< Esodo 2 >

1 OR un uomo della famiglia di Levi andò, e prese [per moglie] una figliuola di Levi.
လေ​ဝိ​အ​မျိုး​သား​တစ်​ယောက်​သည် လေ​ဝိ အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​အိမ်​ထောင်​ပြု​၍၊-
2 E quella donna concepette, e partorì un figliuolo; e, veggendolo bello, lo tenne nascosto [lo spazio di] tre mesi.
သား​တစ်​ယောက်​ကို​ရ​၏။ ထို​သား​သည်​ချစ်​ဖွယ် ကောင်း​သည်​ကို​မိ​ခင်​မြင်​လျှင်၊ သုံး​လ​ကြာ မျှ​ဝှက်​ထား​လေ​၏။-
3 Ma non potendo più tenerlo nascosto, ella prese una cestella [fatta] di giunchi, e la impiastrò di bitume e di pece; e, postovi dentro il fanciullo, la mise nella giuncaia, in su la riva del fiume.
မိ​ခင်​သည်​သား​ကို​ဆက်​လက်​၍​မ​ဝှက်​ထား နိုင်​တော့​သ​ဖြင့်၊ ကူ​ရိုး​များ​နှင့်​ခြင်း​တောင်း တစ်​လုံး​ကို​ရက်​လုပ်​၍၊ ကတ္တ​ရာ​နှင့်​သစ်​စေး သုတ်​ပြီး​နောက်၊ က​လေး​ကို​ခြင်း​ထဲ​၌​ထည့် ပြီး​လျှင်​မြစ်​ကမ်း​စပ်​ရှိ​ကိုင်း​တော​တွင်​ချ ထား​လေ​၏။-
4 E la sorella del fanciullo se ne stava da lungi, per saper ciò che gli avverrebbe.
ထို​သား​ငယ်​၏​အစ်​မ​သည်​မ​လှမ်း​မ​ကမ်း​နေ ရာ​မှ က​လေး​၏​အ​ရိပ်​အ​ခြေ​ကို​စောင့်​ကြည့် နေ​လေ​၏။
5 Or la figliuola di Faraone discese per bagnarsi nel fiume; e le sue donzelle passeggiavano su la riva del fiume; ed ella vide quella cestella per mezzo la giuncaia, e mandò una sua servente, e la fece torre.
ဖာ​ရော​ဘု​ရင်​၏​သ​မီး​တော်​သည်​ရေ​ချိုး​ရန် မြစ်​ထဲ​သို့​ဆင်း​လာ​စဉ်၊ သူ​၏​အ​ခြွေ​အ​ရံ​တို့ က​မြစ်​ကမ်း​ပေါ်​တွင်​လမ်း​လျှောက်​၍​စောင့်​ကြပ် နေ​ကြ​၏။ သ​မီး​တော်​သည်​ကိုင်း​တော​ထဲ​၌ ခြင်း​တောင်း​ကို​မြင်​လျှင်၊ ကျွန်​မ​တစ်​ယောက် ကို​လွှတ်​၍​ထို​ခြင်း​တောင်း​ကို​ယူ​ခဲ့​စေ​၏။-
6 E aperta[la] vide quel bambino; ed ecco, il fanciullo piangeva; ed ella ne ebbe compassione, e disse: Questo [fanciullo è] de' figliuoli degli Ebrei.
ဖာ​ရော​ဘု​ရင်​၏​သ​မီး​တော်​သည်​ခြင်း​တောင်း ကို​ဖွင့်​ကြည့်​သော​အ​ခါ၊ ငို​လျက်​နေ​သော​သူ ငယ်​ကို​မြင်​ရ​သော်​က​လေး​ကို​သ​နား​ကြင် နာ​၍``ဤ​က​လေး​သည်​ဟေ​ဗြဲ​အ​မျိုး​သား က​လေး​ဖြစ်​ပါ​သည်​တ​ကား'' ဟု​ဆို​လေ​၏။
7 E la sorella di esso disse alla figliuola di Faraone: Andrò io a chiamarti una balia d'infra le [donne] Ebree, che ti allatti questo fanciullo?
