< Numero 23 >

1 Kinuna ni Balaam kenni Balak, “Mangibangonka iti pito nga altar ditoy para kaniak ken mangisaganaka iti pito a toro a baka ken pito a kalakian a karnero.”
ထိုအခါ ဗာလမ်က၊ ဤအရပ်၌ ငါ့အဘို့ ယဇ် ပလ္လင်ခုနစ်ခုကို တည်လော့။ နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်တို့ကို ပြင်ဆင်လော့ဟု ဗာလက်မင်း အား ဆိုသည်အတိုင်း၊
2 Inaramid ngarud ni Balak kas kiniddaw ni Balaam. Ket nangidatonda a dua iti maysa a baka ken maysa a karnero iti rabaw ti tunggal altar.
ဗာလက်မင်းသည် ပြုပြီးလျှင်၊ ထိုသူနှစ်ပါးတို့ သည် ယဇ်ပလ္လင်တခုတခုအပေါ်မှာ နွားတကောင်စီနှင့် သိုးတကောင်စီကို ပူဇော်ကြ၏။
3 Kalpasanna, kinuna ni Balaam kenni Balak, “Agtakderka iti abay ti datonmo a maipuor ta mapanakon. Nalabit nga umaynak saraken ni Yahweh. Ibagakto kenka ti aniaman nga ipakitana kaniak.” Isu a napan isuna iti tuktok ti turod nga awan iti kakaykayona.
ဗာလမ်ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ရာ ယဇ်နားမှာရပ်လော့။ ငါသည် အခြားတပါးသို့ သွားပါ မည်။ ထာဝရဘုရားသည် ငါ့ကို ကြိုဆိုခြင်းငှါ ကြွလာ ကောင်းကြွလာတော်မူလိမ့်မည်။ ငါ့အား ပြတော်မူသမျှကို မင်းကြီးအား ငါကြားပြောပါမည်ဟု ဗာလက်မင်းအား ဆိုပြီးမှ ကုန်းတခုပေါ်သို့ တက်သွား၏။
4 Immay ti Dios kenkuana, ket kinuna ni Balaam iti Dios, “Nangbangonak iti pito nga altar, ket nangidatonak iti maysa a baka ken maysa a karnero iti tunggal maysa kadagitoy.”
ဘုရားသခင်သည် ဗာလမ်ကို ကြိုဆိုတော်မူ လျှင်၊ ဗာလမ်က အကျွန်ုပ်သည် ယဇ်ပလ္လင်ခုနစ်ခုကို ပြင်ဆင်၍ ပလ္လင်တခုတခုအပေါ်မှာ နွားထီးတကောင် စီနှင့် သိုးထီးတကောင်စီကို ပူဇော်ပါပြီဟု လျှောက် လေ၏။
5 Nangikabil ni Yahweh iti mensahe iti ngiwat ni Balaam ket kinunana, “Agsublika kenni Balak ket kasaritam isuna.”
ထာဝရဘုရားသည် ဗာလမ်နှုတ်၌ စကားကို ထားလျက်၊ သင်သည် ဗာလက်မင်းထံသို့ ပြန်၍ ဤသို့ ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊
6 Nagsubli ngarud ni Balaam kenni Balak, a sitatakder iti abay ti datonna a naipuor, ken kaduana dagiti amin a pangulo ti Moab.
ဗာလမ်ပြန်သောအခါ၊ ဗာလက်မင်းသည် မောဘမှူးမတ်အပေါင်းတို့နှင့်တကွ၊ မိမိပူဇော်သော မီးရှို့ ရာယဇ်နားမှာ ရပ်နေ၏။
7 Ket rinugian ni Balaam nga insao ti padtona ket kinunana, “Inkuyognak ni Balak manipud Aram. Ti ari ti Moab a naggapu kadagiti kabanbantayan iti daya. 'Umayka, ilunodmo ni Jacob para kaniak,' kinunana. 'Umaymo dupraken ti Israel.'
