< 2 Samuele 17 >

1 Poi Ahitofel disse ad Absalom: Deh! [lascia] che io scelga dodicimila uomini; ed io mi leverò, e perseguirò Davide questa notte;
အ​ဟိ​သော​ဖေ​လ​က``အ​ကျွန်ုပ်​သည်​လူ တစ်​သောင်း​နှစ်​ထောင်​ရွေး​ချယ်​၍ ဒါ​ဝိဒ် နောက်​သို့​ယ​နေ့​ညဥ့်​ပင်​လိုက်​ပါ​ရ​စေ။-
2 e lo sopraggiungerò, mentre egli [è] stanco, ed ha le mani fiacche; ed io gli darò lo spavento, e tutta la gente ch'[è] con lui se ne fuggirà; e io percoterò il re solo;
မော​ပန်း​စိတ်​ပျက်​နေ​ချိန်​၌​သူ့​အား​အ​ကျွန်ုပ် ဝင်​ရောက်​တိုက်​ခိုက်​ပါ​မည်။ ထို​အ​ခါ​သူ​သည် ကြောက်​လန့်​သွား​မည်​ဖြစ်​၍ သူ​၏​လူ​တို့​သည် လည်း​ထွက်​ပြေး​ကြ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည် ဘု​ရင်​တစ်​ပါး​တည်း​ကို​သာ​သတ်​ပြီး​လျှင်၊-
3 e ridurrò tutto il popolo a te; l'uomo che tu cerchi vale quanto il rivoltar di tutti; tutto il [rimanente del] popolo non farà più guerra.
မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​သည်​မိ​မိ​၏ ခင်​ပွန်း​ထံ​သို့​ပြန်​လာ​သ​ကဲ့​သို့ သူ​၏​လူ အ​ပေါင်း​ကို​အ​ရှင့်​ထံ​သို့​ပြန်​လာ​စေ​ပါ မည်။ အ​ရှင်​သေ​စေ​လို​သူ​မှာ​တစ်​ယောက် တည်း​ဖြစ်​ပါ​၏။ အ​ခြား​လူ​အ​ပေါင်း​တို့ သည်​ဘေး​ဥ​ပဒ်​ရောက်​ရ​ကြ​လိမ့်​မည် မ​ဟုတ်​ပါ'' ဟု​အ​ဗ​ရှ​လုံ​အား​လျှောက် ထား​၏။-
4 E questo parere piacque ad Absalom, ed a tutti gli Anziani d'Israele.
ဤ​အ​ကြံ​ကို​အ​ဗ​ရှ​လုံ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​များ​က​နှစ်​သက် ကြ​၏။
5 Ma pur Absalom disse: Deh! chiama ancora Husai Archita, ed intendiamo ciò ch'egli ancora avrà in bocca.
အ​ဗ​ရှ​လုံ​က``ယ​ခု​ဟု​ရှဲ​ကို​ခေါ်​ခဲ့​ကြ။ သူ ၏​အ​ကြံ​ကို​လည်း​နား​ထောင်​ကြ​စို့'' ဟု ဆို​၏။-
6 Husai adunque venne ad Absalom; ed Absalom gli disse: Ahitofel ha parlato in questa sentenza; faremo noi ciò ch'egli ha detto, o no? parla tu.
ဟု​ရှဲ​ရောက်​လာ​သော​အ​ခါ​အ​ဗ​ရှ​လုံ က``အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​မှာ ဤ​သို့​ဖြစ်​၏။ ထို​အ​ကြံ​အ​တိုင်း​ငါ​တို့ လိုက်​သင့်​ပါ​သ​လော။ မ​လိုက်​သင့်​ပါ​မူ​ငါ တို့​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​ပြော​ပါ လော့'' ဟု​ဆို​၏။
7 Ed Husai disse ad Absalom: Il consiglio che Ahitofel ha dato questa volta non [è] buono.
ဟု​ရှဲ​က``ယ​ခု​တစ်​ကြိမ်​အ​ရှင့်​အား အ​ဟိ သော​ဖေ​လ​ပေး​သည့်​အ​ကြံ​မှာ​မ​သင့် လျော်​ပါ။-
8 Poi disse: Tu conosci tuo padre, e gli uomini ch'egli ha seco, che sono uomini di valore, e che hanno gli animi inaspriti come un'orsa che abbia perduti i suoi orsacchi in su la campagna; oltre a ciò, tuo padre [è] uomo di guerra, e non istarà la notte col popolo.