ထို​အ​ခါ​က​လေး​၏​အစ်​မ​က``အ​ရှင်​မ အ​တွက် ဟေ​ဗြဲ​နို့​ထိန်း​တစ်​ဦး​ခေါ်​ပေး​ရ ပါ​မည်​လော'' ဟု​မေး​လျှင်၊
8 E la figliuola di Faraone le disse: Va'. E la fanciulla andò, e chiamò la madre del fanciullo.
မင်း​သ​မီး​က``သွား​၍​ခေါ်​လော့'' ဟု​ဆို​လေ ၏။ ထို​ကြောင့်​မိန်း​မ​ငယ်​သည်​က​လေး​၏ မိ​ခင်​ကို​ခေါ်​ခဲ့​ရာ၊-
9 E la figliuola di Faraone disse: Portane questo fanciullo, e allattamelo, ed io [ti] darò il tuo salario. E quella donna prese il fanciullo, e lo allattò.
မင်း​သ​မီး​က``ဤ​က​လေး​ကို​ငါ့​အ​တွက်​နို့ တိုက်​မွေး​ပေး​ပါ။ သင့်​အား​အ​ခ​ပေး​မည်'' ဟု က​လေး​၏​မိ​ခင်​အား​ဆို​လေ​၏။ ထို့​ကြောင့် မိ​ခင်​သည်​က​လေး​ကို​ယူ​၍​ထိန်း​လေ​၏။-
10 E quando il fanciullo fu grande, ella lo menò alla figliuola di Faraone, ed esso le fu in luogo di figliuolo, ed ella gli pose nome Mosè; perciocchè, [disse ella], io lo ho tratto fuor delle acque.
၁၀မင်း​သ​မီး​အား​ပြန်​အပ်​နိုင်​သည့်​အ​ရွယ်​သို့ ရောက်​သော​အ​ခါ၊ မိ​ခင်​သည်​က​လေး​ကို​မင်း သ​မီး​ထံ​သို့​ပြန်​အပ်​ရာ၊ မင်း​သ​မီး​က ထို က​လေး​ငယ်​ကို​သား​အ​ဖြစ်​မွေး​စား​၍``ငါ သည်​သူ​ငယ်​ကို​ရေ​ထဲ​မှ​ထုတ်​ယူ​ရ​သည်'' ဟု ဆို​လျက်​မော​ရှေ​ဟု​နာ​မည်​မှည့်​လေ​၏။
11 Or in quel tempo, essendo Mosè [già] divenuto grande, avvenne ch'egli uscì fuori a' suoi fratelli, e vide le lor gravezze; e vide un Egizio che percuoteva un uomo Ebreo de' suoi fratelli.
၁၁ကာ​လ​အ​တန်​ကြာ​၍​မော​ရှေ​သည်​အ​ရွယ် ရောက်​လာ​သော​အ​ခါ၊ သူ​၏​အ​မျိုး​သား​တို့ ထံ​သို့​သွား​ရောက်​လည်​ပတ်​လေ​၏။ သူ​သည် မိ​မိ​၏​အ​မျိုး​သား​များ​ဆင်း​ရဲ​ပင်​ပန်း​စွာ အ​လုပ်​ကြမ်း​လုပ်​နေ​ရ​သည်​ကို​တွေ့​မြင်​ရ​၏။ အီ​ဂျစ်​အ​မျိုး​သား​တစ်​ဦး​က​သူ​၏​အ​မျိုး သား​ဟေ​ဗြဲ​လူ​မျိုး​တစ်​ယောက်​အား​ရိုက်​နှက် နေ​သည်​ကို​မြင်​ရ​သော​အ​ခါ၊-
12 E avendo riguardato qua e là, e veduto, che non [v'era] nissuno, percosse quell'Egizio, e lo nascose nel sabbione.
၁၂သူ​သည်​ဟို​ဟို​သည်​သည်​ကြည့်​၍ မည်​သူ​တစ် စုံ​တစ်​ယောက်​ကို​မျှ​မ​မြင်​ရ​လျှင်၊ အီ​ဂျစ် အ​မျိုး​သား​ကို​သတ်​၍​အ​လောင်း​ကို​သဲ​ထဲ ၌​မြှုပ်​ထား​ခဲ့​လေ​သည်။-
13 E il giorno seguente egli uscì ancora fuori; ed ecco, due uomini Ebrei contendevano [insieme]. Ed egli disse a colui che avea il torto: Perchè percuoti il tuo prossimo?
