< Jeremias 37 >

1 Ita, nagturay a kas ari ni Zedekias a putot ni Josias a saan ket a ni Jeconias a putot ni Jehoiakim. Insaad ni Nebucadnesar nga ari ti Babilonia ni Zedekias a kas ari iti entero a daga ti Juda.
ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယုဒ ရှင်ဘုရင်အရာ၌ ခန့်ထားသော ယောယကိမ်သားခေါနိ အရာ၌၊ ယောရှိမင်းကြီး၏ သားဇေဒကိမင်းကြီးသည် နန်းထိုင်လေ၏။
2 Ngem saan a dimngeg ni Zedekias, dagiti adipenna ken dagiti tattao iti daga, kadagiti sasao ni Yahweh nga impakaammona babaen kadagiti ima ni Jeremias a profeta.
ထာဝရဘုရားသည် ယေရမိအားဖြင့် မိန့်တော် မူသော စကားတော်တို့ကို၊ ထိုမင်းကြီးအစရှိသော ကျွန်များ၊ ပြည်သူပြည်သားများတို့သည် နားမထောင်ဘဲ နေကြ၏။
3 Nangipatulod ngarud da ari Zedekias, Jehucal a putot ni Selemias, ken Sofonias a putot ni Maaseias a padi iti mensahe kenni Jeremias a profeta. Kinunada, “Ikararagandakami kenni Yahweh a Diostayo.”
တရံရောအခါ ဇေဒကိမင်းကြီးသည်၊ ရှေလမိ သားယေဟုကလနှင့်ယဇ်ပုရောဟိတ် မာသေယသား ဇေဖနိတို့ကို ပရောဖက်ယေရမိထံသို့ စေလွှတ်၍၊ ငါတို့ အဘို့ငါတို့ဘုရားသခင်ထာဝရ ဘုရားအားဆုတောင်း ပါလော့ဟု မှာလိုက်၏။
4 Ita, nawaya pay laeng a makilangen-langen ni Jeremias kadagiti tattao, ta saan pay isuna a naibalud.
ထိုအခါ ယေရမိသည် ထောင်ထဲသို့ မရောက် သေး။ လူများ တို့နှင့်ပေါင်းဘော်လျက် နေသေး၏။
5 Rimmuar ti armada ni Faraon iti Egipto, ket nadamag dagiti Caldeo a manglaklakub iti Jerusalem ti maipanggep kadakuada ket pinanawanda ti Jerusalem.
ယေရုရှလင်မြို့ကို ပိုင်းသော ခါလဒဲလူတို့သည်၊ အဲဂုတ္တုပြည်မှ ဖာရောဘုရင်၏ ဗိုလ်ခြေများစစ်ချီ၍ လာကြောင်းကို ကြားလျှင်၊ ထိုမြို့မှ ထွက်သွားကြပြီ။
6 Ket immay ti sao ni Yahweh kenni Jeremias a profeta a kinunana,
ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိသို့ ရောက်၍၊
7 “Ni Yahweh a Dios ti Israel, kastoy ti kunana: Daytoy ti ibagamto iti ari ti Juda, gapu ta imbaonnaka a dumawat iti balakad manipud kaniak, “Kitaem, ti armada ni Faraon nga immay a tumulong kadakayo, ket pasublin idiay Egipto, a bukodda a daga.
ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့ကိုမေးလျှောက်စေခြင်းငှါ၊ သင့်ကိုမှာလိုက်သော ယုဒရှင်ဘုရင်အား ဤသို့ပြန်ပြော လော့။ သင်တို့ကိုစစ်ကူခြင်းငှါလာသော ဖာရောဘုရင်၏ ဗိုလ်ခြေတို့သည်သူတို့နေရင်း အဲဂုတ္တုပြည်သို့ ပြန်သွားကြ လိမ့်မည်။
8 Agsublinto dagiti Caldeo. Gubatendanto daytoy a siudad, sakupen, ken puorandanto daytoy.
ခါလဒဲလူတို့သည် လာပြန်၍၊ ဤမြို့ကို တိုက်ယူ ပြီးလျှင် မီးရှို့ကြလိမ့်မည်။
9 Kastoy ti kuna ni Yahweh: Saanyo nga allilawen dagiti bagbagiyo babaen iti panangibagbagayo, 'Awan duadua a panawandatayo dagiti Caldeo,' ta saandanto a pumanaw.
