< Genesis 4 >

1 Kinaidda ti lalaki ti asawana a ni Eva. Nagsikog isuna ket impasngayna ni Cain. Kinuna ti babai, “Nangipasngayak iti lalaki babaen iti tulong ni Yahweh.”
ထိုနောက်၊ လူအာဒံသည် မယားဧဝနှင့်ဆက်ဆံသဖြင့်၊ ဧဝသည် ပဋိသန္ဓေစွဲယူ၍၊ ကာဣနကို ဘွားမြင် လျှင်၊ ထာဝရဘုရား၏ လူကို ငါရပြီဟုဆိုလေ၏။
2 Kalpasanna, impasngayna ti kabsat ni Cain a ni Abel. Ita, ni Abel ket nagbalin nga agpaspastor, idinto a ni Cain ket nagtrabaho iti daga.
တဖန်သူ့ညီ အာဗေလေကို ဘွားမြင်လေ၏။ အာဗေလကား သိုးထိန်းဖြစ်၏။ ကာဣနကားလယ်လုပ် သောသူဖြစ်၏။
3 Napasamak nga iti panaglabas ti tiempo, nangidatag ni Cain kadagiti bunga ti daga kas daton kenni Yahweh.
အချိန်စေ့သောအခါ၊ ကာဣနသည် ထာဝရဘုရားထံ ပူဇော်သက္ကာဘို့၊ မြေအသီးကို ဆောင်ခဲ့၏။
4 Ni Abel met ket nangidatag manipud kadagiti umuna nga annak ti arbanna ken kadagiti taba. Inawat ni Yahweh ni Abel ken ti datonna,
အာဗေလသည်လည်း မိမိသိုးစုတွင် အဦးဘွားသော သားအချို့နှင့်၊ သိုးဆီဥကိုဆောင်ခဲ့၏။ ထာဝရ ဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သက္ကာကို ပမာဏ ပြုတော်မူ၏။
5 ngem saanna nga inawat ni Cain ken ti datonna. Isu a nakaunget unay ni Cain, ket nagruppanget isuna.
ကာဣနနှင့်သူ၏ ပူဇော်သက္ကာကို ပမာဏ ပြုတော်မမူ၊ ထိုကြောင့် ကာဣနသည် အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏။
6 Kinuna ni Yahweh kenni Cain, “Apay ngay met a makaunget ken nakaruppangetka?
ထာဝရဘုရားကလည်း သင်သည် အဘယ်ကြောင့် စိတ်ဆိုးသနည်း။ အဘယ်ကြောင့် မျက်နှာပျက် သနည်း။
7 No ar-aramidem ti umno, saanka kadi nga awaten? Ngem no saanmo nga ar-aramiden ti umno, agur-uray ti basol iti ruangan ket tartarigagayannaka a tenglen, ngem masapul nga iturayam daytoy.”
သင်သည် ကောင်းမွန်စွာ ပြုလုပ်အခွင့်မရလော။ ကောင်းမွန်စွာ မပြုလျှင်၊ အပြစ်ဖြေသော ယဇ် ကောင်သည်တံခါးနားမှာ ဝပ်လျက်ရှိ၏။ သူသည် သင်၏ အလိုသို့လိုက်၍၊ သင်သည် သူ့ကို အုပ်စိုးရ၏ဟု ကာဣနကိုမိန့်တော်မူ၏။
8 Nakisarita ni Cain iti kabsatna a ni Abel, ket kabayatan nga addada iti kataltalunan, dinuklos ni Cain ti kabsatna a ni Abel ket pinatayna isuna.
ကာဣနကလည်း လယ်သို့ သွားကြကုန်အံ့ဟု ညီအာဗေလကိုခေါ်၍၊ လယ်သို့ရောက်သောအခါ၊ ညီ အာဗေလကိုရန်ဘက်ပြု၍ သတ်လေ၏။
9 Kalpasanna, kinuna ni Yahweh kenni Cain, “Sadino ti ayan ti kabsatmo a ni Abel?” Kinunana, “Saanko nga ammo. Siak aya ti para-aywan iti kabsatko?”
