< Ester 1 >

1 ORA avvenne al tempo di Assuero, ch'[era] quell'Assuero che regnava dall'India fino in Etiopia, sopra cenventisette provincie,
အိန္ဒိယ ပြည်မှစ၍ ကုရှ ပြည်တိုင်အောင် တိုင်းပြည် တရာ နှစ်ဆယ် ခုနစ် ပြည်တို့ကို အစိုးရ သောရှင်ဘုရင်အာရွှေရု သည်၊
2 che in quel tempo, sedendo il re Assuero sopra il suo trono reale, ch'[era] in Susan, stanza reale,
ရှုရှန် နန်းတော် ရာဇ ပလ္လင်ပေါ် မှာ ထိုင် ၍ နန်းစံ သုံး နှစ် တွင်၊
3 l'anno terzo del suo regno, egli fece un convito a tutti i suoi principi e servitori, [avendo] davanti a sè l'esercito di Persia e di Media, i baroni, e i governatori delle provincie;
ပေရသိ ဗိုလ် ၊ မေဒိ ဗိုလ်များ၊ အပြည် ပြည်သော မှူးမတ် ဝန်မင်းများတို့ကို ခေါ်၍၊ မှူး တော် မတ်တော် ကျွန် တော်အပေါင်း တို့အဘို့ ပွဲ လုပ် တော်မူ၏။
4 facendo mostra delle ricchezze, e della gloria del suo regno, e dell'eccellenza, e magnificenza della sua grandezza, [e ciò per] molti giorni, [cioè, per] centottanta giorni.
ထိုအခါ နိုင်ငံ တော်စည်းစိမ် ၊ ဘုန်း အာနုဘော်တော်ကို အရက် တရာ ရှစ် ဆယ်ပတ်လုံးပြ တော်မူ၏။
5 E in capo di que' giorni, il re fece un [altro] convito, per sette giorni, nel cortile dell'orto del palazzo reale, a tutto il popolo che si ritrovò in Susan, stanza reale, dal maggiore al minore.
ထို ကာလ လွန် ပြီးမှ ၊ ရှင် ဘုရင်သည် ရှုရှန် နန်းတော် ၌ စည်းဝေးသောသူ အကြီး အငယ် အပေါင်း တို့ အဘို့ နန်းတော် အနားဥယျာဉ် တော်ဝင်းထဲမှာ ခုနစ် ရက် ပတ်လုံးပွဲ ခံတော်မူ၏။
6 [Quivi erano] veli bianchi e violati, appesi con anelli d'argento, e funi di bisso, e di scarlatto, e colonne di marmo; i letti [erano] d'oro e d'argento, sopra un lastrico di porfido, e di marmo bianco, di mischio, e di granito.
ငွေ ကွင်း တပ်သော ကျောက်ဖြူတိုင်တို့၌ မောင်း သော ပိတ် ချောကြိုး ဖြင့် ဆွဲကာသော ပိတ် ချောကုလားကာ အဖြူ အစိမ်းအပြာ တို့နှင့်၎င်း၊ ခင်း သောကျောက်ပြားအနီ အပြာ အဖြူ အနက် တို့အပေါ် မှာထား သော ရွှေ ငွေ အနေ အထိုင်တို့နှင့်၎င်း ဥယျာဉ်တော်သည် ပြည့်စုံ၏။
7 E si presentava a bere in vasellamenti d'oro, i quali si mutavano di tempo in tempo; e [vi era] del vino reale in abbondanza, secondo il potere di quel re.
ရှင်ဘုရင်စည်းစိမ်နှင့် လျော်စွာ ထူးခြားသော ရွှေ ဖလား တို့နှင့် များစွာ သော စပျစ်ရည် ကို သောက်ကြ ၏။
8 E il bere [era] secondo questa legge, che niuno costringeva [a bere]; perciocchè il re avea imposto a tutti i suoi maestri di casa, che ciascuno facesse a sua volontà.
စပျစ်ရည်သောက် ခြင်းအမှုသည် တရား အတိုင်း ဖြစ်၏။ အဘယ် သူကိုမျှ အနိုင် မသောက်စေ၊ လူ အပေါင်းတို့သည် ကိုယ် အလို အလျောက်ပြု ကြမည် အကြောင်း ၊ နန်းတော် အရာရှိ အပေါင်း တို့ကို ရှင်ဘုရင် မိန့် တော်မူ၏။
9 La regina Vasti fece anch'essa un convito alle donne, nella casa reale del re Assuero.
မိဖုရား ဝါရှတိ သည်လည်း ၊ ရှင်ဘုရင် အာရွှေရု နန်းတော် သား မိန်းမ တို့အဘို့ ပွဲ လုပ်လေ၏။
10 Al settimo giorno, il re avendo il cuore allegro di vino, disse a Mehuman, a Bizta, ad Harbona, a Bigta, ad Abagta, a Zetar, ed a Carcas, i sette eunuchi che erano i ministri ordinari del re Assuero;
၁၀
11 che menassero la regina Vasti in presenza del re, con la corona reale, per mostrare a' popoli ed a' signori la sua bellezza; perciocchè ella era bella di aspetto.
