< Numero 27 >

1 Kalpasanna, dimmatag kenni Moises dagiti babbai nga annak ni Zelofehad nga anak a lalaki ni Hefer nga anak a lalaki ni Galaad nga anak a lalaki ni Makir nga anak a lalaki ni Manases nga anak a lalaki ni Jose. Dagitoy dagiti nagnagan dagiti annakna a babbai: da Mala, Noa, Hogla, Milca, ken Tirza
ထိုအခါ ယောသပ်၏သား၊ မနာရှေအဆွေ အမျိုး၌ပါလျက်၊ မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖေရတို့မှ ဆင်းသက်သော ဇလောဖဒ်၏သမီး မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတို့သည်လာ၍၊
2 Nagtakderda iti sangoanan da Moises ken Eleazar a padi, kadagiti panguloen, ken iti sangoanan dagiti tattao idiay pagserkan ti tabernakulo. Kinunada,
ပရိသတ်စည်းဝေးရာ တဲတော်တံခါး နား၊ မောရှေနှင့် ယဇ်ပုရော ဟိတ် ဧလာဇာ၊ မင်းများ၊ ပရိသတ်များအပေါင်းတို့ ရှေ့မှာရပ်လျက်၊
3 “Natay ni amami idiay let-ang. Saan isuna a karaman kadagiti naguummong a bimmusor kenni Yahweh a kakadua ni Kora. Natay isuna iti bukodna a basol; ngem ketdi, gapu iti bukodna a basol a natay isuna.
အကျွန်ုပ်တို့၏အဘသည် တော၌သေပါ၏။ ထာဝရဘုရား တဘက်၌ စုဝေးသော အပေါင်းအသင်း၊ ကောရ၏အပေါင်းအသင်း၌ မပါ။ မိမိအပြစ်ကြောင့် သေပါ၏။ သူ၌ သားယောက်ျား မရှိပါ။
4 Apay a rumbeng a mapukaw ti nagan ni amami kadagiti kapulianna gapu ta awan anakna a lalaki? Ikkandakami iti daga kadagiti kakabagian ni amami.”
ထိုသို့ သားယောက်ျားမရှိ သောကြောင့်၊ အကျွန်ုပ်တို့အဘ၏ အမည်သည် အကျွန်ုပ်တို့အဆွေ အမျိုး၌ ပျောက်ရပါမည်လော။ အကျွန်ုပ်တို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ၊ အကျွန်ုပ်တို့အား အမွေပေးပါဟု လျှောက်ကြ၏။
5 Isu nga inkamang ni Moises dayta a banag iti sangoanan ni Yahweh.
သူတို့အမှုကို မောရှေသည် ထာဝရဘုရားရှေ့ တော်၌ ထားလေ၏။
6 Nagsao ni Yahweh kenni Moises ket kinunana,
ထာဝရဘုရားကလည်း၊ ဇလောဖဒ် သမီးတို့၏ စကားသည် လျောက်ပတ်ပေ၏။
7 “Husto ti ibagbaga dagiti annak a babbai ni Zelofehad. Nasken nga ikkam ida iti daga kas tawidda kadagiti kabagian ni amada, ken rumbeng a siguradoem a maipatawid kadakuada ti tawid ni amada.
အကယ်စင်စစ် သူတို့အဘ၏ ညီအစ်ကိုတို့နှင့် အတူ အမွေခံရသောအခွင့်ကို သူတို့အားပေးရမည်။ သူတို့အဘ၏အမွေဥစ္စာသည် သူတို့လက်သို့ ရောက်စေရ မည်။
8 Masapul nga agsaoka dagiti tattao ti Israel ket ibagam kadakuada, 'No matay ti maysa a lalaki nga awan anakna a lalaki, masapul ngarud nga ipatawidmo ti dagana iti anakna a babbai.
သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ လူသည် သားယောက်ျားမရှိဘဲသေလျှင်၊ သူ၏အမွေဥစ္စာကို သူ၏သမီးလက်သို့ ရောက်စေရမည်။
9 No awan anakna a babai, masapul nga itedmo ngarud ti tawidna kadagiti kakabsatna a lalaki.
သမီးမရှိလျှင်၊ သူ၏ အမွေဥစ္စာကို သူ၏ ညီအစ်ကိုတို့အား ပေးရမည်။
10 No awan kabsatna a lallaki, masapu nga itedmo ngarud ti tawidna kadagiti ulitegna.
၁၀ညီအစ်ကိုမရှိလျှင်၊ အမွေဥစ္စာကို ဘကြီး ဘထွေး တို့အား ပေးရမည်။
11 No awan kakabsat a lallaki ti amana, masapul nga itedmo ngarud ti tawidna iti kaasitgan a kabagianna iti pulina ket alaenna daytoy a kukuana. Agbalinto a linteg daytoy para kadagiti tattao ti Israel, kas imbilin ni Yahweh kaniak.’”
၁၁ဘကြီးဘထွေးမရှိလျှင်၊ သူ၏အဆွေအမျိုး၌ နီးစပ်ရင်းခြာသော ပေါက်ဘော်အား ပေး၍၊ ထိုသူသည် ပိုင်ရမည်။ ဤရွေ့ကား၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့၌ စီရင်ထုံးဖွဲ့ချက်ဖြစ်စေဟု မောရှေအား မိန့်တော်မူ၏။
12 Kinuna ni Yahweh kenni Moises, “Sumang-atka kadagiti bantay iti Abarim, ket tannawagam ti daga nga intedko kadagiti tattao ti Israel.
၁၂တဖန် ထာဝရဘုရားက၊ သင်သည် ဤအာဗရိမ် တောင်ပေါ်သို့ တက်လော့။ ဣသရေလအမျိုးသားတို့ အား ငါပေးသောပြည်ကို ကြည့်ရှုလော့။
13 Kalpasan a makitam daytoy, maitiponka met kadagiti tattaom, kas kenni Aaron a kabsatmo.
၁၃သို့ပြီးမှ၊ သင်၏အစ်ကိုအာရုန်သည် မိမိလူမျိုး စည်းဝေးရာသို့ သွားသကဲ့သို့၊ သင်သည်လည်း သွားရ မည်။
14 Mapasamakto daytoy gapu ta sinukiryo a dua ti bilinko idiay let-ang iti Zin. Idi nagpusuak sadiay ti danum manipud iti bato, gapu iti ungetmo, saannak a rinaem a kas nasantoan iti imatang dagiti amin a tattao.” Dagitoy dagiti danum iti Meriba iti Kades iti let-ang ti Zin.
၁၄အကြောင်းမူကား၊ ပရိသတ်တို့သည် ဇိနတော၊ ကာဒေရှအရပ်၊ မေရိဘစမ်းရေအနား၌ ရုန်းရင်းခတ်ပြု ကြသောအခါ၊ သင်တို့သည် ငါ့စကားကို ဆန့်ကျင်ဘက် ပြု၍၊ သူတို့ရှေ့မှာ ငါ့ကို မရိုမသေပြုသော အပြစ်ရှိ သည်ဟု မောရှေအား မိန့်တော်မူ၏။
15 Ket nakisarita ni Moises kenni Yahweh ket kinunana,
၁၅မောရှေကလည်း၊ ထာဝရဘုရား၏ ပရိသတ် တို့သည် အထိန်းမရှိသော သိုးကဲ့သို့ မဖြစ်မမည် အကြောင်း၊ ခပ်သိမ်းသော သတ္တဝါတို့၏ အသက်ဝိညာဉ် ကို အစိုးရတော်မူသော ဘုရားသခင် ထာဝရဘုရားသည်၊ ဤပရိသတ်တို့ရှေ့၌ ထွက်ဝင်နိုင်သောသူ၊ ပြင်သို့ ထုတ် ခြင်း၊ အတွင်းသို့ သွင်းခြင်းအမှုကို တတ်နိုင်သောသူ တစုံတယောက်ကို သူတို့အပေါ်မှာ ခန့်ထားတော်မူပါစေ သောဟု ထာဝရဘုရားအား လျှောက်လေ၏။
16 “O Yahweh, ti Dios dagiti espiritu ti amin a tattao, mangdutokka koma iti maysa a tao manipud kadagiti tattao,
၁၆
17 maysa a tao a makabael a mangidalan kadakuada ken mangidaulo kadakuada a rumuar ken umuneg, tapno dagiti tattaom ket saan a kasla kadagiti karnero nga awan ti pastorna.”
