< Uk-ukom 19 >

1 Kadagidiay nga al-aldaw, idi awan pay ti ari ti Israel, adda maysa a lalaki a Levita, agdama nga agnanaed idiay kasulsulinekan a disso iti katurturodan a pagilian ti Efraim. Nangala isuna iti maysa a babai a kakabbalayna manipud idiay Betlehem iti Juda.
ဣသရေလရှင်ဘုရင် မရှိသည်ကာလ၊ ဧဖရိမ်တောင်ခါးပန်း၌ တည်းခိုသော လေဝိလူတယောက် သည်၊ ယုဒခရိုင် ဗက်လင်မြို့သူ မိန်းမတယောက်ကို သိမ်းယူ၏။
2 Ngem saan a napudno kenkuana ti kabbalayna; pinanawanna isuna ket nagsubli iti balay ti amana idiay Betlehem iti Juda. Nagtalinaed isuna sadiay iti uppat a bulan.
ထိုမိန်းမသည် လင်ကို ပြစ်မှား၍ ဗက်လင်မြို့ မိမိအဘအိမ်သို့ သွားသဖြင့် လေးလ နေလေ၏။
3 Kalpasanna, nagrubuat ti asawana ket sinurotna isuna tapno allukoyenna nga agsubli isuna. Kaduana ti adipenna, ken maysa a pares iti asno. Pinadanon isuna ti babai iti balay ti amana. Idi nakita isuna iti ama ti babai, naragsakan daytoy.
လင်သည် သူ့ကို ချော့မော့၍ ဆောင်ခဲ့ခြင်းငှါ ငယ်သားတယောက်နှင့် မြည်းနှစ်စီးပါလျက် ထသွား ၍ ရောက်သောအခါ၊ မယားငယ်သည် မိမိအဘ အိမ်ထဲသို့ ခေါ်သွင်း၍၊ အဘသည် သမက်ကို တွေ့မြင်လျှင် ဝမ်းမြောက်သော စိတ်ရှိ၍ သိမ်းဆည်းလေ၏။
4 Inallukoy isuna ti katuganganna, nga ama ti babai, nga agtalinaed iti tallo nga aldaw. Nangan ken naginomda, ket pinalabasda ti rabii sadiay.
ထိုကြောင့် သမက်သည် စားသောက်လျက်၊ အိပ်လျက်၊ သုံးရက်ပတ်လုံး ယောက္ခမအိမ်၌ နေ၏။
5 Iti maikapat nga aldaw, nasapada a bimmangon ket nagsagana isuna a pumanaw, ngem kinuna ti ama ti babai iti manugangna, “Papigsaem ti bagim babaen iti bassit a tinapay, kalpasanna mabalinmon ti mapan.”
စတုတ္တနေ့ရက် နံနက်စောစောထ၍ ထွက်သွားအံ့သောငှါ ပြင်ဆင်သောအခါ၊ ယောက္ခမက၊ မုန့် အနည်းငယ်ကို စား၍ အားဖြည့်ပြီးမှ သွားကြပါဟု သမက်အား ဆိုသည့်အတိုင်း၊
6 Nagtugawda a dua tapno mangan ken uminomda. Ket kinuna ti ama ti babai, “Pangngaasim ta ummianka pay ket agragsakka.”
နှစ်ယောက်လုံးထိုင်၍ စားသောက်လျက် နေကြ၏။ ယောက္ခမကလည်း၊ သဘောကျပါတော့။ ယနေ့ ညဉ့်ကိုလည်း လွန်စေသဖြင့် ပျော်မွေ့လျက်နေပါတော့ဟု သမက်အားဆိုပြန်၍၊
7 Idi bimmangon a nasapa ti Levita tapno pumanaw, inallukoy isuna ti ama ti babai nga agtalinaed, isu a binaliwanna ti panggepna ket naturog manen sadiay.
သမက်သည် သွားအံ့သောငှါ ထသော်လည်း၊ ယောက္ခမသွေးဆောင်သဖြင့် သမက်သည် ထိုအရပ်၌ အိပ်ပြန်လေ၏။
8 Iti maikalima nga aldaw, nasapa a bimmangon isuna tapno pumanaw, ngem kinuna ti ama ti babai, “Papigsaem ti bagim, ket urayem a mumalem.” Isu a nanganda a dua.
ပဥ္စမနေ့ရက် နံနက်စောစော သွားအံ့သောငှါ ထသောအခါ၊ ယောက္ခမက၊ အားဖြည့်ပါဦးတော့ဟု ဆို၍ မွန်းလွဲသည်တိုင်အောင် နှစ်ယောက်လုံး စားသောက်လျက်နေကြ၏။
9 Idi nagsaganan a pumanaw ti Levita, ti kakabkabbalayna ken ti adipenna, kinuna kenkuana ti ama ti babai a katuganganna, “Kitaenyo, mumalemen. Pangngaasiyo ta agtalinaedkayo pay iti maysa a rabii, ket agragsakkayo. Mabalinyo ti agrubuat a nasapa inton bigat nga agawid.”