၁၁မိဖုရားဝါရှတိသည် အဆင်းလှသောကြောင့်၊ခုနစ် ရက်မြောက်သောနေ့ ၌ ရှင်ဘုရင် သည် စပျစ်ရည် သောက်၍ ရွှင်လန်း သောစိတ် ရှိသောအခါ၊ မိဖုရား အဆင်း လှ ခြင်းအသရေ ကို မင်း များနှင့် လူ များတို့အားပြ လိုသောငှါ ၊ မိဖုရား ဝါရှတိ ကို ရာဇ သရဖူ ဆောင်းစေ၍၊ အထံတော်သို့ဆောင် ခဲ့ရမည် အကြောင်း၊ မဟုမန် ၊ ဗိဇသ ၊ ဟာဗောန ၊ ဗိဂသ ၊ အဗာဂသ ၊ ဇေသာ ၊ ကာကတ် တည်းဟူသော အမှု တော်ထမ်းမိန်းမစိုး ခုနစ် ယောက်တို့ကို မိန့် တော်မူ၏။
12 Ma la regina Vasti ricusò di venire alla parola del re, [recatale] per gli eunuchi; laonde il re si crucciò forte, e la sua ira si accese in lui.
၁၂သို့ရာတွင် မိန်းမစိုး ဆင့်ဆိုသော အမိန့် တော်ကို ၊ မိဖုရား သည် ငြင်းဆန် ၍ မလာဘဲနေ၏။ ထိုကြောင့် ရှင် ဘုရင်သည် အမျက် ထွက်၍ ၊ ဒေါသမီးလောင် လျက် နေတော်မူ၏။
13 E il re disse a' savi, che aveano conoscenza de' tempi (perciocchè così erano proposti gli affari del re a tutti coloro ch'erano intendenti delle leggi, e della ragione;
၁၃
14 ed [allora erano] appresso di lui Carsenar, Setar, Admata, Tarsis, Meres, Marsena, [e] Memucan, sette principali signori di Persia e di Media, i quali vedevano la faccia del re, ed aveano i primi seggi nel regno):
၁၄ထိုအခါ ကာရှေန ၊ ရှေသာ ၊ အာဒမာသ ၊ တာရှိရှ ၊ မေရက် ၊ မာသေန ၊ မမုကန် တည်းဟူသော ရှင်ဘုရင် ၏မျက်နှာ တော်ကို အစဉ်ဖူးမြင် ၍၊ နိုင်ငံ တော်တွင် အမြတ်ဆုံး သောပေရသိ ၊ မေဒိ အတွင်းဝန်မင်း ခုနစ် ပါးတို့သည် အနား တော်၌ ထိုင်လျက်ရှိ၍၊ တရားစီရင် ရာလမ်းကို လေ့ကျက် သောသူအပေါင်း တို့နှင့် ရှင်ဘုရင် တိုင်ပင်သောထုံးစံ ရှိသည်အတိုင်း ၊ အကျိုးအကြောင်း ကိုနားလည် သော ထိုပညာရှိ တို့ကိုခေါ်၍၊
15 Che [conviensi egli] fare, secondo la legge, alla regina Vasti, perciocchè non ha fatto il comandamento del re Assuero, [recatole] per gli eunuchi?
၁၅မိန်းမစိုး ဆင့်ဆိုသော ငါရှင်ဘုရင် အာရွှေရု အမိန့် တော်ကို၊ မိဖုရား ဝါရှတိ သည် နား မ ထောင်သောကြောင့် ၊ ဓမ္မသတ် အတိုင်း သူ၌ အဘယ်သို့ စီရင် ရ မည်နည်းဟုမေး တော်မူလျှင်၊
16 Allora Memucan disse in presenza del re e de' principi: La regina Vasti non ha misfatto solo contro al re, ma eziandio contro a tutti i principi, e contro a tutti i popoli, che [sono] in tutte le provincie del re Assuero;
၁၆မမုကန် က၊ မိဖုရား ဝါရှတိ သည် အရှင်မင်းကြီး ကိုသာပစ်မှားသည် မ ဟုတ်ပါ။ အရှင်မင်းကြီး အာရွှေရု အစိုးရတော်မူသောတိုင်းပြည် အရပ်ရပ် ၌ ရှိသောမင်း များနှင့် ဆင်းရဲသား များ အပေါင်း တို့ကို ပြစ်မှား ပါပြီ။
17 perciocchè quello che la regina ha fatto si spargerà fra tutte le donne, per far [loro] sprezzare i lor mariti; quando si dirà: Il re Assuero avea comandato che si facesse venire la regina Vasti in presenza sua, e pure ella non ci è venuta.
