< Ezechiele 33 >

1 LA parola del Signore mi fu ancora [indirizzata], dicendo:
ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
2 Figliuol d'uomo, parla a' figliuoli del tuo popolo, e di' loro: Quando io farò venire la spada sopra un paese, e il popolo del paese prenderà un uomo d'infra loro, e se lo porrà per vedetta;
ကိုယ်​တော်​က``တိုင်း​ပြည်​တစ်​ပြည်​ကို​ငါ​သည် စစ်​ဘေး​အန္တ​ရာယ်​ဆိုက်​ရောက်​စေ​သော​အ​ခါ ထို​ပြည်​၌​အ​ဘယ်​သို့​ဖြစ်​သည်​ကို​သင်​၏ အ​မျိုး​သား​တို့​အား​ပြော​ပြ​လော့။ ပြည်​သူ ပြည်​သား​တို့​သည်​မိ​မိ​တို့​အ​ထဲ​မှ​လူ တစ်​ယောက်​ကို​ကင်း​စောင့်​အ​ဖြစ်​ဖြင့်​ရွေး ချယ်​ရ​ကြ​၏။-
3 ed esso, veggendo venir la spada sopra il paese, avrà sonato con la tromba, ed avrà avvisato il popolo;
သူ​သည်​ရန်​သူ​ချဉ်း​ကပ်​လာ​သည်​ကို​မြင် လျှင် လူ​အ​ပေါင်း​တို့​အား​တံ​ပိုး​ခ​ရာ​မှုတ် ၍​အ​ချက်​ပေး​ရ​၏။-
4 se alcuno, avendo udito il suon della tromba, non si guarda, e la spada, essendo giunta, lo coglie, il suo sangue sarà sopra il suo capo.
အ​ကယ်​၍​တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ယင်း​သို့​အ​ချက်​ပေး​သံ​ကို​ကြား​လျက်​နှင့် ဂ​ရု​မ​စိုက်​ဘဲ​နေ​ပါ​မူ​ရန်​သူ​သည်​လာ ၍​သူ့​ကို​ဋ္ဌား​ဘေး​သင့်​စေ​လျှင် ထို​သူ​အ​သက် ဆုံး​ရှုံး​ရ​မှု​သည်​သူ​၏​အ​ပြစ်​ပင်​ဖြစ်​၍ သူ့ သွေး​သည်​သူ​၏​ခေါင်း​ပေါ်​ရောက်​လေ​ပြီ။-
5 Egli ha udito il suon della tromba, e non si è guardato; il suo sangue sarà sopra lui; se si fosse guardato, avrebbe scampata la vita sua.
သူ​သေ​ရ​သည်​မှာ​သူ​၏​ချို့​ယွင်း​မှု​ကြောင့် သူ့​သွေး​သည်​သူ​၏​ခေါင်း​ပေါ်​ရောက်​ရ​ပေ မည်​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည် သ​တိ​ပေး​ချက်​ကို​ဂ​ရု​မ​စိုက်​ခဲ့​သော ကြောင့်​ဖြစ်​၏။ အ​ကယ်​၍​ဂ​ရု​စိုက်​မည် ဆို​ပါ​က​သူ​သည်​သေ​ဘေး​မှ​လွတ် မြောက်​နိုင်​၏။-
6 Ma, se la vedetta vede venir la spada, e non suona con la tromba, e il popolo non è stato avvisato, e la spada viene, e coglie alcuna persona d'infra esso, ben sarà quella stata colta per la sua iniquità; ma io ridomanderò il suo sangue alla vedetta.
သို့​ရာ​တွင်​အ​ကယ်​၍​ကင်း​စောင့်​သည်​ရန်​သူ လာ​သည်​ကို​မြင်​လျက်​နှင့် အ​ချက်​ပေး​တံ​ပိုး ခ​ရာ​ကို​မ​မှုတ်​ဘဲ​နေ​ခဲ့​သော် ရန်​သူ​လွန်​လာ ၍​တစ်​စုံ​တစ်​ယောက်​သတ်​ဖြတ်​ခံ​ရ​လျှင်​ထို သူ​သည်​မိ​မိ​အ​ပြစ်​ကြောင့်​သေ​ရ​သော်​လည်း ထို​သို့​သေ​ဆုံး​သူ​၏​သွေး​အ​တွက်​ကင်း​စောင့် မှာ​တာ​ဝန်​ရှိ​စေ​မည်။''
7 Così, figliuol d'uomo, io ti ho costituito vedetta, alla casa d'Israele; ascolta adunque la parola dalla mia bocca, ed ammoniscili da parte mia.
