< उत्पत्ति 31 >

1 फिर लाबान के पुत्रों की ये बातें याकूब के सुनने में आईं, “याकूब ने हमारे पिता का सब कुछ छीन लिया है, और हमारे पिता के धन के कारण उसकी यह प्रतिष्ठा है।”
လာ​ဗန်​၏​သား​တို့​က``ငါ​တို့​၏​ဖ​ခင်​ပိုင်​သ​မျှ ပစ္စည်း​တို့​ကို​ယာ​ကုပ်​ယူ​သွား​လေ​ပြီ။ ဖ​ခင်​ပိုင် ဆိုင်​သော​ပစ္စည်း​ဖြင့်​သူ​၌​စီး​ပွား​တက်​လာ​ပြီ'' ဟူ​၍​ပြော​ဆို​သံ​ကို​ယာ​ကုပ်​ကြား​သိ​ရ​လေ သည်။-
2 और याकूब ने लाबान के चेहरे पर दृष्टि की और ताड़ लिया, कि वह उसके प्रति पहले के समान नहीं है।
ထို့​အ​ပြင်​လာ​ဗန်​သည်​ယ​ခင်​က​ကဲ့​သို့​သူ့ အား​မ​ကြည်​ဖြူ​ကြောင်း​ကို​လည်း​တွေ့​မြင် ရ​သည်။-
3 तब यहोवा ने याकूब से कहा, “अपने पितरों के देश और अपनी जन्म-भूमि को लौट जा, और मैं तेरे संग रहूँगा।”
သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​က``သင်​၏​ဘိုး​ဘေး တို့​နှင့်​ဆွေ​မျိုး​သား​ချင်း​တို့​နေ​ထိုင်​ရာ​ပြည် သို့​ပြန်​လော့။ ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​မည်'' ဟု ယာ​ကုပ်​အား​မိန့်​တော်​မူ​၏။
4 तब याकूब ने राहेल और लिआ को, मैदान में अपनी भेड़-बकरियों के पास बुलवाकर कहा,
ထို့​ကြောင့်​ယာကုပ်​သည်​ရာ​ခေ​လ​နှင့်​လေ​အာ တို့​ကို​သူ​၏​သိုး၊ ဆိတ်​အုပ်​များ​ရှိ​ရာ​လယ်​ထဲ သို့​ခေါ်​ပြီး​လျှင်၊-
5 “तुम्हारे पिता के चेहरे से मुझे समझ पड़ता है, कि वह तो मुझे पहले के समान अब नहीं देखता; पर मेरे पिता का परमेश्वर मेरे संग है।
``သင်​တို့​၏​ဖ​ခင်​သည်​ယ​ခင်​က​ကဲ့​သို့​ငါ့ အား​မ​ကြည်​ဖြူ​ကြောင်း​ငါ​တွေ့​ရ​သည်။ သို့ ရာ​တွင်​ငါ့​အ​ဖ​၏​ဘု​ရား​သ​ခင်​သည်​ငါ နှင့်​အ​တူ​ရှိ​တော်​မူ​၏။-
6 और तुम भी जानती हो, कि मैंने तुम्हारे पिता की सेवा शक्ति भर की है।
ငါ​သည်​သင်​တို့​၏​ဖခင်​အ​တွက်​အ​စွမ်း​ကုန် အ​လုပ်​လုပ်​ခဲ့​ကြောင်း​သင်​တို့​နှစ်​ဦး​စ​လုံး သိ​ကြ​၏။-
7 फिर भी तुम्हारे पिता ने मुझसे छल करके मेरी मजदूरी को दस बार बदल दिया; परन्तु परमेश्वर ने उसको मेरी हानि करने नहीं दिया।
သို့​သော်​လည်း​သူ​သည်​ငါ့​ကို​လှည့်​စား​၍​ငါ ရ​ထိုက်​သော​အ​ခ​ကို​ဆယ်​ကြိမ်​မျှ​ပြောင်း​လဲ ခဲ့​လေ​ပြီ။ သို့​ရာ​တွင်​ငါ့​ကို​နစ်​နာ​ဆုံး​ရှုံး​စေ ရန်​ဘု​ရား​သ​ခင်​သည်​သူ့​ကို​အ​ခွင့်​ပေး​တော် မ​မူ။-
8 जब उसने कहा, ‘चित्तीवाले बच्चे तेरी मजदूरी ठहरेंगे,’ तब सब भेड़-बकरियाँ चित्तीवाले ही जनने लगीं, और जब उसने कहा, ‘धारीवाले बच्चे तेरी मजदूरी ठहरेंगे,’ तब सब भेड़-बकरियाँ धारीवाले जनने लगीं।
