< Galati 3 >

1 O GALATI insensati! chi vi ha ammaliati per non ubbidire alla verità, [voi], a' quali Gesù Cristo è stato prima ritratto davanti agli occhi [come se fosse stato] crocifisso fra voi?
ပညာမဲ့သောဂလာတိလူတို့၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ယေရှုခရစ်ကို သင်တို့ မျက်မှောက်၌ ထင်ရှားစွာပြပြီးသည်ဖြစ်၍၊ သမ္မာတရားကို နားမထောင်စေခြင်းငှါ သင်တို့ကို အဘယ်သူပြုစား သနည်း။
2 Questo solo desidero saper da voi: avete voi ricevuto lo Spirito per le opere della legge, o per la predicazion della fede?
ပညတ်တရား၏အကျင့်အားဖြင့် ဝိညာဉ်တော်ကို ခံရကြသလော။ သို့မဟုတ်ယုံကြည်ခြင်းတရားကို ကြားနာခြင်းအားဖြင့် ခံရကြသလောဟုသော အရာတခုကိုသာ သင်တို့၌ငါသိလို၏။
3 Siete voi così insensati, che, avendo cominciato per lo Spirito, vogliate finire ora per la carne?
ဤမျှလောက် ပညာမဲ့ကြသလော။ ဝိညာဉ်တော်ကိုအမှီပြု၍ လုပ်စရှိပြီးမှ၊ ဇာတိကိုအမှီပြု၍ ပြီးစေကြသလော။
4 Avete voi sofferte cotante cose in vano? se pure ancora in vano.
ဤမျှလောက်ဆင်းရဲခြင်းကို အချည်းနှီး ခံကြပြီလော။ အချည်းနှီး သက်သက်ဖြစ်ရမည်လော။
5 Colui adunque che vi dispensa lo Spirito, ed opera fra voi potenti operazioni, [lo fa egli] per le opere della legge, o per la predicazion della fede?
ထိုမှတပါးဝိညာဉ်တော်ကို သင်တို့အား ပေး၍၊ သင်တို့၌တန်ခိုးများကိုပြသောသူသည် ပညတ်တရား၏ အကျင့်အားဖြင့် ပြသလော။ ယုံကြည်ခြင်းတရားကို နာခြင်းအားဖြင့် ပြသလော။
6 Siccome Abrahamo credette a Dio, e [ciò] gli fu imputato a giustizia;
ထိုနည်းတူအာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့မှတ်တော်မူ၏။
7 voi sapete pure, che coloro che [son] della fede son figliuoli di Abrahamo.
ယုံကြည်ခြင်းရှိသောသူသည် အာဗြဟံ၏သား ဖြစ်သည်ဟု အမှန်သိမှတ်ကြလော့။
8 E la scrittura, antivedendo che Iddio giustifica le nazioni per la fede, evangelizzò innanzi ad Abrahamo: Tutte le nazioni saranno benedette in te.
ဘုရားသခင်သည် ယုံကြည်ခြင်းကိုထောက်၍၊ တပါးအမျိုးသားတို့ကို ဖြောင့်မတ်ရာ၌ တည်စေတော်မူ မည်ဟု ကျမ်းစာသည်မြော်မြင်လျက်၊ အာဗြဟံအား အမိန့်ရှိ၍၊ သင့်အားဖြင့်လူအပေါင်းတို့သည် ကောင်း ကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ဧဝံဂေလိတရားကို ဟောနှင့် လေ၏။
9 Talchè coloro che [son] della fede son benedetti col fedele Abrahamo.
သို့ဖြစ်၍ယုံကြည်ခြင်းရှိသောသူတို့သည် ယုံကြည်သော အာဗြဟံနှင့်အတူ ကောင်းကြီးမင်္ဂလာကို ခံရကြ၏။
10 Poichè tutti coloro che son delle opere della legge, sono sotto maledizione; perciocchè egli è scritto: Maledetto chiunque non persevera in tutte le cose scritte nel libro della legge, per farle.