အ​ရှင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​နှင့်​သူ​၏​လူ​တို့ သည်​စစ်​ရည်​ဝ​သူ​များ​ဖြစ်​သည်​ကို​လည်း ကောင်း၊ သူ​တို့​သည်​သား​ငယ်​ပျောက်​သည့်​ဝက် ဝံ​မ​ကဲ့​သို့ ကြောက်​မက်​ဖွယ်​ကောင်း​သည်​ကို လည်း​ကောင်း​အ​ရှင်​သိ​တော်​မူ​ပါ​၏။ အ​ရှင့် ခ​မည်း​တော်​သည်​အ​တွေ့​အ​ကြုံ​များ​သည့် စစ်​သည်​တော်​တစ်​ဦး​ဖြစ်​သ​ဖြင့် ညဥ့်​အ​ခါ မိ​မိ​၏​လူ​တို့​နှင့်​အ​တူ​အိပ်​စက်​တော်​မ​မူ တတ်​ပါ။-
9 Ecco, egli è ora nascosto in una di quelle grotte, o in uno di que' luoghi; ed avverrà che, se alcuni di coloro caggiono al primo [incontro], chiunque l'udirà dirà: La gente che seguitava Absalom è stata sconfitta.
ယ​ခု​ပင်​လျှင်​သူ​သည်​ဂူ​တစ်​ခု​ခု​၌​ဖြစ် စေ၊ အ​ခြား​တစ်​နေ​ရာ​ရာ​၌​ဖြစ်​စေ​ပုန်း အောင်း​လျက်​နေ​ပါ​လိမ့်​မည်။ ဒါ​ဝိဒ်​က စ​တင်​တိုက်​ခိုက်​သည်​နှင့်​တစ်​ပြိုင်​နက် အ​ရှင်​၏​လူ​အ​ချို့​တို့​ကျ​ဆုံး​ကြ​ပါ လိမ့်​မည်။ ထို​သ​တင်း​ကို​ကြား​သော​သူ တို့​က အ​ရှင်​၏​လူ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ ပြီ​ဟု​ပြော​ဆို​ကြ​ပါ​လိမ့်​မည်။-
10 Laonde eziandio i più valorosi, che hanno il cuore simile ad un cuor di leone, del tutto si avviliranno; perciocchè tutto Israele sa che tuo padre [è] uomo prode, e che quelli che [son] con lui [son] valorosi.
၁၀ထို​အ​ခါ​ခြင်္သေ့​ကဲ့​သို့​ကြောက်​စိတ်​ကင်း​၍ ရဲ​စွမ်း​သတ္တိ​အ​ရှိ​ဆုံး​သော​သူ​များ​ပင်​လျှင် ထိတ်​လန့်​သွား​ကြ​ပါ​လိမ့်​မည်။ အ​ဘယ်​ကြောင့် ဆို​သော်​အ​ရှင့်​ခ​မည်း​တော်​သည်​သူ​ရဲ​ကောင်း ကြီး​တစ်​ယောက်​ဖြစ်​၍ သူ​၏​စစ်​သည်​တော် တို့​သည်​လည်း​စစ်​ရည်​ဝ​သူ​များ​ဖြစ်​သည် ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​သိ ကြ​သော​ကြောင့်​ဖြစ်​ပါ​၏။-
11 Ma io consiglio che del tutto si aduni appresso di te tutto Israele, da Dan fino in Beerseba, in gran numero, come la rena ch'[è] in sul lido del mare; e che tu vada in persona alla battaglia.
