရောင်း​ရာ​မှ​ရ​သော​ငွေ များ​ကို​စု​သိမ်း​၍ နန်း​တော်​ငွေ​တိုက်​သို့​ပေး သွင်း​လေ​၏။-
15 E, quando i danari furono mancati nel paese di Egitto, e nel paese di Canaan, tutti gli Egizj vennero a Giuseppe, dicendo: Dacci del pane, perchè morremmo noi davanti agli occhi tuoi per mancamento di danari?
၁၅အီ​ဂျစ်​ပြည်​သား​နှင့်​ခါ​နာန်​ပြည်​သား​တို့ တွင်​စ​ပါး​ဝယ်​ရန်​ငွေ​ကုန်​သော​အ​ခါ အီ​ဂျစ် ပြည်​သား​တို့​သည်​ယော​သပ်​ထံ​သို့​လာ​၍``ကျွန် တော်​တို့​အား​စား​စ​ရာ​ပေး​ပါ။ ငတ်​၍​မ​သေ ပါ​ရ​စေ​နှင့်။ ကျွန်​တော်​တို့​တွင်​ရိက္ခာ​ဝယ်​ရန် ငွေ​မ​ကျန်​တော့​ပါ'' ဟု​လျှောက်​ကြ​လေ သည်။
16 E Giuseppe disse: Date[mi] il vostro bestiame, ed io vi darò [del pane] per lo vostro bestiame, se pure i danari son mancati.
၁၆ယော​သပ်​က``သင်​တို့​တွင်​ငွေ​ကုန်​လျှင် သင်​တို့ ၏​သိုး​နွား​တိ​ရစ္ဆာန်​များ​ကို​ယူ​ခဲ့​ကြ​လော့။ တိ​ရစ္ဆာန်​များ​ကို​စပါး​နှင့်​လဲ​လှယ်​ပေး​မည်'' ဟု​ဆို​လေ​၏။-
17 Ed essi menarono il lor bestiame a Giuseppe; e Giuseppe diede loro del pane per cavalli, e per gregge di pecore, e per armenti di buoi, e per asini. Così li sostentò di pane quell'anno per tutto il lor bestiame.
၁၇သူ​တို့​သည်​တိ​ရစ္ဆာန်​များ​ကို​ယော​သပ်​ထံ​သို့ ယူ​ဆောင်​ခဲ့​၍​ယော​သပ်​သည်​သူ့​တို့​၏ မြင်း၊ သိုး၊ ဆိတ်၊ နွား၊ မြည်း​များ​ကို​စား​နပ်​ရိက္ခာ​နှင့်​လဲ လှယ်​ပေး​လေ​၏။ ထို​နှစ်​၌​ပြည်​သူ​ပြည်​သား တို့​သည် မိ​မိ​တို့​၏​တိ​ရစ္ဆာန်​ရှိ​သ​မျှ​ကို​စား နပ်​ရိက္ခာ​နှင့်​လဲ​လှယ်​ကြ​လေ​သည်။
18 E, passato quell'anno, ritornarono l'anno seguente a lui, e gli dissero: Noi non possiamo celare [il nostro bisogno] al mio signore; ma i danari son mancati, e i [nostri] bestiami son [pervenuti] al mio signore; e' non [ci] resta nulla che il mio signore possa pigliare, salvo i nostri corpi, e le nostre terre.
၁၈ထို​နှစ်​ကုန်​၍​နောက်​တစ်​နှစ်​သို့​ရောက်​ရှိ​လာ သော​အ​ခါ သူ​တို့​သည်​ယော​သပ်​ထံ​သို့​လာ ကြ​ပြန်​၍``ကျွန်​တော်​တို့​လက်​တွင်​ငွေ​လည်း ကုန်​ကြောင်း၊ တိ​ရစ္ဆာန်​များ​လည်း​ကိုယ်​တော်​၏ လက်​ဝယ်​သို့​ရောက်​ရှိ​ကြောင်း ကိုယ်​တော်​အ​သိ ပင်​ဖြစ်​ပါ​သည်။ ယ​ခု​ကျွန်​တော်​တို့​၏​ကိုယ် နှင့်​ကျွန်​တော်​တို့​၏​လယ်​မြေ​များ​မှ​လွဲ​၍ ကိုယ်​တော်​အား​ပေး​ရန်​အ​ဘယ်​အ​ရာ​မျှ မ​ရှိ​တော့​ပါ။-
19 Perchè periremmo, e noi, e le nostre terre, davanti agli occhi tuoi? compera noi, e le nostre terre, per del pane; e noi, e le nostre terre, saremo servi a Faraone; e dacci della semenza, acciocchè viviamo, e non muoiamo, e che la terra non sia desolata.
