< 2 Re 7 >

1 Allora Eliseo disse: Ascoltate la parola del Signore: Così ha detto il Signore: Domani a quest'ora lo staio del fior di farina [si avrà] per un siclo, e le due staia dell'orzo [altresì] per un siclo, alla porta di Samaria.
ဧ​လိ​ရှဲ​က``ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ကို​နား​ထောင်​တော်​မူ​ပါ။ နက်​ဖြန်​ဤ အ​ချိန်​ရောက်​သော် ရှ​မာ​ရိ​မြို့​စျေး​ထဲ​တွင် အ​ကောင်း​ဆုံး​ဂျုံ​ဆန်​ဆယ်​ပေါင် သို့​မ​ဟုတ် မု​ရော​ဆန်​ပေါင်​နှစ်​ဆယ်​ကို​ငွေ​သား​တစ်​ကျပ် ဖြင့်​ဝယ်​ယူ​နိုင်​လိမ့်​မည်'' ဟု​ပြန်​လည်​လျှောက် ထား​၏။
2 Ma il capitano, sopra la cui mano il re si appoggiava, rispose all'uomo di Dio, e disse: Ecco, [avvegnachè] il Signore facesse delle cateratte nel cielo, questo però potrebbe egli avvenire? Ed [Eliseo gli] disse: Ecco, tu [il] vedrai con gli occhi, ma non ne mangerai.
မင်း​ကြီး​၏​သက်​တော်​စောင့်​အ​ဖြစ်​ဖြင့် လိုက်​ပါ လာ​သည့်​တပ်​မှူး​က``အ​ကယ်​၍​ထာ​ဝရ​ဘု​ရား ကိုယ်​တော်​တိုင်​ပင်​လျှင်​မိုး​ကို​ချက်​ချင်း​ရွာ​စေ ကာ​မူ ဤ​သို့​ဖြစ်​နိုင်​လိမ့်​မည်​မ​ဟုတ်'' ဟု​ပြော​၏။ ဧ​လိ​ရှဲ​က``သင်​သည်​ဤ​သို့​ဖြစ်​ပျက်​သည်​ကို တွေ့​မြင်​ရ​မည်​ဖြစ်​သော်​လည်း စား​ရ​လိမ့်​မည် မ​ဟုတ်'' ဟု​ပြန်​ပြော​လေ​၏။
3 Or all'entrata della porta vi erano quattro uomini lebbrosi; ed essi dissero l'uno all'altro: Perchè ce ne stiamo qui finchè siamo morti?
အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​သူ​လူ​လေး​ယောက်​တို့ သည် မြို့​တံ​ခါး​ပြင်​တွင်​ထိုင်​လျက်``ငါ​တို့​သည် မ​သေ​မ​ချင်း​ဤ​အ​ရပ်​တွင်​အ​ဘယ်​ကြောင့် စောင့်​နေ​ရ​ကြ​မည်​နည်း။-
4 Se diciamo di entrare nella città, la fame [vi è], e noi vi morremo; se stiamo qui, morremo altresì; ora dunque venite, e andiamoci ad arrendere al campo de' Siri; se ci lasciano in vita, viveremo; e se pur ci fanno morire, morremo.
မြို့​ထဲ​သို့​ဝင်​လျှင်​ငါ​တို့​အ​စာ​ငတ်​၍​သေ​ရ မည်။ ဤ​အ​ရပ်​တွင်​နေ​လျှင်​လည်း​သေ​ရ​ကြ​မည်။ ထို့​ကြောင့်​ရှု​ရိ​တပ်​စ​ခန်း​သို့​ငါ​တို့​သွား​ကြ ကုန်​အံ့။ သူ​တို့​ထား​လျှင်​ရှင်​ရ​မည်။ သတ်​လျှင် သေ​ရ​မည်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။-
5 Così si levarono al vespro, per entrare nel campo de' Siri; e venuti fino allo stremo del campo, ecco, non [vi era] alcuno.