၁၁အ​ရှင့်​အား​အ​ကျွန်ုပ်​အ​ကြံ​ပေး​လို​သည်​မှာ သ​မုဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ​များ​ပြား​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​ကို​နိုင်​ငံ တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​ခေါ်​ယူ​စေ​ရန်​ဖြစ် ပါ​၏။ ထို​နောက်​သူ​တို့​အား​အ​ရှင်​ကိုယ်​တိုင် ခေါင်း​ဆောင်​၍​စစ်​ပွဲ​သို့​ဝင်​တော်​မူ​ပါ။-
12 E allora noi andremo contro a lui in qualunque luogo egli si troverà, e ci accamperemo intorno a lui, a guisa che cade la rugiada in su la terra; e non pur uno di tutti gli uomini che [son] con lui gli resterà.
၁၂ဒါ​ဝိဒ်​ရှိ​ရာ​အ​ရပ်​ကို​မ​တွေ့​တွေ့​အောင် ရှာ​၍ အ​ကျွန်ုပ်​တို့​သည်​သူ့​အား​ရုတ်​တ​ရက် အ​မှတ်​မ​ထင်​ဝင်​ရောက်​တိုက်​ခိုက်​ကြ​ပါ မည်။ သူ​မှ​စ​၍​သူ​၏​လူ​တစ်​စုံ​တစ်​ယောက် မျှ​မ​သေ​ဘဲ​ကျန်​ရစ်​လိမ့်​မည်​မ​ဟုတ်​ပါ။-
13 E se pure egli si riduce in alcuna città, tutto Israele vi porterà delle funi, e noi la strascineremo fino al torrente, finchè non vi si trovi pure una petruzza.
၁၃အ​ကယ်​၍​သူ​သည်​မြို့​တစ်​မြို့​အ​တွင်း သို့​ဆုတ်​ခွာ​သွား​လျှင် အ​ကျွန်ုပ်​တို့​၏​လူ များ​သည်​ကြိုး​များ​ကို​ယူ​ဆောင်​ကာ​တောင် ကုန်း​ပေါ်​တွင်​ကျောက်​တစ်​လုံး​မျှ​မ​ကျန်​ဘဲ ထို​မြို့​ကို​ချိုင့်​ဝှမ်း​အောက်​သို့​ဆွဲ​ချ​ကြ ပါ​မည်'' ဟု​လျှောက်​၏။
14 Ed Absalom, e tutti i principali d'Israele dissero: Il consiglio di Husai Archita [è] migliore che il consiglio di Ahitofel. Ora il Signore aveva [così] ordinato, per rompere il consiglio di Ahitofel, ch'era migliore; acciocchè il Signore facesse venire il male sopra Absalom.
၁၄အ​ဗ​ရှ​လုံ​နှင့်​ဣသ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​က``ဟု​ရှဲ​၏​အ​ကြံ​သည်​အ​ဟိ သော​ဖေ​လ​၏​အ​ကြံ​ထက်​ကောင်း​၏'' ဟု ဆို​ကြ​၏။ အ​ဗ​ရှ​လုံ​၌​ဘေး​ရောက်​စေ​ခြင်း ငှာ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဟိ​သော​ဖေ​လ ပေး​သော​အ​ကြံ​ကောင်း​ကို​ပျက်​စေ​ရန် စီ​ရင်​တော်​မူ​သ​တည်း။
15 Allora Husai disse a Sadoc, e ad Ebiatar, sacerdoti: Ahitofel ha dato tale e tal consiglio ad Absalom, e agli Anziani d'Israele; ed io l'ho dato tale e tale.
၁၅ထို​နောက်​ဟု​ရှဲ​သည်​ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ် နှင့်​အ​ဗျာ​သာ​တို့​အား မိ​မိ​သည်​အ​ဗ​ရှ​လုံ နှင့်​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​များ​ကို​အ​ဘယ် သို့​အ​ကြံ​ပေး​၍​အ​ဟိ​သော​ဖေ​လ​က မည်​သို့​အ​ကြံ​ပေး​သည်​ကို​ပြော​ပြ​၏။-
16 Ora dunque, mandate prestamente a farlo intendere a Davide, e a dirgli: Non istar questa notte nelle campagne del deserto; ed anche del tutto passa il [Giordano]; che talora il re non sia sopraffatto, con tutta la gente ch'[è] con lui.