၁၇
18 Kinuna ni Yahweh kenni Moises, “Ayabam ni Josue nga anak a lalaki ni Nun, maysa a tao a pagnanaedan ti Espirituk, ken ipataymo ti imam kenkuana.
၁၈ထာဝရဘုရားကလည်း၊ ဝိညာဉ်တော်ကိုရသော နုန်၏သား ယောရှုကိုခေါ်၍၊ သင်၏လက်ကို သူ့အပေါ် မှာတင်လော့။
19 Ipanmo isuna iti sangoanan ni Eliazar a padi ken iti amin a tattao, ket bilinem isuna iti imatangda nga idauloanna ida.
၁၉ယဇ်ပုရောဟိတ် ဧလာဇာရှေ့၊ ပရိသတ် အ ပေါင်းတို့ရှေ့၌ သူ့ကိုထား၍ မှာခဲ့လော့။
20 Masapul nga ikkam isuna iti turay tapno agtungpal kenkuana ti amin nga tattao ti Israel.
၂၀ဣသရေလအမျိုးသားအပေါင်းတို့သည်၊ သူ၏ စကားကို နားထောင်မည်အကြောင်း၊ သင်၏ ဘုန်း အသရေအချို့ကို သူ့အပေါ်၌ တင်ထားလော့။
21 Mapan isuna iti sangoanan ti Eliazar a padi a mangammo ti pagayatak para kenkuana babaen kadagiti pangngeddeng ti Urim. Babaento daytoy iti bilinna a rummuar ken umuneg dagiti tattao, isuna ken amin nga Israelita a kaduana, dagiti amin a tattao.”
၂၁ထိုသူသည် ယဇ်ပုရောဟိတ် ဧလာဇာရှေ့မှာ ရပ်သောအခါ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ရှေ့တော်၌ ဥရိမ်စီရင်ဆုံးဖြတ်သော တရားအတိုင်း၊ သူ့အတွက် မေးမြန်းရမည်။ သူစီရင်သည်အတိုင်း၊ သူနှင့်အတူ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့ သည် ထွက်ဝင်ရကြမည်ဟု ထာဝရဘုရားသည် မောရှေ အား မှာထားတော်မူသည်အတိုင်း မောရှေပြုလျှက်၊ ယောရှုကိုခေါ်၍ ယဇ်ပုရောဟိတ် ဧလာဇာရှေ့၊ ပရိသတ် အပေါင်းတို့ရှေ့၌ ထားပြီးလျှင်၊
22 Inaramid ngarud ni Moises kas imbilin ni Yahweh kenkuana. Impanna ni Josue iti sangoanan ni Eliazar a padi ken kadagiti amin a tattao.
၂၂
23 Impatayna dagiti imana kenkuana ken binilinna isuna a mangidaulo, a kas imbilin ni Yahweh nga aramidenna.
၂၃သူ့အပေါ်မှာ လက်ကိုတင်၍ မှာခဲ့လေ၏။ ထိုသို့ ထာဝရဘုရားသည် မောရှေအားဖြင့် ပညတ်ထားတော် မူ၏။

< Numero 27 >