သင်​တို့​၏​ဖ​ခင်​က​အ​ပြောက်​ပါ​ရှိ​သော​ဆိတ် တို့​သည်​သင်​၏​အ​ခ​ဖြစ်​သည်​ဟု​ဆို​လျှင် ဆိတ် ရှိ​သ​မျှ​တို့​သည်​အ​ပြောက်​ပါ​ရှိ​သော​သား ကောင်​များ​ကို​မွေး​ကြ​၏။ သူ​က`အ​စင်း​ပါ​သော ဆိတ်​တို့​သည်​သင်​၏​အ​ခ​ဖြစ်​သည်' ဟု​ဆို​လျှင် ဆိတ်​ရှိ​သ​မျှ​တို့​သည်​အ​စင်း​ပါ​ရှိ​သော​သား ကောင်​များ​ကို​မွေး​ကြ​၏။-
9 इस रीति से परमेश्वर ने तुम्हारे पिता के पशु लेकर मुझ को दे दिए।
ထို​သို့​အား​ဖြင့်​ဘု​ရား​သ​ခင်​သည်​သင်​၏ ဖ​ခင်​ထံ​မှ​ဆိတ်​အုပ်​တို့​ကို​ယူ​၍​ငါ့​အား ပေး​တော်​မူ​ပြီ။
10 १० भेड़-बकरियों के गाभिन होने के समय मैंने स्वप्न में क्या देखा, कि जो बकरे बकरियों पर चढ़ रहे हैं, वे धारीवाले, चित्तीवाले, और धब्बेवाले हैं।
၁၀``တိ​ရစ္ဆာန်​များ​မိတ်​လိုက်​ချိန်​၌​ငါ​သည်​အိပ်​မက် မြင်​မက်​ရာ​အိပ်​မက်​ထဲ​တွင်​မိတ်​လိုက်​နေ​သော တိ​ရစ္ဆာန်​အ​ထီး​တို့​သည် အ​ကွက်၊ အ​ပြောက်၊ အ​ကျား​များ​ပါ​ရှိ​သည်​ကို​ငါ​မြင်​ရ​၏။-
11 ११ तब परमेश्वर के दूत ने स्वप्न में मुझसे कहा, ‘हे याकूब,’ मैंने कहा, ‘क्या आज्ञा।’
၁၁အိပ်​မက်​ထဲ​တွင်​ဘု​ရား​သ​ခင်​၏​ကောင်း​ကင် တ​မန်​က`ယာ​ကုပ်' ဟု​ခေါ်​လျှင်​ငါ​က`ရှိ​ပါ သည်​အ​ရှင်' ဟု​ထူး​သော်၊-
12 १२ उसने कहा, ‘आँखें उठाकर उन सब बकरों को जो बकरियों पर चढ़ रहे हैं, देख, कि वे धारीवाले, चित्तीवाले, और धब्बेवाले हैं; क्योंकि जो कुछ लाबान तुझ से करता है, वह मैंने देखा है।
၁၂ကောင်း​ကင်​တ​မန်​က`သင့်​အား​လာဗန်​ပြု​မူ သ​မျှ​တို့​ကို​ငါ​မြင်​ရ​သ​ဖြင့် မိတ်​လိုက်​နေ သော​ဆိတ်​အ​ထီး​အား​လုံး​တို့​သည် အ​ကွက်၊ အ​ပြောက်​အ​ကျား​များ​ပါ​ရှိ​စေ​ရန်​ငါ စီ​ရင်​ပြီ။-
13 १३ मैं उस बेतेल का परमेश्वर हूँ, जहाँ तूने एक खम्भे पर तेल डाल दिया था और मेरी मन्नत मानी थी। अब चल, इस देश से निकलकर अपनी जन्म-भूमि को लौट जा।’”
၁၃ငါ​သည်​ကား​ဗေ​သ​လ​အ​ရပ်​၌​သင်​ကျောက် တုံး​ကို​မှတ်​တိုင်​အ​ဖြစ်​တည်​၍ သံ​လွင်​ဆီ လောင်း​လျက်​ဆက်​ကပ်​ပြီး​လျှင်​ငါ့​အား​သစ္စာ ပြု​သော​အ​ခါ သင်​ရူ​ပါ​ရုံ​တွင်​မြင်​ရ​သော ဘု​ရား​ဖြစ်​တော်​မူ​၏။ သင်​သည်​ဤ​ပြည်​မှ ထွက်​၍​သင်​၏​နေ​ရင်း​ပြည်​သို့​ပြန်​ရန်​ယ​ခု ပြင်​ဆင်​လော့' ဟု​ငါ့​အား​မိန့်​တော်​မူ​လေ သည်'' ဟု​ဆို​၏။
14 १४ तब राहेल और लिआ ने उससे कहा, “क्या हमारे पिता के घर में अब भी हमारा कुछ भाग या अंश बचा है?
