< Malakias 4 >

1 Ta kitaenyo, umadanin ti aldaw, gumilgil-ayab a kasla hurno, inton amin dagiti natangsit ken amin a nadangkes ket agbalinto a kasla garami. Ti dumteng nga aldaw ti manguram kadakuada,” kuna ni Yahweh a Mannakabalin amin, “ket daytoy ti mangkisap kadakuada agingga nga awan iti matda uray ramut wenno sanga.
မီးဖို၌ မီးလောင်သကဲ့သို့ လောင်သောနေ့ရက် ကာလသည် ရောက်လိမ့်မည်။ မာနကြီးသောသူနှင့် ဒုစရိုက်ကိုပြုသော သူအပေါင်းတို့သည် အမှိုက်ခြောက် ဖြစ်ကြလိမ့်မည်။ သူတို့အရင်းအဖျားမျှ မကျန်ကြွင်းစေ ခြင်းငှါ ထိုနေ့ရက်သည် လောင်လိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
2 Ngem dakayo nga agbuteng iti naganko, agsingisingto ti init iti kinalinteg nga adda pannakaagas kadagiti payyakna. Aglalagtokayto a rummuar a kasla kadagiti baka manipud iti kulungan.
ငါ၏နာမတော်ကို ကြောက်ရွံ့သောသင်တို့၌ ကား၊ တရားတောနေမင်းသည် အနာပျောက်စေသော အတောင်တို့နှင့် ပေါ်ထွန်းတော်မူမည်။ သင်တို့သည် ထွက်သွား၍ တင်းကုပ်၌ နွားသငယ်ကဲ့သို့ ခုန်ကြလိမ့် မည်။
3 Ket ibadebaddekyonto dagiti nadangkes, ta agbalindanto a dapu kadagiti dapanyo iti tiempo nga agtignayak,” kuna ni Yahweh a Mannakabalin amin.
မတရားသော သူတို့ကိုလည်း နင်းကြလိမ့်မည်။ ထိုသို့ ငါစီရင်သော နေ့ရက်၌ သူတို့သည် သင်တို့ ခြေ ဘဝါးအောက်၌ မြေမှုန့်ကဲ့သိုပ ဖြစ်ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
4 “Laglagipenyo ti agtulnog iti linteg ni Moises nga adipenko, dagiti pagalagadan ken dagiti paglintegan nga imbilinko kenkuana idiay Horeb para iti entero nga Israel.
ဣသရေလအမျိုးသားအပေါင်းတို့အဘို့ ဟော ရပ်အရပ်၌ ငါမှာထားသော၊ ငါ့ကျွန်မောရှေ၏ တရား တည်းဟူသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို အောက်မေ့ ကြလော့။
5 Adtoy, ibaonko ni Elias a propeta sakbay a dumteng ti nakaro ken nakaam-amak nga aldaw ni Yahweh.
ကြည့်ရှုလော့။ ထာဝရဘုရား၏ ကြောက်မက် ဘွယ်သော နေ့ရက်ကြီး မရောက်မှီ၊ ပရောဖက်ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည်။
6 Pagkaykaysaennanto ti puso dagiti ama kadagiti annak, ken ti puso dagiti annak kadagiti amada; tapno saanak nga umay ken dumarup iti daga a mangiwayat iti naan-anay a pannakadadael.”
ငါသည် လာ၍ သင်တို့၏ပြည်ကို ကျိန်ခြင်းဘေး နှင့် ဒဏ်မခတ်မည်အကြောင်း၊ ထိုပရောဖက်သည် သားတို့နှင့်အဘတို့ကို၎င်း၊ အဘတို့နှင့်သားတို့ကို၎င်း အသင့်အတင့်ဖြစ်စေမည်ဟု မိန့်တော်မူ၏။

< Malakias 4 >