< 1 Samuele 6 >

1 ESSENDO adunque l'Arca del Signore stata sette mesi nel territorio de' Filistei,
ဖိ​လိတ္တိ​ပြည်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​သည် ခု​နစ်​လ​မျှ​ရောက်​ရှိ​နေ​ပြီး နောက်၊-
2 i Filistei chiamarono i sacerdoti e gl'indovini, dicendo: Che faremo noi dell'Arca del Signore? Dichiarateci in qual maniera noi la dobbiamo rimandare al suo luogo.
ဖိ​လိတ္တိ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည် ယဇ်​ပု​ရော​ဟိတ်​များ​နှင့် မှော်​ဆ​ရာ​များ​ကို ဖိတ်​ခေါ်​ကာ``ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ငါ​တို့​အ​ဘယ်​သို့​ပြု​ရ ကြ​ပါ​မည်​နည်း။ ထို​သေတ္တာ​တော်​ကို​မူ​ရင်း အ​ရပ်​သို့​ပြန်​လည်​ပို့​ဆောင်​မည်​ဆို​ပါ​က ယင်း​နှင့်​အ​တူ​အ​ဘယ်​ပူ​ဇော်​သကာ​ကို ပေး​သင့်​ပါ​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။
3 Ed essi dissero: Se voi rimandate l'Arca dell'Iddio d'Israele, non rimandatela a vuoto; anzi del tutto pagategli un'[offerta per la] colpa; allora voi sarete guariti, e voi saprete per qual cagione la sua mano non si sarà rimossa da voi.
ထို​သူ​တို့​က``သင်​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​ပြန်​ပို့​မည်​ဆို​လျှင်​ပူ ဇော်​သ​ကာ​မ​ပါ​၍​မ​ဖြစ်။ သင်​တို့​၏​အ​ပြစ် ဖြေ​ရာ​ပူ​ဇော်​သ​ကာ​ကို​ပါ​ပေး​လှူ​ရ​ကြ မည်။ ယင်း​သို့​ပြု​လျှင်​သင်​တို့​သည်​အ​နာ ရော​ဂါ​ပျောက်​ကင်း​ကြ​လိမ့်​မည်။ ကိုယ်​တော် သည်​သင်​တို့​အား အ​ဘယ်​ကြောင့်​ဒဏ်​ခတ် လျက်​နေ​တော်​မူ​ကြောင်း​ကို​လည်း​သိ​ရှိ ရ​ကြ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။
4 Ed essi dissero: Quale [offerta per la] colpa gli pagheremo noi? E quelli dissero: Cinque morici d'oro, e cinque topi d'oro, secondo il numero de' principati de' Filistei; perciocchè una stessa piaga [è stata] sopra tutti i Filistei, e sopra i vostri principi.
ဖိ​လိတ္တိ​ခေါင်း​ဆောင်​များ​က``ငါ​တို့​သည် အ​ဘယ်​ပူ​ဇော်​သကာ​ကို​ပေး​လှူ​ရ​ပါ​မည် နည်း'' ဟု​မေး​ကြ​လျှင် သူ​တို့​က``သင်​တို့​သည်​ဘု​ရင်​ငါး​ပါး​ကို​တစ် ပါး​လျှင် ရွှေ​အ​နာ​စိမ်း​ရုပ်​ငါး​ခု​နှင့်​ရွှေ​ကြွက် ရုပ်​ငါး​ခု​ပြု​လုပ်​၍​ပေး​လှူ​ရ​ကြ​မည်။ ဘု​ရင် ငါး​ပါး​နှင့်​သင်​တို့​အ​ပေါင်း​သည် ကပ်​ရော​ဂါ တစ်​မျိုး​တည်း​သင့်​ရ​ကြ​သည်​ဖြစ်​ရာ၊-
5 Fate adunque delle forme delle vostre morici e delle forme de' vostri topi, che guastano il paese; e date gloria all'Iddio d'Israele; forse allevierà egli la sua mano d'in su voi, e d'in su i vostri dii, e d'in sul vostro paese.