၁၆ထို​နောက်​ဟု​ရှဲ​က``လူ​တစ်​ယောက်​ကို​စေ လွှတ်​၍​ဒါ​ဝိဒ်​မင်း​အား`တော​ကန္တာ​ရ​ကူး​တို့ ဆိပ်​တွင်​ညဥ့်​အိပ်​တော်​မ​မူ​ပါ​နှင့်။ ယော်​ဒန် မြစ်​တစ်​ဘက်​ကမ်း​သို့​ချက်​ချင်း​ကူး​တော် မူ​ပါ။ သို့​မှ​သာ​လျှင်​အ​ရှင်​နှင့်​အ​ရှင့်​လူ တို့​သည်​သေ​ဘေး​မှ​လွတ်​မြောက်​ကြ​ပါ လိမ့်​မည်' ဟု​လျှောက်​ထား​စေ​လော့'' ဟု​မှာ ကြား​လေ​သည်။
17 Or Gionatan ed Ahimaas se ne stavano presso alla fonte di Roghel; e, perciocchè non potevano mostrarsi, [nè] entrar nella città, una servente andò, e rapportò loro [la cosa]; ed essi andarono, e la fecero assapere al re Davide.
၁၇ဇာ​ဒုတ်​၏​သား​ယော​န​သန်​နှင့်​အ​ဗျာ​သာ ၏​သား​အ​ဟိ​မတ်​တို့​သည်​လူ​မြင်​မည်​စိုး ၍ မြို့​ထဲ​မ​ဝင်​ဝံ့​ဘဲ​အင်္ရော​ဂေ​လ​ရွာ​တွင် စောင့်​နေ​ကြ​၏။ ဒါ​ဝိဒ်​ထံ​သို့​သူ​တို့​ယူ ဆောင်​ရန်​သ​တင်း​ကို​အ​စေ​ခံ​မ​က​လေး တစ်​ယောက်​က​လာ​ရောက်​ပေး​ပို့​သည့်​အ​တိုင်း သူ​တို့​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍​လျှောက် ကြ​၏။-
18 Ed un garzone li vide, e lo rapportò ad Absalom. Ma amendue camminarono prestamente, e vennero in Bahurim, in casa d'un uomo che avea un pozzo nel suo cortile, e vi si calarono dentro.
၁၈သို့​ရာ​တွင်​ယ​ခု​တစ်​ကြိမ်​၌​လူ​က​လေး တစ်​ယောက်​သည် သူ​တို့​ကို​မြင်​သ​ဖြင့်​အ​ဗ ရှ​လုံ​အား​လျှောက်​ထား​လေ​၏။ ထို့​ကြောင့် ယော​န​သန်​နှင့်​အ​ဟိ​မတ်​တို့​သည်​ဗာ​ဟု ရိမ်​မြို့​ရှိ​အိမ်​တစ်​အိမ်​သို့​အ​ဆော​တ​လျင် သွား​ပြီး​လျှင် ထို​အိမ်​အ​နီး​ရှိ​ရေ​တွင်း​ထဲ သို့​ဆင်း​၍​ပုန်း​ကြ​၏။-
19 E la donna [di casa] prese una coverta, e la distese sopra la bocca del pozzo, e vi sparse su del grano infranto; e niuno seppe il fatto.
၁၉အိမ်​ရှင်​မ​သည်​ရေ​တွင်း​ကို​ဖုံး​အုပ်​ပြီး​လျှင် မည်​သူ​မျှ​မ​ရိပ်​မိ​စေ​ရန်​အ​ဖုံး​ပေါ်​တွင် ဆန်​လှန်း​၍​ထား​လေ​သည်။-
20 Ed i servitori di Absalom vennero a quella donna in casa, e [le] dissero: Dove [è] Ahimaas e Gionatan? Ed ella disse loro: Hanno passato il guado dell'acqua. Ed essi [li] cercarono; ma, non trovando[li], se ne ritornarono in Gerusalemme.
