< 2 Samuele 8 >
1 ORA, dopo queste cose, Davide percosse i Filistei, e li abbassò; e prese Metegamma di mano de' Filistei.
၁ကာလအနည်းငယ်ကြာသောအခါ ဒါဝိဒ် သည်ဖိလိတ္တိအမျိုးသားတို့အားနှိမ်နင်း ကာ သူတို့၏စိုးမိုးမှုကိုနိဂုံးချုပ်စေ တော်မူ၏။
2 Percosse ancora i Moabiti, e fattili giacere in terra, li misurò con una funicella; e ne misurò due parti per farli morire, e una parte intiera per salvar loro la vita. Ed i Moabiti furono renduti soggetti a Davide, e tributari.
၂ထိုနောက်မင်းကြီးသည်မောဘပြည်သား တို့ကိုနှိမ်နင်းတော်မူ၍ ဖမ်းဆီးရမိသူတို့ အား မြေပေါ်တွင်လှဲချစေပြီးလျှင် သုံးပုံ နှစ်ပုံမျှသောသူတို့ကိုသတ်စေ၏။ သို့ဖြစ် ၍မောဘပြည်သားတို့သည်ဒါဝိဒ်၏လက် အောက်ခံဖြစ်လာ၍အခွန်ဆက်သရ ကြ၏။
3 Davide, oltre a ciò, percosse Hadadezer, figliuolo di Rehob, re di Soba, andando per ridurre [il paese] sotto alla sua mano fino al fiume Eufrate.
၃ထိုနောက်ရဟောဘ၏သားဇောဘဘုရင် ဟာဒဒေဇာသည် အထက်ဥဖရတ်မြစ် အနီးရှိနယ်မြေကိုပြန်လည်သိမ်းပိုက် ရန်သွားတိုက်စဉ်ဒါဝိဒ်သည်သူ့အား နှိမ်နင်းတော်မူ၍၊-
4 E Davide gli prese mille settecent'uomini a cavallo, e ventimila uomini a piè. E Davide tagliò i garetti a' [cavalli di] tutti i carri; ma ne riserbò [i cavalli di] cento carri.
၄မြင်းတပ်သားတစ်ထောင်ခုနစ်ရာနှင့်ခြေလျင် တပ်သားနှစ်သောင်းကိုဖမ်းဆီးရမိတော် မူ၏။ မင်းကြီးသည်ရထားအစီးတစ်ရာ အတွက်မြင်းတစ်ရာကိုသိမ်း၍ ကျန်သော မြင်းရှိသမျှတို့၏ခြေကြောကိုဖြတ် လေ၏။-
5 Ora i Siri di Damasco erano venuti per soccerrere Hadadezer, re di Soba. E Davide percosse di essi ventiduemila uomini.
၅ဒမာသက်မြို့မှရှုရိပြည်သားတို့သည် ဟာဒဒေဇာကိုစစ်ကူရန်လာရောက်ကြ သောအခါ ဒါဝိဒ်သည်သူတို့ကိုတိုက် ခိုက်၍လူနှစ်သောင်းနှစ်ထောင်ကိုသုတ် သင်ပစ်လေ၏။-
6 Poi pose guernigioni nella Siria di Damasco; e i Siri furono renduti soggetti a Davide, e tributari. E il Signore salvava Davide, dovunque egli andava.
၆ထိုနောက်မင်းကြီးသည်ထိုသူတို့၏နယ် မြေတွင်စစ်စခန်းများကိုတည်ဆောက် ထားသဖြင့် သူတို့သည်မင်းကြီး၏လက် အောက်ခံဖြစ်လာ၍အခွန်ဆက်ရကြ၏။ ထာဝရဘုရားသည်ဒါဝိဒ်သွားရောက် လေရာအရပ်ရပ်၌အောင်ပွဲကိုခံစေ တော်မူ၏။-
7 E Davide prese gli scudi d'oro ch'erano de' servitori di Hadadezer, e li portò in Gerusalemme.
၇ဒါဝိဒ်သည်ဟာဒဒေဇာ၏စစ်ဗိုလ်များ ကိုင်ဆောင်သည့်ရွှေဒိုင်းလွှားများကိုသိမ်း ၍ယေရုရှလင်မြို့သို့ယူဆောင်သွား၏။-
8 Il re Davide prese ancora grandissima quantità di rame da Beta, e da Berotai, città di Hadadezer.
၈မင်းကြီးသည်ဟာဒဒေဇာအစိုးရသည့်မြို့ များဖြစ်သော ဘေတမြို့များနှင့်ဗေရောသဲ မြို့တို့မှကြေးဝါအမြောက်အမြားကို လည်းသိမ်းယူလေ၏။
9 Or Toi, re di Hamat, avendo udito che Davide avea sconfitto tutto l'esercito di Hadadezer,
၉ဟာဒဒေဇာ၏တပ်မတော်တစ်ခုလုံးကို ဒါဝိဒ်ချေမှုန်းလိုက်ကြောင်း ဟာမတ်ဘုရင် တောဣမင်းကြားလျှင်၊-
10 mandò al re Davide Ioram, suo figliuolo, per salutarlo, e per benedirlo, di ciò ch'egli avea guerreggiato contro a Hadadezer, e l'avea sconfitto; imperocchè Hadadezer avea guerra aperta con Toi. E [Ioram] portò seco vasellamenti d'argento, e vasellamenti di oro e vasellamenti di rame.