၁၉ကျွန်​တော်​တို့​အစာ​ငတ်​၍​မ​သေ​ပါ​ရ​စေ​နှင့်။ ကျွန်​တော်​တို့​လယ်​များ​လည်း​ပျက်​ပြုန်း​ခြင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကျွန်​တော်​တို့​အား​ရိက္ခာ​ပေး သည့်​အ​တွက် ကျွန်​တော်​တို့​နှင့်​ကျွန်​တော်​တို့​၏ လယ်​မြေ​များ​ကို​ဝယ်​တော်​မူ​ပါ။ ကျွန်​တော်​တို့ သည်​ဖာရော​ဘုရင်​ထံ​၌​ကျွန်​ခံ​ပါ​မည်။ လယ်​မြေ များ​ကို​လည်း​ဘုရင်​လက်​သို့​အပ်​ပါ​မည်။ ကျွန် တော်​တို့​အ​သက်​မ​သေ​စေ​ရန်​လည်း​ကောင်း၊ လယ် များ​တွင်​စိုက်​ပျိုး​နိုင်​ရန်​လည်း​ကောင်း​စ​ပါး ကို​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​လေ​၏။
20 Giuseppe adunque acquistò a Faraone tutte le terre di Egitto; perciocchè gli Egizj venderono ciascun la sua possessione; conciossiachè la fame si fosse aggravata sopra loro; e così le terre furono acquistate a Faraone.
၂၀သို့​ဖြစ်​၍​ယော​သပ်​သည်​အီ​ဂျစ်​ပြည်​ရှိ​လယ် မြေ​အား​လုံး​ကို ဖာ​ရော​ဘု​ရင်​အ​တွက်​ဝယ် ယူ​လေ​၏။ အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ဆိုး​ရွား ခြင်း​ကြောင့်​အီ​ဂျစ်​ပြည်​သား​တိုင်း မိ​မိ​၏ လယ်​မြေ​ကို​ရောင်း​ရ​သ​ဖြင့်​လယ်​မြေ​အား လုံး​တို့​သည်​ဘု​ရင့်​ဘဏ္ဍာ​တော်​ဖြစ်​လာ​၏။-
21 E [Giuseppe] trasportò il popolo nelle città, da un capo de' confini di Egitto infino all'altro.
၂၁အီ​ဂျစ်​ပြည်​တစ်​စွန်း​မှ​တစ်​စွန်း​အ​ထိ​နေ ထိုင်​သူ​အ​ပေါင်း​တို့​သည်​လည်း ဘု​ရင်​၏ ကျွန်​ဖြစ်​လာ​ကြ​၏။-
22 Sol non acquistò le terre de' sacerdoti; perciocchè [vi era una] provvisione [assegnata] da Faraone a' sacerdoti; onde essi mangiarono la provvisione che Faraone dava loro, e perciò non venderono le lor terre.
၂၂ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဘု​ရင်​ထံ​မှ​ရိက္ခာ အ​ထောက်​အ​ပံ့​ရ​သူ​များ​ဖြစ်​သော​ကြောင့် မိ​မိ တို့​လယ်​မြေ​များ​ကို​ရောင်း​ချ​ရန်​မ​လို။ ထို့ ကြောင့်​ယော​သပ်​သည်​သူ​တို့​၏​လယ်​မြေ​များ ကို​မ​ဝယ်​ယူ​ဘဲ​ချန်​လှပ်​ထား​လေ​သည်။-
23 E Giuseppe disse al popolo: Ecco io ho oggi acquistati a Faraone e voi e le vostre terre; eccovi della semenza: seminate la terra.
၂၃ယော​သပ်​က​ပြည်​သား​တို့​အား``ယ​ခု​ငါ​သည် သင်​တို့​နှင့်​သင်​တို့​၏​လယ်​မြေ​များ​ကို​ဘု​ရင့် အ​တွက်​ဝယ်​ယူ​ပြီး​ပြီ။ သင်​တို့​၏​လယ်​များ တွင်​စိုက်​ပျိုး​ရန်​မျိုး​စ​ပါး​ကို​ယူ​ကြ​လော့။-
24 E al [tempo del]la ricolta, voi darete il quinto [di essa] a Faraone, e le altre quattro parti saranno vostre, per la sementa de' campi, e per lo mangiar di voi, e di coloro che [son] nelle vostre case, e per lo mangiar delle vostre famiglie.
၂၄စ​ပါး​ရိတ်​သိမ်း​သည့်​အ​ခါ​ငါး​ပုံ​တစ်​ပုံ​ကို ဘု​ရင့်​ထံ​ဆက်​ရ​မည်။ ကျန်​သော​စပါး​ကို​မျိုး စပါး​အ​တွက်​နှင့်​သင်​တို့​နှင့်​မိ​သား​စု​စား​သုံး ရန်​အ​တွက်​အ​သုံး​ပြု​ကြ​လော့'' ဟု​ဆို​လေ​၏။
25 Ed essi dissero: Tu ci hai scampata la vita; troviamo pur grazia appo il mio signore, e siamo servi a Faraone.
၂၅ပြည်​သား​တို့​က``ကိုယ်​တော်​သည်​ကျွန်​တော်​တို့ ၏​အ​သက်​ကို​ကယ်​တော်​မူ​ပါ​ပြီ။ ကျွန်​တော် တို့​သည်​ကိုယ်​တော်​ထံ​မှ​မျက်​နှာ​သာ​ရ​ပါ စေ​သော၊ သ​နား​ညှာ​တာ​တော်​မူ​ပါ​ပြီ။ ကျွန် တော်​တို့​သည်​ဘု​ရင်​ထံ​၌​ကျွန်​ခံ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။-
26 E Giuseppe, per istatuto [che dura] infino ad oggi, fece una imposta sopra le terre di Egitto, del quinto [della rendita], per Faraone; sol le terre de' sacerdoti non furono di Faraone.