``အ​ချင်း​လူ​သား၊ ယ​ခု​ငါ​သည်​သင့်​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက် ကင်း စောင့်​အ​ဖြစ်​ဖြင့်​ခန့်​ထား​မည်။ သင်​သည်​ငါ ၏​သ​တိ​ပေး​ချက်​များ​ကို​သူ​တို့​အား ဆင့်​ဆို​ရ​မည်။-
8 Quando io avrò detto all'empio: Empio, di certo tu morrai; e tu non avrai parlato, per ammonir l'empio [che si ritragga] dalla sua via, esso empio morrà per la sua iniquità; ma io ridomanderò il suo sangue dalla tua mano.
အ​ကယ်​၍​ငါ​က​ဆိုး​ယုတ်​သူ​တစ်​စုံ​တစ် ယောက်​အား​သေ​ရ​လိမ့်​မည်​ဟု​ဆို​လျှင် သင် သည်​ထို​သူ​အ​သက်​မ​သေ​စေ​ရန်​သူ​၏ အ​ပြု​အ​မူ​ပြောင်း​လဲ​ဖို့​သ​တိ​ပေး​ရ​မည်။ မ​ပေး​ဘဲ​နေ​ပါ​မူ​သူ​သည်​အ​ပြစ်​ကူး လွန်​သူ​အ​ဖြစ်​ဖြင့်​ပင်​သေ​လိမ့်​မည်။ ထို အ​ခါ​ငါ​သည်​ထို​သေ​ဆုံး​သူ​၏​သွေး အ​တွက်​သင့်​မှာ​တာ​ဝန်​ရှိ​စေ​မည်။-
9 Ma se tu ammonisci l'empio ch'egli si converta dalla sua via, ed egli non se ne converte, egli morrà per la sua iniquità; ma tu avrai scampata l'anima tua.
အ​ကယ်​၍​သင်​သည်​ဆိုး​ယုတ်​သူ​အား​သ​တိ ပေး​သော်​လည်း သူ​သည်​ဒု​စ​ရိုက်​ကို​ပြု​မြဲ ပြု​ကာ​အ​ပြစ်​ကူး​လွန်​သူ​အ​ဖြစ်​ဖြင့်​ပင် လျှင်​သေ​သည်​ဆို​ပါ​မူ သင်​၏​အ​သက်​ချမ်း သာ​ရာ​ရ​လိမ့်​မည်''ဟု​မိန့်​တော်​မူ​၏။
10 Ora, figliuol d'uomo, di' ancora alla casa d'Israele: Voi avete parlato così, dicendo: I nostri peccati, e i nostri misfatti [son] sopra noi; e noi ci siamo strutti per essi; e come potremo noi vivere?
၁၀ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။ ကိုယ်​တော်​က``အ​ချင်း လူ​သား'' ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ​သင်​တို့​က`ငါ​တို့​သည်​မိ​မိ တို့​အ​ပြစ်​များ၊ မိ​မိ​တို့​ပြု​သော​အ​မှား​များ ဖြင့်​ဝန်​လေး​ပင်​ပန်း​လျက်​ရှိ​ကြ​၏။ ငါ​တို့ သည်​အား​လျော့​နွမ်း​နယ်​လျက်​နေ​ကြ​၏။ အ​ဘယ်​သို့​လျှင်​ငါ​တို့​အ​သက်​ရှင်​နိုင် ကြ​ပါ​မည်​နည်း' ဟု​ဆို​ကြ​၏။-
11 Di' loro: [Come] io vivo, dice il Signore Iddio, io non prendo diletto nella morte dell'empio: anzi [prendo diletto] che l'empio si converta dalla sua via, e che viva; convertitevi, convertitevi dalle vostre vie malvage: e perchè morreste voi, o casa d'Israele?
၁၁ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ ငါ​မိန့်​တော်​မူ​သည်​ကား​အ​ပြစ်​ကူး လွန်​သူ​တစ်​စုံ​တစ်​ယောက်​သေ​သည်​ကို​မ မြင်​လို ထို​သူ​အ​ပြစ်​ကူး​လွန်​မှု​ကို​ရပ်​စဲ ၍​အ​သက်​ရှင်​သည်​ကို​သာ​လျှင်​တွေ့​မြင် လို​သည်။ အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး​သား တို့၊ သင်​တို့​ပြု​လျက်​ရှိ​သည့်​အ​ပြစ်​ဒု စ​ရိုက်​ကို​ရပ်​စဲ​ကြ​လော့။ ရပ်​စဲ​သော​သင် တို့​သည်​အ​ဘယ်​ကြောင့်​သေ​ချင်​ကြ သ​နည်း။
12 Figliuol d'uomo, di' ancora a' figliuoli del tuo popolo: La giustizia del giusto non lo salverà, qualora egli avrà misfatto; ed [altresì] l'empio non caderà per la sua empietà, nel giorno ch'egli si sarà convertito dalla sua empietà; come per essa il giusto non potrà vivere, nel giorno ch'egli avrà peccato.
