< Ezechiele 18 >

1 LA parola del Signore mi fu ancora [indirizzata], dicendo:
ထာ​ဝ​ရ​ဘု​ရား​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-
2 Che [volete dir] voi, che usate questo proverbio intorno alla terra d'Israele, dicendo: I padri han mangiato l'agresto, e i denti de' figliuoli [ne] sono allegati?
ကိုယ်​တော်​က ``မိ​ဘ​တို့​စ​ပျစ်​ချဉ်​သီး​ကို​သုံး​ဆောင်​ခြင်း ကြောင့်၊ သား​သ​မီး​များ​သွား​ကျိန်း​ရ​ကြ​၏'' ဟူ​သော​စ​ကား​ပုံ​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့ ထပ်​ကာ​ထပ်​ကာ​ပြော​ဆို​နေ​ကြ​ရာ ၌​အ​ဘယ်​သို့​ဆို​လို​သ​နည်း။''
3 [Come] io vivo, dice il Signore Iddio, voi non avrete più [cagione] d'usar questo proverbio in Israele.
``ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား ဖြစ်​သည်​နှင့်​အ​ညီ ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ဤ​စ​ကား​ပုံ​ကို​နောက်​တစ်​ဖန်​သုံး​စွဲ​ရ တော့​မည်​မ​ဟုတ်။-
4 Ecco, tutte le anime son mie; siccome l'anima del padre, così ancora l'anima del figliuolo, [è] mia; l'anima che avrà peccato, quella morrà.
အ​ဖ​၏​အ​သက်​ကို​ငါ​ပိုင်​၏။ သား​၏​အ​သက် ကို​လည်း​ငါ​ပိုင်​၏။ လူ​တိုင်း​၏​အ​သက်​ကို ငါ​ပိုင်​၏။ သေ​ရ​မည့်​သူ​ကား​အ​ပြစ်​ကူး​လွန် သူ​ပင်​ဖြစ်​၏။
5 Ma l'uomo che sarà giusto, e farà giudicio, e giustizia;
``အ​ကယ်​၍​ကောင်း​မြတ်​ဖြောင့်​မတ်​၍​ရိုး​သား သူ​ရှိ​အံ့။-
6 e che non avrà mangiato sopra i monti, e non avrà levati gli occhi agl'idoli della casa d'Israele, e non avrà contaminata la moglie del suo prossimo, e non si sarà accostato a donna mentre è appartata;
သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကိုး​ကွယ် သော​ရုပ်​တု​တို့​ကို​မ​ကိုး​ကွယ်။ တောင်​ပေါ်​ရှိ ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင် ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​မ​စား။ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို မ​ပြစ်​မှား။ ရာ​သီ​လာ​နေ​သော​မိန်း​မ​နှင့်​လည်း မ​ဆက်​ဆံ။-
7 e non avrà oppressato alcuno, [ed] avrà renduto il pegno al debitore, e non avrà fatta rapina; [ed] avrà dato del suo pane a colui che ha fame, e avrà ricoperto di vestimento l'ignudo;
သူ​သည်​လှည့်​စား​မှု​ကို​မ​ပြု။ သူ​တစ်​ပါး​၏ ဥစ္စာ​ကို​အ​နိုင်​အ​ထက်​မ​လု​မ​ယူ။ အ​ပေါင်​ခံ ပစ္စည်း​ကို​လည်း​ပြန်​၍​ပေး​၏။ ငတ်​မွတ်​နေ​သူ ကို​ကျွေး​မွေး​၍ အ​ဝတ်​မဲ့​သူ​အား​အ​ဝတ် အ​စား​များ​ကို​ပေး​၏။-
8 [e] non avrà prestato ad usura, e non avrà preso vantaggio; [ed] avrà ritratta la man sua d'iniquità, [ed] avrà fatto leal giudicio tra un uomo e l'altro;
သူ​သည်​အ​တိုး​အမြတ်​ရ​ရန်​ငွေ​ကို​မ​ချေး။ ဆိုး​ညစ်​မှု​ကို​ရှောင်​ရှား​၍​အ​ချင်း​များ​မှု တို့​တွင်​ဖြောင့်​မှန်​သော​အ​ဆုံး​အ​ဖြတ်​ကို ပေး​၏။-
9 [e] sarà camminato ne' miei statuti, ed avrà osservate le mie leggi, per fare opere di lealtà e di verità; un tale [è] giusto; di certo egli viverà, dice il Signore Iddio.