ထိုအခါ ဗာလမ်သည်၊ ပရောဖက်စကားအား ဖြင့် မြွက်ဆိုသည်ကား၊ မောဘရှင်ဘုရင် ဗာလက်က၊ လာပါ။ ငါ့အဘို့ ယာကုပ်အမျိုးကို ကျိန်ဆဲပါ။ လာပါ။ ဣသရေလအမျိုးကို ပျက်စီးခြင်းသို့ အပ်လိုက်ပါဟု ခေါ်၍ ငါ့ကို အာရံပြည်အရှေ့တောင်ရိုးမှ ဆောင်ခဲ့ပြီ။
8 Kasanok nga ilunod dagiti saan nga inlunod ti Dios? Kasanok a supiaten dagiti saan a sinupiat ni Yahweh?
ဘုရားသခင်ကျိန်ဆဲတော်မမူသော သူကို အဘယ်သို့ ငါကျိန်ဆဲနိုင်မည်နည်း။ ဘုရားသခင်သည် ပျက်စီးခြင်းသို့ အပ်တော်မမူသောသူကို အဘယ်သို့ ငါအပ်နိုင်မည်နည်း။
9 Ta manipud iti tuktok dagiti dadakkel a bato ket makitkitak isuna; manipud kadagiti katurturodan ket matantannawagak isuna. Kitaem, adda dita ti tattao nga agbibiag nga agmaymaysa ket saanda nga ibilang ti bagbagida a kas maysa laeng a gagangay a nasion.
ကျောက်ပေါ်က သူ့ကို ငါမြင်၏။ တောင်ပေါ်က သူ့ကို ငါကြည့်ရှု၏။ ထိုလူမျိုးသည် တမျိုးတည်းနေ၍ အခြားတပါးသော လူမျိုးတို့နှင့် မရောနှောရ။
10 Siasino ti makabilang iti tapok ni Jacob wenno ti kakapat a bilang dagiti Israelita? Pumusayak koma a kas iti ipupusay ti nalinteg a tao, ket gibusam ti biagko kas kenkuana!”
၁၀ယာကုပ်အမျိုးမြေမှုန့်ကို အဘယ်သူရေတွက် နိုင်သနည်း။ ဣသရေလအမျိုးလေးစုတစုကိုမျှ အဘယ် သူရေတွက်နိုင်သနည်း။ ဖြောင့်မတ်သောသူသေသကဲ့သို့ ငါသေပါစေသော။ ငါ့အဆုံးသည် သူ၏အဆုံးကဲ့သို့ဖြစ်ပါ စေသောဟု မြွက်ဆို၏။
11 Kinuna ni Balak kenni Balaam, “Ania daytoy nga inaramidmo kaniak? Inkuyogka tapno ilunodmo dagiti kabusorko, ngem adtoy, binendisionam ketdi ida.”
၁၁ဗာလက်မင်းကလည်း၊ သင်သည် ငါ၌ အဘယ် သို့ပြုသနည်း။ ငါ၏ရန်သူတို့ကို ကျိန်ဆဲစေခြင်းငှါ သင့်ကို ငါခေါ်ခဲ့ပြီ။ သို့သော်လည်း သင်သည် လုံးလုံးကောင်းကြီး ပေးလေပြီတကားဟု ဗာလမ်အားဆိုလျှင်၊
12 Simmungbat ni Balaam ket kinunana, “Saan kadi a ti rumbeng nga ibagak ket dagiti laeng ikabil ni Yahweh iti ngiwatko?”
၁၂ဗာလမ်က၊ ထာဝရဘုရားသည် ငါ့နှုတ်၌ ထားတော်မူသောစကားကို ပြောရအောင် ငါသတိမပြုရ သလောဟု ပြန်ဆို၏။
13 Isu a kinuna ni Balak kenkuana, “Pangngaasim, kumuyogka kaniak iti sabali pay a lugar a pakakitaam kadakuada. Dagiti laeng asideg ti makitam kadakuada, saanmo ida a makita amin. Sadiay, ilunodmo ida para kaniak.”
၁၃ဗာလက်မင်းကလည်း၊ ဣသရေလအမျိုးသား အပေါင်းတို့ကို တပြိုင်နက် မမြင်ရဘဲ တပိုင်းကိုမျှသာ ကြည့်မြင်ရာ၊ အခြားသောအရပ်သို့ ငါနှင့်အတူ လိုက်ပါ လော့။ ထိုအရပ်၌ သူတို့ကို ငါ့အဘို့ ကျိန်ဆဲပါဟု ဆိုလျက်၊
14 Isu nga inkuyog ni Balak ni Balaam iti tay-ak ti Zofim nga agturong iti tuktok ti Bantay Pisga, ket nangbangon manen isuna iti pito nga altar. Nangidaton isuna iti maysa a baka ken maysa a karnero iti rabaw ti tunggal altar.
၁၄ပိသဂါ တောင်ပေါ်၊ ဇောဖိမ်လယ်ပြင်သို့ ဆောင်သွား၍ ယဇ်ပလ္လင်ခုနစ်ခုကို တည်ပြီးမှ၊ ပလ္လင်တခု တခုအပေါ်မှာ နွားတကောင်စီနှင့် သိုးတကောင်စီကို ပူဇော်လေ၏။
15 Kalpasanna, kinuna ni Balaam kenni Balak, “Agtakderka ditoy abay ti datonmo a naipuor, bayat ti pannakisarakko kenni Yahweh sadiay.
