< Keluaran 35 >

1 Musa mengumpulkan seluruh bangsa Israel lalu berkata kepada mereka, "Inilah perintah TUHAN untuk kamu:
မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ ပေါင်း​တို့​ကို​စု​ရုံး​စေ​၍``သင်​တို့​လိုက်​နာ​ရန် ထာ​ဝ​ရ​ဘု​ရား ဤ​သို့​ပ​ညတ်​တော်​မူ​သည်။-
2 Ada enam hari untuk bekerja, tetapi hari yang ketujuh adalah hari untuk beristirahat, hari raya yang dikhususkan bagi TUHAN. Siapa yang bekerja pada hari Sabat harus dihukum mati.
သင်​တို့​သည်​ရက်​သတ္တ​တစ်​ပတ်​တွင်​ခြောက်​ရက် အ​လုပ်​လုပ်​နိုင်​၏။ သို့​ရာ​တွင်​သတ္တ​မ​နေ့​သည်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဆက်​ကပ်​သော၊ ထူး​မြတ်​သည့်​နား​ရက်​ဖြစ်​ရ​မည်။ ထို့​နေ့​တွင် အ​လုပ်​လုပ်​သော​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ မည်။-
3 Pada hari itu kamu tak boleh menyalakan api di rumahmu."
ဥ​ပုသ်​နေ့​တွင်​သင်​တို့​၏​နေ​အိမ်​များ​၌​မီး​ကို ပင်​မ​မွေး​ရ'' ဟု​ဆင့်​ဆို​၏။
4 Musa berkata kepada seluruh bangsa Israel, "Beginilah perintah TUHAN:
တစ်​ဖန်​မော​ရှေ​က ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​အား``သင်​တို့​အား​ထာ​ဝရ​ဘု​ရား ဤ​သို့​မိန့်​တော်​မူ​သည်။-
5 Bawalah persembahan kepada TUHAN. Siapa yang tergerak hatinya, harus mempersembahkan emas, perak, dan perunggu;
သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား အ​လှူ​ဝတ္ထု ဆက်​သ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​အ​လှူ ဝတ္ထု​ဆက်​ကပ်​လို​သူ​တို့​သည်​ရွှေ၊ ငွေ၊ ကြေး​ဝါ၊-
6 kain linen halus, kain wol biru, ungu dan merah; kain dari bulu kambing;
ပိတ်​ချော၊ အ​ပြာ​ရောင်​သိုး​မွေး၊ ခ​ရမ်း​ရောင် သိုး​မွေး၊ အ​နီ​ရောင်​သိုး​မွေး၊ ဆိတ်​မွေး​အ​ထည်၊-
7 kulit domba jantan yang diwarnai merah; kulit halus, kayu akasia,
အ​နီ​ဆိုး​သော​သိုး​ထီး​သား​ရေ၊ သား​ရေ ချော၊ အ​ကာ​ရှ​သစ်​သား၊-
8 minyak untuk lampu; rempah-rempah untuk minyak upacara dan untuk dupa yang harum;
မီး​ထွန်း​ရန်​ဆီ၊ ဘိ​သိက်​ဆီ​နှင့်​နံ့​သာ​ပေါင်း အ​တွက်​အ​မွှေး​အ​ကြိုင်၊-
9 permata delima dan permata lain untuk ditatah pada baju efod dan tutup dada Imam Agung."