သူ​သည်​ငါ​၏​အ​မိန့်​များ​ကို​လိုက်​နာ​၍ ငါ​၏ ပ​ညတ်​တော်​တို့​ကို​သေ​ချာ​စွာ​စောင့်​ထိန်း​၏။ ထို​သူ​သည်​သူ​တော်​ကောင်း​ဖြစ်​သ​ဖြင့် အ​သက် ရှင်​လိမ့်​မည်​ဟု​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။
10 Ma se egli genera un figliuolo, [che sia] ladrone, che spanda il sangue, o faccia qualche cosa simigliante all'una di quelle;
၁၀``ထို​သူ​၌​အ​နိုင်​အ​ထက်​လု​ယက်​သတ်​ဖြတ် တတ်​၍ ဖ​ခင်​မ​ပြု​ခဲ့​ဘူး​သည့်​အ​မှု​တို့​ကို ပြု​ကျင့်​သူ​သား​တစ်​ယောက်​ရှိ​သည်​ဆို​အံ့။ ထို​သား​သည်​တောင်​ပေါ်​ရှိ​ကိုး​ကွယ်​ရာ​ဌာ​န များ​တွင်​ယဇ်​ပူ​ဇော်​သည့်​အ​သား​ကို​စား​၏။ သူ​တစ်​ပါး​အိမ်​ရာ​ကို​ပြစ်​မှား​၏။-
11 e non faccia tutte le cose suddette; anzi, e mangi sopra i monti, e contamini la moglie del suo prossimo;
၁၁
12 [ed] oppressi il povero, e il bisognoso, [e] faccia rapine, [e] non renda il pegno, e levi gli occhi agl'idoli, [e] commetta abbominazione;
၁၂သူ​သည်​ဆင်း​ရဲ​ချို့​တဲ့​သူ​တို့​အား​လိမ်​လည် လှည့်​စား​၏။ သူ​တစ်​ပါး​၏​ဥစ္စာ​ကို​အ​နိုင် အ​ထက်​လု​ယူ​၏။ အ​ပေါင်​ခံ​ပစ္စည်း​ကို​လည်း ပြန်​၍​မ​ပေး။ ရုပ်​တု​တို့​ကို​ကိုး​ကွယ်​၍ စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​ကို​ပြု​၏။-
13 [e] presti ad usura, e prenda vantaggio; viverà egli? egli non viverà; egli ha fatte tutte queste cose abbominevoli; egli di certo sarà fatto morire; il suo sangue sarà sopra lui.
၁၃သူ​သည်​အ​တိုး​အမြတ်​ရ​အောင်​ငွေ​ကို​ချေး ၏။ ထို​သူ​သည်​အ​သက်​ရှင်​နိုင်​မည်​လော။ အ​သက် ရှင်​နိုင်​မည်​မ​ဟုတ်။ သူ​သည်​ယင်း​သို့​စက်​ဆုပ် ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​ပြု​သ​ဖြင့်​သေ ရ​လိမ့်​မည်။ သူ​၏​သွေး​သည်​သူ့​ခေါင်း​ပေါ် တင်​လျက်​ရှိ​၏။
14 Ma ecco, se egli genera un figliuolo, il quale, avendo veduti tutti i peccati di suo padre, ch'egli avrà commessi, vi ponga mente, e non faccia cotali cose;
၁၄``ယ​ခု​ထို​သူ​၌​သား​တစ်​ယောက်​ရှိ​သည်​ဆို အံ့။ ထို​သား​သည်​မိ​မိ​ဖ​ခင်​ပြု​ကျင့်​ခဲ့​သည့် ဒု​စ​ရိုက်​တို့​ကို​မြင်​သော်​လည်း​ဖ​ခင်​ကို အ​တု​မ​ခိုး။-
15 [e] non mangi sopra i monti, e non levi gli occhi agl'idoli della casa d'Israele, [e] non contamini la moglie del suo prossimo;
၁၅သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ရုပ်​တု​တို့​ကို​မ​ကိုး​ကွယ်။ တောင်​ပေါ်​ရှိ​ကိုး ကွယ်​ရာ​ဌာ​န​များ​တွင် ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​လည်း​မ​စား။ သူ​တစ်​ပါး​အိမ် ရာ​ပြစ်​မှား​ခြင်း၊-
16 [e] non oppressi alcuno, [e] non prenda pegno, e non faccia rapine, [e] dia del suo pane a colui che ha fame, e ricopra di vestimento l'ignudo;
၁၆သူ​တစ်​ပါး​တို့​အား​နှိပ်​စက်​ညှင်း​ဆဲ​မှု​နှင့် သူ တစ်​ပါး​၏​ဥစ္စာ​ကို​အ​နိုင်​အ​ထက်​လု​ယူ​မှု​တို့ ကို​လည်း​မ​ပြု။ သူ​သည်​အ​ပေါင်​ခံ​ပစ္စည်း​များ ကို​လက်​မ​ခံ။ ငတ်​မွတ်​နေ​သူ​ကို​ကျွေး​မွေး​၍ အ​ဝတ်​မဲ့​သူ​အား​အ​ဝတ်​အ​စား​များ​ကို ပေး​၏။-
17 [e] ritragga la sua mano dal povero, [e] non prenda nè usura, nè vantaggio, [e] metta ad effetto le mie leggi, [e] cammini ne' miei statuti; esso non morrà per l'iniquità di suo padre; di certo egli viverà.