အ​နာ​စိမ်း​၏​ပုံ​စံ၊ သင်​တို့​ပြည်​ကို​ဖျက်​ဆီး လျက်​နေ​သည့်​ကြွက်​၏​ပုံ​စံ​တို့​ကို​ပြု​လုပ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​ကို​ဂုဏ် ပြု​ချီး​မြှင့်​ရ​မည်။ ကိုယ်​တော်​သည်​သင်​တို့ နှင့်​သင်​တို့​၏​ဘု​ရား​များ​ကို​လည်း​ကောင်း၊ သင်​တို့​၏​ပြည်​ကို​လည်း​ကောင်း​ဒဏ်​မ ခတ်​တော့​ဘဲ​နေ​ကောင်း​နေ​တော်​မူ​လိမ့်​မည်။-
6 E perchè indurereste voi il cuor vostro, come gli Egizj e Faraone indurarono il cuor loro? dopo ch'egli li ebbe scherniti, non rimandarono essi gl'[Israeliti], ed essi se ne andarono?
သင်​တို့​သည်​အ​ဘယ်​ကြောင့်​အီ​ဂျစ်​ဘု​ရင် နှင့် အီ​ဂျစ်​အ​မျိုး​သား​တို့​ကဲ့​သို့​ခေါင်း​မာ နေ​ကြ​ပါ​မည်​နည်း။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ ခွင့်​မ​ပြု​မ​ချင်း​ဘု​ရား​သ​ခင်​သည် သူ​တို့ အား​အ​ဘယ်​သို့​ဒဏ်​ခတ်​တော်​မူ​ခဲ့​သည်​ကို သင်​တို့​မ​မေ့​ကြ​နှင့်။-
7 Ora dunque, fate un carro nuovo, e prendetelo; prendetevi eziandio due vacche lattanti, sopra cui giammai non sia stato posto giogo; poi legate queste vacche al carro, e rimenate i lor figli a casa, indietro da esse;
သို့​ဖြစ်​၍​လှည်း​သစ်​ကို​ပြု​လုပ်​ပြီး​နောက် တစ် ခါ​မျှ​ထမ်း​ပိုး​မ​တင်​ဘူး​သေး​သော​သား​ငယ် ရှိ​သည့်​နွား​မ​နှစ်​ကောင်​ကို​လှည်း​၌​တပ်​၍ သား​ငယ်​တို့​ကို​မူ​ခြံ​သို့​ပြန်​ပို့​လော့။-
8 e prendete l'Arca del Signore, e ponetela sopra il carro; e mettete allato ad essa in una cassetta que' lavori d'oro, che voi gli pagherete [per offerta per la] colpa; e rimandatela, e vadasene.
ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​လှည်း​ပေါ်​သို့​တင်​ပြီး​လျှင် သင်​တို့​၏ အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော​ရွှေ ရုပ်​တု​များ​ကို​အ​ခြား​သော​သေတ္တာ​တစ်​လုံး တွင်​ထည့်​၍​သေတ္တာ​တော်​အ​နီး​၌​ထား​လော့။ ထို နောက်​လှည်း​ကို​အ​လို​ရှိ​ရာ​သို့​ထွက်​ခွာ​သွား စေ​လော့။-
9 E state a guardare; se ella sale verso Bet-semes, traendo alle contrade di esso, egli ci avrà fatto questo gran male; se no, noi sapremo che la sua mano non ci ha toccati, [anzi] che è stato un caso [che] ci è avvenuto.
လှည်း​အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို​စောင့်​၍ ကြည့်​လော့။ အ​ကယ်​၍​ဗက်​ရှေ​မက်​မြို့​ရှိ​ရာ​သို့ သွား​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား သည် ငါ​တို့​အ​ပေါ်​သို့​ကြောက်​မက်​ဖွယ်​ရာ​ကပ် ရော​ဂါ​ကို​ကျ​ရောက်​စေ​ကြောင်း​သိ​မှတ်​ရ​မည်။ သို့​ရာ​တွင်​လှည်း​သည်​ထို​မြို့​ရှိ​ရာ​သို့​မ​သွား ခဲ့​သော် ကိုယ်​တော်​သည်​ငါ​တို့​ထံ​ကပ်​ရော​ဂါ ကို​စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ ကပ်​ရော​ဂါ သည်​အ​လို​အ​လျောက်​ဆိုက်​ရောက်​လာ​ခြင်း သာ​ဖြစ်​ကြောင်း​ငါ​တို့​သိ​မှတ်​ရ​မည်။''
10 Quegli uomini adunque fecero così, e presero due vacche lattanti, e le legarono al carro, e rinchiusero i lor figli in casa.