ယဇ်​ပု​ရော​ဟိတ်​မင်း​၏​သင်​တိုင်း​နှင့်​ရင်​ဖုံး အဝတ်​တို့​တွင်​စီ​ချယ်​သည့်​မ​ဟူ​ရာ​ကျောက် နှင့်​အ​ခြား​ကျောက်​မျက်​ရ​တ​နာ​များ​ကို ယူ​ဆောင်​ခဲ့​ရ​မည်'' ဟု​ဆင့်​ဆို​၏။
10 "Semua pengrajin yang ahli di antara kamu harus datang untuk membuat segala yang diperintahkan TUHAN, yaitu:
၁၀``သင်​တို့​တွင်​ရှိ​သော​အ​တတ်​ပ​ညာ​ရှင် အ​ပေါင်း​တို့​သည် ထာ​ဝရ​ဘု​ရား​မိန့်​မှာ​တော် မူ​သည့်​အ​တိုင်း​လာ​၍​လုပ်​ဆောင်​ရ​ကြ​မည်။-
11 Kemah, atap dan tutupnya, kait dan rangkanya, kayu-kayu lintang, tiang pintu dan alasnya;
၁၁တဲ​တော်​နှင့်​အ​မိုး​အ​ကာ၊ တဲ​တော်​ချိတ်​များ၊ ဘောင်​ခွေ​များ၊ ကန့်​လန့်​ကျင်​များ၊ တိုင်​များ​နှင့် အောက်​ခြေ​စွပ်​များ၊-
12 Peti Perjanjian dengan kayu pengusungnya, tutupnya dan kain penudungnya;
၁၂ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့်​ထမ်း​ပိုး​တန်း​များ၊ သေတ္တာ​တော်​အ​ဖုံး၊ သေတ္တာ​တော်​ကို​ကာ​ရံ ထား​သော​ကန့်​လန့်​ကာ၊-
13 meja dengan kayu pengusungnya, semua perlengkapannya dan roti sajian
၁၃စား​ပွဲ​နှင့်​ထမ်း​ပိုး​တန်း​များ၊ စား​ပွဲ​နှင့်​ဆိုင် သော​ပစ္စည်း​များ၊ ရှေ့​တော်​ဆက်​မုန့်၊-
14 kaki lampu untuk penerangan dengan perlengkapannya, lampu dengan minyaknya;
၁၄ဆီ​မီး​ခုံ​နှင့်​ဆီ​မီး​ခုံ​ပစ္စည်း​များ၊ မီး​ခွက် များ​နှင့်​မီး​ထွန်း​ရန်​ဆီ၊-
15 mezbah tempat membakar dupa dengan kayu pengusungnya, minyak upacara, dupa yang harum; tirai untuk pintu Kemah,
၁၅နံ့​သာ​ပေါင်း​မီး​ရှို့​ရာ​ပလ္လင်​နှင့် ထမ်း​ပိုး​တန်း များ၊ ဘိ​သိက်​ဆီ၊ မွှေး​ကြိုင်​သော​နံ့​သာ​ပေါင်း၊ တဲ​တော်​တံ​ခါး​ဝ​ကန့်​လန့်​ကာ၊-
16 mezbah untuk kurban bakaran dengan kisi-kisi dari perunggu, kayu pengusung dengan semua perlengkapannya; bak tempat membasuh dengan alasnya,
၁၆ယဇ်​ပူ​ဇော်​ရာ​ပလ္လင်​နှင့်​ကြေး​ဝါ​ဆန်​ခါ၊ ပလ္လင် အ​တွက်​ထမ်း​ပိုး​တန်း​နှင့်​ဆိုင်​ရာ​ပစ္စည်း​အား​လုံး၊ အင်​တုံ​နှင့်​အောက်​ခြေ၊-
17 layar-layar untuk pelataran, tiang-tiang dengan alasnya, tirai pintu gerbang pelataran,
၁၇တဲ​တော်​ဝင်း​ကန့်​လန့်​ကာ​များ​နှင့်​တိုင်​များ၊ ခြေ​စွပ်​များ၊ ဝင်း​ပေါက်​ကန့်​လန့်​ကာ၊-
18 patok-patok dan tali-temali untuk Kemah dan untuk pelatarannya;
၁၈တဲ​တော်​အ​တွက်​ကြက်​ဆူး​များ၊ တဲ​တော်​နှင့် တဲ​တော်​ဝင်း​အ​တွက်​ကြိုး​များ၊-
19 pakaian ibadat untuk para imam pada waktu mereka bertugas di Ruang Suci dan pakaian khusus untuk imam Harun, dan anak-anaknya."
၁၉ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​နှင့်​သူ​၏​သား​များ သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​မှု​ထမ်း​ဆောင် စဉ်​ဝတ်​ဆင်​ရန်၊ ထည်​ဝါ​ခန့်​ညား​သော​အဝတ် အ​ထည်​များ​စ​သည်​တို့​အ​တွက်​စီ​မံ ဆောင်​ရွက်​ရ​ကြ​မည်'' ဟု​ဆင့်​ဆို​လေ​၏။
20 Lalu semua orang Israel yang berkumpul itu bubar,
၂၀ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မော​ရှေ​ထံ​မှ​ထွက်​ခွာ​သွား​ကြ​လေ​၏။-
21 dan siapa saja yang tergerak hatinya, membawa persembahan kepada TUHAN untuk melengkapi Kemah TUHAN. Mereka juga membawa semua yang diperlukan untuk ibadat dan bahan untuk pakaian imam.