၁၄ရာ​ခေ​လ​နှင့်​လေ​အာ​တို့​က``ကျွန်​မ​တို့​သည် ဖ​ခင်​ထံ​မှ​အ​မွေ​ရ​စ​ရာ​မ​ရှိ​တော့​ပါ။-
15 १५ क्या हम उसकी दृष्टि में पराए न ठहरीं? देख, उसने हमको तो बेच डाला, और हमारे रूपे को खा बैठा है।
၁၅ဖ​ခင်​သည်​ကျွန်​မ​တို့​အား​သူ​စိမ်း​များ​ကဲ့​သို့ ဆက်​ဆံ​ပါ​သည်။ ကျွန်​မ​တို့​ကို​ရောင်း​စား​၍​ရ သ​မျှ​ငွေ​ကို​သုံး​စွဲ​ခဲ့​လေ​ပြီ။-
16 १६ इसलिए परमेश्वर ने हमारे पिता का जितना धन ले लिया है, वह हमारा, और हमारे बच्चों का है; अब जो कुछ परमेश्वर ने तुझ से कहा है, वही कर।”
၁၆ကျွန်​မ​တို့​၏​ဖ​ခင်​ထံ​မှ​ဘု​ရား​သ​ခင်​သိမ်း​ယူ တော်​မူ​သော​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို ကျွန်​မ တို့​၏​သား​သ​မီး​များ​ပိုင်​ပါ​သည်။ ဘု​ရား​သ​ခင် မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​ဆောင်​ရွက်​ပါ​လော့'' ဟု​ယာ​ကုပ်​အား​ပြော​ကြ​၏။
17 १७ तब याकूब ने अपने बच्चों और स्त्रियों को ऊँटों पर चढ़ाया;
၁၇သို့​ဖြစ်​၍​ယာ​ကုပ်​သည်​မိ​မိ​၏​ဖ​ခင်​ရှိ​ရာ ခါ​နာန်​ပြည်​သို့​ပြန်​ရန်​ပြင်​ဆင်​လေ​သည်။ သူ ၏​သား​သ​မီး​နှင့်​မ​ယား​တို့​ကို​ကု​လား​အုတ် များ​ပေါ်​တွင်​စီး​စေ​၏။ သူ​သည်​မက်​ဆို​ပို​တေး မီး​ယား​ပြည်​၌​ရ​ရှိ​ခဲ့​သ​မျှ​သော​ဥစ္စာ​ပစ္စည်း များ​ကို​ယူ​ဆောင်​လျက် မိ​မိ​၏​သိုး​အုပ်၊ ဆိတ် အုပ်​များ​ကို​မောင်း​နှင်​လာ​ခဲ့​လေ​သည်။-
18 १८ और जितने पशुओं को वह पद्दनराम में इकट्ठा करके धनाढ्य हो गया था, सब को कनान में अपने पिता इसहाक के पास जाने की मनसा से, साथ ले गया।
၁၈
19 १९ लाबान तो अपनी भेड़ों का ऊन कतरने के लिये चला गया था, और राहेल अपने पिता के गृहदेवताओं को चुरा ले गई।
၁၉လာ​ဗန်​သည်​သူ​၏​သိုး​များ​ကို​အ​မွေး​ညှပ် ရန်​သွား​နေ​ချိန်​ဖြစ်​ရာ အိမ်​တွင်​သူ​မ​ရှိ​ခိုက် ရာ​ခေ​လ​သည်​ဖ​ခင်​၏​ဘု​ရား​ရုပ်​တု​များ ကို​ခိုး​ယူ​ခဲ့​လေ​သည်။-
20 २० अतः याकूब लाबान अरामी के पास से चोरी से चला गया, उसको न बताया कि मैं भागा जाता हूँ।
၂၀ယာ​ကုပ်​သည်​လာ​ဗန်​အား​အ​သိ​မ​ပေး​ဘဲ ထွက်​ခဲ့​လေ​သည်။-
21 २१ वह अपना सब कुछ लेकर भागा, और महानद के पार उतरकर अपना मुँह गिलाद के पहाड़ी देश की ओर किया।
၂၁ဤ​သို့​အား​ဖြင့်​သူ​ပိုင်​ဆိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း​တို့ ကို​ယူ​၍ အ​ဆော​တ​လျင်​ခ​ရီး​ထွက်​ခဲ့​ရာ သူ သည်​ဥ​ဖ​ရတ်​မြစ်​ကို​ဖြတ်​ကျော်​ပြီး​နောက် ဂိ​လဒ်​တောင်​သို့​ရှေ့​ရှု​ခ​ရီး​ဆက်​ခဲ့​လေ​၏။
22 २२ तीसरे दिन लाबान को समाचार मिला कि याकूब भाग गया है।
၂၂သုံး​ရက်​ကြာ​သော​အ​ခါ လာ​ဗန်​သည်​ယာ​ကုပ် ထွက်​ပြေး​ကြောင်း​ကို​ကြား​သိ​ရ​လေ​သည်။-
23 २३ इसलिए उसने अपने भाइयों को साथ लेकर उसका सात दिन तक पीछा किया, और गिलाद के पहाड़ी देश में उसको जा पकड़ा।
၂၃ထို​အ​ခါ​သူ​သည်​မိ​မိ​၏​သား​ချင်း​တို့​ကို ခေါ်​၍ ယာ​ကုပ်​နောက်​သို့​ခုနစ်​ရက်​ကြာ​မျှ လိုက်​ခဲ့​ရာ​ဂိ​လဒ်​တောင်​ဒေ​သ​သို့​အ​ရောက် တွင်​မီ​လေ​၏။-
24 २४ तब परमेश्वर ने रात के स्वप्न में अरामी लाबान के पास आकर कहा, “सावधान रह, तू याकूब से न तो भला कहना और न बुरा।”
၂၄ထို​နေ့​ည​၌​အိပ်​မက်​ထဲ​တွင်​ဘု​ရား​သ​ခင် သည်​လာ​ဗန်​ထံ​သို့​ကြွ​လာ​တော်​မူ​၍``သင် သည်​ယာ​ကုပ်​အား​မည်​သို့​မျှ​ခြိမ်း​ခြောက်​ခြင်း မ​ပြု​မိ​ရန်​သ​တိ​ပြု​လော့'' ဟု​မိန့်​တော်​မူ​၏။-
25 २५ और लाबान याकूब के पास पहुँच गया। याकूब अपना तम्बू गिलाद नामक पहाड़ी देश में खड़ा किए पड़ा था; और लाबान ने भी अपने भाइयों के साथ अपना तम्बू उसी पहाड़ी देश में खड़ा किया।
၂၅ယာ​ကုပ်​သည်​တောင်​ပေါ်​၌​လည်း​ကောင်း၊ လာ​ဗန် နှင့်​သား​ချင်း​တို့​သည်​ဂိ​လဒ်​တောင်​ဒေ​သ​၌ လည်း​ကောင်း​စ​ခန်း​ချ​ကြ​လေ​သည်။
26 २६ तब लाबान याकूब से कहने लगा, “तूने यह क्या किया, कि मेरे पास से चोरी से चला आया, और मेरी बेटियों को ऐसा ले आया, जैसा कोई तलवार के बल से बन्दी बनाई गई हों?