ထာဝရဘုရားကလည်း သင့်ညီ အာဗေလသည် အဘယ်မှာရှိသနည်းဟု ကာဣနကို မေးတော်မူလျှင် အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ညီကို စောင့်ရသော သူဖြစ်ပါသလောဟု လျှောက်ဆို၏။
10 Kinuna ni Yahweh, “Ania ti inaramidmo? Umaw-awag kaniak ti dara ti kabsatmo manipud iti daga.
၁၀ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ ပြုပြီးသနည်း။ သင်ညီအသွေး၏အသံသည် မြေထဲက ငါ့ကို အော်ဟစ်လျက်ရှိသည်တကား။
11 Ita, nailunodka iti daga, inungapna dagiti ngiwatna a mangawat iti dara ti kabsatmo manipud iti imam.
၁၁သို့ဖြစ်၍သင့်ညီ၏ အသွေးကို ခံယူခြင်းငှါ၊ မိမိပစပ်ကိုဖွင့်သော မြေကြီး၏ ကျိန်ခြင်းကို သင်သည် ခံရသောကြောင့်၊
12 Manipud ita, no sukayem ti daga, saanna nga ipaay ti pigsana kenka. Aglemmelemmeng ken agalla-allakanto iti daga.”
၁၂ယခုမှစ၍ မြေ၌လုပ်သောအခါ ပကတိအတိုင်း အသီးအနှံကို မရရ။ မြေကြီးပေါ်မှ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။
13 Kinuna ni Cain kenni Yahweh,” Ti dusak ket dakdakkel ngem iti kabaelak.
၁၃ကာဣနကလည်း အကျွန်ုပ်အပြစ်သည် မဖြေနိုင်အောင် ကြီးပါသလော။
14 Pudno, iti daytoy nga aldaw ket pinatalawnakon manipud iti daytoy a daga ket mailemmengakto manipud iti rupam. Aglemmelemmeng ken agalla-allaakto iti daga, ket siasinoman a makasarak kaniak ket patayennak.”
၁၄အကျွန်ုပ်ကို မြေကြီးပြင်မှ ယနေ့နှင်ထုတ်တော်မူပြီ၊ မျက်နှာတော်ကိုလည်း မမြင်ရ။ မြေကြီးပေါ်မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသော သူဖြစ်ပါရမည်။ တွေ့သမျှသော သူတို့သည် အကျွန်ုပ်ကို သတ်ပါလိမ့်မည် ဟု ထာဝရဘုရားကို လျှောက်ဆို၏။
15 Kinuna ni Yahweh kenkuana, “No addaman ti mangpapatay kenni Cain, mabalesto isuna iti maminpito a daras.” Kalpasanna, minarkaan ni Yahweh ni Cain, tapno saanto isuna a dangran ti siasinoman a tao a makasarak kenkuana.
၁၅ထာဝရဘုရားကလည်း သို့ဖြစ်၍ ကာဣနကို သတ်သောသူမည်သည်ကား၊ ခုနစ်ဆသောအပြစ်ဒဏ်ကို ခံရလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊ ကာဣနကိုတွေ့သောသူ တစုံတယောက်မျှ မသတ်စေခြင်းငှါ၊ ထာဝရဘုရားသည် သူ၌ အမှတ်ပေးတော်မူ၏။
16 Isu a pimmanaw ni Cain manipud iti presensia ni Yahweh ket nagnaed iti daga iti Nod, iti daya iti Eden.
၁၆ကာဣနသည် ထာဝရဘုရားထံတော်မှ ထွက်သွား၍၊ ဧဒင်ပြည် အရှေ့၊ နောဒပြည်တွင် နေလေ၏။
17 Kinaidda ni Cain ti asawana ket nagsikog. Impasngayna ni Enoc. Nangibangon isuna iti siudad ket pinanagananna daytoy nga insurotna iti nagan ti putotna a ni Enoc.
၁၇ထိုအခါကာဣနသည် မိမိမယားနှင့် ဆက်ဆံသဖြင့်၊ သူသည် ပဋိသန္ဓေစွဲယူ၍၊ သားဧနောက်ကို ဘွားမြင်လေ၏။ ကာဣနသည်လည်း မြို့ကိုတည်၍မိမိသား၏ အမည်အလိုက်၊ ထိုမြို့ကို ဧနောက်မြို့ဟု သမုတ်လေ၏။
18 Naaddaan ni Enoc iti putot ket isu ni Irad. Naaddaan ni Irad iti putot ket isu ni Mehujael. Naaddan ni Mehujael iti putot ket isu ni Metusael. Naaddaan ni Metusael iti putot ket isu ni Lamec.