၁၂``အ​ချင်း​လူ​သား၊ သူ​တော်​ကောင်း​အ​ပြစ် ကူး​လွန်​သော​အ​ခါ​သူ​ပြု​ခဲ့​သော​ကောင်း မှု​များ​က​သူ့​ကို​ကယ်​လိမ့်​မည်​မ​ဟုတ် ကြောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ကြား​လော့။ အ​ကယ်​၍​ဆိုး​ညစ်​သူ သည်​မိ​မိ​၏​ဆိုး​ညစ်​မှု​ကို​ရပ်​စဲ​လိုက်​ပါ မူ​သူ​သည်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​တော့​မည် မ​ဟုတ်။ သူ​တော်​ကောင်း​သည်​အ​ပြစ်​ကူး လွန်​သော​အ​ခါ​သူ​သည်​အ​သက်​ချမ်း သာ​ရာ​ရ​မည်​မ​ဟုတ်။-
13 Quando io avrò detto al giusto, ch'egli di certo viverà, se egli, confidatosi nella sua giustizia, commette iniquità, tutte le sue giustizie non saranno ricordate; anzi egli morrà per la sua iniquità, ch'egli avrà commessa.
၁၃ငါ​သည်​သူ​တော်​ကောင်း​အား​အ​သက်​ရှင်​စေ မည်​ဟု​က​တိ​ပေး​ထား​သော်​လည်း သူ​သည် မိ​မိ​ပြု​ခဲ့​သော​ကောင်း​မှု​ကို​အား​ကိုး​ကာ အ​ပြစ်​စ​၍​ကူး​လွန်​သည်​ဆို​ပါ​မူ ငါ​သည် သူ​ပြု​ခဲ့​သော​အ​ဘယ်​ကောင်း​မှု​ကို​မျှ​သ​တိ ရ​လိမ့်​မည်​မ​ဟုတ်။ သူ​သည်​မိ​မိ​၏​အ​ပြစ် ကြောင့်​သေ​ရ​မည်​ဖြစ်​၏။-
14 Quando altresì avrò detto all'empio: Di certo tu morrai; se egli si converte dal suo peccato, e fa giudicio, e giustizia;
၁၄အ​ကယ်​၍​ငါ​သည်​ဆိုး​ယုတ်​သူ​အား​သေ​ရ လိမ့်​မည်​ဟု​သ​တိ​ပေး​သ​ဖြင့် သူ​သည်​မိ​မိ ၏​အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ​ကာ​မှန်​ရာ ကောင်း​ရာ​ကို​ပြု​ကျင့်​လျှင်၊-
15 e rende il pegno, [e] restituisce ciò ch'egli ha rapito, [e] cammina negli statuti della vita, per non commettere iniquità; di certo egli viverà, non morrà.
၁၅ဥ​ပ​မာ​အား​ဖြင့်​မိ​မိ​အ​ပေါင်​ခံ​ထား​သည့် ပစ္စည်း၊ ခိုး​ဝှက်​ထား​သည့်​ဥစ္စာ​တို့​ကို​ပြန်​၍ ပေး​အပ်​ပြီး​လျှင်​အ​ပြစ်​ကူး​လွန်​မှု​ကို ရပ်​စဲ​ကာ​အ​သက်​ရှင်​စေ​တတ်​သော​ပြ​ဋ္ဌာန်း ချက်​တို့​ကို​စောင့်​ထိန်း​သည်​ဆို​အံ့၊ ထို​သူ သည်​မ​သေ​ဘဲ​အ​သက်​ရှင်​လိမ့်​မည်။-
16 Tutti i suoi peccati, ch'egli avrà commessi, non gli saranno ricordati; egli ha fatto giudicio e giustizia; egli viverà di certo.