၂၆လာ​ဗန်​က``သင်​သည်​အ​ဘယ်​ကြောင့်​ငါ့​ကို လှည့်​စား​၍ ငါ​၏​သ​မီး​များ​ကို​စစ်​သုံ့​ပန်း များ​ကဲ့​သို့​ခေါ်​ဆောင်​သွား​ရ​ပါ​သ​နည်း။-
27 २७ तू क्यों चुपके से भाग आया, और मुझसे बिना कुछ कहे मेरे पास से चोरी से चला आया; नहीं तो मैं तुझे आनन्द के साथ मृदंग और वीणा बजवाते, और गीत गवाते विदा करता?
၂၇အ​ဘယ်​ကြောင့်​တိတ်​ဆိတ်​စွာ​ထွက်​ပြေး​သ​နည်း။ ငါ့​အား​အ​သိ​ပေး​ခဲ့​လျှင်​ငါ​သည်​ပတ်​သာ စောင်း​ငြင်း​တီး​လျက် မြူး​တူး​ပျော်​ရွှင်​စွာ သင်​တို့​ကို​စေ​လွှတ်​လိုက်​မည်​သာ​ဖြစ်​၏။-
28 २८ तूने तो मुझे अपने बेटे-बेटियों को चूमने तक न दिया? तूने मूर्खता की है।
၂၈သင်​သည်​ငါ့​မြေး​နှင့်​သ​မီး​များ​တို့​ကို​ပင် နမ်း​ရှုပ်​နှုတ်​ဆက်​ခွင့်​ကို​မ​ပေး။ မိုက်​လှ​သည် တ​ကား။-
29 २९ तुम लोगों की हानि करने की शक्ति मेरे हाथ में तो है; पर तुम्हारे पिता के परमेश्वर ने मुझसे बीती हुई रात में कहा, ‘सावधान रह, याकूब से न तो भला कहना और न बुरा।’
၂၉ငါ​သည်​သင့်​အား​ဘေး​ဒုက္ခ​ရောက်​စေ​နိုင်​၏။ သို့​ရာ​တွင်​ယ​မန်​နေ့​ည​၌ သင့်​အ​ဖ​၏​ဘု​ရား က​သင့်​အား​မည်​သို့​မျှ​မ​ခြိမ်း​ခြောက်​ရ​ဟု ငါ့​ကို​သ​တိ​ပေး​မိန့်​မှာ​တော်​မူ​ခဲ့​၏။-
30 ३० भला, अब तू अपने पिता के घर का बड़ा अभिलाषी होकर चला आया तो चला आया, पर मेरे देवताओं को तू क्यों चुरा ले आया है?”