ထာဝရဘုရားမိန့်တော်မူသည်ကား၊ အကယ်စင် စစ်ခါလဒဲလူတို့သည် ငါတို့ထံမှ ထွက်သွားကြလိမ့်မည်ဟု ဆို၍ ကိုယ်ကိုကိုယ်မလှည့်စားကြနှင့်။ သူတို့သည် ထွက်၍ မသွားရကြ။
10 Uray no maparmekyo ti entero nga armada dagiti Caldeo a makiranget kadakayo tapno dagitinto laeng nasugatan a lallaki ti mabati kadagiti toldada, bumangondanto ket puoranda daytoy a siudad.”
၁၀ထိုမျှမက၊ သင်တို့ကိုစစ်တိုက်သော ခါလဒဲ စစ်သူရဲအပေါင်းတို့ကို သင်တို့သည်လုပ်ကြံသဖြင့်၊ သူတို့ တွင် ဒဏ်ချက်ထိသော သူသက်သက် ကျန်ကြွင်းသော် လည်း၊ သူတို့သည် အသီးအသီးမိမိတို့ထဲ၌ထ၍၊ ဤမြို့သို့ မီးရှို့ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
11 Isu nga idi pimmanawen ti armada dagiti Caldeo iti Jerusalem bayat nga um-umay ti armada ni Faraon,
၁၁ခါလဒဲစစ်သူရဲတို့သည် ဖာရောဘုရင်၏ဗိုလ်ခြေ တို့ကို ကြောက်ရွံ့၍၊ ယေရုရှလင်မြို့မှ ဆုတ်သွားကြသော အခါ၊
12 ket rimmuar ni Jeremias iti Jerusalem tapno mapan idiay daga ti Benjamin. Kayatna ti mangtagikua iti paset ti daga sadiay, nga isu iti ayan dagiti tattaona.
၁၂ယေရမိသည်မိမိအမျိုး၌ မိမိအမွေဥစ္စာကို ခံအံ့ သောငှါ၊ ဗင်္ယာမိန်ပြည်သို့သွားမည်ဟု အကြံရှိ၍ ယေရု ရှလင်မြို့မှ ထွက်သွားလေ၏။
13 Bayat iti kaaddana iti Ruangan ti Benjamin, maysa a panguloen dagiti agbanbantay ti adda sadiay. Ti naganna ket Jerias, ket putot isuna ni Selemias a putot ni Hananias. Ginammatanna ni Jeremias a profeta ket kinunana, “Mapanka tumipon kadagiti Caldeo, ania!”
၁၃ဗင်္ယာမိန်တံခါးဝသို့ ရောက်သောအခါ၊ ဟာနနိ သားဖြစ်သော ရှေလမိ၏ သားကင်းမှူးဣရိယက၊ သင်သည်ခါလဒဲ လူတို့ဘက်သို့ ကူးသွားပါသည် တကား ဟုဆိုလျက်၊ ပရောဖက်ယေရမိကိုဘမ်းဆီးလေ၏။
14 Ngem kinuna ni Jeremias, “Saan a pudno dayta. Saanak a mapan tumipon kadagiti Caldeo.” Ngem saan a dimngeg ni Jerias kenkuana. Ingguyodna ni Jeremias ket impanna kadagiti opisial.
၁၄ယေရမိ ကလည်း၊ မဟုတ်ပါ။ ခါလဒဲလူတို့ ဘက်သို့ ငါမကူးမသွားပါဟုဆိုသော်လည်း၊ ဣရိယသည် နားမထောင်ဘဲ၊ ယေရမိကို ယူ၍ မင်းများထံသို့ ပို့ဆောင် လေ၏။
15 Nakaunget dagiti opisial kenni Jeremias. Sinapsaplitda ken imbaludda isuna iti balay ni Jonatan nga eskriba, ta pinagbalinda daytoy a pagbaludan.
