< Jeremias 39 >

1 Iti maikasangapulo a bulan iti maikasiam a tawen a panagturay ni Zedekias a kas ari ti Juda, immay ni Nebucadnesar nga ari ti Babilonia a kaduana dagiti amin nga armadana a maibusor iti Jerusalem ket linakubda daytoy.
ယုဒရှင်ဘုရင် ဇေဒကိမင်းကြီးနန်းစံကိုးနှစ် ဒသမလတွင်၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ဗိုလ်ခြေအပေါင်းတို့နှင့်တကွ လာ၍ ယေရုရှလင်မြို့ကို ဝိုင်းထားကြ၏။
2 Iti maika-uppat a bulan iti maikasangapulo ket maysa a tawen a panagturay ni Zedekias, iti maikasiyam nga aldaw dayta a bulan, naserrek ti siudad.
ဇေဒကိမင်းကြီးနန်းစံဆယ်တနှစ်၊ စတုတ္ထလ ကိုးရက်နေ့၌ မြို့ကို ဖြိုဖေါက်၍၊
3 Ket immay amin dagiti opisial ti ari ti Babilonia ket nagtugawda iti akintengnga a ruangan: da Nergal-salezer, Samgar Nebo, ken Sarsekim, a maysa a napapateg nga opisial. Ni Nergal-salezer ket maysa a nangato nga opisial, ken dagiti dadduma ket opisial ti ari ti Babilonia.
ရွှေထားဝန်နေရဂါလရှရေဇာ၊ မိန်းမစိုးအုပ်စာ သခိမ်၊ မာဂုပညာ ရှိအုပ်နေရဂါလရှရေဇာတည်းဟူသော ဗာဗုလုန်ရှင်ဘုရင်၏မှူးမတ်အစရှိသော မှူးတော် မတ်တော်အပေါင်းတို့သည် မြို့ထဲသို့ဝင်၍၊ အလယ်ချက် တံခါးဝ၌ထိုင်ကြ၏။
4 Ket napasamak nga idi nakita ida ni Zedekias, nga ari ti Juda ken dagiti amin a mannakigubatna, naglibasda. Rimmuarda iti rabii manipud iti siudad iti dalan nga adda iti minuyungan ti ari, iti ruangan iti nagbaetan dagiti dua a pader. Rimmuar ti ari a nagturong idiay Araba.
ယုဒရှင်ဘုရင်ဇေဒကိမင်းနှင့် စစ်သူရဲအပေါင်း တို့သည် ထိုလူများကို မြင်လျှင်၊ ညဉ့်အခါပြေး၍ ဥယျာဉ် တော်လမ်းကို လိုက်လျက်၊ မြို့ရိုးနှစ်ထပ်စပ်ကြား တံခါးဖြင့် ထွက်ပြီးမှ လွင်ပြင်သို့ သွားကြ၏။
5 Ngem kinamat ida ti armada dagiti Caldeo ket nakamatanda ni Zedekias iti patad ti Karayan Jordan a tanap nga asideg iti Jerico. Ket tiniliwda isuna ket impanda kenni Nebucadnesar, nga ari ti Babilonia, idiay Ribla iti daga ti Hamath, no sadinno ket impataw ni Nebucadnesar ti pannusana.
ခါလဒဲစစ်သူရဲတို့သည် လိုက်လျက်၊ ယေရိခေါ လွင်ပြင်၌ဇေဒကိ မင်းကိုမှီ၍ ဘမ်းဆီးပြီးမှ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာရှိရာ ဟာမတ်ပြည်ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိ မင်း၏ အမှုကို စစ်ကြောစီရင်၍၊
6 Pinatay ti ari ti Babilonia dagiti lallaki a putotni Zedekias iti imatangna idiay Ribla. Pinatayna pay amin dagiti opisiales ti Juda.
ရိဗလမြို့မှာ ဇေဒကိသားတို့ကို အဘ မျက် မှောက်၌ သတ်လေ၏။ ယုဒမှူးမတ်အပေါင်းကိုလည်း သတ်လေ၏။
7 Ket sinukilna ti mata ni Zedekias ken kinawaranna iti bronse tapno ipanda isuna idiay Babilonia.
ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူ့ကိုကြေးဝါ ကြိုးနှင့် ချည်နှောင်လေ၏။
8 Ket pinuoran dagiti Caldeo ti balay ti ari ken dagiti balbalay dagiti tattao. Rinebbada pay dagiti pader ti Jerusalem.
ခါလဒဲလူတို့သည်လည်း၊ နန်းတော်နှင့် ဆင်းရဲ သားအိမ်တို့ကို မီးရှို့၍၊ မြို့ရိုးကို ဖြိုဖျက်ကြ၏။
9 Ni Nebuzaradan, a kapitan dagiti agbanbantay iti ari, intalawna a kas balud dagiti nabatbati a tattao iti siudad. Karaman ditoy dagiti tattao a kimmapon kadagiti Caldeo ken dagiti nabatbati a tattao iti siudad.