၃၀သင်​သည်​သင့်​မိ​ဘ​တို့​နေ​ရပ်​သို့​ပြန်​ရောက် လို​သည့်​စိတ်​ဇော​ကြောင့်​ထွက်​ခွာ​ခဲ့​ကြောင်း​ကို ငါ​သိ​၏။ သို့​ရာ​တွင်​ငါ​၏​ဘု​ရား​ရုပ်​တု​များ ကို​အ​ဘယ်​ကြောင့်​ခိုး​ယူ​သွား​ရ​သ​နည်း'' ဟု ယာကုပ်​အား​မေး​လေ​၏။
31 ३१ याकूब ने लाबान को उत्तर दिया, “मैं यह सोचकर डर गया था कि कहीं तू अपनी बेटियों को मुझसे छीन न ले।
၃၁ထို​အ​ခါ​ယာ​ကုပ်​က``သင်​သည်​သ​မီး​များ တို့​ကို​အ​နိုင်​အ​ထက်​သိမ်း​ယူ​ထား​မည်​ဟု စိုး​ရိမ်​သော​ကြောင့်​ထွက်​ပြေး​ခဲ့​ရ​ပါ​သည်။-
32 ३२ जिस किसी के पास तू अपने देवताओं को पाए, वह जीवित न बचेगा। मेरे पास तेरा जो कुछ निकले, उसे भाई-बन्धुओं के सामने पहचानकर ले ले।” क्योंकि याकूब न जानता था कि राहेल गृहदेवताओं को चुरा ले आई है।
၃၂သင်​၏​ဘု​ရား​ရုပ်​တု​များ​ခိုး​ယူ​သူ​ကို တွေ့​ရှိ​လျှင်​ထို​သူ​အား​ဒဏ်​ပေး​မည်။ ကျွန်ုပ် တို့​၏​သား​ချင်း​များ​ကို​သက်​သေ​ထား​၍ သင်​ပိုင်​ဆိုင်​သည့်​ပစ္စည်း​ဥစ္စာ​ကို​ရှာ​ပါ​လော့။ သင့်​ဥစ္စာ​ရှာ​တွေ့​လျှင်​ယူ​ပါ​လော့'' ဟု​ဆို လေ​၏။ လာ​ဗန်​၏​ဘု​ရား​ရုပ်​တု​များ​ကို ရာ​ခေ​လ​ခိုး​ယူ​ခဲ့​ကြောင်း​ယာ​ကုပ်​မ​သိ​ချေ။
33 ३३ यह सुनकर लाबान, याकूब और लिआ और दोनों दासियों के तम्बुओं में गया; और कुछ न मिला। तब लिआ के तम्बू में से निकलकर राहेल के तम्बू में गया।
၃၃လာ​ဗန်​သည်​ယာ​ကုပ်​၏​တဲ​ထဲ​သို့​ဝင်​၍ ရုပ်​တု​များ​ကို​ရှာ​၏။ ထို​နောက်​လေ​အာ​၏ တဲ​နှင့်​ကျွန်​မိန်း​မ​နှစ်​ဦး​၏​တဲ​တို့​တွင်​ရှာ သော်​လည်း​မ​တွေ့​ချေ။ ထို့​နောက်​ရာ​ခေ​လ ၏​တဲ​ထဲ​သို့​ဝင်​လေ​၏။-
34 ३४ राहेल तो गृहदेवताओं को ऊँट की काठी में रखकर उन पर बैठी थी। लाबान ने उसके सारे तम्बू में टटोलने पर भी उन्हें न पाया।
၃၄ရာ​ခေ​လ​သည်​ဖ​ခင်​၏​ဘု​ရား​ရုပ်​တု​များ ကို​ကု​လား​အုတ်​ကုန်း​နှီး​အိတ်​ထဲ​၌​ထည့်​ထား ၍ ထို​အိတ်​ပေါ်​တွင်​ထိုင်​နေ​၏။ လာ​ဗန်​သည်​တဲ တစ်​တဲ​လုံး​တွင်​ရှာ​ပါ​သော်​လည်း​ရုပ်​တု​များ ကို​မ​တွေ့​ရ​ချေ။-
35 ३५ राहेल ने अपने पिता से कहा, “हे मेरे प्रभु; इससे अप्रसन्न न हो, कि मैं तेरे सामने नहीं उठी; क्योंकि मैं मासिक धर्म से हूँ।” अतः उसके ढूँढ़-ढाँढ़ करने पर भी गृहदेवता उसको न मिले।
၃၅ရာ​ခေ​လ​က​လည်း``ကျွန်​မ​သည်​မိန်း​မ​တို့​၏ ဋ္ဌမ္မ​တာ​ဖြစ်​ပေါ်​နေ​ချိန်​ဖြစ်​၍​ဖ​ခင်​၏​ရှေ့​မှာ မတ်​တပ်​မ​ရပ်​နိုင်​သည်​ကို​သည်း​ခံ​ခွင့်​လွှတ် ပါ'' ဟု​ဆို​လေ​၏။ လာ​ဗန်​သည်​ဘု​ရား​ရုပ်​တု များ​ကို​ရှာ​သော်​လည်း​မ​တွေ့​ရ​ချေ။
36 ३६ तब याकूब क्रोधित होकर लाबान से झगड़ने लगा, और कहा, “मेरा क्या अपराध है? मेरा क्या पाप है, कि तूने इतना क्रोधित होकर मेरा पीछा किया है?