၁၇သူ​သည်​ဆိုး​ညစ်​မှု​ကို​ရှောင်​ရှား​၍​အ​တိုး အ​မြတ်​ရ​ရန်​ငွေ​ကို​မ​ချေး။ ငါ​၏​ပ​ညတ် တော်​များ​ကို​စောင့်​ထိန်း​၍​ငါ​၏​အ​မိန့်​တော် တို့​ကို​လိုက်​နာ​၏။ ထို​သူ​သည်​ဖ​ခင်​၏​အ​ပြစ် ကြောင့်​သေ​ရ​မည်​မ​ဟုတ်။ သူ​သည်​မု​ချ အ​သက်​ရှင်​လိမ့်​မည်။-
18 Quant'è a suo padre, perchè avrà usate oppressioni, [ed] avrà fatta rapina al suo fratello, e avrà fatto ciò che non [è] bene in mezzo de' suoi popoli; ecco, egli morrà per la sua iniquità.
၁၈သူ​၏​ဖ​ခင်​မူ​ကား​လိမ်​လည်​လှည့်​စား​၍​သူ တစ်​ပါး​တို့​၏​ဥစ္စာ​ကို​အ​နိုင်​အ​ထက်​လု​ယူ လျက် အ​စဉ်​ပင်​လူ​အ​ပေါင်း​အား​ဆိုး​ညစ်​စွာ ပြု​ကျင့်​သ​ဖြင့်​မိ​မိ​၏​အ​ပြစ်​များ​ကြောင့် သေ​ရ​၏။
19 E [se pur] dite: Perchè non porta quel figliuolo l'iniquità del padre? Perciocchè quel figliuolo ha fatto giudicio e giustizia, [ed] ha osservati tutti i miei statuti, e li ha messi ad effetto; di certo egli viverà.
၁၉``သို့​ရာ​တွင်​သင်​တို့​က`သား​ဖြစ်​သူ​သည် အ​ဘယ်​ကြောင့်​ဖ​ခင်​ပြု​ခဲ့​သည့်​အ​ပြစ်​များ ၏​အ​ကျိုး​ဆက်​ကို​မ​ခံ​ရ​ပါ​သ​နည်း' ဟု မေး​ကြ​၏။ အ​ဖြေ​ကား​သား​သည်​ကောင်း​ရာ မှန်​ရာ​ကို​ပြု​သူ​ဖြစ်​၏။ သူ​သည်​ငါ​၏​ပ​ညတ် တော်​တို့​ကို​စောင့်​ထိန်း​၍​အ​သေ​အ​ချာ​လိုက် နာ​၏။ သို့​ဖြစ်​၍​သူ​သည်​မု​ချ​အ​သက်​ရှင် လိမ့်​မည်။-
20 La persona che avrà peccato, quella morrà; il figliuolo non porterà l'iniquità del padre, nè il padre l'iniquità del figliuolo; la giustizia del giusto sarà sopra lui, e l'empietà dell'empio [altresì] sarà sopra lui.
၂၀သေ​ရ​မည့်​သူ​ကား​အ​ပြစ်​ကူး​လွန်​သူ ဖြစ်​၏။ သား​ဖြစ်​သူ​သည်​ဖ​ခင်​ပြု​သည့် အ​ပြစ်​များ​၏​အ​ကျိုး​ဆက်​ကို​ခံ​ရ​မည် မ​ဟုတ်။ ဖ​ခင်​ဖြစ်​သူ​သည်​လည်း​သား​ပြု သည့်​အ​ပြစ်​များ​၏​အ​ကျိုး​ဆက်​ကို​ခံ ရ​မည်​မ​ဟုတ်။ လူ​ကောင်း​သည်​ကောင်း​မှု ကို​ပြု​သည့်​အ​တွက်​ကောင်း​ကျိုး၊ ဆိုး​ညစ် သော​သူ​သည်​ဆိုး​ညစ်​မှု​ကို​ပြု​သည့် အ​တွက်​ဆိုး​ကျိုး​ကို​လည်း​ကောင်း​ခံ​ရ လိမ့်​မည်။
21 E quando l'empio si ritrarrà da tutti i suoi peccati, ch'egli avrà commessi; ed osserverà tutti i miei statuti, e farà giudicio e giustizia, egli di certo viverà, egli non morrà.