၁၅ဗာလမ်ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ရာ ယဇ်နားမှာ ရပ်လော့။ ငါသည် ထာဝရဘုရားကို ခရီး ဦးကြိုပြုခြင်းငှါ အခြားတပါးသို့ သွားပါမည်ဟု ဗာလက် မင်းအား ဆို၏။
16 Sinarak ngarud ni Yahweh ni Balaam ket inkabilna ti mensahe iti ngiwatna. Kinunana, “Agsublika kenni Balak ket itedmo ti mensahek kenkuana.”
၁၆ထာဝရဘုရားသည် ဗာလမ်ကို ကြိုဆို၍ သူ၏ နှုတ်၌စကားကိုထားလျက်၊ သင်သည် ဗာလက်မင်းထံသို့ ပြန်၍ ဤသို့ ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊
17 Nagsubli ni Balaam kenkuana, ket adtoy, agtaktakder isuna iti abay ti datonna a naipuor ken kaduana dagiti pangulo ti Moab. Ket kinuna ni Balak kenkuana, “Ania ti kinuna ni Yahweh?”
၁၇ဗာလမ်ပြန်သောအခါ၊ ဗာလက်မင်းသည် မောဘမှူးမတ်တို့နှင့်တကွ၊ မိမိပူဇော်သော မီးရှို့ရာယဇ် နားမှာ ရပ်နေလျက်၊ ထာဝရဘုရားသည် အဘယ်သို့ မိန့်တော်မူသနည်းဟု မေးလေ၏။
18 Rinugian ni Balaam ti padtona. Kinunana, “Tumakderka Balak, ket dumngegka. Denggennak, sika nga anak a lalaki ni Sefor.
၁၈ထိုအခါ ဗာလမ်သည်၊ ပရောဖက်စကားအား ဖြင့် မြွက်ဆိုသည်ကား၊ အိုဇိဖေါ်သား ဗာလက်မင်း၊ ထလော့။ ငါ့စကားကို စေ့စေ့နားထောင်လော့။
19 Saan a tao ti Dios tapno agulbod isuna. Wenno maysa a tao, tapno baliwanna ti kapanunotanna. Adda kadi inkarina a saanna a tinungpal? Adda kadi imbagana nga aramidenna a saanna a tinungpal?
၁၉ဘုရားသခင်သည် မုသာစကားကို ပြောအံ့သော ငှါ လူဖြစ်တော်မူသည်မဟုတ်။ နောင်တရအံ့သောငှါ လူသားဖြစ်တော်မူသည်မဟုတ်။ မိန့်တော်မူပြီးမှ၊ စကားတော်အတိုင်း မပြုဘဲ နေတော်မူမည်လော။ ဂတိထားတော်မူပြီးမှ၊ ဂတိတော် မတည်ဘဲနေတော်မူမည်လော။
20 Adtoy, nabilinak a mangbendision. Nangbendision ti Dios, ket saankon a mabaliwan daytoy.
၂၀ကောင်းကြီးပေးရမည်အကြောင်း၊ အမိန့်တော် ကို ငါခံရပြီ။ ဘုရားသခင် ကောင်းကြီးပေးတော်မူပြီ။ ထိုကောင်းကြီးကို ငါမဖျက်နိုင်။
21 Awan ti nakitana a pakarigatan kenni Jacob wenno pakariribukan idiay Israel. Adda kadakuada ni Yahweh a Diosda, ket ipukpukawda gapu ta adda kadakuada ti arida.
၂၁ယာကုပ်အမျိုးကို ညှဉ်းဆဲသောအမှု၊ ဣသ ရေလအမျိုးတဘက်၌ ပြုသော နှောင့်ရှက်ခြင်းအမှုကို ဘုရားသခင်သည် ကြည့်ရှု၍ နေတော်မမူ။ သူတို့ ဘုရား သခင် ထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူ၏။ ရှင်ဘုရင်ကြွေးကြော်ခြင်းအသံကို သူတို့တွင် ကြားရ၏။
22 Impanaw ida ti Dios manipud iti Egipto nga addaan pigsa a kas iti atap a baka.
၂၂ဘုရားသခင်သည် အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည် ကြံ့အား ကြီးသကဲ့သို့ အားကြီး၏။
23 Awan gamud nga agballigi kenni Jacob, ken awan mammadto a mangdangran iti Israel. Kastoy ketdi ti maibaga kenni Jacob ken iti Israel, 'Kitaem ti inaramid ti Dios!'
