< 1 Samuele 13 >

1 SAULLE avea regnato un anno, [quando queste cose avvennero]; e poi, dopo aver regnato due anni sopra Israele,
ရှောလု သည် တနှစ်ကျော် နှစ် နှစ် ခန့်လောက် ဣသရေလ အမျိုး၌ မင်း ပြုပြီးမှ ၊ ဣသရေလ အမျိုးသားသုံး ထောင် တို့ကို ရွေးကောက် ပြီးလျှင် ၊
2 scelse tremila uomini d'Israele; de' quali duemila stettero con lui in Micmas, e nel monte di Betel, e mille con Gionatan, in Ghibea di Beniamino; e rimandò il rimanente del popolo, ciascuno alle sue stanze.
ကိုယ်တိုင်နေသောမိတ်မတ် မြို့နှင့် ဗေသလ တောင် ပေါ် မှာ လူနှစ်ထောင် ၊ ဗင်္ယာမိန် ခရိုင်၊ ဂိဗာ မြို့၊ ယောနသန် ထံ မှာတထောင် ကိုထား၍၊ အခြား သောသူတို့ ကို မိမိ တို့ အသီးအသီး နေရာအရပ် သို့ လွှတ် လိုက်လေ၏။
3 E Gionatan percosse la guernigione de' Filistei ch'[era] nel colle; e i Filistei l'intesero. E Saulle fece sonar la tromba per tutto il paese, dicendo: Odano gli Ebrei.
ယောနသန် သည် ဂိဗာ မြို့၌ ရှိသော ဖိလိတ္တိ တပ် ကို လုပ်ကြံ သဖြင့် ဖိလိတ္တိ လူတို့သည် သိတင်းကြား ကြ ၏။ ရှောလု ကလည်း မြစ်တဘက်၌ နေသောသူတို့သည် ကြား သိစေဟု တပြည်လုံး တံပိုး မှုတ် စေ၏။
4 E tutto Israele udì dire: Saulle ha percossa la guernigione de' Filistei, ed anche Israele è diventato abbominevole fra i Filistei. E il popolo fu adunato a grida in Ghilgal, per seguitare Saulle.
ရှောလု သည်ဖိလိတ္တိ တပ် ကို လုပ်ကြံ ကြောင်းနှင့် ဖိလိတ္တိ လူတို့သည် ဣသရေလ လူတို့ကို ရွံ့ရှာ ကြောင်း ကို ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြားသိ ၍၊ လူ များတို့သည် ရှောလု နောက် ဂိလဂါလ မြို့၌ စည်းဝေး ကြ၏။
5 I Filistei si adunarono anch'essi per guerreggiare contro ad Israele, [avendo] trentamila carri, e seimila cavalieri, e della gente in moltitudine, come la rena che [è] in sul lito del mare. E salirono, e si accamparono in Micmas, verso l'Oriente di Bet-aven.
ဖိလိတ္တိ လူတို့သည်လည်း ၊ ဣသရေလ အမျိုးသားတို့ကို စစ်တိုက် ခြင်းငှါ ၊ ရထား သုံးထောင် နှင့် မြင်း ခြောက် ထောင် ကို၎င်း၊ သမုဒ္ဒရာ သဲလုံး နှင့်အမျှ ရှိသောလူ များကို၎င်းစုဝေးစေပြီးလျှင် ၊ စစ်ချီ ဗေသဝင် မြို့အရှေ့ ၊ မိတ်မတ် မြို့၌ တပ်ချ ကြ၏။
6 Ora gl'Israeliti, veggendosi distretti, perciocchè il popolo era oppressato, si nascosero nelle spelonche, e per li greppi de' monti, e nelle rupi, e nelle rocche, e nelle grotte.
ဣသရေလ အမျိုးသား တို့သည် အလွန် ဆင်းရဲ ခံရသဖြင့် ၊ မိမိတို့ ကျဉ်းမြောင်းလျက်ရှိသည်ကို သိမြင် သောအခါ ၊ ဥမင် ၊ တောအုံ ၊ ကျောက် ကြား ၊ တောင်ထိပ် ၊ မြေတွင်း တို့၌ ပုန်းရှောင် ၍ နေကြ၏။
7 E gli [altri] Ebrei passarono di là dal Giordano al paese di Gad e di Galaad. E Saulle non si moveva di Ghilgal, e tutto il popolo che lo seguitava era impaurito.