၁၀ပညတ်တရား၏အကျင့်ကို အမှီပြုသောသူ ရှိသမျှတို့သည် အကျိန်နှင့်စပ်ဆိုင်ကြ၏။ အကြောင်းမူ ကား၊ ပညတ္တိကျမ်းစာ၌ပါသမျှသော စကားတို့ကို အမြဲမကျင့်သောသူတိုင်း ကျိန်တော်မူခြင်းကို ခံစေ သတည်းဟု ကျမ်းစာလာ၏။
11 Ora, che per la legge niuno sia giustificato presso Iddio, è manifesto, perciocchè: Il giusto viverà di fede.
၁၁တဖန်တုံ၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။
12 Ma la legge non è di fede; anzi: L'uomo che avrà fatte queste cose viverà per esse.
၁၂ပညတ်တရားမူကား၊ ယုံကြည်ခြင်းနှင့် မစပ်ဆိုင်။ ထိုအကျင့်ကို ကျင့်သောသူသည်၊ ထိုအကျင့်အား ဖြင့် အသက်ရှင်လိမ့်မည်ဟု ဆိုသတည်း။
13 Cristo ci ha riscattati dalla maledizione della legge, essendo per noi fatto maledizione (perciocchè egli è scritto: Maledetto [è] chiunque è appiccato al legno);
၁၃ထိုကြောင့် ဘုရားသခင်ရှေ့တော်၌ ပညတ်တရားအားဖြင့် အဘယ်သူမျှဖြောင့်မတ်ရာသို့ မရောက် နိုင်ဟုထင်ရှားလျက်ရှိ၏။ သစ်တိုင်၌ ဆွဲထားခြင်း ခံရသောသူတိုင်း ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟု ကျမ်းစာလာသည်နှင့်အညီ၊ ခရစ်တော်သည် ငါတို့ အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူဖြစ်၍၊ ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှရွေးနှုတ်တော်မူပြီ။
14 acciocchè la benedizione di Abrahamo avvenga alle nazioni in Cristo Gesù; affinchè per la fede riceviamo la promessa dello Spirito.
၁၄အကြောင်းမူကား၊ အာဗြဟံခံရသော ကောင်းကြီး မင်္ဂလာသည် ယေရှုခရစ်အားဖြင့် တပါးအမျိုးသား တို့၌ သက်ရောက်သည်ဖြစ်၍၊ ငါတို့သည် ဂတိတော်နှင့် ယှဉ်သော ဝိညာဉ်တော်ကိုယုံကြည်ခြင်းအားဖြင့် ခံရ ကြမည်အကြောင်းတည်း။
15 Fratelli, io parlo nella maniera degli nomini: se un patto è fermato, benchè sia un patto d'uomo, niuno l'annulla, o vi sopraggiunge [cosa alcuna].
၁၅ညီအစ်ကိုတို့၊ လောကီဝေါဟာရအားဖြင့် ငါပြောမည်။ လူသော်လည်း ဝန်ခံစာကိုချုပ်ပြီးမှ အဘယ် သူမျှမပယ်ရ။ ထပ်ဆင့်၍စကားကို မသွင်းရ။
16 Or le promesse furono fatte ad Abrahamo, ed alla sua progenie; non dice: Ed alle progenie, come [parlando] di molte; ma come d'una: Ed alla tua progenie, che è Cristo.
၁၆ဂတိတော်တို့ကို အာဗြဟံနှင့် သူ၏အမျိုးအနွယ်၌ ထားတော်မူ၏။ အမျိုးအနွယ်တို့ဟု အများသောသူ တို့ကိုရည်မှတ်၍ မိန့်တော်မူသည်မဟုတ်။ သင်၏ အမျိုးအနွယ်ဟု တယောက်သောသူကို ရည်မှတ်၍ မိန့်တော်မူ၏။ ထိုတယောက်သောသူကား ခရစ်တော်ဖြစ်သတည်း။
17 Or questo dico io: La legge, venuta quattrocentrent'anni appresso, non annulla il patto fermato prima da Dio in Cristo, per ridurre al niente la promessa.
၁၇ငါဆိုသည်ကား၊ ခရစ်တော်ကိုရည်မှတ်၍ ဘုရားသခင်တည် စေတော်မူနှင့်သောပဋိညာဉ်တရားကို အနှစ်လေးရာသုံးဆယ်လွန်ပြီးမှ နောက်ဖြစ်သော ပညတ်တရားသည်မပယ်နိုင်။ ဂတိတော်ကို အချည်းနှီးမဖြစ်စေနိုင်။
18 Perciocchè, se l'eredità [è] per la legge, non [è] più per la promessa. Or Iddio donò [quella] ad Abrahamo per la promessa.
၁၈ထိုမှတပါး၊ အမွေတော်သည် ပညတ်တရားနှင့် စပ်ဆိုင်လျှင် ဂတိတော်နှင်မစပ်ဆိုင်။ ဘုရားသခင်သည် ဂတိတော်အားဖြင့် အာဗြဟံအား ထိုအမွေတော်ကို သနားတော်မူ၏။
19 Perchè dunque [fu data] la legge? fu aggiunta per le trasgressioni, finchè fosse venuta la progenie, alla quale era stata fatta la promessa; essendo pubblicata dagli angeli, per mano d'un mediatore.