၂၁``ဆိုး​ညစ်​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ ၍ ငါ​၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​၏။ မှန် ရာ​ကောင်း​ရာ​ကို​လည်း​ပြု​ကျင့်​၏။ ထို​သူ သည်​သေ​ရ​မည်​မ​ဟုတ်။ မု​ချ​ပင်​အ​သက် ရှင်​ရ​လိမ့်​မည်။-
22 Tutti i suoi misfatti, ch'egli avrà commessi, non gli saranno più rammemorati; egli viverà, per la giustizia ch'egli avrà operata.
၂၂သူ​သည်​မှန်​ရာ​ကို​ပြု​ကျင့်​သည့်​အ​တွက် မိ​မိ​၏​အ​ပြစ်​အ​ပေါင်း​မှ​ပြေ​လွှတ်​၍ အ​သက်​ရှင်​ရ​လိမ့်​မည်။-
23 Mi diletto io per alcuna maniera nella morte dell'empio? dice il Signore Iddio; non viverà egli, se si converte dalle sue vie?
၂၃ငါ​သည်​ဆိုး​ညစ်​သူ​သေ​သည်​ကို​မြင်​သော အ​ခါ နှစ်​ခြိုက်​အား​ရ​ခြင်း​ဖြစ်​သည်​ဟု​သင် တို့​ထင်​မှတ်​ကြ​သ​လော​ဟု အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မေး​တော်​မူ​၏။ ကိုယ်​တော်​က​ထို​သူ နောင်​တ​ရ​၍​အ​သက်​ရှင်​ရ​သည်​ကို​သာ လျှင်​ငါ​မြင်​လို​၏။
24 Se altresì il giusto si ritrae dalla sua giustizia, e commette iniquità, [e] fa secondo tutte le abbominazioni che l'empio commette, viverà egli? tutte le sue giustizie ch'egli avrà operate, non saranno più ricordate; egli morrà per lo suo misfatto, ch'egli avrà commesso, e per lo suo peccato, ch'egli avrà fatto.
၂၄``သို့​ရာ​တွင်​ဖြောင့်​မတ်​သော​သူ​သည်​ကောင်း မှု​ကို​ရပ်​စဲ​၍ သူ​ယုတ်​မာ​တို့​ပြု​ကျင့်​တတ် သည့်​စက်​ဆုတ်​ဖွယ်​ရာ​ဆိုး​ညစ်​မှု​တို့​ကို ပြု​လျှင် သူ​သည်​ဆက်​လက်​၍​အ​သက်​ရှင် မည်​လော။ အ​သက်​မ​ရှင်​ရ။ သူ​ပြု​ခဲ့​သည့် ကောင်း​မှု​ကို​ငါ​အ​မှတ်​ရ​တော့​မည်​မ​ဟုတ်။ သူ​သည်​သစ္စာ​မဲ့​မှု​ကြောင့်​အ​ပြစ်​ရှိ​၍ မိ​မိ​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ အ​တွက်​သေ​ရ​လိမ့်​မည်။
25 E direte voi: La via del Signore non è bene addirizzata? Ascoltate ora, o casa d'Israele. Non è la mia via bene addirizzata? [anzi], non [son] le vostre vie [quelle che] non son bene addirizzate?
၂၅``သို့​သော်​လည်း​သင်​တို့​က`ဘု​ရား​ရှင်​စီ​ရင် တော်​မူ​သည်​မှာ​မ​ဖြောင့်​ဟု' ဆို​ကြ​၏။ အ​ချင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ငါ​ပြော​သည် ကို​နား​ထောင်​ကြ​လော့။ သင်​တို့​က​ငါ​စီ​ရင် ချက်​မ​ဖြောင့်​ဟု​ထင်​မှတ်​ကြ​၏။ မ​ဖြောင့် သည့်​အ​ရာ​ကား​သင်​တို့​၏​ပြု​မူ​ပုံ​ပင် ဖြစ်​၏။-
26 Quando il giusto si ritrarrà dalla sua giustizia, e commetterà iniquità, egli morrà per queste cose; egli morrà per l'iniquità ch'egli avrà commessa.