၂၀အ​ဗ​ရှ​လုံ​၏​အ​မှု​ထမ်း​တို့​သည်​ထို​အိမ် သို့​လာ​ရောက်​၍​ထို​အ​မျိုး​သမီး​အား``အ​ဟိ မတ်​နှင့်​ယော​န​သန်​အ​ဘယ်​မှာ​နည်း'' ဟု မေး​၏။ အ​မျိုး​သ​မီး​က``မြစ်​တစ်​ဘက်​သို့​ကူး​သွား ကြ​ပါ​သည်'' ဟု​ဖြေ​၏။ အ​မှု​ထမ်း​တို့​သည်​ထို​သူ​တို့​ကို​ရှာ​သော် လည်း​မ​တွေ့​သ​ဖြင့် ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​ကြ​၏။-
21 E, dopo che se ne furono andati, quelli salirono fuor del pozzo, e andarono, e rapportarono la cosa a Davide; e gli dissero: Levatevi, e passate prestamente l'acqua; perciocchè Ahitofel ha dato tal consiglio contro a voi.
၂၁သူ​တို့​ပြန်​သွား​ကြ​သော​အ​ခါ​အ​ဟိ​မတ် နှင့်​ယော​န​သန်​တို့​သည်​ရေ​တွင်း​ထဲ​မှ​တက် လာ​ပြီး​လျှင် ဒါ​ဝိဒ်​မင်း​ထံ​သွား​ရောက်​သ​တင်း ပို့​ကြ​၏။ သူ​တို့​သည်​မင်း​ကြီး​အား​အ​ဟိ​သော ဖေ​လ​အ​ဘယ်​သို့​မ​ကောင်း​ကြံ​သည်​ကို​သံ တော်​ဦး​တင်​ပြီး​နောက်``မြစ်​တစ်​ဘက်​ကမ်း​သို့ ဆော​လျင်​စွာ​ကူး​တော်​မူ​ပါ'' ဟု​လျှောက်​ထား ကြ​၏။-
22 Davide adunque si levò, con tutta la gente ch'[era] con lui, e passò il Giordano; avanti lo schiarir del dì, tutti, fino ad uno, aveano passato il Giordano.
၂၂သို့​ဖြစ်​၍​ဒါ​ဝိဒ်​နှင့်​နောက်​ပါ​အ​ပေါင်း​တို့ သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ကြ​ရာ မိုး သောက်​ချိန်​၌​တစ်​ယောက်​မ​ကျန်​တစ်​ဘက် ကမ်း​သို့​ရောက်​ရှိ​ကြ​၏။
23 Or Ahitofel, veduto che non si era fatto ciò ch'egli avea consigliato, sellò il suo asino, e si levò, e andò a casa sua nella sua città, e diede ordine alla sua casa; e poi si strangolò, e morì, e fu seppellito nella sepoltura di suo padre.
၂၃အ​ဟိ​သော​ဖေ​လ​သည်​မိ​မိ​ပေး​သည့် အ​ကြံ​ကို​မ​လိုက်​ကြ​ကြောင်း​သိ​ရှိ​သော အ​ခါ မြည်း​ကို​ကုန်း​နှီး​တင်​၍​မိ​မိ​နေ​ရင်း မြို့​သို့​ပြန်​လေ​၏။ သူ​သည်​မိ​မိ​၏​အ​မှု ကိစ္စ​အ​ဝ​ဝ​ကို​စီ​စဉ်​ဆောင်​ရွက်​ပြီး​နောက် ကြိုး​ဆွဲ​ချ​၍​သေ​လေ​၏။ သူ့​အ​လောင်း​ကို သက်​ဆိုင်​ရာ​ဆွေ​မျိုး​စု​သင်္ချိုင်း​တွင်​သင်္ဂြိုဟ် ကြ​၏။
24 E DAVIDE venne in Mahanaim. Poi Absalom passò il Giordano, insieme con tutta la gente d'Israele.
၂၄အ​ဗ​ရှ​လုံ​နှင့် ဣသ​ရေ​လ​အ​မျိုး​သား​တို့ သည်​ယော်​ဒန်​မြစ်​တစ်​ဘက်​ကမ်း​သို့​ကူး​မိ ကြ​သော​အ​ခါ ဒါ​ဝိဒ်​သည်​မ​ဟာ​နိမ်​မြို့ သို့​ရောက်​ရှိ​နေ​လေ​ပြီ။-
25 Ed Absalom costituì Amasa sopra l'esercito, in luogo di Ioab. Or Amasa [era] figliuolo d'un uomo Israelita, chiamato Itra, il quale era entrato da Abigail, figliuola di Nahas, sorella di Seruia, madre di Ioab.
