< Keluaran 8 >

1 Lalu TUHAN berkata kepada Musa, "Pergilah menghadap raja dan sampaikan kepadanya pesan-Ku ini: 'Izinkan umat-Ku pergi untuk beribadat kepada-Ku.
ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဘု​ရင်​ထံ သို့​သွား​၍`ငါ​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု နိုင်​ရန် ငါ​၏​လူ​မျိုး​တော်​ကို​သွား​ခွင့်​ပြု လော့။-
2 Jika engkau menolak, negeri ini akan Kupenuhi dengan katak sebagai hukuman.
သင်​သည်​သူ​တို့​ကို​သွား​ခွင့်​မ​ပြု​လျှင် ငါ သည်​သင်​၏​တစ်​တိုင်း​ပြည်​လုံး​ကို​ဖား​ဖြင့် ဒဏ်​ခတ်​မည်။-
3 Sungai Nil akan penuh dengan katak, sehingga binatang-binatang itu keluar dari air dan masuk ke dalam istanamu, ke dalam kamar tidur dan tempat tidurmu, ke dalam rumah-rumah para pejabat dan rakyat, bahkan ke dalam tempat pembakaran roti dan panci-panci.
မြစ်​ထဲ​တွင်​ဖား​များ​ဖြင့်​ပြည့်​စေ​မည်။ ထို​ဖား တို့​သည်​မြစ်​ထဲ​မှ​သင်​၏​နန်း​တော်၊ အိပ်​ခန်း၊ အိပ်​ရာ၊ သင်​၏​မှူး​မတ်​နှင့်​ပြည်​သား​တို့​၏​အိမ် များ၊ သင်​၏​မီး​ဖို​နှင့်​မုန့်​နယ်​ရာ​ခွက်​များ​သို့ တက်​လာ​ကြ​လိမ့်​မည်။-
4 Katak-katak itu akan melompat dan memanjati engkau, semua pejabat dan rakyat.'"
ဖား​တို့​သည်​သင်​နှင့်​သင်​၏​မှူး​မတ်၊ ပြည်​သူ​တို့ အ​ပေါ်​သို့​ခုန်​တက်​ကြ​လိမ့်​မည်' ဟု​ပြော​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။
5 TUHAN berkata kepada Musa, "Suruhlah Harun merentangkan tongkatnya ke atas sungai-sungai, saluran-saluran dan kolam-kolam supaya katak-katak bermunculan dan memenuhi tanah Mesir."
တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က``အာ​ရုန်​အား​မြစ် များ၊ ချောင်း​များ၊ အင်း​အိုင်​များ​ပေါ်​သို့​သင်​၏ တောင်​ဝှေး​ကို​ကိုင်​၍​လက်​ကို​ဆန့်​သော​အား ဖြင့်​ဖား​များ​တက်​လာ​၍ အီ​ဂျစ်​တစ်​ပြည်​လုံး တွင်​ဖား​များ​ဖြင့်​ပြည့်​စေ​လော့'' ဟု​မော​ရှေ အား​မိန့်​တော်​မူ​၏။-
6 Maka Harun mengacungkan tongkatnya ke atas semua air, lalu muncullah katak-katak memenuhi seluruh negeri.
ထို့​ကြောင့်​အာ​ရုန်​သည်​ရေ​ပြင်​ရှိ​သ​မျှ​ပေါ် သို့​သူ​၏​လက်​ကို​ဆန့်​သ​ဖြင့် ဖား​များ​အ​လွန် မြောက်​မြား​စွာ​တက်​လာ​၍​အီ​ဂျစ်​တစ်​ပြည် လုံး​တွင်​ဖား​တို့​ဖြင့်​ပြည့်​နှက်​လျက်​ရှိ​လေ​၏။-
7 Tetapi para tukang sihir memakai ilmu gaib mereka, dan juga membuat katak-katak bermunculan di negeri itu.
မှော်​ဆ​ရာ​တို့​က​လည်း​မိ​မိ​တို့​၏​အ​တတ် ပ​ညာ​ဖြင့် အီ​ဂျစ်​ပြည်​သို့​ဖား​များ​တက် လာ​စေ​ကြ​၏။
8 Raja memanggil Musa dan Harun, dan berkata, "Berdoalah kepada TUHAN supaya Ia melenyapkan katak-katak ini, maka aku akan mengizinkan bangsamu pergi untuk mempersembahkan kurban kepada TUHAN."