၁၆သူ​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​ကို​လည်း ငါ​သည်​ဖြေ​လွှတ်​မည်။ မှန်​ရာ​ကောင်း​ရာ​ကို ပြု​ကျင့်​သည့်​အ​တွက်​သူ​သည်​အ​သက်​ရှင် လိမ့်​မည်။
17 Ora i figliuoli del tuo popolo han detto: La via del Signore non è bene addirizzata; ma la lor propria via [è quella che] non è bene addirizzata.
၁၇``သို့​ရာ​တွင်​သင်​၏​အ​မျိုး​သား​ချင်း​တို့​က ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​စွာ​မ​စီ​ရင် ဟု​ဆို​ကြ​၏။ သူ​တို့​သာ​လျှင်​ဖြောင့်​မတ် စွာ​မ​ပြု​ကြ။-
18 Quando il giusto si ritrarrà dalla sua giustizia, e commetterà iniquità, egli morrà per queste cose.
၁၈သူ​တော်​ကောင်း​သည်​ကောင်း​မှု​ကို​ရပ်​စဲ​၍ မ​ကောင်း​မှု​ကို​ပြု​သော​အ​ခါ ထို​မ​ကောင်း မှု​အ​တွက်​သူ​သည်​သေ​ရ​လိမ့်​မည်။-
19 Quando altresì l'empio si ritrarrà dalla sua empietà, e farà giudicio, e giustizia, egli viverà per queste cose.
၁၉ဆိုး​ယုတ်​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​စွန့် လွှတ်​၍​မှန်​ရာ​ကောင်း​ရာ​ကို​ပြု​ကျင့်​သော အ​ခါ အ​သက်​ရှင်​ခွင့်​ကို​ရ​ရှိ​လိမ့်​မည်။-
20 E voi avete detto: La via del Signore non è bene addirizzata! O casa d'Israele, io vi giudicherò, ciascuno secondo le sue vie.
၂၀သို့​ရာ​တွင်​အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့၊ သင်​တို့​က​ထာ​ဝ​ရ​ဘု​ရား​ပြု သော​အ​မှု​သည်​မ​ဖြောင့်​မတ်​ဟု​ဆို​ကြ ၏။ ငါ​သည်​သင်​တို့​ပြု​သော​အ​မှု​ကို​ထောက် ၍ သင်​တို့​အား​တ​ရား​စီ​ရင်​မည်'' ဟု​မိန့် တော်​မူ​၏။
21 OR avvenne che nell'anno duodecimo della nostra cattività, nel quinto [giorno] del decimo mese, venne a me uno ch'era scampato di Gerusalemme, dicendo: La città è stata percossa.
၂၁ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​နှစ်​နှစ် မြောက်၊ ဒ​သ​မ​လ၊ လ​ဆန်း​ငါး​ရက်​နေ့​၌ ယေ​ရု​ရှ​လင်​မြို့​မှ​လွတ်​မြောက်​လာ​သူ​တစ် ယောက်​သည်​လာ​၍​ငါ့​အား​ယေ​ရု​ရှ​လင် မြို့​ရန်​သူ​လက်​သို့​ကျ​ရောက်​သွား​သည့် အ​ကြောင်း​ကို​ပြော​ပြ​၏။-
22 E la sera avanti la venuta di colui ch'era scampato, la mano del Signore era stata sopra me; ed egli mi avea aperta la bocca, finchè colui venne a me la mattina; e così la mia bocca fu aperta, e non fui più mutolo.
၂၂ထို​သူ​မ​ရောက်​မီ​ည​နေ​ချမ်း​အ​ချိန်​၌ ထာ​ဝရ​ဘု​ရား​၏​တန်​ခိုး​တော်​သည် ငါ့​ကို လွှမ်း​မိုး​၍​နေ​၏။ နောက်​တစ်​နေ့​နံ​နက်​ထို သူ​ရောက်​ရှိ​လာ​ချိန်​၌ စ​ကား​ပြော​နိုင်​စွမ်း ရည်​ကို​ငါ့​အား​ပြန်​၍​ပေး​တော်​မူ​၏။ သို့ ဖြစ်​၍​ငါ​သည်​တိတ်​ဆိတ်​စွာ​မ​နေ​ရ တော့​ဘဲ​စ​ကား​ပြော​နိုင်​၏။
23 E la parola del Signore mi fu [indirizzata], dicendo:
၂၃ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
24 Figliuol d'uomo, gli abitatori di quei luoghi deserti, nel paese d'Israele, dicono: Abrahamo era solo, e pur possedette il paese; e noi [siamo] molti; il paese ci è dato in eredità.