ထိုသူသည် မယားငယ်နှင့် ငယ်သားကို ခေါ်၍ သွားအံ့သောငှါ ထပြန်သောအခါ၊ သူ၏ ယောက္ခ မဖြစ်သော ထိုမိန်းမ၏ အဘက၊ ကြည့်ပါ၊ မိုဃ်းချုပ်လုပြီ။ ယနေ့ညဉ့်ကိုလည်း လွန်စေပါတော့။ နေ့အချိန် ကုန်လုပြီ။ ဤအရပ်၌ အိပ်၍ ပျော်မွေ့လျက်နေပါတော့။ နက်ဖြန် နံနက် စောစောထ၍ ကိုယ်နေရာအရပ်သို့ သွားတော့ဟု ဆိုသော်လည်း၊-
10 Ngem saanen a kayat ti Levita iti umian. Nagrubuat isuna sa pimmanaw. Nagturong isuna iti Jebus (dayta ket ti Jerusalem). Addaan isuna iti maysa a pares iti asno a nasilyetaan—ket kaduana ti kabbalayna.
၁၀သမက်သည် ထိုညဉ့်ကို မလွန်စေဘဲ ထသွား၍ ကုန်းနှီးတင်သော မြည်းနှစ်စီးနှင့် မယားငယ်လည်း ပါလျက် ယေရုရှလင်မြို့တည်းဟူသော ယေဗုတ်မြို့အနီးသို့ ရောက်လေ၏။
11 Idi asidegdan iti Jebus, umadanin iti rabii, ket kinuna ti adipen iti amona, “Umaykayo, dumagastayo iti siudad dagiti Jebuseo ket palabasentayo ti rabii sadiay.”
၁၁ထိုမြို့အနီးသို့ ရောက်သောအခါ၊ မိုဃ်းချုပ်သောကြောင့် ငယ်သားက၊ နားထောင်ပါတော့။ ယေဗုသိ လူနေရာ ဤမြို့သို့ ဝင်၍ အိပ်ကြကုန်အံ့ဟု သခင်အားဆိုသော်၊-
12 Kinuna ti amona kenkuana, “Saantayo a dumagas iti siudad dagiti ganggannaet, a saan a maibilang kadagiti tattao ti Israel. Mapantayo iti Gabaa.”
၁၂သခင်က၊ ဣသရေလ အမျိုးမဟုတ်၊ တပါးအမျိုးသားနေသော မြို့သို့ မဝင်၊ ဂိဗာမြို့သို့ သွားဦးမည်။
13 Kinuna ti Levita iti agtutubo a taona, “Umaykayo, mapantayo iti maysa kadagidiay a lugar, ket umiantayo idiay Gabaa wenno idiay Rama.”
၁၃ဂိဗာမြို့၊ ရာမမြို့ အစရှိသော တစုံတခုသောအရပ်၌ ညဉ့်ကိုလွန်စေခြင်းငှါ သွားကြကုန်အံ့ဟု ငယ်သားအားဆိုလျက်၊-
14 Isu a nagtuloyda a napan, ket lumneken ti init idi asidegdan iti Gabaa, iti masakupan ti Benjamin.
၁၄ခရီးသွားပြန်၍ ဗင်္ယာမိန်ခရိုင် ဂိဗာမြို့အနီးသို့ ရောက်သောအခါ၊ နေဝင်လေ၏။
15 Nagdagusda sadiay tapno palabasenda ti rabii idiay Gabaa. Ket simrek isuna ken nagtugaw iti plasa, ta awan uray maysa ti nangpasangbay kadakuada iti balayna para iti rabii.
၁၅ဂိဗာမြို့မှာ ညဉ့်ကို လွန်စေမည်အကြံနှင့် မြို့ထဲသို့ဝင်၍ အဘယ်သူ မျှ ဧည့်မခံသေးသောကြောင့် လမ်းမှာထိုင်နေ၏။
16 Ngem maysa a lakay iti sumungsungad iti dayta a rabii manipud iti nagubraanna a talon. Nagtaud isuna iti katurturodan a pagilian ti Efraim, ken agnanaed isuna iti agdama iti Gabaa. Ngem dagiti tattao nga agnanaed iti dayta a lugar ket Benjamenita.