ထို​နောက်​သူ​တို့​သည်​မှောင်​စ​ပြု​ချိန်​၌​ရှု​ရိ​တပ် စ​ခန်း​သို့​သွား​ကြ​၏။ သို့​ရာ​တွင်​ထို​အ​ရပ်​သို့ ရောက်​သော​အ​ခါ လူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ မ​တွေ့​ရ​ကြ။-
6 Perciocchè il Signore avea fatto risonar nel campo de' Siri un romore di carri, e di cavalli, e di un grande esercito; laonde aveano detto l'uno all'altro: Ecco, il re d'Israele ha soldati contro a noi i re degli Hittei, e i re degli Egizj, per venire incontro a noi.
ထာ​ဝ​ရ​ဘု​ရား​သည်​ရှု​ရိ​အ​မျိုး​သား​တို့ အား​မြင်း​စီး​သူ​ရဲ​များ၊ စစ်​ရ​ထား​များ​ဖြင့် တပ်​မ​တော်​ကြီး​ချီ​တက်​လာ​သော​အ​သံ​ကို ကြား​စေ​တော်​မူ​သ​ဖြင့် ရှု​ရိ​အ​မျိုး​သား​တို့ က``ငါ​တို့​ကို​တိုက်​ခိုက်​ရန်​ဣ​သ​ရေ​လ​ဘု​ရင် သည် ဟိတ္တိ​ဘု​ရင်​နှင့်​အီ​ဂျစ်​ဘု​ရင်​တို့​ကို​စစ် ကူ​တောင်း​လေ​ပြီ'' ဟု​အ​ချင်း​ချင်း​ပြော​ဆို ကြ​၏။-
7 E si erano levati, ed erano fuggiti in sul vespro, e aveano lasciati i lor padiglioni, e i lor cavalli, e i loro asini, [e] il campo, nello stato ch'egli [era]; ed erano fuggiti [chi qua chi là], secondo il volere di ciascuno.
သို့​ဖြစ်​၍​ထို​ည​ဦး​၌​သူ​တို့​သည်​မိ​မိ​တို့​၏ တဲ​များ၊ မြင်း​များ​နှင့်​မြည်း​တို့​ကို​စွန့်​ကာ အ သက်​ဘေး​မှ​လွတ်​ရန်​ထွက်​ပြေး​ကြ​ကုန်​၏။ သူ တို့​၏​တပ်​စ​ခန်း​ကို​မူ​ရှိ​မြဲ​အ​တိုင်း​ထား​ခဲ့ ကြ​၏။
8 Que' lebbrosi adunque, venuti fino allo stremo del campo, entrarono in una tenda, e mangiarono, e bevvero, e tolsero di là argento, ed oro, e vestimenti, e andarono, e nascosero [quelle cose]; poi tornarono, ed entrarono in un'altra tenda, e tolsero ancora di là [di quelle stesse cose], e andarono, e [le] nascosero.
ထို​သူ​လေး​ယောက်​တို့​သည်​တပ်​စ​ခန်း​အ​စပ် သို့​ရောက်​သော​အ​ခါ တဲ​တစ်​ခု​ကို​ဝင်​၍​ထို တဲ​တွင်​ရှိ​သော​အ​စား​အ​စာ​များ​ကို​စား သောက်​ကြ​၏။ ထို​နောက်​မိ​မိ​တို့​တွေ့​ရှိ​သည့် ရွှေ၊ ငွေ၊ အဝတ်​အ​စား​များ​ကို​ယူ​၍​ထွက်​သွား ပြီး​လျှင် ထို​ပစ္စည်း​များ​ကို​ဝှက်​ထား​ကြ​၏။ သူ တို့​သည်​နောက်​တစ်​ဖန်​ပြန်​လာ​၍ အ​ခြား​တဲ တစ်​ခု​သို့​ဝင်​ကာ​ရှေး​နည်း​တူ​ပြု​ကြ​ပြန်​၏။-
9 Ma poi dissero l'uno all'altro: Noi non facciamo bene; questo giorno è un giorno di buone novelle, e noi tacciamo! Se aspettiamo fino allo schiarir del dì, noi riceveremo la pena del [nostro] fallo; ora dunque venite, e andiamo a rapportar la cosa alla casa del re.