၃၆ထို​အ​ခါ​ယာ​ကုပ်​သည်​ဒေါ​သ​ထွက်​လျက်``ကျွန်ုပ် သည်​အ​ဘယ်​အပြစ်​ကို​ကူး​လွန်​မိ​ပါ​သ​နည်း။ အ​ဘယ်​ပြစ်​မှု​ကြောင့်​သင်​သည်​ကျွန်ုပ်​နောက်​သို့ အ​ပြင်း​အ​ထန်​လိုက်​ရ​ပါ​သ​နည်း။-
37 ३७ तूने जो मेरी सारी सामग्री को टटोलकर देखा, तो तुझको अपने घर की सारी सामग्री में से क्या मिला? कुछ मिला हो तो उसको यहाँ अपने और मेरे भाइयों के सामने रख दे, और वे हम दोनों के बीच न्याय करें।
၃၇ယ​ခု​သင်​သည်​ကျွန်ုပ်​၏​ပစ္စည်း​ရှိ​သ​မျှ​ကို​ရှာ ဖွေ​ပြီး​ပြီ​ဖြစ်​ရာ​သင်​ပိုင်​သော​ပစ္စည်း​တစ်​စုံ​တစ် ရာ​ကို​ရှာ​တွေ့​ပါ​သ​လော။ သင်​ပိုင်​သော​ပစ္စည်း​ကို ရှာ​တွေ့​လျှင်​သင်​၏​သား​ချင်း​နှင့်​ကျွန်ုပ်​၏​သား ချင်း​တို့​ရှေ့​မှောက်​တွင်​ထား​ပါ။ မည်​သူ့​ပစ္စည်း​ဖြစ် သည်​ကို​သူ​တို့​က​အ​ဆုံး​အ​ဖြတ်​ပေး​ပါ​စေ။-
38 ३८ इन बीस वर्षों से मैं तेरे पास रहा; इनमें न तो तेरी भेड़-बकरियों के गर्भ गिरे, और न तेरे मेढ़ों का माँस मैंने कभी खाया।
၃၈ကျွန်ုပ်​သည်​သင်​နှင့်​အ​တူ​နှစ်​ပေါင်း​နှစ်​ဆယ်​နေ ထိုင်​ခဲ့​ပါ​သည်။ သင်​၏​သိုး​မ​နှင့်​ဆိတ်​မ​တို့​သည် သား​မ​ပေါက်​ကြ​ဟူ​၍​မ​ရှိ။ သင့်​သိုး​ထီး​ဆိတ် ထီး​တို့​ကို​ကျွန်ုပ်​သတ်​၍​မ​စား။-
39 ३९ जिसे जंगली जन्तुओं ने फाड़ डाला उसको मैं तेरे पास न लाता था, उसकी हानि मैं ही उठाता था; चाहे दिन को चोरी जाता चाहे रात को, तू मुझ ही से उसको ले लेता था।
၃၉သိုး​တစ်​ကောင်​ကို​တော​သား​ရဲ​က​ကိုက်​သတ် လျှင် ကျွန်ုပ်​သာ​လျှင်​အ​မြဲ​အ​စား​ထိုး​ပေး ပါ​သည်။ သိုး​သေ​ရ​ခြင်း​မှာ​ကျွန်ုပ်​၏​တာ​ဝန် မ​ရှိ​ကြောင်း​သက်​သေ​ထူ​ရန်​ထို​အ​သေ​ကောင် ကို​သင့်​ထံ​သို့​မ​ယူ​ဆောင်​ခဲ့​ပါ။ နေ့​အ​ချိန် ၌​ဖြစ်​စေ၊ ည​အချိန်​၌​ဖြစ်​စေ​တိ​ရစ္ဆာန်​အ​ခိုး ခံ​ရ​လျှင်​သင်​သည်​ကျွန်ုပ်​အား​ထို​တိ​ရစ္ဆာန် အ​တွက်​အ​စား​ပေး​လျော်​စေ​၏။-
40 ४० मेरी तो यह दशा थी कि दिन को तो घाम और रात को पाला मुझे खा गया; और नींद मेरी आँखों से भाग जाती थी।
၄၀ကျွန်ုပ်​သည်​နေ့​အ​ချိန်​၌​နေ​ပူ​ဒဏ်​ကို​လည်း ကောင်း၊ ည​အ​ချိန်​၌​အ​အေး​ဒဏ်​ကို​လည်း​ကောင်း အ​ကြိမ်​ကြိမ်​ခံ​ခဲ့​ရ​ပါ​သည်။ အ​အိပ်​လည်း ပျက်​ခဲ့​ရ​ပါ​သည်။-
41 ४१ बीस वर्ष तक मैं तेरे घर में रहा; चौदह वर्ष तो मैंने तेरी दोनों बेटियों के लिये, और छः वर्ष तेरी भेड़-बकरियों के लिये सेवा की; और तूने मेरी मजदूरी को दस बार बदल डाला।
၄၁သင်​နှင့်​နှစ်​ပေါင်း​နှစ်​ဆယ်​ထို​ဒုက္ခ​ကို​ခံ​ခဲ့​ရ​ပြီ။ သင်​၏​သမီး​နှစ်​ယောက်​အ​တွက်​တစ်​ဆယ့်​လေး​နှစ် အ​လုပ်​လုပ်​ပေး​ခဲ့​ပါ​သည်။ ထို​နောက်​ခြောက်​နှစ် မျှ​သင်​၏​တိ​ရစ္ဆာန်​တို့​ကို​ထိန်း​ကျောင်း​ခဲ့​ရ​ပါ သည်။ ထို​ကဲ့​သို့​ဆောင်​ရွက်​ပေး​သည့်​တိုင်​အောင် သင်​သည်​ကျွန်ုပ်​၏​အ​ခ​ကို​ဆယ်​ကြိမ်​မျှ​ပြောင်း လဲ​ခဲ့​ပါ​သည်။-
42 ४२ मेरे पिता का परमेश्वर अर्थात् अब्राहम का परमेश्वर, जिसका भय इसहाक भी मानता है, यदि मेरी ओर न होता, तो निश्चय तू अब मुझे खाली हाथ जाने देता। मेरे दुःख और मेरे हाथों के परिश्रम को देखकर परमेश्वर ने बीती हुई रात में तुझे डाँटा।”
၄၂အ​ကယ်​၍​အာ​ဗြ​ဟံ​နှင့်​ဣ​ဇာက်​တို့​ကိုး​ကွယ် သော​ဘု​ရား​သ​ခင်​သည်​ကျွန်ုပ်​တို့​နှင့်​အ​တူ မ​ရှိ​ခဲ့​လျှင် သင်​သည်​ကျွန်ုပ်​ကို​လက်​ချည်း​သက် သက်​စေ​လွှတ်​လိုက်​မည်​ဖြစ်​၏။ သို့​သော်​လည်း ဘု​ရား​သ​ခင်​သည်​ကျွန်ုပ်​ခံ​ရ​သော​ဆင်း​ရဲ ခြင်း၊ ပင်​ပန်း​စွာ​လုပ်​ကိုင်​ရ​ခြင်း​တို့​ကို​သိ မြင်​တော်​မူ​သ​ဖြင့်​ယ​မန်​နေ့​ည​က​သင့်​ကို ဆုံး​မ​တော်​မူ​ပြီ'' ဟု​လာ​ဗန်​အား​ဆို​လေ​၏။
43 ४३ लाबान ने याकूब से कहा, “ये बेटियाँ तो मेरी ही हैं, और ये पुत्र भी मेरे ही हैं, और ये भेड़-बकरियाँ भी मेरे ही हैं, और जो कुछ तुझे देख पड़ता है वह सब मेरा ही है परन्तु अब मैं अपनी इन बेटियों और इनकी सन्तान से क्या कर सकता हूँ?