၁၆ဂိဗာမြို့သားတို့သည် ဗင်္ယာမိန်အမျိုးသားဖြစ်ကြ၏။ သို့ရာတွင် တည်းခိုသော ဧဖရိမ်တောင်သား လူအိုတယောက်ရှိသည်ဖြစ်၍၊ ထိုသူသည် ညဦးယံ၌ လယ်လုပ်ရာမှလာစဉ်၊-
17 Intannawagna dagiti matana, ket nakitana iti plasa ti siudad ti agdaldaliasat. Kinuna ti lakay, “Papananyo? Naggapuanyo?”
၁၇မြော်ကြည့်၍၊ မြို့လမ်းမှာ ဧည့်သည်တယောက် ရှိသည်ကိုမြင်လျှင်၊ သင်သည် အဘယ်အရပ်သို့ သွားသနည်း၊ အဘယ်အရပ်ကလာသနည်းဟု မေးသော်၊-
18 Kinuna ti Levita kenkuana, “Naggapukami idiay Betlehem iti Juda ket agturongkami iti kasulsulinekan a paset iti katurturodan ti Efraim, nga isu ti naggapuak. Napanak idiay Betlehem iti Juda, ken mapanak iti balay ni Yahweh, ngem awan a pulos ti mangpasangbay kaniak iti balayna.
၁၈ကျွန်ုပ်တို့သည် ယုဒခရိုင်ဗက်လင်မြို့မှ ဧဖရိမ်တောင်ခါးပန်းသို့ သွား၏။ ကျွန်ုပ်သည် ဧဖရိမ်တောင် သားဖြစ်၏။ ဗက်လင်မြို့သို့ ခဏသွားပြီးမှ ယခုထာဝရဘုရား၏ အိမ်တော်သို့ သွား၏။ အဘယ်သူ မျှ ဧည့်မခံသေး။
19 Adda garami ken ipakanmi para kadagiti asnomi, ken adda tinapay ken arak para kaniak ken ti adipenmo a babai ditoy, ken para daytoy agtutubo a lalaki a kadua ti adipenmo. Awanen ti kasapulanmi.”
၁၉သို့ရာတွင် မြည်းဘို့ မြက်ခြောက်နှင့် အခြားကျွေးစရာရှိ၏။ ကိုယ်နှင့် ကိုယ်တော် ကျွန်မလိုက်လာ သော ငယ်သားဘို့ မုန့်နှင့်စပျစ်ရည်ရှိ၏။ တစုံတခုမျှ မလိုပါဟု ပြောဆို၏။
20 Kinablaawan ida ti lakay, “Talna koma ti adda kadakayo! Siak ti makaammo kadagiti amin a kasapulanyo. Saankayo laeng nga umian iti plasa.
၂၀လူအိုကလည်း၊ သင်၌ ချမ်းသာရှိပါစေသော။ သင်လိုသမျှသည် ငါ့တာ ရှိစေတော့။ လမ်းမှာညဉ့်ကို မလွန်စေနှင့်ဟုဆိုလျက်၊-
21 Pinastrek ngarud ti lakay ti Levita iti balayna ket pinakanna dagiti asno. Binuguanda dagiti sakada ket nangan ken imminomda.
၂၁မိမိအိမ်သို့ ခေါ်သွင်း၍ မြည်းတို့ကို ကျွေးလေ၏။ သူတို့သည် ခြေကို ဆေး၍ စားသောက်ကြ၏။
22 Agragragsakda, idi pinalawlawan dagiti lallaki iti siudad ti balay, lallaki a nadangkes, pangpang-urenda ti ridaw. Kinasaritada ti lakay, ti amo iti balay, a kunkunada, “Paruarem ti lalaki a simrek iti balaymo, tapno makikaiddakami kenkuana.”
၂၂ထိုသို့ ပျော်မွေ့လျက်နေကြသောအခါ၊ ထိုမြို့သား အဓမ္မလူအချို့တို့သည် အိမ်ကို ဝိုင်း၍ တံခါးကို ရိုက်ကြ၏။ အိမ်ရှင် လူအိုကိုလည်းခေါ်၍၊ သင့်အိမ်သို့ ဝင်သောယောက်ျားနှင့် ငါတို့သည် ဆက်ဆံ လိုသည်ဖြစ်၍၊ ထုတ်ခဲ့လော့ဟု ဆိုကြ၏။
23 Rimmuar ti lalaki, ti amo ti balay, ket kunana kadakuada, “Saan, kakabsatko, pangngaasiyo, saanyo nga aramiden daytoy a dakes a banag! Agsipud ta sangaili daytoy a tao iti balayko, saanyo nga aramiden daytoy a nadangkes a banag!