၂၁ထာ​ဝ​ရ​ဘု​ရား​အား​လှူ​ဖွယ်​ဝတ္ထု​ဆက်​ကပ် ရန် စိတ်​စေ​တ​နာ​ရှိ​သူ​အ​ပေါင်း​တို့​သည်၊ ထာ ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​အ​တွက်၊ လှူ ဖွယ်​ဝတ္ထု​များ​ကို​ယူ​ဆောင်​လာ​ကြ​၏။ သူ​တို့ သည်​ဘု​ရား​ဝတ်​ပြု​ရာ​၌​လို​အပ်​သော​ပစ္စည်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ဝတ်​အ​ထည်​များ ပြု​လုပ်​ရန်​ပစ္စည်း​များ​ကို​ယူ​ဆောင်​ခဲ့​ကြ​၏။-
22 Siapa saja yang mau, baik laki-laki maupun perempuan, datang membawa peniti hiasan, anting-anting, cincin, kalung, dan segala macam perhiasan emas untuk dipersembahkan kepada TUHAN.
၂၂စိတ်​စေ​တ​နာ​ရှိ​သော​အ​မျိုး​သား​နှင့်​အ​မျိုး သ​မီး​တို့​သည်​ရွှေ​ရင်​ထိုး၊ ရွှေ​နား​ကွင်း၊ ရွှေ​လက် စွပ်​ရွှေ​ဆွဲ​ကြိုး​တို့​ကို​အ​ထူး​ပူ​ဇော်​သကာ အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​ထံ​ယူ​ဆောင်​လာ​၍၊
23 Setiap orang yang mempunyai kain linen halus, kain wol biru, ungu atau merah, kain dari bulu kambing, kulit domba jantan yang diwarnai merah, atau kulit halus, mempersembahkan barang itu.
၂၃အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး၊ ပိတ်​ချော၊ ဆိတ်​မွေး​ထည်၊ အ​နီ​ဆိုး​သိုး​ထီး​သား ရေ၊ သား​ရေ​ချော​ပိုင်​ရှင်​အ​ပေါင်း​တို့​သည်၊ ထို ပစ္စည်း​များ​ကို​ယူ​ဆောင်​လာ​ကြ​၏။-
24 Setiap orang yang dapat menyumbangkan perak atau perunggu, membawanya untuk TUHAN. Begitu juga dilakukan oleh orang-orang yang mempunyai kayu akasia untuk pekerjaan itu.
၂၄ငွေ​သို့​မ​ဟုတ်​ကြေး​ဝါ​လှူ​နိုင်​သူ​တို့​က​ထာ​ဝ​ရ ဘု​ရား​အား​ထို​ပစ္စည်း​များ​ကို​ဆက်​ကပ်​ကြ​၏။ အ​ကာ​ရှ​သစ်​ရှိ​သူ​တို့​က၊ ဆောက်​လုပ်​ရာ​၌ အ​သုံး​ပြု​ရန်​ထို​ပစ္စည်း​ကို​ဆက်​ကပ်​ကြ​၏။-
25 Para wanita yang pandai memintal membawa benang linen halus serta benang wol biru, ungu dan merah yang telah mereka buat.
၂၅ချည်​ငင်​ကျွမ်း​ကျင်​သူ​အမျိုး​သမီး​အ​ပေါင်း​သည်၊ သိုး​မွေး​ချည်​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​နှင့် ပိတ်​ချော​ချည်၊ ဆိတ်​မွေး​ချည်​တို့​ကို​ဆက်​ကပ် ကြ​၏။-
26 Mereka juga memintal benang dari bulu kambing.
၂၆
27 Para pemimpin membawa permata delima dan permata-permata lain untuk ditatah pada efod dan tutup dada.
၂၇ဣ​သ​ရေ​လ​အမျိုး​သား​အကြီး​အကဲ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ဝတ်​အ​ထည်​များ ဖြစ်​သော​သင်​တိုင်း​နှင့်​ရင်​စည်း​အ​ဝတ်​တို့ တွင်​တပ်​ဆင်​ရန်၊ ကျောက်​နီ​နှင့်​အ​ခြား ကျောက်​မျက်​ရ​တ​နာ​တို့​ကို​လည်း​ကောင်း၊-
28 Mereka juga membawa rempah-rempah dan minyak untuk lampu, minyak upacara dan dupa yang harum.
၂၈မီး​ခွက်​များ၊ ဘိ​သိက်​ဆီ၊ မွှေး​ကြိုင်​သော​နံ့​သာ ပေါင်း​အ​တွက်​အ​မွှေး​အ​ကြိုင်​နှင့်​ဆီ​တို့​ကို လည်း​ကောင်း၊ ဆက်​ကပ်​ကြ​၏။-
29 Semua orang Israel dengan sukarela membawa persembahan mereka kepada TUHAN untuk pekerjaan yang diperintahkan TUHAN melalui Musa.