ထို​အ​ခါ​ဘု​ရင်​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ ကို​ခေါ်​၍ ``ငါ​နှင့်​ငါ​၏​ပြည်​သား​တို့​ထံ​မှ ဖား​တို့​ကို​ဖယ်​ရှား​ပေး​ရန်​ထာ​ဝ​ရ​ဘု​ရား ထံ​ဆု​တောင်း​ပါ​လော့။ သို့​ပြု​လျှင်​သင်​တို့​၏ အ​မျိုး​သား​များ ထာ​ဝ​ရ​ဘု​ရား​ကို​ယဇ် ပူ​ဇော်​ရန်​သွား​ခွင့်​ကို​ငါ​ပြု​မည်'' ဟု​ဆို​၏။
9 Musa menjawab, "Dengan senang hati saya akan berdoa untuk Tuanku. Tetapkanlah waktunya, maka saya akan mendoakan Tuanku, para pejabat dan rakyat. Maka Tuanku akan dibebaskan dari katak-katak itu, dan tidak akan ada yang sisa, kecuali di Sungai Nil."
မော​ရှေ​က``ကိုယ်​တော်​နှင့်​ကိုယ်​တော်​၏​မှူး​မတ် ပြည်​သူ​တို့​၏​အိမ်​များ​မှ​ဖား​တို့​ကို​ဖယ်​ရှား ၍ နိုင်း​မြစ်​ထဲ​၌​သာ​ဖား​များ​နေ​စေ​ရန်​မည် သည့်​အ​ချိန်​တွင်​ဆု​တောင်း​ပေး​ရ​ပါ​မည် နည်း'' ဟု​မေး​လျှောက်​သော်၊
10 Jawab raja itu, "Berdoalah untukku besok." Kata Musa, "Saya akan melakukan apa yang Tuanku minta. Maka Tuanku akan tahu bahwa tidak ada Allah lain seperti TUHAN, Allah kami.
၁၀ဖာ​ရော​ဘု​ရင်​က``နက်​ဖြန်​နေ့​တွင်​ဆု​တောင်း ပေး​ပါ​လော့'' ဟု​ဆို​လေ​၏။ ထို​အ​ခါ​မော​ရှေ​က``ကိုယ်​တော်​ပြော​သည် အ​တိုင်း ဆု​တောင်း​ပေး​ပါ​မည်။ အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့်​တူ သော အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း​ကိုယ်​တော် သိ​ပါ​လိမ့်​မည်။-
11 Dia akan membebaskan Tuanku, para pejabat dan rakyat dari katak-katak itu. Tak akan ada katak di rumah-rumah, kecuali di Sungai Nil."
၁၁ဖား​တို့​ကို​ကိုယ်​တော်​၏​နန်း​တော်​နှင့်​ကိုယ် တော်​၏​မှူး​မတ်​ပြည်​သူ​တို့​ထံ​မှ​ဖယ်​ရှား​၍ မြစ်​ထဲ​၌​သာ​နေ​စေ​လိမ့်​မည်'' ဟု​လျှောက် ထား​ပြီး​လျှင်၊-
12 Lalu Musa dan Harun meninggalkan raja. Kemudian Musa berdoa kepada TUHAN supaya melenyapkan katak-katak yang didatangkan-Nya atas raja.
၁၂မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ဘု​ရင်​ထံ​မှ​ထွက် ခဲ့​ကြ​၏။ ဘု​ရင်​သည်​ထာ​ဝ​ရ​ဘု​ရား​သင့်​စေ သော​ဖား​များ​၏​ဘေး​မှ​လွတ်​မြောက်​ရန်​အ​တွက် မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တွင်​ဆု​တောင်း လေ​၏။-
13 TUHAN mengabulkan permintaan Musa, dan katak-katak yang ada di rumah-rumah, di halaman-halaman dan ladang-ladang mati semua.