၁၉သို့ဖြစ်၍ပညတ်တရားသည် အဘယ်အကျိုးရှိသနည်းဟူမူကား၊ ဂတိတော်ကိုခံသော မျိုးအနွယ်မဖြစ်မှီ တိုင်အောင်၊ ဒုစရိုက်များကြောင့် ထိုတရားကို ထပ်၍ ပေးတော်မူ၏။ ထိုတရားကိုကောင်းကင်တမန်များအား ဖြင့်အာမခံ၏ လက်၌ထားတော်မူ၏။
20 Or il mediatore non è d'uno; ma Iddio è uno.
၂၀အာမခံမည်သည်ကား၊ တဘက်နှင့်သာ ဆိုင်သည်မဟုတ်။ ဘုရားသခင်မူကား တဘက်ဖြစ်တော်မူ၏။
21 La legge [è] ella dunque [stata data] contro alle promesse di Dio? [Così] non sia; perciocchè, se fosse stata data la legge, che potesse vivificare, veramente la giustizia sarebbe per la legge.
၂၁သို့ဖြစ်၍ ပညတ်တရားသည် ဘုရားသခင်၏ ဂတိတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သလော။ ထိုသို့ မဖြစ်နိုင်ရာ။ အသက်ရှင်စေနိုင်သော ပညတ်တရားကို ပေးတော်မူသည်မှန်လျှင်၊ အကယ်စင်စစ် ထိုတရားအားဖြင့် ဖြောင့်မတ်ခြင်းကိုရလိမ့်မည်။
22 Ma la scrittura ha rinchiuso ogni cosa sotto peccato, acciocchè la promessa fosse data a' credenti per la fede di Gesù Cristo.
၂၂ယခုမူကား၊ ယုံကြည်သောသူတို့သည် ယေရှုခရစ်ကို ယုံကြည်ခြင်းနှင့် စပ်ဆိုင်သော ဂတိတော်ကို ရမည်အကြောင်း ကျမ်းစာသည်လူအပေါင်းတို့ကို အပြစ်၌ချုပ်ထား၏။
23 Ora, avanti che fosse venuta la fede, noi eravamo guardati sotto la legge, essendo rinchiusi, [aspettando] la fede che dovea essere rivelata.
၂၃ယုံကြည်ခြင်းတရားမရောက်မှီ ပညတ်တရားသည်စောင့်နေသည်ဖြစ်၍၊ ထိုအခါငါတို့သည် နောက်၌ ထင်ရှားလတံ့သော ယုံကြည်ခြင်းတရားကိုမြော်လင့်၍ ချုပ်ထားလျက်ရှိကြ၏။
24 Talchè la legge è stata nostro pedagogo, [aspettando] Cristo, acciocchè fossimo giustificati per fede.
၂၄ထိုကြောင့် ငါတို့သည်ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှါ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါတို့၏ အထိန်းဖြစ်သတည်း။
25 Ma, la fede essendo venuta, noi non siam più sotto pedagogo.
၂၅ယုံကြည်ခြင်းတရားသည် ရောက်လာသောအခါ၊ ငါတို့သည် ထိုအထိန်းလက်မှလွတ်ကြ၏။
26 Perciocchè tutti siete figliuoli di Dio per la fede in Cristo Gesù.
၂၆အဘယ်သို့နည်းဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင်၏သား ဖြစ်ကြ၏။
27 Poichè voi tutti, che siete stati battezzati in Cristo, avete vestito Cristo.
၂၇ခရစ်တော်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူဖြစ်ကြ၏။
28 Non vi è nè Giudeo, nè Greco; non vi è nè servo, nè libero; non vi è nè maschio, nè femmina.
၂၈ယေရှုခရစ်၌ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ။ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တလုံးတဝတည်းဖြစ်ကြ၏။
29 Perciocchè voi tutti siete uno in Cristo Gesù. Ora, se [siete] di Cristo, siete adunque progenie d'Abrahamo, ed eredi secondo la promessa.
၂၉ခရစ်တော်နှင့်စပ်ဆင်လျှင်အာဗြဟံ၏ အမျိုးအနွယ်ပင်ဖြစ်၍၊ ဂတိတော်အတိုင်း အမွေခံ၏ အရာ၌ တည်ကြ၏။

< Galati 3 >