သို့​ရာ​တွင်​သူ​တို့​က``ငါ​တို့​ဤ​သို့​ပြု​နေ​ကြ ရန်​မ​သင့်။ ငါ​တို့​မှာ​သ​တင်း​ကောင်း​ရှိ​သည် ဖြစ်​၍ ထို​သ​တင်း​ကို​မျို​သိပ်​မ​ထား​သင့်​ကြ။ အ​ကယ်​၍​ငါ​တို့​သည်​ထို​သ​တင်း​ကို​မိုး လင်း​ချိန်​တိုင်​အောင်​မ​ပြော​ဘဲ​နေ​လျှင် ဧ​ကန် မု​ချ​အ​ပြစ်​ဒဏ်​သင့်​ရ​ကြ​ပေ​မည်။ သို့​ဖြစ် ၍​ယ​ခု​ပင်​မင်း​ကြီး​၏​မှူး​မတ်​တို့​ထံ​သွား ရောက်​ပြော​ကြား​ကုန်​အံ့'' ဟု​အ​ချင်း​ချင်း ပြော​ဆို​ကြ​၏။-
10 Così vennero, e gridarono alle guardie della porta della città, e fecero loro assapere [la cosa], dicendo: Noi siamo entrati nel campo dei Siri, ed ecco, non [vi è] alcuno, nè voce alcuna d'uomo; ma sol [vi sono] i cavalli, e gli asini legati, e i padiglioni, come erano [prima].
၁၀ထို​နောက်​သူ​တို့​သည်​ရှု​ရိ​တပ်​စ​ခန်း​မှ​ထွက် ခွာ​၍​မြို့​သို့​သွား​ပြီး​လျှင် မြို့​တံ​ခါး​ရှိ​အ​စောင့် တပ်​သား​တို့​အား``ငါ​တို့​သည်​ရှု​ရိ​တပ်​စ​ခန်း သို့​သွား​ရောက်​ရာ​လူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ မ​မြင်​ခဲ့​ပါ။ လူ​သံ​ကို​လည်း​မ​ကြား​ခဲ့​ပါ။ မြင်း​များ​နှင့်​မြည်း​များ​သည်​ချည်​လျက်​ပင် ရှိ​ပါ​သည်။ တဲ​များ​မှာ​လည်း​ရှု​ရိ​အ​မျိုး​သား တို့​ထား​ခဲ့​သည့်​အ​တိုင်း​ပင်​ရှိ​နေ​ပါ​သည်'' ဟု အော်​ဟစ်​၍​ပြော​ကြား​ကြ​၏။
11 Allora le guardie della porta gridarono, e fecero assapere [la cosa] nella casa del re.
၁၁တံ​ခါး​စောင့်​တို့​သည်​ထို​သ​တင်း​ကို​ကြေ​ညာ ၍ နန်း​တော်​သို့​သ​တင်း​ရောက်​ရှိ​သွား​၏။-
12 E il re si levò di notte, e disse a' suoi servitori: Ora io vi dichiarerò quello che i Siri ci hanno fatto; hanno saputo che noi [siamo] affamati, e per ciò sono usciti del campo, per nascondersi per la campagna, dicendo: Quando saranno usciti della città, noi li prenderemo vivi, ed entreremo nella città.