၁၃ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည်​မော​ရှေ​ဆု​တောင်း သည့်​အ​တိုင်း​ပြု​တော်​မူ​သ​ဖြင့်​အိမ်​များ၊ ခြံ များ၊ လယ်​ကွင်း​များ​ထဲ​ရှိ​ဖား​များ​သေ​ကြ ကုန်​၏။-
14 Orang Mesir mengumpulkan bangkai katak-katak itu sampai bertimbun-timbun, sehingga seluruh negeri berbau busuk.
၁၄အီ​ဂျစ်​ပြည်​သား​တို့​သည်​ဖား​သေ​ကောင်​များ ကို​စု​ပုံ​ထား​ကြ​ရာ​တစ်​ပြည်​လုံး​တွင်​နံ​စော် လျက်​ရှိ​လေ​၏။-
15 Ketika raja melihat bahwa katak-katak itu sudah mati, ia berkeras kepala. Dan seperti yang sudah dikatakan TUHAN, raja tidak mau mempedulikan perkataan Musa dan Harun.
၁၅တိုင်း​ပြည်​တွင်​အ​ခြေ​အ​နေ​ကောင်း​လာ​ကြောင်း ကို​တွေ့​မြင်​ရ​သော​အ​ခါ၊ ဘု​ရင်​သည်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ခေါင်း​မာ​မြဲ ခေါင်း​မာ​လျက် မော​ရှေ​နှင့်​အာ​ရုန်​တို့​၏​စကား ကို​နား​မ​ထောင်​ဘဲ​နေ​လေ​၏။
16 TUHAN berkata kepada Musa, "Suruhlah Harun memukul tanah dengan tongkatnya, maka di seluruh negeri Mesir debu akan berubah menjadi nyamuk."
၁၆တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က``အာ​ရုန်​အား​မြေ ကြီး​ကို​သင်​၏​တောင်​ဝှေး​နှင့်​ရိုက်​လော့။ အီ​ဂျစ် တစ်​ပြည်​လုံး​တွင်​မြေ​မှုန့်​ရှိ​သ​မျှ​သည်​တော ခြင်​များ​ဖြစ်​လာ​လိမ့်​မည်​ဟု​ပြော​လော့'' ဟူ ၍​မော​ရှေ​အား​မိန့်​တော်​မူ​၏။-
17 Lalu Harun memukul tanah dengan tongkatnya, dan semua debu di Mesir berubah menjadi nyamuk yang mengerumuni manusia dan binatang.
၁၇ထို့​ကြောင့်​အာ​ရုန်​သည်​တောင်​ဝှေး​ဖြင့်​မြေ ကြီး​ကို​ရိုက်​သ​ဖြင့် အီ​ဂျစ်​ပြည်​ရှိ​မြေ​မှုန့် ရှိ​သ​မျှ​သည်​တော​ခြင်​ဖြစ်​လာ​၍ လူ​နှင့် တိ​ရစ္ဆာန်​တို့​၌​တွယ်​ကပ်​လေ​၏။-
18 Para ahli sihir berusaha memakai ilmu gaib mereka untuk juga mengadakan nyamuk-nyamuk, tetapi mereka tidak berhasil. Di mana-mana ada nyamuk,
၁၈မှော်​ဆ​ရာ​တို့​လည်း​မိ​မိ​တို့​၏​အ​တတ်​ပ​ညာ ဖြင့် တော​ခြင်​များ​ဖြစ်​လာ​ရန်​အား​ထုတ်​ကြ သော်​လည်း​မ​အောင်​မြင်​ကြ​ချေ။ တော​ခြင် များ​သည်​လူ​နှင့်​တိ​ရစ္ဆာန်​တို့​၌​တွယ်​ကပ် လေ​သည်။-
19 sehingga para ahli sihir itu berkata kepada raja, "Ini perbuatan Allah." Tetapi raja itu berkeras kepala, dan seperti yang sudah dikatakan TUHAN, raja itu tidak mau mempedulikan perkataan Musa dan Harun.
၁၉ထို​အ​ခါ​မှော်​ဆ​ရာ​တို့​က​ဘု​ရင်​အား``ဤ အ​မှု​အ​ရာ​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော် မူ​သော​အ​မှု​ဖြစ်​၏'' ဟု​လျှောက်​ကြ​၏။ သို့ ရာ​တွင်​ဘု​ရင်​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​ခဲ့​သည့်​အ​တိုင်း​ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက် မော​ရှေ​နှင့်​အာ​ရုန်​တို့​၏​စ​ကား​ကို​နား မ​ထောင်​ဘဲ​နေ​လေ​၏။
20 TUHAN berkata kepada Musa, "Pergilah besok pagi-pagi sekali menemui raja pada waktu ia turun ke sungai, dan sampaikanlah kepadanya perkataan-Ku ini: 'Izinkanlah umat-Ku pergi beribadat kepada-Ku.