၂၅(အ​ဗ​ရှ​လုံ​သည်​အာ​မ​သ​အား​ယွာ​ဘ​၏ နေ​ရာ​တွင်​တပ်​မ​တော်​ဗိုလ်​ချုပ်​အ​ဖြစ်​ခန့် ထား​၏။ အာ​မ​သ​ကား​ဣ​ရှ​မေ​လ​အ​မျိုး သား​ယေ​သာ​၏​သား​ဖြစ်​၏။ သူ​၏​မိ​ခင်​မှာ နာ​ဟတ်​၏​သ​မီး၊ ယွာ​ဘ​၏​မိ​ခင်​ဇေ​ရု​ယာ ၏​ညီ​မ​အ​ဘိ​ဂဲ​လ​ဖြစ်​သ​တည်း။-)
26 Ed Israele, con Absalom, si accampò nel paese di Galaad.
၂၆အ​ဗ​ရှ​လုံ​နှင့်​နောက်​ပါ​အ​ပေါင်း​တို့​သည် ဂိ​လဒ်​ပြည်​တွင်​တပ်​စ​ခန်း​ချ​ကြ​၏။
27 Ora, quando Davide fu giunto in Mahanaim, Sobi, figliuolo di Nahas, da Rabba de' figliuoli di Ammon, e Machir, figliuolo di Ammiel, da Lodebar, e Barzillai Galaadita, da Roghelim,
၂၇မ​ဟာ​နိမ်​မြို့​သို့​ဒါ​ဝိဒ်​ရောက်​ရှိ​လာ​သော အ​ခါ​အမ္မုန်​ပြည်၊ ရဗ္ဗာ​မြို့​သား​နာ​ဟတ်​၏ သား​ရှောဘိ၊ လော​ဒေ​ဗာ​မြို့​သား​အ​မျေ​လ ၏​သား​မာ​ခိ​ရ​နှင့်​ဂိ​လဒ်​ပြည်​ရော​ဂေ​လိမ် မြို့​သား​ဗာ​ဇိ​လဲ​တို့​သည်​သူ​၏​ထံ​လာ ရောက်​တွေ့​ဆုံ​ကြ​၏။-
28 portarono a Davide, ed alla gente ch'[era] con lui, letti, e bacini, e vasellame di terra; e da mangiare, frumento, ed orzo, e farina, e grano arrostito, e fave, e lenti, ed anche delle arrostite;
၂၈တော​ကန္တာ​ရ​၌​ဒါ​ဝိဒ်​နှင့်​နောက်​ပါ​တို့​သည် အ​စာ​ရေ​စာ​ငတ်​မွတ်​လျက်၊ နွမ်း​နယ်​လျက် နေ​ကြ​မည်​ကို​သူ​တို့​သိ​သော​ကြောင့် ခွက် ဖ​လား​များ၊ မြေ​အိုး​များ၊ အိပ်​ရာ​များ၊ ဂျုံ ဆန်၊ မု​ယော​ဆန်၊ မုန့်​ညက်၊ ပေါက်​ပေါက်၊ ပဲ​တောင့်၊ ပဲ​ကြား၊ ပျား​ရည်၊ ဒိန်​ခဲ၊ မ​လိုင်​နှင့်​သိုး​များ ကို​ယူ​ဆောင်​လာ​ကြ​၏။
29 e miele, e butirro, e pecore, e caci di vacca; perciocchè dissero: Questa gente ha patito fame, e stanchezza, e sete, nel deserto.
၂၉

< 2 Samuele 17 >