၁၃နောက်​တစ်​နေ့​တွင်​သူ​သည်​ထွက်​လာ​ပြန်​ရာ ဟေ​ဗြဲ​အ​မျိုး​သား​နှစ်​ယောက်​တို့​သည် အ​ချင်း ချင်း​ရိုက်​ပုတ်​ထိုး​သတ်​နေ​ကြ​သည်​ကို​မြင် ရ​လေ​၏။ သူ​က​မ​တ​ရား​သ​ဖြင့်​ပြု​ကျင့်​နေ သူ​အား``သင်​သည်​အ​ဘယ်​ကြောင့်​ကိုယ့်​အ​မျိုး သား​ချင်း​ကို​ရိုက်​နှက်​နေ​ရ​သ​နည်း'' ဟု​မေး လေ​၏။
14 E colui gli rispose: Chi ti ha costituito principe e giudice sopra noi? pensi tu di uccider me, come uccidesti quell'Egizio? E Mosè temette, e disse: Per certo la cosa si è saputa.
၁၄ထို​သူ​က``ငါ​တို့​အ​မှု​ကို​စီ​ရင်​ရန်​မည်​သူ က သင့်​အား​တ​ရား​သူ​ကြီး​အ​ဖြစ်​ခန့်​ထား သ​နည်း။ သင်​သည်​အီ​ဂျစ်​အ​မျိုး​သား​ကို သတ်​သ​ကဲ့​သို့ ငါ့​ကို​သတ်​ချင်​သေး​သ​လော'' ဟု​ပြန်​ပြော​လေ​၏။ ထို​အ​ခါ​မော​ရှေ​သည်​မိ​မိ ပြု​လုပ်​ခဲ့​သော​အ​မှု​ကို​လူ​တို့​သိ​ကုန်​ကြ ပြီ​ဟူ​၍​ဆို​လျက်​ထိတ်​လန့်​လေ​၏။-
15 E Faraone udì questa cosa, e cercò Mosè per ucciderlo; ma Mosè se ne fuggì dal cospetto di Faraone, e si fermò nel paese di Madian, ove si pose a sedere presso ad un pozzo.
၁၅ဖာ​ရော​ဘု​ရင်​သည်​ထို​သ​တင်း​ကို​ကြား​ရ​သော အ​ခါ မော​ရှေ​အား​သတ်​ရန်​ကြံ​စည်​လေ​၏။ သို့ ရာ​တွင်​မော​ရှေ​သည်​ထွက်​ပြေး​၍​မိ​ဒျန်​ပြည် ၌​နေ​ထိုင်​လေ​၏။ တစ်​နေ့​သ​၌​မော​ရှေ​သည်​ရေ​တွင်း​အ​နီး​၌​ထိုင် နေ​စဉ် မိ​ဒျန်​ပြည်​၌​နေ​ထိုင်​သော​ယဇ်​ပု​ရော​ဟိတ် ယေ​သ​ရော​၏​သ​မီး​ခု​နစ်​ယောက်​တို့​သည် ဖ​ခင် ၏​သိုး​နှင့်​ဆိတ်​များ​အ​တွက်​ရေ​တွင်း​မှ​ရေ​ခပ် ပြီး​လျှင် ရေ​သောက်​ခွက်​တွင်​ရေ​ဖြည့်​ရန်​လာ ကြ​၏။-
16 Or il sacerdote di Madian avea sette figliuole; le quali vennero, e attinsero [dell'acqua], ed empierono gli abbeveratoi, per abbeverar le gregge del lor padre.
၁၆
17 E i pastori sopraggiunsero, e scacciarono le [gregge]; ma Mosè si levò, e soccorse quelle [fanciulle], e abbeverò le lor gregge.
၁၇သို့​ရာ​တွင်​သိုး​ထိန်း​အ​ချို့​တို့​သည်​ယေ​သ​ရော ၏​သ​မီး​တို့​ကို​နှင်​ပစ်​လေ​၏။ ထို​အ​ခါ​မော​ရှေ သည်​အ​မျိုး​သ​မီး​တို့​ကို​ကူ​ညီ​သည့်​အ​နေ ဖြင့်၊ သူ​တို့​၏​သိုး​နှင့်​ဆိတ်​များ​ကို​သူ​ကိုယ် တိုင်​ရေ​တိုက်​လေ​၏။-
18 Ed elleno se ne vennero a Reuel, lor padre; ed egli disse [loro: ] Perchè siete voi oggi così presto ritornate?
၁၈အ​မျိုး​သ​မီး​တို့​သည်​ဖ​ခင်​ယေ​သ​ရော​ထံ​သို့ ပြန်​ရောက်​လာ​ကြ​သော​အ​ခါ၊ ဖ​ခင်​က``သင်​တို့ ယ​နေ့​အိမ်​သို့​အ​ပြန်​စော​လှ​ချည့်​လား'' ဟု ဆို​လေ​၏။
19 Ed elleno risposero: Un uomo Egizio ci ha riscosse dalle mani de' pastori, e anche ci ha attinto [dell'acqua] abbondantemente, ed ha abbeverate le gregge.