၂၀တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``နံ​နက် စော​စော​အ​ချိန်​၌​ဘု​ရင်​သည်​ရေ​ဆိပ်​သို့​သွား သော​အ​ခါ သူ​နှင့်​တွေ့​ဆုံ​၍`ငါ​၏​လူ​မျိုး​တော် သည်​ငါ့​အား​ဝတ်​ပြု​နိုင်​ရန်​သူ​တို့​ကို​သွား ခွင့်​ပြု​လော့။-
21 Jika engkau menolak, maka Aku akan mendatangkan lalat kepadamu, kepada para pejabat dan rakyat. Rumah-rumah orang Mesir, bahkan seluruh negeri akan penuh dengan lalat.
၂၁သွား​ခွင့်​မ​ပြု​လျှင်​သင်​နှင့်​သင်​၏​မှူး​မတ် ပြည်​သူ​တို့​ထံ​သို့​မှက်​ကောင်​များ​ကို​ငါ စေ​လွှတ်​မည်။ အီ​ဂျစ်​ပြည်​သား​တို့​၏​အိမ် များ​နှင့်​မြေ​တစ်​ပြင်​လုံး​ကို​မှက်​ကောင် များ​ဖြင့်​ပြည့်​စေ​မည်။-
22 Tetapi Aku akan membuat kekecualian untuk daerah Gosyen, tempat umat-Ku tinggal. Di sana tak akan ada lalat, supaya kamu tahu bahwa Aku, TUHAN, yang melakukan itu.
၂၂ထို​နေ့​တွင်​ငါ​၏​လူ​မျိုး​တော်​နေ​ထိုင်​ရာ ဂေါ​ရှင်​ဒေ​သ​ကို​ချန်​လှပ်​၍​ထား​သ​ဖြင့် ထို ဒေ​သ​၌​မှက်​ကောင်​မ​ရှိ​စေ​ရ။ ထို​သို့​ပြု​ခြင်း အား​ဖြင့်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​ပြည် တွင်​ရှိ​တော်​မူ​ကြောင်း​ကို​သင်​သိ​ရ​လိမ့်​မည်။-
23 Aku akan membuat perbedaan antara umat-Ku dengan rakyatmu. Keajaiban itu akan terjadi besok.'"
၂၃ငါ​သည်​ငါ​၏​လူ​မျိုး​တော်​နှင့်​သင်​၏​လူ​မျိုး ကို​ခြား​နား​၍​ထား​မည်။ ဤ​နိ​မိတ်​လက္ခ​ဏာ ကို​နက်​ဖြန်​နေ့​တွင်​ငါ​ပြ​မည်' ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ပြော​လော့'' ဟူ​၍ မိန့်​တော်​မူ​သည်။-
24 TUHAN mendatangkan lalat yang banyak sekali ke istana raja dan ke rumah-rumah para pejabat. Seluruh negeri Mesir sangat menderita karena lalat-lalat itu.
၂၄ထာ​ဝ​ရ​ဘု​ရား​သည်​မှက်​ကောင်​အုပ်​ကြီး​များ ကို​ဘု​ရင်​၏​နန်း​တော်၊ မှူး​မတ်​တို့​၏​အိမ်​များ နှင့်​အီ​ဂျစ်​တစ်​ပြည်​လုံး​သို့​စေ​လွှတ်​တော်​မူ ၏။ မှက်​ကောင်​များ​ကြောင့်​တိုင်း​ပြည်​ပျက် ရ​လေ​၏။
25 Kemudian raja memanggil Musa dan Harun lalu berkata, "Pergilah mempersembahkan kurban kepada Allahmu, tetapi di negeri ini saja."
၂၅ထို​အ​ခါ​ဘု​ရင်​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ ကို​ခေါ်​၍``သင်​တို့​၏​ဘု​ရား​အား​ဤ​ပြည် ထဲ​၌​ယဇ်​ပူ​ဇော်​လော့'' ဟု​ဆို​လေ​၏။
26 "Sebaiknya tidak," jawab Musa, "karena orang Mesir akan merasa tersinggung kalau melihat persembahan kami itu, dan pasti kami akan dilempari batu sampai mati.