ယော်ဒန် မြစ်တဘက်၌ နေသောသူအချို့တို့သည် ကူးပြန်၍ ၊ ဂဒ် ပြည် ၊ ဂိလဒ် ပြည်သို့ သွား ကြ၏။ ရှောလု သည် ဂိလဂါလ မြို့၌ နေသေး ၍ ၊ လူ အပေါင်း တို့သည် သူ့ နောက် ၌ တုန်လှုပ် လျက်ရှိကြ၏။
8 Ed egli aspettò sette giorni, secondo il termine [posto] da Samuele; e Samuele non veniva in Ghilgal; laonde il popolo si dispergeva d'appresso a Saulle.
ရှမွေလ ချိန်းချက် သည်အတွင်း ရှောလုသည် ခုနစ် ရက် ငံ့လင့် ၍ ၊ ရှမွေလ သည် ဂိလဂါလ မြို့သို့ မ ရောက် ၊ လူ များတို့လည်း ထွက်ပြေး ကြ၏။
9 Allora Saulle disse: Adducetemi l'olocausto, e i sacrificii da render grazie. Ed egli offerse l'olocausto.
ရှောလု ကလည်း ၊ မီး ရှို့ရာယဇ်နှင့် မိဿဟာယ ပူဇော်သက္ကာတို့ကို ငါ့ ထံသို့ ယူ ခဲ့ကြဟုဆို သဖြင့် ၊ မီး ရှို့ရာယဇ်ကို ပူဇော် လေ၏။
10 E, come egli forniva d'offerir l'olocausto, ecco, Samuele arrivò; e Saulle gli uscì incontro, per salutarlo.
၁၀မီး ရှို့ရာယဇ်ပူဇော် ခြင်းအမှု ပြီး သည်အဆုံး၌ ရှမွေလ သည် လာ ၏။ ရှောလု သည် ကောင်းကြီး ပေး၍ ခရီးဦးကြို ပြုခြင်းငှါ ထွက်သွား လျှင်၊
11 Ma Samuele [gli] disse: Che hai fatto? E Saulle [gli] rispose: Perciocchè io vedeva che il popolo si dispergeva d'appresso a me, e che tu non venivi al termine posto de' giorni, e che i Filistei erano adunati in Micmas, io dissi:
၁၁ရှမွေလ က၊ သင်သည် အဘယ်သို့ ပြု သနည်းဟုမေး သော်၊ ရှောလု က၊ လူ များတို့သည် အကျွန်ုပ် ထံမှ ထွက်ပြေး ကြောင်း ၊ ကိုယ်တော် သည် ချိန်းချက် သော အချိန်၌ မ ရောက် ကြောင်း၊ ဖိလိတ္တိ လူတို့ သည် မိတ်မတ် မြို့၌ စုဝေး ကြောင်းများကို သိမြင် သောအခါ၊
12 I Filistei verranno ora contro a me in Ghilgal, ed io non ho supplicato al Signore; laonde, dopo essermi rattenuto quant'ho potuto, io ho offerto l'olocausto.
၁၂ဖိလိတ္တိ လူတို့သည် ငါ ရှိရာ ဂိလဂါလ မြို့သို့ စစ်ချီ ကြလိမ့်မည်။ ထာဝရဘုရား ကို ငါမ တောင်းပန် သေး ဟု အကျွန်ုပ်အောက်မေ့ သဖြင့် ၊ ကိုယ်ကို အနိုင် ပြု၍ မီး ရှို့ရာယဇ်ကို ပူဇော် မိပြီဟု ပြန်ပြော ၏။
13 Allora Samuele disse a Saulle: Tu hai follemente fatto, non avendo osservato il comandamento del Signore Iddio tuo, il quale egli ti avea dato; perciocchè il Signore avrebbe ora stabilito il tuo regno sopra Israele, in perpetuo.
၁၃ရှမွေလ ကလည်း သင်သည် မှား ပြီ။ သင် ၏ ဘုရား သခင်ထာဝရဘုရား ထား တော်မူသော ပညတ် တရားကို မ စောင့် ပါတကား။ စောင့်မိလျှင်၊ ထာဝရဘုရား သည် ဣသရေလ အမျိုး၌ သင် ၏ အာဏာ ကို ယခု မှစ၍အစဉ် အမြဲတည် စေတော်မူပြီ။
14 Ma ora il tuo regno non sarà stabile; il Signore s'è cercato un uomo secondo il cuor suo, il quale egli ha ordinato per conduttore sopra il suo popolo; poichè tu non hai osservato quello che il Signore ti avea comandato.