၁၀သားတော်ယောရံကိုဒါဝိဒ်ထံသို့စေလွှတ် ပြီးလျှင် ဟာဒဒေဇာ၏အပေါ်တွင်အောင်ပွဲ ရသည့်အတွက် နှစ်ထောင်းအားရမှုရှိကြောင်း နှုတ်ခွန်းဆက်စကားပြောကြားစေ၏။ တောဣ ကားဟာဒဒေဇာကိုအကြိမ်ပေါင်းများ စွာတိုက်ခိုက်ခဲ့သူဖြစ်သတည်း။ ယောရံ သည်မိမိနှင့်အတူရွှေ၊ ငွေနှင့်ကြေးဝါ ဖြင့်ပြီးသောပစ္စည်းအသုံးအဆောင်များ ကိုဒါဝိဒ်ထံသို့ယူဆောင်လာလေသည်။-
11 E il re Davide consacrò eziandio quelli al Signore, insieme con l'argento, e con l'oro, che egli avea consacrato [della preda] di tutte le nazioni ch'egli avea soggiogate;
၁၁ဒါဝိဒ်မင်းသည်ထိုပစ္စည်းများကိုဝတ်ပြု ကိုးကွယ်ရာတွင်အသုံးပြုရန်အတွက် ထာဝရဘုရားအားဆက်ကပ်၏။ ထိုနည်း တူမိမိနှိမ်နင်းခဲ့သောဧဒုံ၊ မောဘ၊ အမ္မုန်၊ ဖိလိတ္တိနှင့် အာမလက်ပြည်များမှသိမ်း ယူခဲ့သည့်ရွှေ၊ ငွေများနှင့်ဟာဒဒေဇာ ထံမှရရှိသည့်ပစ္စည်းအချို့တို့ကိုလည်း ထာဝရဘုရားအားဆက်ကပ်၏။
12 dei Siri, e de' Moabiti, e de' figliuoli di Ammon, e de' Filistei, e degli Amalechiti; e della preda di Hadadezer, figliuolo di Rehob, re di Soba.
၁၂
13 Davide ancora acquistò fama di ciò che, ritornando dalla rotta de' Siri, [sconfisse] diciottomila [uomini] nella Valle del sale.
၁၃ဒါဝိဒ်သည်ဆားချိုင့်ဝှမ်းမှဧဒုံပြည်သား တစ်သောင်းရှစ်ထောင်ကို သုတ်သင်ရာမှပြန် လာသောအခါပို၍ပင်ထင်ပေါ်ကျော် ကြား၍လာလေသည်။-
14 E pose guernigioni in Idumea; egli ne pose per tutta l'Idumea; e tutti gl'Idumei furono renduti soggetti a Davide; e il Signore salvava Davide, dovunque egli andava.
၁၄သူသည်ဧဒုံပြည်တစ်လျှောက်လုံးတွင်စစ် စခန်းများတည်ဆောက်ထားသဖြင့် ထိုပြည် သားတို့သည်သူ၏လက်အောက်ခံဖြစ်လာ ကြ၏။ ထာဝရဘုရားသည်ဒါဝိဒ်အား စစ်ချီသွားလေရာ၌အောင်ပွဲကိုခံစေ တော်မူ၏။
15 Così Davide regnò sopra tutto Israele, facendo ragione e giustizia a tutto il suo popolo.
၁၅ဒါဝိဒ်သည်ဣသရေလနိုင်ငံတစ်ခုလုံးကို အုပ်စိုး၍ မိမိ၏ပြည်သူတို့အားတရား မျှတမှုရရှိစေရန်စီရင်တော်မူ၏။-
16 E Ioab, figliuolo di Seruia, [era] sopra l'esercito; e Iosafat, figliuolo di Ahilud, [era] Cancelliere;
၁၆ဇေရုယာ၏သားယွာဘသည်တပ်မတော် ဗိုလ်ချုပ်ဖြစ်၍ အဟိလုပ်၏သားယော ရှဖတ်မှာစာရင်းထိန်းဖြစ်၏။-
17 e Sadoc, figliuolo di Ahitub, ed Ahimelec, figliuolo di Ebiatar, [erano] Sacerdoti; e Seraia [era] Segretario;
၁၇အဟိတုတ်၏သားဇာဒုတ်နှင့်အဗျာသာ ၏သားအဟိမလက်တို့ကားယဇ်ပုရော ဟိတ်များဖြစ်ကြ၏။ စရာယသည်စာရေး တော်ကြီးဖြစ်၍၊-
18 e Benaia, figliuolo di Ioiada, [era capo] dei Cheretei, e de' Peletei; ed i figliuoli di Davide erano principi.
၁၈ယောယဒ၏သားဗေနာယမှာခေရသိနှင့် ပေလသိအမျိုးသားများဖြစ်ကြသော ကိုယ်ရံတော်အစောင့်တပ်သားတို့ကိုအုပ် ချုပ်ရသူဖြစ်၏။ ဒါဝိဒ်၏သားတော်များ ကားယဇ်ပုရောဟိတ်များဖြစ်ကြသတည်း။