၁၂ထို​အ​ချိန်​၌​မိုး​မ​လင်း​သေး​သော်​လည်း မင်း​ကြီး သည်​အိပ်​ယာ​မှ​ထ​၍​မှူး​မတ်​တို့​အား``ရှု​ရိ အ​မျိုး​သား​တို့​၏​ပ​ရိ​ယာယ်​ကို​ငါ​ပြော​မည်။ ဤ​မြို့​တွင်​ငါ​တို့​အ​စာ​ငတ်​လျက်​နေ​ကြ ကြောင်း​သိ​သ​ဖြင့်​သူ​တို့​သည် မိ​မိ​တို့​တပ် စ​ခန်း​မှ​ထွက်​ခွာ​၍​တပ်​ပုန်း​ချ​ထား​လေ​ပြီ။ မြို့​ပြင်​သို့​ငါ​တို့​ထွက်​၍​အ​စား​အ​စာ​ရှာ​ဖွေ ကြ​သော​အ​ခါ​မှ ငါ​တို့​အား​လက်​ရ​ဖမ်း​ဆီး ကာ​မြို့​ကို​သိမ်း​ယူ​ကြ​လိမ့်​မည်'' ဟု​ဆို​၏။
13 Ma uno de' servitori del re rispose, e disse: Deh! prendansi cinque di que' cavalli che son rimasti nella città (ecco, sono come tutta la moltitudine d'Israele ch'è rimasta in esso; come tutta la moltitudine d'Israele ch'è perita); e mandiamo a vedere [che cosa è].
၁၃အ​မတ်​တစ်​ဦး​က``ဤ​မြို့​ရှိ​လူ​တို့​သည်​သေ ဆုံး​သွား​ကြ​သူ​တို့​နည်း​တူ​သေ​ရ​ကြ​မည် ဖြစ်​ပါ​သည်။ သို့​ဖြစ်​၍​အ​ဖြစ်​မှန်​ကို​သိ​ရှိ နိုင်​ရန် အ​ကျွန်ုပ်​တို့​တွင်​ကျန်​ရှိ​နေ​သေး​သော မြင်း​ငါး​ကောင်​နှင့်​လူ​အ​ချို့​ကို​စေ​လွှတ် တော်​မူ​ပါ'' ဟု​လျှောက်​၏။-
14 Presero adunque due coppie di cavalli; e il re mandò [degli uomini] sopra quelli, dietro al campo de' Siri, dicendo: Andate, e vedete.
၁၄ထို့​နောက်​သူ​တို့​သည်​လူ​အ​ချို့​ကို​ရွေး​ချယ် ကြ​၏။ မင်း​ကြီး​သည်​ထို​သူ​တို့​အား​ရှု​ရိ​တပ် မ​တော်​၏​ဖြစ်​ရပ်​ကို စုံ​စမ်း​ရန်​စစ်​ရ​ထား​နှစ် စီး​နှင့်​စေ​လွှတ်​တော်​မူ​၏။-
15 E coloro andarono dietro a' Siri, fino al Giordano; ed ecco, tutta la via [era] piena di vestimenti e d'arnesi, che i Siri aveano gittati via, affrettandosi [di fuggire]. E que' messi ritornarono, e rapportarono il fatto al re.
၁၅သူ​တို့​သည်​ယော်​ဒန်​မြစ်​တိုင်​အောင်​သွား​ရောက် ကြ​ရာ ရှု​ရိ​အ​မျိုး​သား​တို့​ထွက်​ပြေး​စဉ်​အ​ခါ က စွန့်​ထား​ခဲ့​သည့်​အ​ဝတ်​အ​စား​များ​နှင့်​လက် နက်​ပစ္စည်း​များ​ကို လမ်း​တစ်​လျှောက်​လုံး​တွင်​တွေ့ မြင်​ရ​ကြ​၏။ ထို​နောက်​သူ​တို့​သည်​မင်း​ကြီး ထံ​ပြန်​၍​အ​စီ​ရင်​ခံ​ကြ​၏။-
16 Allora il popolo uscì, e predò il campo de' Siri; e lo staio del fior di farina si ebbe per un siclo, e le due staia dell'orzo [altresì] per un siclo, secondo la parola del Signore.