၂၆သူ​တော်​ကောင်း​သည်​ကောင်း​မှု​ကို​ရပ်​စဲ​၍ ဆိုး​ညစ်​မှု​ကို​ပြု​ပြီး​နောက်​သေ​သွား​လျှင် ထို​သူ​သည်​မိ​မိ​ပြု​ခဲ့​သည့်​ဆိုး​ညစ်​မှု ကြောင့်​သေ​ရ​ခြင်း​ဖြစ်​၏။-
27 Quando altresì l'empio si ritrarrà dalla sua empietà ch'egli avrà commessa, e farà giudicio, e giustizia, egli farà vivere l'anima sua.
၂၇ဆိုး​ညစ်​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ ၍​မှန်​ရာ​ကောင်း​ရာ​ကို​ပြု​ကျင့်​လျှင် သူ​သည် မိ​မိ​၏​အ​သက်​ကို​ချမ်း​သာ​ရာ​ရ​စေ​သူ ဖြစ်​၏။-
28 Se dunque egli prende guardia, e si ritrae da tutti i suoi misfatti ch'egli avrà commessi, di certo viverà, egli non morrà.
၂၈သူ​သည်​မိ​မိ​အ​မှား​ကို​မြင်​၍​အ​ပြစ်​ကို စွန့်​လွှတ်​လိုက်​သ​ဖြင့်​မု​ချ​ပင်​သေ​ရ​မည် မ​ဟုတ်။ ဆက်​လက်​၍​အ​သက်​ရှင်​ရ​လိမ့် မည်။-
29 E pur la casa d'Israele dice: La via del Signore non è bene addirizzata. O casa d'Israele, non son le mie vie bene addirizzate? [anzi], non [son] le vostre vie [quelle che] non sono bene addirizzate?
၂၉သို့​သော်​လည်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​က`ဘု​ရား​ရှင်​စီ​ရင်​တော်​မူ​ချက်​သည် မ​ဖြောင့်' ဟု​ဆို​ကြ​၏။ ငါ​စီ​ရင်​တော်​မူ​ချက် ကို​မ​ဖြောင့်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​လော။ မ​ဖြောင့်​သည့်​အ​ရာ​ကား​သင်​တို့​၏​ပြု​မူ​ပုံ ပင်​ဖြစ်​၏။
30 Perciò, o casa d'Israele, io vi giudicherò, ciascuno secondo le sue vie, dice il Signore Iddio. Convertitevi, e ritraetevi da tutti i vostri misfatti; e l'iniquità non vi sarà in intoppo.
၃၀``အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ယ​ခု​သင်​တို့ တစ်​ဦး​စီ​အား​သင်​တို့​အ​သီး​သီး​ပြု​ခဲ့ ကြ​သည့်​အ​မှု​ကို​လိုက်​၍ တ​ရား​စီ​ရင်​တော် မူ​မည်​ဖြစ်​ကြောင်း​ပြော​ကြား​၏။ သင်​တို့​သည် ပြု​ကျင့်​လျက်​နေ​သော​ဆိုး​ညစ်​မှု​အ​ပေါင်း မှ​ကြဉ်​ရှောင်​ကြ​လော့။ အ​ပြစ်​ဒု​စ​ရိုက်​က သင်​တို့​အား​မ​ပျက်​စီး​စေ​နှင့်။-
31 Gettate via d'addosso a voi tutti i vostri misfatti, che avete commessi; fatevi un cuor nuovo, ed uno spirito nuovo; e perchè morreste voi, o casa d'Israele?
၃၁သင်​တို့​ပြု​ကျင့်​လျက်​ရှိ​သည့်​ဆိုး​ညစ်​မှု​ကို စွန့်​ပစ်​၍ စိတ်​နှ​လုံး​အ​သစ်၊ စိတ်​ဝိ​ညာဉ်​အ​သစ် ကို​ယူ​ကြ​လော့။ အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သင်​တို့​သည်​အ​ဘယ်​ကြောင့်​သေ ချင်​ကြ​သ​နည်း။-
32 Conciossiachè io non mi diletti nella morte di chi muore, dice il Signore Iddio. Convertitevi adunque, e voi viverete.
၃၂ငါ​သည်​အ​ဘယ်​သူ့​ကို​မျှ​မ​သေ​စေ​လို။ အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ​၍​အ​သက်​ရှင် ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

< Ezechiele 18 >