၂၃အိမ်ရှင်သည်လည်း ထွက်၍၊ ညီအစ်ကိုတို့၊ ဆိုးသောအမှုကို မပြုပါနှင့်။ ဤသူသည် အကျွန်ုပ်အိမ်၌ တည်းခိုသောသူဖြစ်၍ အဓမ္မမပြုကြပါနှင့်။
24 Kitaenyo, adda ditoy ti birhen nga anakko ken ti kakabkabbalayna. Palubosandak nga iruarko ida ita. Ranggasanyo ida ken aramidenyo ti aniaman a kayatyo kadakuada. Ngem saanyo nga aramiden ti kinadangkes iti daytoy a lalaki!”
၂၄အကျွန်ုပ်၌ သမီးကညာရှိပါ၏။ သူ၏မယားငယ်လည်း ရှိပါ၏။ သူတို့ကို ထုတ်၍ ပေးပါမည်။ သူတို့ကို ရှုတ်ချကြပါ။ အလိုရှိသည်အတိုင်း ပြုကြပါ။ ဤယောက်ျား၌ ဤမျှလောက် ဆိုးသောအမှုကို မပြုပါနှင့်ဟု တောင်းပန်သော်လည်း၊-
25 Ngem saan a dumngeg dagiti lallaki kenkuana, isu a ginammatan ti lalaki ti kakabkabbalayna ket inruarna kadakuada. Ginammatanda isuna, kinaiddada, ken ginundawayanda isuna iti agpatnag, iti parbangon pinalubosanda isuna.
၂၅သူတို့သည် နားမထောင်သောကြောင့်၊ လေဝိလူသည် မိမိမယားငယ်ကို ထုတ် အပ်သဖြင့်၊ သူတို့သည် တညဉ့်လုံး အဓမ္မပြု၍ နံနက်တိုင်အောင် ရှုတ်ချပြီးမှ အာရုဏ်တက်မှ လွှတ်လိုက်ကြ၏။
26 Iti parbangon, napan ti babai iti balay ti lalaki nga ayan ti amona ket napasag iti ruangan, ken nagidda sadiay agingga iti aglawag.
၂၆အာရုဏ်တက်သောအခါ၊ မိန်းမသည် လာ၍ မိမိသခင်နေရာ အိမ်တံခါးရှေ့မှာ မိုဃ်းလင်းသည် တိုင်အောင် လဲနေ၏။
27 Bimmangon ti amona iti bigat ket linukatanna dagiti ruangan iti balay ket rimmuar a mapan iti dalanna. Nakitana ti kakabkabbalayna nga agid-idda idiay ruangan, a nakaunnat ti imana iti ayan ti ridaw.
၂၇နံနက်အချိန်ရောက်မှ သူ၏ သခင်သည် ထ၍ အိမ်တံခါးကို ဖွင့်သဖြင့်၊ ခရီးသွားအံ့သောငှါ ထွက်သောအခါ၊ မယားငယ်သည် အိမ်တံခါးရှေ့မှာလဲ၍ တံခါးခုံကို လက်တင်လျက်ရှိသည် မြင်သော်၊
28 Kinuna ti Levita kenkuana, “Tumakderka. Intayon.” Ngem awan iti simmungbat. Impasakayna ti babai iti asno, ket nagrubuat ti lalaki nga agawid.
၂၈ထလော့။ သွားကြကုန်အံ့ဟု ဆိုသော်လည်း သူသည် ပြန်မပြောဘဲနေ၏။ ထိုအခါ ယောက်ျားသည် သူ့ကို မြည်းပေါ်မှာ တင်သဖြင့် မိမိနေရာသို့ သွားလေ၏။
29 Idi nakasangpet ti Levita iti balayna, nangala isuna iti kutsilyo, ket tinengnelna ti kakabkabbalayna, ket pinutedputedna daytoy, rinangrangkayna, iti sangapulo ket dua a pidaso, ket inwarasna dagiti pidaso iti entero nga Israel.
၂၉မိမိအိမ်သို့ ရောက်သောအခါ ထားကိုယူ၍ မယားငယ်အကောင်ကို အရိုးနှင့်တကွ ဆယ်နှစ်ပိုင်းပိုင်း၍ ဣသရေလပြည် တရှောက်လုံးသို့ ပေးလိုက်လေ၏။
30 Kinuna dagiti amin a nakakita, “Awan pay iti napasamak wenno naimatangan a kasta a banag manipud iti aldaw a rimmuar dagiti tattao ti Israel iti Egipto agingga iti agdama nga aldaw. Panunotenyo daytoy! Balakadandakami! Ibagayo ti aramidenmi!”
၃၀သိမြင်သောသူ အပေါင်းတို့က၊ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်က ထွက်သောနေ့မှစ၍ ယနေ့တိုင်အောင် ဤကဲ့သို့သောအမှုကို အဘယ်သူမျှမပြု၊ တခါမျှမဖြစ်စဖူး။ ဆင်ခြင်၍ တိုင်ပင် စီရင်ကြလော့ဟု ပြောဆိုကြ၏။

< Uk-ukom 19 >