၂၄ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ ပြည်​ရှိ​ပျက်​စီး​ယို​ယွင်း​နေ​သော​မြို့​များ​တွင် နေ​ထိုင်​သူ​တို့​က`အာ​ဗြ​ဟံ​သည်​လူ​တစ်​ဦး မျှ​သာ​ဖြစ်​သော်​လည်း​ဤ​ပြည်​တစ်​ပြည်​လုံး ကို​အ​ပိုင်​ရ​ရှိ​ခဲ့​၏။ ယ​ခု​ငါ​တို့​သည်​ကား အ​ရေ​အ​တွက်​အား​ဖြင့်​များ​သည်​ဖြစ်​၍​ဤ ပြည်​ကို​ငါ​တို့​အ​ပိုင်​ရ​ကြ​ပြီ' ဟု​ပြော​ဆို နေ​ကြ​၏။
25 Perciò, di' loro: Così ha detto il Signore Iddio: Voi mangiate la carne col sangue, e levate gli occhi verso i vostri idoli, e spandete il sangue; possedereste voi il paese?
၂၅``သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား သင်​တို့​သည်​အ​မဲ​သား​နှင့် အ​တူ​သွေး​ကို​လည်း​စား​ကြ​၏။ ရုပ်​တု​များ ကို​ဝတ်​ပြု​ရှိ​ခိုး​ကြ​၏။ လူ​၏​အ​သက်​ကို သတ်​ကြ​၏။ သို့​ပါ​လျက်​ဤ​ပြည်​ကို​သင်​တို့ အ​ပိုင်​ရ​ပြီ​ဟု​အ​ဘယ်​ကြောင့်​ထင်​မှတ် ကြ​သ​နည်း။-
26 Voi vi mantenete in su la vostra spada, voi fate cose abbominevoli, e contaminate ciascuno la moglie del suo prossimo; e possedereste voi il paese?
၂၆သင်​တို့​သည်​မိ​မိ​တို့​၏​ဋ္ဌား​ကို​အား​ကိုး ကြ​၏။ သင်​တို့​အ​ကျင့်​များ​သည်​လည်း​စက် ဆုပ်​ဖွယ်​ကောင်း​၏။ လူ​တိုင်း​ပင်​သူ​တစ်​ပါး ၏​အိမ်​ရာ​ကို​ပြစ်​မှား​ကြ​၏။ သို့​ပါ​လျက် ဤ​ပြည်​ကို​သင်​တို့​အ​ပိုင်​ရ​ပြီ​ဟု​အ​ဘယ် ကြောင့်​ထင်​မှတ်​ကြ​သ​နည်း။
27 Di' loro così: Così ha detto il Signore Iddio: [Come] io vivo, quelli che [sono] in quei luoghi deserti caderanno per la spada; ed io darò coloro che [son] per li campi alle fiere, acciocchè li divorino; e quelli che [son] nelle fortezze e nelle spelonche morranno di pestilenza.
၂၇``ပျက်​စီး​ယို​ယွင်း​လျက်​ရှိ​သော​မြို့​များ​တွင် နေ​ထိုင်​ကြ​သူ​တို့​သည်​သတ်​ဖြတ်​ခြင်း​ခံ​ရ ကြ​လိမ့်​မည်​ဖြစ်​ကြောင်း၊ ငါ​အ​ရှင်​ထာ​ဝရ ဘု​ရား​သည်​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား အ​မှန်​ပင်​ဖြစ်​သည့်​အ​တိုင်း​သူ​တို့​အား​သ​တိ ပေး​လိုက်​ကြောင်း​ပြော​ကြား​လော့။ ကျေး​လက် တို့​တွင်​နေ​ထိုင်​သူ​များ​သည်​တော​တိ​ရစ္ဆာန် တို့​၏​အ​စာ​ဖြစ်​ရ​ကြ​လိမ့်​မည်။ တောင်​များ၊ လိုဏ်​ဂူ​များ​တွင်​ပုန်း​အောင်း​နေ​ကြ​သူ​တို့ သည်​ရော​ဂါ​ကြောင့်​သေ​ရ​ကြ​လိမ့်​မည်။-
28 E metterò il paese in desolazione, e in deserto; e l'alterezza della sua forza verrà meno; e i monti d'Israele saranno deserti, senza che vi passi [più] alcuno.