၁၀သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​စေ​ခိုင်း​သည့် အ​တိုင်း နွား​မ​နှစ်​ကောင်​ကို​လှည်း​တွင်​တပ်​၍ နွား​ငယ်​က​လေး​များ​ကို​ခြံ​တွင်​လှောင်​ထား ကြ​၏။-
11 Poi posero l'Arca del Signore sopra il carro, con la cassetta, e co' topi d'oro, e con le forme delle lor morici.
၁၁ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ရွှေ​ကြွက်​ရုပ်​နှင့် ရွှေ​အ​နာ​စိမ်း​ရုပ်​တု​ပုံ​များ ပါ​ရှိ​သည့်​သေတ္တာ နှင့်​အ​တူ​လှည်း​ပေါ်​သို့​တင်​ကြ​၏။-
12 E le vacche si dirizzarono alla via che trae verso Bet-semes, seguitando una medesima strada, e andavano mugghiando; e non si rivolsero nè a destra nè a sinistra; e i principi de' Filistei andarono loro dietro fino a' confini di Bet-semes.
၁၂နွား​မ​တို့​သည်​ဗက်​ရှေ​မက်​လမ်း​အ​တိုင်း စ​တင်​ထွက်​ခွာ​ပြီး ဝဲ​ယာ​မ​ကွေ့​ဘဲ​တည့် မတ်​စွာ​တစ်​လမ်း​လုံး​အော်​မြည်​လျက် ဗက် ရှေ​မက်​မြို့​ရှိ​ရာ​သို့​သွား​ကြ​လေ​သည်။ ဖိ လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​ဗက်​ရှေ​မက် မြို့​နယ်​စပ်​အ​နီး​အ​ထိ​လိုက်​ပါ​သွား​ကြ ၏။
13 Or [que' di] Bet-semes segavano la ricolta de' grani nella valle; e, alzati gli occhi, videro l'Arca, e si rallegrarono di veder[la].
၁၃ဗက်​ရှေ​မက်​မြို့​သား​တို့​သည်​ချိုင့်​ဝှမ်း​ထဲ​တွင် ဂျုံ​စ​ပါး​များ​ကို​ရိတ်​သိမ်း​လျက်​နေ​စဉ်​ရုတ် တ​ရက်​မျှော်​ကြည့်​လိုက်​သော​အ​ခါ ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​တွေ့​မြင်​ကြ​သ​ဖြင့်​အ​တိုင်း ထက်​အ​လွန်​ဝမ်း​မြောက်​ကြ​၏။-
14 E il carro, giunto al campo di Giosuè da Bet-semes, si fermò quivi. Or quivi [era] una gran pietra; e coloro spezzarono il legname del carro, e offersero le vacche in olocausto al Signore.
၁၄လှည်း​သည်​ဗက်​ရှေ​မက်​မြို့​သား​ယော​ရှု​၏ လယ်​သို့​ရောက်​သော​အ​ခါ ကျောက်​တုံး​ကြီး အ​နီး​တွင်​ရပ်​တန့်​လေ​သည်။ လူ​တို့​သည်​လှည်း ကို​ခုတ်​ဖြတ်​၍​နွား​မ​တို့​ကို​သတ်​ပြီး​လျှင် မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ကြ​၏။-
15 Or i Leviti aveano posta giù l'Arca del Signore, e la cassetta ch'[era] appresso, nella quale [erano] que' lavori d'oro, e l'aveano messa sopra quella gran pietra; e in quel giorno que' di Bet-semes offersero olocausti, e sacrificarono sacrificii al Signore.
၁၅လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့် ရွှေ​ရုပ်​များ​ပါ ရှိ​သည့်​သေတ္တာ​ကို​ချီ​ပင့်​ပြီး​လျှင်​ကျောက်​တုံး ကြီး​ပေါ်​တွင်​တင်​ထား​ကြ​၏။ ထို​နောက်​ဗက် ရှေ​မက်​မြို့​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား အား​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား​ပူ​ဇော် သကာ​များ​ကို​တင်​လှူ​ကြ​၏။-
16 E i cinque principati dei Filistei, avendo [ciò] veduto, se ne ritornarono quell'istesso giorno in Ecron.
၁၆ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​ဤ​အ​ခြင်း အ​ရာ​ကို​ကြည့်​ရှု​ကြ​ပြီး​နောက် ထို​နေ့​၌​ပင် ဧ​ကြုန်​မြို့​သို့​ပြန်​သွား​ကြ​၏။
17 Or questo [è il numero del]le morici d'oro, le quali i Filistei pagarono al Signore [per offerta per la] colpa; per Asdod una, per Gaza una, per Ascalon una, per Gat una, per Ecron una.