၂၆သို့​ဖြစ်​၍​ယော​သပ်​သည်​အီ​ဂျစ်​ပြည်​တွင် အ​သီး​အ​နှံ​ထွက်​ထဲ​မှ ငါး​ပုံ​တစ်​ပုံ​ကို ဖာ​ရော ဘု​ရင်​ထံ​ဆက်​ရ​မည်​ဟူ​သော​မြေ​ယာ​ဥ​ပ​ဒေ တစ်​ရပ်​ကို​ပြ​ဋ္ဌာန်း​ခဲ့​လေ​သည်။ ထို​ဥ​ပ​ဒေ သည်​ယ​နေ့​တိုင်​အောင်​အာ​ဏာ​တည်​လျက်​ရှိ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့​ပိုင်​သော​လယ်​မြေ​များ​သာ လျှင်​ထို​ဥ​ပ​ဒေ​မှ​လွတ်​ကင်း​ခွင့်​ရှိ​သည်။
27 Così gl'Israeliti abitarono nel paese di Egitto, nella contrada di Gosen, e ne furono fatti possessori, e moltiplicarono, e crebbero grandemente.
၂၇ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​ဂေါ​ရှင်​အ​ရပ်​၌​နေ​ထိုင်​ကြ​စဉ်​ကြီး ပွား​တိုး​တက်​၍​လူ​ဦး​ရေ​အ​လွန်​များ​ပြား လာ​လေ​သည်။-
28 E Giacobbe visse nel paese di Egitto diciassette anni; e gli anni della vita di Giacobbe furono cenquarantasette.
၂၈ယာ​ကုပ်​သည်​အီ​ဂျစ်​ပြည်​တွင်​တစ်​ဆယ့် ခု​နစ်​နှစ်​နေ​ထိုင်​ခဲ့​၏။ သို့​ဖြစ်​၍​ယာ​ကုပ် ၏​သက်​တမ်း​မှာ​တစ်​ရာ့​လေး​ဆယ်​ခု​နစ် နှစ်​ဖြစ်​သ​တည်း။-
29 Or avvicinandosi il tempo della morte di Israele, egli chiamò il suo figliuolo Giuseppe, e gli disse: Deh! se io ho trovato grazia appo te, metti ora la tua mano sotto la mia coscia, [promettendomi] che tu userai inverso me benignità e lealtà; deh! non seppellirmi in Egitto.
၂၉သူ​သည်​စု​တေ့​ရ​သော​အ​ချိန်​နီး​လာ​သော အ​ခါ သား​ယော​သပ်​ကို​ခေါ်​၍​ငါ့​အား​သင် မျက်​နှာ​သာ​ပေး​မည်​ဆို​လျှင်``ငါ​၏​ပေါင်​အောက် မှာ​သင်​၏​လက်​ကို​ထား​လျက် သင်​၏​က​ရု​ဏာ နှင့်​သစ္စာ​တ​ရား​ကို​ငါ့​အား​ပြ​မည်​ဟု​က​တိ ပြု​ပါ​လော့။ အ​ဖ​ကို​အီ​ဂျစ်​ပြည်​၌​သင်္ဂြိုဟ် ခြင်း​မ​ပြု​ပါ​နှင့်။-
30 Anzi, quando io giacerò co' miei padri, portami fuor di Egitto, e seppelliscimi nella lor sepoltura. E [Giuseppe] disse: Io farò secondo la tua parola.
၃၀အ​ဖ​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​၍​အ​ဖ​၏ ဘိုး​ဘေး​တို့​သင်္ဂြိုဟ်​ရာ​သင်္ချိုင်း​၌​သင်္ဂြိုဟ်​ပါ လော့'' ဟု​ဆို​၏။ ယော​သပ်​က``အ​ဖ​ဆန္ဒ​အ​တိုင်း​ကျွန်​တော်​ဆောင် ရွက်​ပေး​ပါ​မည်'' ဟု​ဝန်​ခံ​လေ​၏။
31 E [Israele] disse: Giurame[lo]. Ed egli gliel giurò. E Israele, inchinatosi verso il capo del letto, adorò.
၃၁သို့​ရာ​တွင်​ယာ​ကုပ်​က``ဆောင်​ရွက်​ပေး​ပါ​မည်​ဟု ကျိန်​ဆို​လော့'' ဟု​ဆို​သော်​ယော​သပ်​သည်​ကျိန်​ဆို လေ​၏။ ထို​နောက်​ယာ​ကုပ်​သည်​အိပ်​ရာ​၏​ခေါင်း ရင်း​တွင်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လေ​၏။

< Genesi 47 >