၁၄ယခု မူကား သင် ၏ အာဏာ မ တည် ရ။ ထာဝရဘုရား သည် စိတ် နှလုံးတော်နှင့် ညီညွတ်သောသူကို ရှာ တော်မူ၏။ ထိုသူသည် လူမျိုး တော်အပေါ် မှာ မင်း ဖြစ်စေခြင်းငှါထာဝရဘုရား မိန့် တော်မူပြီ။ အကြောင်း မူကား၊ သင် သည် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း မ ကျင့် ဟု ရှောလု အား ဆို ပြီးလျှင်၊
15 Poi Samuele si levò, e salì da Ghilgal in Ghibea di Beniamino. E Saulle fece la rassegna della gente che si ritrovava con lui, [ch'era] d'intorno a seicent'uomini.
၁၅ထ ၍ ဂိလဂါလ မြို့မှ ဗင်္ယာမိန် ခရိုင်၊ ဂိဗာ မြို့သို့ သွား ၏။ ရှောလု သည် မိမိ ၌ ရှိသောလူ တို့ကို ရေတွက် ၍ ခြောက် ရာ ခန့် မျှ ရှိ ၏။
16 Or Saulle, e Gionatan suo figliuolo, e il popolo che si ritrovava con loro, se ne stavano in Ghibea di Beniamino; e i Filistei erano accampati in Micmas.
၁၆သူနှင့် သား တော်ယောနသန် ၊ သူ တို့၌ ရှိ သောလူ အပေါင်းတို့သည် ဗင်္ယာမိန် ခရိုင်၊ ဂိဗာ မြို့တွင် နေ ကြ၏။ ဖိလိတ္တိ လူတို့သည် မိတ်မတ် မြို့တွင် တပ်ချ ကြ၏။
17 E del campo de' Filistei uscì della gente in tre schiere, da fare il guasto; l'una delle quali si voltò al cammino di Ofra, [traendo] verso il paese di Saulle;
၁၇လုယူသော တပ်သုံး တပ်တို့သည်၊ ဖိလိတ္တိ တပ်မ ထဲက ထွက် ၍ တတပ်သည် ရွာလ ပြည် ဩဖရ မြို့ လမ်း သို့ လိုက် ၏။
18 l'altra si voltò alla via di Bet-horon; e la terza si voltò alla via del confine del paese che riguarda su la valle di Seboim, verso il deserto.
၁၈တ တပ် သည် ဗေသောရုန် မြို့လမ်း သို့ လိုက် ၏။ တ တပ် သည် တော ဘက် မှာ ဇေဘိုင်ချိုင့် ကို မျက်နှာပြု သော ပြည် စွန်းလမ်း သို့ လိုက် ၏။
19 (Or non si trovava alcun fabbro in tutto il paese d'Israele; perciocchè i Filistei aveano detto: [Provvediamo] che gli Ebrei non facciano spade nè lance.
၁၉ဖိလိတ္တိ လူတို့က၊ ဟေဗြဲ လူတို့သည် ထား လှံ တို့ကို မလုပ်စေနှင့်ဟု စီရင်မြဲရှိသောကြောင့်၊ ဣသရေလ ပြည် တရှောက်လုံး တွင် ပန်းပဲ တယောက်မျှမ ရှိ။
20 E tutto Israele scendeva a' Filistei, per aguzzare, chi il suo vomero, chi la sua zappa, chi la sua scure, chi la sua vanga.
၂၀ဣသရေလ လူအပေါင်း တို့သည် ထွန်သွား ၊ ပေါက်တူး ၊ ပုဆိန် ၊ တူးရွင်း ကို ထက် စေခြင်းငှါ ၊ ဖိလိတ္တိ လူတို့ရှိရာသို့ သွား ရကြ၏။
21 E si servivano di lime per le vanghe, e per le zappe, e per li tridenti, e per le scuri, e per acconciare fino ad un pungolo.
၂၁နောက် တဖန် ထွန်သွား ၊ ပေါက်တူး ၊ သုံးခွ ခက်ရင်း ၊ ပုဆိန် ၊ ထိုးတံချွန် တုံးလျက်ရှိကြ၏။
22 Laonde, al giorno della battaglia, avvenne che non si trovò nè spada, nè lancia, nelle mani d'alcuno del popolo[ch'era] con Saulle e con Gionatan; sol se ne trovò a Saulle, e a Gionatan, suo figliuolo.)
၂၂သို့ဖြစ်၍ စစ်တိုက် ရာကာလ ရှောလု နှင့် သားတော် ယောနသန် မှတပါး အဘယ်သူ၌ မျှ ထား လှံ မ ရှိ။
23 Poi la guernigione de' Filistei uscì fuori verso il passo di Micmas.
၂၃တဖန် ဖိလိတ္တိ တပ်သား တို့သည် မိတ်မတ် မြို့ လမ်းဝ သို့ ထွက် ၍ နေကြစဉ်တွင်၊

< 1 Samuele 13 >