၂၈ငါ​သည်​ထို​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​မည်။ ပြည်​သူ​တို့​ဂုဏ်​ယူ​ဝါ ကြွား​ရာ​ဖြစ်​သည့်​တန်​ခိုး​အာ​ဏာ​သည် လည်း​ဆိတ်​သုဉ်း​သွား​လိမ့်​မည်။ မည်​သူ​မျှ ဖြတ်​သန်း​သွား​လာ​မှု​မ​ပြု​နိုင်​လောက်​အောင် ဣ​သ​ရေ​လ​တောင်​တို့​သည်​တော​ရိုင်း​ဖြစ် လိမ့်​မည်။-
29 Ed essi conosceranno che io [sono] il Signore, quando avrò messo il paese in desolazione, e in deserto, per tutte le loro abbominazioni, che hanno commesse.
၂၉ငါ​သည်​လူ​တို့​အား​အ​ပြစ်​များ​အ​တွက်​ဒဏ် ခတ်​၍ သူ​တို့​၏​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​သော​အ​ခါ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
30 Ora, quant'è a te, figliuol d'uomo, i figliuoli del tuo popolo favellan di te, presso alle pareti, e in su gli usci delle case; e parlano l'un con l'altro, ciascuno col suo fratello, dicendo: Deh! venite, e udite quale [è] la parola ch'è porceduta dal Signore.
၃၀ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​လူ​သား၊ သင် ၏​အ​မျိုး​သား​တို့​သည်​မြို့​တံ​တိုင်း​များ အ​နီး​၌​သော်​လည်း​ကောင်း၊ မိ​မိ​တို့​အိမ် တံ​ခါး​ဝ​များ​၌​သော်​လည်း​ကောင်း တွေ့​ဆုံ မိ​ကြ​သော​အ​ခါ​သင်​၏​အ​ကြောင်း​ကို ပြော​ဆို​နေ​ကြ​၏။ သူ​တို့​က​ထာ​ဝ​ရ ဘုရား​အ​ဘယ်​သို့​အ​မိန့်​တော်​ရှိ​သည်​ကို ယ​ခု​ငါ​တို့​သွား​၍​နား​ထောင်​ကြ​ကုန် အံ့'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။-
31 E vengono a te, come [per maniera di] raunanza di popolo; e il mio popolo siede davanti a te, ed ascolta le tue parole, ma non le mette ad effetto; perciocchè egli ne fa de' ragionamenti d'amori nella sua bocca; [ma] il cuor suo va dietro alla sua avarizia.
၃၁သို့​ဖြစ်​၍​ငါ​၏​လူ​မျိုး​တော်​သည်​သင်​ပြန် ကြား​ရန် ရှိ​သည့်​အ​မိန့်​တော်​ကို​နား​ထောင် ရန်​သင့်​ရှေ့​သို့​စု​ရုံး​လာ​ကြ​၏။ သို့​ရာ​တွင် သူ​တို့​သည်​သင်​ပြော​သည့်​အ​တိုင်း​မ​လုပ် ကြ။ ချစ်​ဖွယ်​သော​စ​ကား​များ​ပြော​ဆို​နေ ကြ​သော်​လည်း​လော​ဘ​စိတ်​အ​တိုင်း​ကျင့် ကြံ​ကြ​၏။-
32 Ed ecco, tu [sei] loro a guisa d'una canzone di amori, [d'uno che abbia] bella voce, e suoni bene; ed essi ascoltano le tue parole, ma non le metton punto ad effetto.
၃၂သူ​တို့​အ​ဖို့​မှာ​သင်​သည်​အ​ချစ်​သီ​ချင်း များ​ကို​သီ​ဆို​တီး​မှုတ်​ဖြေ​ဖျော်​သူ​ကဲ့ သို့​ဖြစ်​ပေ​သည်။ သူ​တို့​သည်​သင်​ပြော​သ​မျှ သော​စ​ကား​တို့​ကို​နား​ထောင်​ကြ​သော်​လည်း တစ်​လုံး​တစ်​ပါ​ဒ​ကို​မျှ​မ​လိုက်​နာ​ကြ။-
33 Ma quando [la cosa] sarà avvenuta (ecco viene!), essi conosceranno che vi è stato un profeta in mezzo di loro.
၃၃သို့​ရာ​တွင်​သင်​၏​ဟော​ကြား​ချက်​မှန်​သ​မျှ သည်​မှန်​ကန်​လာ​ရ​မည်​ဖြစ်​သည့်​အ​တိုင်း အ​ကောင်​အ​ထည်​ပေါ်​လာ​သော​အ​ခါ မိ​မိ တို့​အ​လယ်​တွင်​ပ​ရော​ဖက်​တစ်​ပါး​ရောက် ရှိ​နေ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

< Ezechiele 33 >