၁၆ရှ​မာ​ရိ​မြို့​သား​တို့​သည်​ပြေး​၍​ထွက်​လာ​ပြီး လျှင် ရှု​ရိ​တပ်​စ​ခန်း​ကို​လု​ယက်​ကြ​ကုန်​၏။ ထို့ နောက်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည်​အ​တိုင်း အ​ကောင်း​ဆုံး​ဂျုံ​ဆန်​ဆယ်​ပေါင်​သို့​မ​ဟုတ် မု​ယော​ဆန်​ပေါင်​နှစ်​ဆယ်​ကို ငွေ​သား​တစ်​ကျပ် ဖြင့်​ရောင်း​ချ​ကြ​လေ​သည်။
17 E il re costituì alla guardia della porta il capitano, sopra la cui mano egli si appoggiava; e il popolo lo calpestò nella porta, onde egli morì, secondo che l'uomo di Dio avea detto, quando parlò al re, allora ch'egli scese a lui.
၁၇မင်း​ကြီး​၏​သက်​တော်​စောင့်​အ​ဖြစ်​ဆောင်​ရွက် ခဲ့​သူ​တပ်​မှူး​သည် ထို​အ​ချိန်​၌​မြို့​တံ​ခါး အ​စောင့်​တပ်​ကို​ကြီး​ကြပ်​အုပ်​ချုပ်​နေ​ရ​စဉ် လူ​တို့​တိုး​ကြိတ်​ထွက်​ဝင်​ရာ​တွင် သူ့​အား​နင်း မိ​ကြ​သ​ဖြင့်​သေ​လေ​၏။ ဧ​လိ​ရှဲ​အား​တွေ့​ဆုံ ရန်​မင်း​ကြီး​လာ​ရောက်​စဉ်​အ​ခါ​က ဧ​လိ​ရှဲ ကြို​တင်​ဟော​ကြား​ခဲ့​သည်​အ​တိုင်း​ဖြစ်​ပျက် လေ​သည်။-
18 Perciocchè, quando l'uomo di Dio parlò al re, dicendo: Domani, a quest'ora, lo staio del fior di farina si avrà alla porta di Samaria per un siclo, e le due staia dell'orzo [altresì] per un siclo,
၁၈ဧ​လိ​ရှဲ​က``နောက်​တစ်​နေ့​ဤ​အ​ချိန်​ရောက် လျှင် ရှ​မာ​ရိ​မြို့​စျေး​ထဲ​တွင်​အ​ကောင်း​ဆုံး ဂျုံ​ဆန်​ဆယ်​ပေါင် သို့​မ​ဟုတ်​မု​ယော​ဆန်​ပေါင် နှစ်​ဆယ်​ကို​ငွေ​သား​တစ်​ကျပ်​နှင့်​ရောင်း​ချ ကြ​လိမ့်​မည်'' ဟု​မင်း​ကြီး​အား​လျှောက်​ထား သော​အ​ခါ၊-
19 quel capitano avea risposto all'uomo di Dio, ed avea detto: Ecco, avvegnachè il Signore facesse delle cateratte nel cielo, questo potrebbe egli però avvenire? Ed egli [gli] avea detto: Ecco, tu [il] vedrai con gli occhi tuoi, ma tu non ne mangerai.
၁၉ထို​တပ်​မှူး​က``ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင် မိုး​ကို​ချက်​ချင်း​ရွာ​စေ​ကာ​မူ​ဤ​သို့​ဖြစ်​နိုင် လိမ့်​မည်​မ​ဟုတ်​ပါ'' ဟု​ပြော​ကြား​ခဲ့​လေ​သည်။ ထို​အ​ခါ​ဧ​လိ​ရှဲ​က``သင်​သည်​ဤ​သို့​ဖြစ်​ပျက် သည်​ကို​တွေ့​မြင်​ရ​မည်​ဖြစ်​သော်​လည်း​စား​ရ လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ခဲ့​၏။-
20 E così gli avvenne; perciocchè il popolo lo calpestò nella porta, ed egli morì.
၂၀ဧ​လိ​ရှဲ​ပြော​ကြား​ခဲ့​သည့်​အ​တိုင်း​ပင်​တပ် မှူး​သည် မြို့​တံ​ခါး​ဝ​တွင်​လူ​တို့​နင်း​မိ​ကြ သ​ဖြင့်​သေ​လေ​သ​တည်း။

< 2 Re 7 >