၁၇ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရွှေ​အ​နာ​စိမ်း ရုပ်​ငါး​ခု​ကို​မြို့​တစ်​မြို့​လျှင် တစ်​ခု​နှုန်း​ဖြင့် အာ​ဇုတ်​မြို့၊ ဂါ​ဇ​မြို့၊ အာ​ရှ​ကေ​လုန်​မြို့၊ ဂါ​သ မြို့​နှင့်​ဧ​ကြုန်​မြို့​တို့​ကို​ရည်​စူး​၍​မိ​မိ​တို့ အ​တွက် အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ် ဖြင့်​ထာ​ဝ​ရ​ဘု​ရား​ထံ​ပေး​ပို့​ကြ​၏။-
18 E i topi d'oro [furono secondo il] numero di tutte le città de' Filistei, [divise] in cinque principati, così città murate, come villate senza mura, fino ad Abel la gran [pietra], sopra la quale posarono l'Arca del Signore, [la quale è] infino ad oggi nel campo di Giosuè da Bet-semes.
၁၈သူ​တို့​သည်​ကြွက်​ရုပ်​များ​ကို​လည်း​ဖိ​လိတ္တိ ဘု​ရင်​များ အ​စိုး​ရ​သည့်​ခံ​တပ်​မြို့​များ​နှင့် ကျေး​ရွာ​များ​အ​တွက် တစ်​မြို့​လျှင်​တစ်​ခု ကျ​စီ​ဆက်​သ​ပေး​ပို့​ကြ​၏။ ဗက်​ရှေ​မက် မြို့​သား​ယော​ရှု​၏​လယ်​၌​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​တင်​ရာ​ကျောက်​တုံး ကြီး​သည် ထို​စဉ်​အ​ခါ​က​ဖြစ်​ပျက်​ခဲ့​သည့် အ​မှု​၌​အ​သိ​သက်​သေ​အ​ဖြစ်​ဖြင့်​ယ​နေ့ တိုင်​အောင်​တည်​ရှိ​နေ​လေ​သည်။
19 Or il Signore percosse [alquanti] di que' di Bet-semes, perchè aveano riguardato dentro all'Arca del Signore; percosse ancora del popolo cinquantamila e settanta uomini. E il popolo fece cordoglio, perciocchè il Signore l'avea percosso di una gran piaga.
၁၉ဗက်​ရှေ​မက်​မြို့​သား​ခု​နစ်​ဆယ်​တို့​သည် ပ​ဋိ ညာဉ်​သေတ္တာ​တော်​ထဲ​သို့​ကြည့်​မိ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​သေ​ဒဏ် ခတ်​တော်​မူ​၏။ မြို့​သား​တို့​သည်​မိ​မိ​တို့ အ​ထဲ​မှ​လူ​မြောက်​မြား​စွာ​ကို ထာ​ဝ​ရ ဘု​ရား​သေ​ဒဏ်​ခတ်​တော်​မူ​သော​ကြောင့် ငို​ကြွေး​မြည်​တမ်း​ကြ​၏။
20 E que' di Bet-semes dissero: Chi potrà durare davanti al Signore, a questo Iddio Santo? e a cui salirà egli d'appresso a noi?
၂၀သို့​ဖြစ်​၍​ဗက်​ရှေ​မက်​မြို့​သား​တို့​က``သန့်​ရှင်း မြင့်​မြတ်​တော်​မူ​သည့်​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ အ​ဘယ်​သူ​သည် ရပ်​တည်​နိုင်​ပါ​မည်​နည်း။ ငါ​တို့​နှင့်​ဝေး​အောင် ကိုယ်​တော်​အား​အ​ဘယ်​အ​ရပ်​သို့​ပင့်​ဆောင် သွား​ရ​ပါ​မည်​နည်း'' ဟု​ဆို​၍၊-
21 Mandarono adunque de' messi agli abitanti di Chiriat-iearim, a dire: I Filistei hanno ricondotta l'Arca del Signore; scendete, e menatela da voi.
၂၁ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​တို့​ထံ​သို့​တ​မန် များ​စေ​လွှတ်​ပြီး​လျှင်``ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပြန်​လည်​ပို့​ဆောင်​ကြ​လေ​ပြီ။ သင် တို့​လာ​၍​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကြ​ပါ လော့'' ဟု​မှာ​ကြား​လိုက်​ကြ​၏။

< 1 Samuele 6 >