၁၈ဧနောက်သားကား၊ ဣရဒ်၊ ဣရဒ်သားကား၊ မဟုယေလ၊ မဟုယေလသားကား၊ မသုရှလ၊ မသုရှလ သားကား၊ လာမက်တည်း။
19 Dua iti inasawa ni Lamec: Ada ti nagan ti maysa ken Zilla met ti nagan ti maysa.
၁၉လာမက်သည်၊ အာဒနှင့်ဇိလ အမည်ရှိသော မိန်းမနှစ်ယောက်နှင့် အိမ်ထောင်ဘက်ပြု၍၊
20 Impasngay ni Ada ni Jabal. Isuna ti ama dagiti agnanaed kadagiti tolda nga addaan kadagiti taraken nga ayup.
၂၀အာဒသည် သားယာဗလကိုဘွားမြင်လေ၏။ ထိုသားကား၊ တဲ၌နေသောသူ၊ သိုးနွားစသည်တို့ကို မွေးသော သူတို့၏ အဘဆရာ ဖြစ်လေသတည်း။
21 Jubal ti nagan ti kabsatna a lalaki. Isuna ti ama dagiti agtuktukar iti arpa ken plauta.
၂၁ယုဗလအမည်ရှိသော ညီမူကား၊ စောင်းမျိုး၊ နှဲခရာမျိုးတို့ကို တီးမှုတ်တတ်သောသူ အပေါင်းတို့၏ အဘဆရာဖြစ်လေသတည်း။
22 Ni Zilla met, impasngayna ni Tubal Cain, nga agpanpanday kadagiti alikamen a tanso ken landok. Ti kabsat a babai ni Tubal Cain ket ni Naama.
၂၂ဇိလသည်လည်း၊ သားတုဗလကာဣနကို ဘွားမြင်လေ၏။ သူသည် ပန်းတဉ်းသမား၊ ပန်းပဲသမား အ ပေါင်းတို့၏ဆရာဖြစ်လေ၏။ တုဗလကာဣန၏နှမကား၊ နေမအမည်ရှိ၏။
23 Kinuna ni Lamec kadagiti assawana, “Ada ken Zilla, dummegkayo iti timekko; dakayo nga assawa ni Lamec, dumngegkayo iti ibagak. Ta nakapatayak iti lalaki gapu iti panangsugatna kaniak, maysa nga agtutubo a lalaki gapu ta dinunornak.
၂၃လာမက်ကလည်း အာဒနှင့်ဇိလ၊ ငါပြောသံကို မှတ်ကြလော့။ လာမက်မားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ငါ့ကိုထိခိုက်သော လူတယောက်တည်းဟူသော၊ ငါ့ကိုညှဉ်းဆဲသောလူပျိုတယောက်ကို ငါသတ်ခဲ့ပြီ။
24 No ni Cain ket naibales iti naminpito a daras, pudno a maibales ni Lamec iti pitopulo ket pito a daras.”
၂၄ကာဣနသည် ခုနစ်ဆသောတရားကိုရလျှင်၊ အကယ်၍လာမက်သည်၊ အဆခုနှစ်ဆယ် ခုနစ်ဆသော တရားကို ရလိမ့်မည်ဟု မိမိမယားတို့ကိုပြောဆို၏။
25 Kinaidda manen ni Adan ti asawana ket naganak iti maysa pay a lalaki. Pinanaganan ni Eva dayta iti Set ket kinunana, “Inikkannak ti Dios iti maysa pay nga anak a lalaki a kasukat ni Abel, ta pinatay isuna ni Cain.”
၂၅အာဒံသည်လည်း မိမိမယားနှင့် တဖန်ဆက်ဆံပြန်လျှင်၊ မယားသည် သားကို ဘွားမြင်၍ ရှေသဟူသော အမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ကာဣနသတ်သော အာဗေလကိုယ်စား တပါးသောအနွယ်ကို အကျွန်ုပ် အဘို့ ဘုရားသခင်၌ ခန့်ထားတော်မူပြီဟု ဆိုသတည်း။
26 Naaddaan ni Set iti putot ket pinanagananna iti Enos. Kalpasanna, ket inrugi dagiti tattao nga immawag iti nagan ni Yahweh.
၂၆ရှေသသည်လည်း သားကိုရ၍ ဧနုတ်ဟူသော အမည်ဖြင့် မှည့်လေ၏။ ထိုကာလ၌ ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍ ကိုးကွယ်စ ပြုကြလေ၏၊

< Genesis 4 >