၁၅မင်းများတို့သည် အမျက်ထွက်၍ ယေရမိကို ရိုက်ပြီးမှ၊ စာရေးတော်ယောနသန်၏အိမ်၌ လှောင်ထား ကြ၏။ ထိုအိမ်ကို လှောင်အိမ်လုပ်နှင့်သတည်း။
16 Naibalud ngarud ni Jeremias iti pagbaludan nga adda iti uneg ti daga, a nagtalinaedanna iti adu nga al-aldaw.
၁၆ယေရမိသည် အိမ်အောက်မြေတွင်း၊ လှောင် အိမ်ထဲသို့ရောက်၍၊ နေ့ရက်များစွာ နေရသောနောက်၊
17 Ket nangibaon ni Ari Zedekias iti maysa a tao a mangiyeg kenkuana iti palasio. Iti balayna, nalimed a sinaludsod kenkuana ti ari, “Adda kadi sao manipud kenni Yahweh?” Simmungbat ni Jeremias, “Adda iti sao: “Maiyawatkanto iti ima ti ari ti Babilonia.”
၁၇ဇေဒကိမင်းကြီးသည် လူကိုစေလွှတ်၍ ယေရမိ ကိုနှုတ်ပြီးမှ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရှိသလော ဟု နန်းတော်၌ တိတ်ဆိတ်စွာ မေးမြန်းလျှင်၊ ယေရမိက၊ နှုတ်ကပတ်တော်ရှိပါ၏။ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင်လက်သို့ရောက်ပါလိမ့်မည်ဟု ပြန်လျှောက်၏။
18 Ket kinuna ni Jeremias kenni Ari Zedekias, “Ania ti nakabasolak kenka, kadagiti adipenmo wenno kadagitoy a tattao tapno ibaluddak?
၁၈တဖန်ယေရမိက၊ အကျွန်ုပ်သည် ကိုယ်တော်ကို ပြစ်မှားသလော။ ကိုယ်တော်၏ကျွန်တို့ကို ပြစ်မှား သလော။ ဤလူမျိုးကို ပြစ်မှားသလော။ အဘယ်မည် သောအပြစ်ကြောင့် အကျွန်ုပ်ကို လှောင်ထားကြသနည်း။
19 Sadino ti ayan dagiti profetam, dagidiay nagipadto para kenka ken nagkuna a saan nga umay ti ari ti Babilonia a maibusor kenka wenno maibusor iti daytoy a daga?
၁၉ဗာဗုလုန်ရှင်ဘုရင်သည် သင်တို့နှင့် ဤပြည်ကို မတိုက်မလာရဟု ဟောပြောသောသင်တို့၏ ပရောဖက် တို့သည် ယခုအဘယ်မှာ ရှိကြသနည်း။
20 Ngem ita dumngegka, apok nga ari! Patgam koma dagiti kiddawko iti sangoanam. Saannak koma nga isubli iti balay ni Jonatan nga eskriba, ta no isublinak sadiay, matayak.”
၂၀သို့ဖြစ်၍၊ အကျွန်ုပ်သခင်အရှင်မင်းကြီး၊ နားထောင်တော်မူပါ၊ အကျွန်ုပ်တောင်းပန်သောစကားကို နားခံတော်မူပါ။ အကျွန်ုပ်ကို သေစေခြင်းငှါ၊ စာရေး တော်ယောနသန်အိမ်သို့ ပြန်စေတော်မမူပါနှင့်ဟု ဇေဒကိမင်းကြီးကို လျှောက်ဆို၏။
21 Nangted ngarud ni Zedekias iti bilin. Inkabil dagiti adipenna ni Jeremias iti paraangan nga ayan dagiti agbanbantay. Inaldaw a maik-ikkan isuna iti tinapay manipud iti kalsada dagiti panadero, agingga a naibus dagiti tinapay iti siudad. Nagtalinaed ngarud ni Jeremias iti paraangan nga ayan dagiti agbanbantay.
၂၁ထိုအခါ ဇောဒကိမင်းကြီးအမိန့်တော်ရှိ၍၊ ယေရမိကို ထောင်ဝင်း၌ ထားကြ၏။ မြို့တွင် မုန့်မကုန်မှီ တိုင်အောင်၊ မုန့်သည် တန်းမှမုန့်တလုံးကို နေ့တိုင်း အစဉ်ပေးရ၏။ ထိုသို့ယေရမိသည် ထောင်ဝင်းထဲမှာ နေလေ၏။

< Jeremias 37 >