၂၃အကယ်စင်စစ် ယာကုပ်အမျိုးကို၊ ထူးဆန်း သော အတတ်အားဖြင့် မနိုင်ရာ။ ဣသရေလအမျိုးကို အဘယ်သူမျှ မပြုစားရာ။ ဘုရားသခင်သည် အဘယ်သို့ ပြုတော်မူပြီတကားဟု ယခုကာလကို ထောက်၍ ယာကုပ် အမျိုး၊ ဣသရေလအမျိုးကို ရည်ဆောင်လျက် ဆိုလေ့ရှိ လိမ့်မည်။
24 Adtoy, tumaktakder dagiti tattao a kas iti kabaian a leon, kas iti leon a kellaat nga agparang ket dumarup. Saan nga agidda agingga a makanna ti kinemmegna ken agingga a masepsepna ti dara ti napatayna.”
၂၄ဤလူမျိုးသည် ခြင်္သေ့ကဲ့သို့ ထလိမ့်မည်။ ခြင်္သေ့ ပျိုကဲ့သို့ ထလိမ့်မည်။ ဘမ်းမိသော အကောင်ကို မစားမှီ၊ သတ်အပ်သော တိရစ္ဆာန်အသွေးကို မသောက်မှီ တိုင်အောင် ငြိမ်ဝပ်စွာမနေဟု မြွက်ဆို၏။
25 Ket kinuna ni Balak kenni Balaam, “Saanmo ida nga ilunod wenno bendisionan ni kaanoman.”
၂၅ဗာလက်မင်းကလည်း၊ သူတို့ကို အလျှင်းမကျိန် ဆဲပါနှင့်။ ကောင်းကြီးကိုလည်း အလျှင်းမပေးပါနှင့်ဟု ဗာလမ်အားဆိုလျှင်၊
26 Ngem simmungbat ni Balaam ket kinunana kenni Balak,” Saan kadi nga imbagak kenka a masapul nga ibagak ti amin nga ibagbaga ni Yahweh kaniak?
၂၆ဗာလမ်က၊ ထာဝရဘုရားမိန့်တော်မူသမျှ အတိုင်း ငါပြုရပါမည်ဟု မင်းကြီးအား အရင်ပြောနှင့်ပြီ မဟုတ်လောဟု ဗာလက်မင်းအား ပြန်ပြော၏။
27 Ket insungbat ni Balak kenni Balaam, “Umaykan ta ikuyogka iti sabali pay a lugar. Nalabit a maay-ayonto ti Dios nga ilunodmo ida sadiay para kaniak.”
၂၇တဖန် ဗာလက်မင်းက၊ လာပါတော့။ အခြား သော အရပ်သို့ ဆောင်သွားပါမည်။ ထိုအရပ်၌ သူတို့ကို ငါ့အဘို့ ကျိန်ဆဲစေခြင်းငှါ ဘုရားသခင်အလိုတော် ရှိကောင်းရှိတော်မူလိမ့်မည်ဟု ဗာလမ်အား ဆိုလျက်၊
28 Inkuyog ngarud ni Balak ni Balaam iti tuktok ti Bantay Peor, a pakatantannawagan iti let-ang.
၂၈ယေရှိမုန်မြို့ကို မျက်နှာပြုသော ပေဂုရတောင် ထိပ်သို့ ဆောင်သွားလေ၏။
29 Kinuna ni Balaam kenni Balak, “Ibangonannak iti pito nga altar ditoy ket isaganam ti pito a baka ken pito a karnero.”
၂၉ဗာလမ်ကလည်း၊ ဤအရပ်၌ ငါ့အဘို့ ယဇ်ပလ္လင် ခုနစ်ခုကို တည်လော့။ နွားထီး ခုနစ်ကောင်၊ သိုး ထီး ခုနစ်ကောင်တို့ကို ပြင်ဆင်လော့ဟု ဗာလက်မင်းအား ဆိုသည်အတိုင်း၊
30 Inaramid ngarud ni Balak ti imbaga ni Balaam; nangidaton isuna iti maysa a baka ken maysa a karnero iti rabaw ti tunggal altar.
၃၀ဗာလက်မင်းသည်ပြု၍၊ ယဇ်ပလ္လင် တခုတခု အပေါ်မှာ နွားတကောင်စီနှင့် သိုးတကောင်စီကို ပူဇော် လေ၏။

< Numero 23 >