၁၉သူ​တို့​က``အီ​ဂျစ်​ပြည်​သား​တစ်​ယောက်​က ကျွန်​မ​တို့​အား သိုး​ထိန်း​တို့​ရန်​မှ​ကာ​ကွယ် ပေး​သည့်​အ​ပြင်​ကျွန်​မ​တို့​၏​သိုး​ဆိတ်​များ အ​တွက်​ရေ​ခပ်​၍​တိုက်​ပါ​သည်'' ဟု​ပြန်​ဖြေ ကြ​၏။
20 Ed egli disse alla sue figliuole: E dov'[è] egli? perchè avete lasciato [là] quell'uomo? chiamatelo, che prenda cibo.
၂၀ဖ​ခင်​က``ထို​သူ​ယ​ခု​အ​ဘယ်​မှာ​ရှိ​သ​နည်း။ အ​ဘယ်​ကြောင့်​သူ့​ကို​ထား​ခဲ့​ကြ​သ​နည်း။ သူ့ ကို​ဧည့်​ဝတ်​ပြု​ရန်​သွား​၍​ဖိတ်​ခေါ်​လော့'' ဟု စေ​ခိုင်း​လေ​၏။
21 E Mosè acconsentì di dimorar con quell'uomo: ed egli diede a Mosè Sippora, sua figliuola.
၂၁မော​ရှေ​သည်​ယေ​သ​ရော​နှင့်​အ​တူ​နေ​ထိုင်​၍၊ ယေ​သ​ရော​၏​သ​မီး​ဇိ​ပေါ​ရ​နှင့်​အိမ်​ထောင် ဘက်​ပြု​လေ​၏။-
22 Ed ella partorì un figliuolo, ed egli gli pose nome Ghersom; perciocchè disse: Io sono stato forestiere in paese strano.
၂၂ဇိ​ပေါ​ရ​သည်​သား​တစ်​ယောက်​ကို​ဖွား​မြင်​သော အ​ခါ၊ မော​ရှေ​က``ငါ​သည်​တစ်​ရပ်​တစ်​ကျေး​တွင် ဧည့်​သည်​ဖြစ်​ရ​ပါ​သည်'' ဟု​ဆို​၍​ထို​သား​ကို ဂေ​ရ​ရှုံ​ဟု​နာ​မည်​မှည့်​လေ​၏။
23 Or avvenne che in quel [mezzo] tempo, [che fu] lungo, il re di Egitto morì; e i figliuoli d'Israele sospirarono per la servitù, e gridarono; e le lor grida, [che gittarono] per la servitù, salirono a Dio.
၂၃ကာ​လ​အ​တန်​ကြာ​သော် အီ​ဂျစ်​ပြည်​ဘု​ရင် အ​နိစ္စ​ရောက်​လေ​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ကျွန်​ခံ​ရ​သော​ဒဏ်​ကြောင့် ညည်း​ညူ​လျက်​ရှိ​ရ​ကြ​သေး​၏။ ကျွန်​ခံ​ရ သော​ဘ​ဝ​မှ​လွတ်​မြောက်​ရေး​အ​တွက် သူ​တို့ အော်​ဟစ်​တောင်း​လျှောက်​သော​အ​သံ​သည် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ရောက်​လေ​၏။-
24 E Iddio intese i loro stridi, e si ricordò del suo patto con Abrahamo, con Isacco, e con Giacobbe.
၂၄ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည်​သူ​တို့​၏​ညည်း ညူ​သံ​ကို​ကြား​တော်​မူ​၍​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ်​ကို သတိ​ရ​လျက်၊-
25 E Iddio riguardò a' figliuoli d'Israele, e [ne] prese conoscenza.
၂၅ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ခံ​ရ​သော​ဒုက္ခ ဆင်း​ရဲ​ခြင်း​ကို ရှု​မြင်​သိ​မှတ်​တော်​မူ​၏။

< Esodo 2 >