၂၉မော​ရှေ​မှ​တစ်​ဆင့်​ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း သော​အ​လုပ်​အ​တွက်​အ​မျိုး​သား​အ​မျိုး သ​မီး​အ​ပေါင်း​တို့​သည်​စိတ်​စေ​တ​နာ​ထက် သန်​စွာ​ဖြင့်၊ မိ​မိ​တို့​လှူ​ဖွယ်​ဝတ္ထု​များ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​ဆက်​ကပ်​ကြ​၏။
30 Kemudian Musa berkata kepada orang Israel, "TUHAN telah memilih Bezaleel anak Uri, cucu Hur, dari suku Yehuda
၃၀မော​ရှေ​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား``ထာ​ဝ​ရ​ဘု​ရား​သည်​ယု​ဒ​အ​နွယ် ဟု​ရ​၏​မိ​သား​စု​မှ ဥ​ရိ​၏​သား​ဗေ​ဇ လေ​လ​ကို​ရွေး​ချယ်​ထား​တော်​မူ​၏။-
31 dan menganugerahi dia dengan kuasa-Nya. Allah memberi dia pengertian, kecakapan dan kemampuan dalam segala macam karya seni,
၃၁သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​တန်​ခိုး​ကို ခံ​ယူ​ရ​ရှိ​သ​ဖြင့်၊ ရွှေ၊ ငွေ၊ ကြေး​ဝါ​တို့​ကို​ပုံ အ​မျိုး​မျိုး​ဖော်​လုပ်​နိုင်​သော​ပ​ညာ၊-
32 untuk membuat rancangan yang memerlukan keahlian, serta mengerjakannya dari emas, perak dan perunggu;
၃၂
33 untuk mengasah batu permata yang akan ditatah; untuk mengukir kayu dan untuk segala macam karya seni lainnya.
၃၃ကျောက်​မျက်​ကို​သွေး​၍​စီ​ချယ်​သော​အ​တတ်၊ သစ်​သား​ပန်း​ပု​ထု​သော​အ​တတ်​အ​စ​ရှိ သည့်​အ​နု​ပ​ညာ​အ​တတ်​အ​မျိုး​မျိုး​ကို တတ်​ကျွမ်း​နား​လည်​နိုင်​စွမ်း​ရှိ​ပေ​သည်။-
34 Kepada Bezaleel dan Aholiab, anak Ahisamakh dari suku Dan, TUHAN memberi kepandaian untuk mengajarkan keahlian mereka kepada orang lain.
၃၄ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​လည်း​ကောင်း၊ ဒန်​အ​နွယ်​မှ​အ​ဟိ​သ​မက်​၏​သား​အ​ဟော လျ​ဘ​အား​လည်း​ကောင်း၊ မိ​မိ​တို့​၏​အ​တတ် ပ​ညာ​ကို​အ​ခြား​သူ​တို့​အား​သင်​ပေး​နိုင် စွမ်း​ပေး​ထား​တော်​မူ​၏။-
35 Mereka diberi kepandaian dalam segala macam pekerjaan yang dilakukan oleh ahli pahat, perancang dan ahli tenun linen halus, wol biru, ungu dan merah, dan kain lain. Mereka adalah perancang yang ahli dan dapat melakukan segala macam pekerjaan.
၃၅သူ​တို့​အား​ပန်း​ပု​အ​တတ်၊ ပုံ​စံ​ထုတ်​သော အ​တတ်၊ အ​ပြာ​ရောင်၊ ခရမ်း​ရောင်၊ အ​နီ​ရောင် သိုး​မွေး၊ ပိတ်​ချော​နှင့်​အ​ခြား​အ​ထည်​တို့ ကို​ယက်​လုပ်​သည့်​အ​တတ်​ပ​ညာ​အ​မျိုး​မျိုး ကို​ပေး​တော်​မူ​၏။ သူ​တို့​သည်​အ​တတ်​ပ​ညာ အ​မျိုး​မျိုး​တို့​တွင်​ထူး​ချွန်​၍ ပုံ​စံ​ထုတ် ရာ​တွင်​ပြောင်​မြောက်​သူ​များ​ဖြစ်​ကြ​၏။

< Keluaran 35 >