၄၃လာ​ဗန်​က``ဤ​သ​မီး​တို့​သည်​ငါ​၏​သ​မီး​များ ဖြစ်​၍ သူ​တို့​၏​သား​သ​မီး​များ​သည်​လည်း ငါ​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။ ဤ​သိုး​အုပ် ဆိတ်​အုပ်​များ​သည်​လည်း​ငါ​၏​တိ​ရစ္ဆာန်​များ ဖြစ်​၏။ စင်​စစ်​အား​ဖြင့်​သင်​မြင်​သ​မျှ​သော ဥစ္စာ​ပစ္စည်း​တို့​ကို​ငါ​ပိုင်​၏။ သို့​သော်​လည်း​ငါ ၏​သ​မီး​များ​နှင့်​သူ​တို့​၏​သား​သ​မီး​တို့ ကို​ငါ​စောင့်​ရှောက်​ထား​ရန်​မ​ဖြစ်​နိုင်​တော့ သ​ဖြင့်၊-
44 ४४ अब आ, मैं और तू दोनों आपस में वाचा बाँधें, और वह मेरे और तेरे बीच साक्षी ठहरी रहे।”
၄၄သင်​နှင့်​ငါ​ပ​ဋိ​ညာဉ်​ပြု​လို​ပါ​သည်။ ထို​ပ​ဋိ ညာဉ်​ပြု​ချက်​ကို​ငါ​တို့​သ​တိ​ရ​စေ​ခြင်း​ငှာ ကျောက်​ပုံ​တည်​ကြ​စို့'' ဟု​ယာ​ကုပ်​အား​ပြော လေ​သည်။
45 ४५ तब याकूब ने एक पत्थर लेकर उसका खम्भा खड़ा किया।
၄၅ထို့​ကြောင့်​ယာ​ကုပ်​သည်​ကျောက်​တုံး​တစ်​တုံး ကို​ယူ​၍ မှတ်​တိုင်​အ​ဖြစ်​စိုက်​ထူ​လေ​သည်။-
46 ४६ तब याकूब ने अपने भाई-बन्धुओं से कहा, “पत्थर इकट्ठा करो,” यह सुनकर उन्होंने पत्थर इकट्ठा करके एक ढेर लगाया और वहीं ढेर के पास उन्होंने भोजन किया।
၄၆ထို​နောက်​သူ​၏​သား​ချင်း​တို့​အား​ကျောက်​တုံး များ​ကို​ထပ်​ဆင့်​၍​ပုံ​စေ​၏။ ထို​နောက်​သူ​တို့ သည်​ကျောက်​ပုံ​နား​တွင်​စား​သောက်​ကြ​လေ​သည်။-
47 ४७ उस ढेर का नाम लाबान ने तो जैगर सहादुथा, पर याकूब ने गिलियाद रखा।
၄၇လာ​ဗန်​က​ယင်း​ကျောက်​ပုံ​ကို​ယေ​ဂါ​သ​ဟာ ဒု​သ ဟူ​၍​လည်း​ကောင်း၊ ယာ​ကုပ်​က​ဂိ​လဒ် ဟူ​၍​လည်း​ကောင်း​ခေါ်​ဝေါ်​သ​မုတ်​ကြ​လေ သည်။-
48 ४८ लाबान ने कहा, “यह ढेर आज से मेरे और तेरे बीच साक्षी रहेगा।” इस कारण उसका नाम गिलियाद रखा गया,
၄၈ထို​နောက်​လာ​ဗန်​က``ယ​နေ့​၌​ဤ​ကျောက်​ပုံ သည်​သင်​နှင့်​ငါ​တို့​နှစ်​ဦး​အ​တွက်​သက်​သေ ဖြစ်​စေ​မည်'' ဟု​ယာ​ကုပ်​အား​ဆို​လေ​၏။ ထို အ​ကြောင်း​ကြောင့်​ဤ​အ​ရပ်​ကို​ဂိ​လဒ်​ဟု ခေါ်​တွင်​စေ​ကြ​၏။-
49 ४९ और मिस्पा भी; क्योंकि उसने कहा, “जब हम एक दूसरे से दूर रहें तब यहोवा मेरी और तेरी देख-भाल करता रहे।
၄၉လာ​ဗန်​က​ဆက်​၍``ငါ​တို့​အ​ချင်း​ချင်း​တစ် ယောက်​နှင့်​တစ်​ယောက်​ခွဲ​ခွာ​နေ​ရ​စဉ်​ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​အား​စောင့်​ရှောက်​တော်​မူ​ပါ စေ​သော'' ဟု​ဆို​လေ​သည်။ ထို​ကြောင့်​ဤ​အ​ရပ် ကို​မိ​ဇ​ပါ​ဟူ​၍​မှည့်​ခေါ်​လေ​သည်။-