၁၇ရှင်ဘုရင် အာရွှေရု သည် မိဖုရား ဝါရှတိ ကို ခေါ် ၍ ၊ မိဖုရားမ လာ ဟု အနှံ့အပြားပြော ကြသဖြင့် ၊ မိဖုရား ပြုသောဤအမှု ကိုခပ်သိမ်း သော မိန်းမ တို့သည် ကြား၍ မိမိ တို့ခင်ပွန်း ကို မထီမဲ့မြင် ပြုကြပါလိမ့်မည်။
18 E fin da questo giorno le dame di Persia e di Media che avranno intese le parole della regina, ardiranno parlare a' principi del re; e [vi sarà] troppo grande sprezzo ed indegnazione.
၁၈မိဖုရား ပြုသောဤ အမှု ကို ပေရသိ ၊ မေဒိ မင်း ကတော်တို့သည် ကြား သိကြလျှင်၊ မှူး တော်မတ်တော် အပေါင်း တို့အား ထိုနည်းတူ ပြန်ပြောသဖြင့်၊ အားမနာ တတ်သောစိတ်၊ ဒေါသ စိတ် တိုးပွား စရာအကြောင်းရှိပါ လိမ့်မည်။
19 Se [così] par bene al re, sia bandito un decreto reale da parte sua, e sia scritto fra le leggi di Persia e di Media, talchè sia irrevocabile: Che Vasti non verrà [più] in presenza del re Assuero; e che il re darà la dignità reale di essa ad una sua compagna, migliore di lei.
၁၉ဝါရှတိ သည် အရှင်မင်းကြီး အာရွှေရု ထံ တော်သို့ နောက်တဖန် မ ဝင် စေခြင်းငှါ အလိုတော်ရှိလျှင် မဝင်စေနှင့် ဟု မိန့်တော်မူပါ။ မပြောင်းလဲနိုင်သော အမိန့်တော် ရှိစေခြင်းငှါပေရသိ ၊ မေဒိ ဓမ္မသတ် ၌ သွင်း၍ ရေး စေတော်မူပါ။ ဝါရှတိ ထက် ကောင်း သော မိန်းမကိုလည်း မိဖုရား အရာ၌ ချီးမြှောက် တော်မူပါ။
20 E il decreto che il re avrà fatto, sarà inteso per tutto il suo regno, benchè egli [sia] grande; e tutte le donne renderanno onore a' lor mariti, dal maggiore al minore.
၂၀သို့ပြုလျှင်ရှင်ဘုရင်ပေးတော်မူသောအမိန့် တော်ကို ကျယ်ဝန်းသော နိုင်ငံ တော်တရှောက်လုံး ကြော်ငြာ သောအခါ ၊ မိန်းမ အပေါင်း တို့သည် ကိုယ်ခင်ပွန်း အယုတ်အမြတ်တို့ကို ရိုသေ ကြပါလိမ့်မည်ဟု ရှင်ဘုရင်နှင့် မှူးမတ်တို့ရှေ့မှာ လျှောက်ထား၏။
21 E la cosa piacque al re ed a' principi; e il re fece come Memucan avea detto:
၂၁ထိုစကား ကို ရှင်ဘုရင် နှင့် မှူးမတ် တို့သည် နှစ်သက် ၍ မမုကန် လျှောက် သည်အတိုင်း ရှင်ဘုရင် ပြု လျက်၊
22 E [ne] mandò lettere a tutte le sue provincie, a ciascuna provincia, secondo la sua maniera di scrivere, ed a ciascun popolo, secondo il suo linguaggio; acciocchè ogni uomo fosse signore in casa sua, e parlasse secondo il linguaggio del suo popolo.
၂၂လူ တိုင်း မိမိ အိမ် ကို အုပ်စိုး ရမည်အကြောင်း၊ မိမိ လူမျိုး စကား ကို ပြော ရမည်အကြောင်း၊ အတိုင်းတိုင်း အပြည်ပြည် ဘာသာစကား အသီးအသီးကို အနက်ပြန် ၍ နိုင်ငံ တော်အရပ်ရပ် သို့ အမိန့်တော်စာ ကို ပေး လိုက် တော်မူ၏။

< Ester 1 >