ထိုအခါ ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲမှာကျန်ကြွင်းသောသူ၊ ခါလဒဲလူဘက်သို့ ကူးသွား နှင့်သောသူ၊ ကျန်ကြွင်းသမျှသော သူတို့ကိုဗာဗုလုန်မြို့သို့ သိမ်းသွားလေ၏။
10 Ngem pinalubosan ni Nebuzaradan a kapitan dagiti agbanbantay iti ari dagiti kakukurapayan a tattao nga awan sanikuana nga agtalinaed iti daga ti Juda. Inikkanna ida kadagiti kaubasan ken taltalon iti dayta met laeng nga aldaw.
၁၀သို့ရာတွင်၊ ဥစ္စာအလျှင်းမရှိသော ဆင်းရဲသား အချို့တို့ကို ယုဒပြည်၌ထားခဲ့၍၊ စပျစ်ဥယျာဉ်နှင့် လယ်ယာတို့ကို ပေးလေ၏။
11 Binilin ni Nebucadnesar nga ari ti Babilonia ni Nebuzaradan a kapitan dagiti agbanbantay iti ari maipangagep kenni Jeremias. Kinunana,
၁၁ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယေရမိ အမှု၌၊ ကိုယ်ရံတော်မှူးနေဗုဇာရဒန်ကို မှာထားနှင့် သည်ကား၊
12 “Ikuyogmo isuna ken aywanam isuna. Saamo isuna a dangran. Aramidem ti aniaman nga ibagana kenka.”
၁၂ယေရမိကိုယူ၍ ကောင်းမွန်စွာ ကြည့်ရှုလော့။ မညှဉ်းဆဲနှင့်။ သူပြောသည်အတိုင်း သူ့ကိုပြုလော့ဟု မှာထားတော်မူသည်နှင့်အညီ၊
13 Isu a ni Nebuzaradan a kapitan dagiti agbanbantay iti ari, ni Nebusasban a nangato a eunuko, ni Nergal-salezer a nangato nga opisial, ken amin a kapapatgan nga opisial ti ari ti Babilonia ket nangibaonda kadagiti tattaoda.
၁၃ကိုယ်ရံတော်မှူးနေဗုဇာရဒန်၊ မိန်းမစိုးအုပ် နေဗုရှာဇဗန်၊ မာဂုပညာရှိအုပ်နေရဂါလရှဓရဇာအစ ရှိသော ဗာဗုလုန်ရှင်ဘုရင်၏မှူးမတ်အပေါင်းတို့သည် လူကိုစေလွှတ်၍၊
14 Innala dagiti tattaoda ni Jeremias manipud iti paraangan dagiti agbanbantay ket impaaywanda kenni Gedalias a putot ni Ahikam a putot ni Safan, a mangiyawid kenkuana iti pagtaenganna, isu a nakignaed ni Jeremias kadagiti tattao sadiay.
၁၄ယေရမိကိုထောင်ဝင်းထဲက နှုတ်ယူပြီးလျှင်၊ သူ၏နေရာသို့ ပို့ဆောင်စေခြင်းငှါ၊ ရှာဖန်သားဖြစ်သော အဟိကံ၏သားဂေဒလိ၌ အပ်ကြ၏။ သို့ဖြစ်၍၊ ယေရမိ သည် ပြည်သားများနှင့်အတူ နေရလေ၏။
15 Ita, immay ti sao ni Yahweh kenni Jeremias kabayatan a nakabalud isuna iti paraangan dagiti agbanbantay, ket kinunana,
၁၅ယေရမိသည်ထောင်ဝင်းထဲမှာ အချုပ်ခံရသော အခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်၍၊
16 “Makitungtongka kenni Ebed Melec a taga-Cus ket ibagam, 'Ni Yahweh a Mannakabalin-amin, a Dios ti Israel, kastoy ti kunana: Dumngegka, dandaninkon nga ipatungpal dagiti saok a maibusor iti daytoy a siudad para iti didigra a saan ket a pagsayaatan. Ta matungpalto amin dagitoy iti sangoanam iti dayta nga aldaw.
၁၆သင်သည် ကုရှအမျိုးသား ဧဗဒမေလက်ကို ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ ဤမြို့၏အကျိုးကိုမပြုစု၊ ဖျက်ဆီးခြင်းငှါ ငါ့စကားကို ငါတည်စေမည်။ ကာလအချိန်ရောက်လျှင်၊ သင့်ရှေ့၌ ငါ့စကားပြည့်စုံလိမ့်မည်။
17 Ngem ispalenkanto iti dayta nga aldaw-kastoy ti pakaammo ni Yahweh-ket saankanto a maipaima kadagiti tattao a pagbutbutngam.
၁၇သို့သော်လည်း၊ ထိုကာလ၌သင့်ကို ငါကယ်နှုတ် မည်။ သင်ကြောက်သော သူတို့လက်သို့ သင်မရောက်ရ။
18 Ta ispalenkanto. Saankanto a mapasag babaen iti kampilan. Makalasatkanto, agsipud ta agtaltalekka kaniak-kastoy ti impakaammo ni Yahweh.”
၁၈ငါသည် သင့်ကို စင်စစ်ကယ်နှုတ်မည်။ သင်သည် ထားဖြင့် မဆုံးရ။ လက်ရဥစ္စာကဲ့သို့ ကိုယ် အသက်ကို ရလိမ့်မည်။ အကြောင်းမူကား၊ သင်သည် ငါ့ကိုကိုးစားသော ကြောင့်တည်းဟု ထာဝရဘုရား မိန့်တော်မူ၏။

< Jeremias 39 >