၂၆မော​ရှေ​က``အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​ယဇ်​ကောင် များ​ကို​အီ​ဂျစ်​အ​မျိုး​သား​တို့​က​ရွံ​ရှာ ကြ​မည်​ဖြစ်​သော​ကြောင့် ထို​ကဲ့​သို့​မ​ပြု​လုပ် သင့်​ပါ။ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ယဇ် ကောင်​များ​ပူ​ဇော်​ခြင်း​ကို​မြင်​လျှင် အ​ကျွန်ုပ် တို့​အား​ခဲ​နှင့်​ပစ်​၍​သတ်​ကြ​ပါ​လိမ့်​မည်။-
27 Kami harus pergi ke padang gurun sejauh tiga hari perjalanan untuk mempersembahkan kurban kepada TUHAN Allah kami, seperti yang diperintahkan-Nya kepada kami."
၂၇အ​ကျွန်ုပ်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း တော​ကန္တာ​ရ သို့​သုံး​ရက်​ခ​ရီး​သွား​၍​ယဇ်​ပူ​ဇော်​ရ​ပါ မည်'' ဟု​လျှောက်​ဆို​၏။
28 Raja berkata, "Baiklah, kuizinkan kamu pergi ke padang gurun untuk mempersembahkan kurban kepada TUHAN, Allahmu, asal kamu tidak pergi jauh. Ingat, doakanlah aku!"
၂၈ဖာ​ရော​ဘု​ရင်​က``သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား တော​ကန္တာ​ရ​၌​ယဇ်​ပူ ဇော်​ရန်​ငါ​စေ​လွှတ်​မည်။ သို့​ရာ​တွင်​ခ​ရီး ဝေး​မ​သွား​ရ။ ငါ့​အ​တွက်​ဆု​တောင်း​ပေး ပါ​လော့'' ဟု​ဆို​လေ​၏။
29 Jawab Musa, "Sesudah saya pergi, saya segera berdoa kepada TUHAN supaya besok lalat-lalat itu meninggalkan Tuanku, para pejabat dan rakyat. Tetapi jangan menipu kami lagi, dan jangan menghalangi bangsa Israel pergi untuk mempersembahkan kurban kepada TUHAN."
၂၉မော​ရှေ​က``နက်​ဖြန်​နေ့​တွင်​ကိုယ်​တော်​နှင့် မှူး​မတ်​ပြည်​သူ​တို့​ထံ​မှ မှက်​ကောင်​များ​ကို ဖယ်​ရှား​ပေး​ရန်​ယ​ခု​ကိုယ်​တော်​ထံ​မှ​ထွက် သွား​လျှင်​သွား​ချင်း ထာ​ဝ​ရ​ဘု​ရား​ထံ​၌ ဆု​တောင်း​ပေး​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ယဇ်​ပူ​ဇော်​ရန်​ဣသ​ရေ​လ​အ​မျိုး​သား​တို့ အား ယ​ခု​သွား​ခွင့်​ပြု​ပြီး​မှ​မ​သွား​ရ​ဟု နောက်​တစ်​ဖန်​မ​လှည့်​စား​မ​တား​ဆီး​ပါ နှင့်'' ဟု​လျှောက်​ထား​လေ​၏။
30 Musa meninggalkan raja, lalu berdoa kepada TUHAN,
၃၀ထို​နောက်​မော​ရှေ​သည်​ဘု​ရင်​ထံ​မှ​ထွက်​ခဲ့ ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​ထံ​၌​ဆု​တောင်း လေ​၏။-
31 dan TUHAN mengabulkan doa Musa. Lalat-lalat itu beterbangan meninggalkan raja, para pejabat dan rakyat. Tak ada seekor pun yang masih tinggal.
၃၁ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​ဆု​တောင်း​သည့် အ​တိုင်း ဘု​ရင်​နှင့်​မှူး​မတ်​ပြည်​သူ​တို့​ထံ​၌ မှက်​တစ်​ကောင်​မျှ​မ​ကျန်​စေ​ရန်​မှက်​အား​လုံး ကို​ဖယ်​ရှား​တော်​မူ​၏။-
32 Tetapi kali ini pun raja berkeras kepala dan tidak mengizinkan bangsa itu pergi.
၃၂သို့​ရာ​တွင်​ဘု​ရင်​သည်​ယ​ခု​အ​ကြိမ်​၌​လည်း ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​သွား​ခွင့်​မ​ပြု​ချေ။

< Keluaran 8 >