50 ५० यदि तू मेरी बेटियों को दुःख दे, या उनके सिवाय और स्त्रियाँ ब्याह ले, तो हमारे साथ कोई मनुष्य तो न रहेगा; पर देख मेरे तेरे बीच में परमेश्वर साक्षी रहेगा।”
၅၀လာ​ဗန်​က​တစ်​ဖန်​ဆက်​၍``သင်​သည်​ငါ​၏ သ​မီး​တို့​ကို​ညှင်း​ဆဲ​လျှင်​ဖြစ်​စေ၊ အ​ခြား သော​မိန်း​မ​များ​ကို​ထိမ်း​မြား​လျှင်​ဖြစ်​စေ ငါ​သည်​ထို​အ​ကြောင်း​ကို​မ​သိ​စေ​ကာ​မူ ဘု​ရား​သ​ခင်​သည်​ငါ​တို့​စပ်​ကြား​သက်​သေ ဖြစ်​တော်​မူ​ကြောင်း​သ​တိ​ရ​လော့။-
51 ५१ फिर लाबान ने याकूब से कहा, “इस ढेर को देख और इस खम्भे को भी देख, जिनको मैंने अपने और तेरे बीच में खड़ा किया है।
၅၁ဤ​ကျောက်​တုံး​များ​သည်​သင်​နှင့်​ငါ​တို့​စပ် ကြား​တွင် ပုံ​ထား​သော​ကျောက်​ပုံ​ဖြစ်​၍​ဤ ကျောက်​သည်​အ​မှတ်​တ​ရ​မှတ်​တိုင်​ဖြစ်​၏။-
52 ५२ यह ढेर और यह खम्भा दोनों इस बात के साक्षी रहें कि हानि करने की मनसा से न तो मैं इस ढेर को लाँघकर तेरे पास जाऊँगा, न तू इस ढेर और इस खम्भे को लाँघकर मेरे पास आएगा।
၅၂ငါ​သည်​ဤ​ကျောက်​ပုံ​နှင့်​မှတ်​တိုင်​ကို​ကျော် လွန်​၍ သင့်​အား​အန္တ​ရာယ်​ပြု​မည်​မ​ဟုတ်​ကြောင်း ကို​လည်း​ကောင်း၊ သင်​သည်​လည်း​ဤ​ကျောက်​ပုံ နှင့်​မှတ်​တိုင်​ကို​ကျော်​လွန်​၍ ငါ့​အား​အန္တ​ရာယ် ပြု​မည်​မ​ဟုတ်​ကြောင်း​ကို​လည်း​ကောင်း ဤ ကျောက်​ပုံ​နှင့်​ဤ​မှတ်​တိုင်​သည်​သက်​သေ ဖြစ်​ပါ​စေ​သား။-
53 ५३ अब्राहम और नाहोर और उनके पिता; तीनों का जो परमेश्वर है, वही हम दोनों के बीच न्याय करे।” तब याकूब ने उसकी शपथ खाई जिसका भय उसका पिता इसहाक मानता था।
၅၃အာ​ဗြ​ဟံ​၏​ဘု​ရား​နှင့်​နာ​ခေါ်​၏​ဘု​ရား သည်​ငါ​တို့​နှစ်​ဦး​စပ်​ကြား​တွင်​စီ​ရင်​တော် မူ​စေ​သ​တည်း'' ဟု​သစ္စာ​အ​ဋ္ဌိ​ဋ္ဌာန်​ပြု​လေ​၏။ ထို​နောက်​ယာ​ကုပ်​သည်​လည်း​သူ​၏​ဖ​ခင် ဣ​ဇာက်​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​၏​နာ​မ တော်​ကို​တိုင်​တည်​၍​သစ္စာ​အ​ဋ္ဌိ​ဋ္ဌာန်​ဆို​၏။-
54 ५४ और याकूब ने उस पहाड़ पर बलि चढ़ाया, और अपने भाई-बन्धुओं को भोजन करने के लिये बुलाया, तब उन्होंने भोजन करके पहाड़ पर रात बिताई।
၅၄သူ​သည်​တိရစ္ဆာန်​တစ်​ကောင်​ကို​သတ်​၍​တောင် ပေါ်​တွင်​ယဇ်​ပူ​ဇော်​ပြီး​လျှင်​သူ​၏​သား​ချင်း တို့​ကို​ဖိတ်​ခေါ်​လျက်​စား​ကြ​၏။ ထို​သို့​စား သောက်​ကြ​ပြီး​နောက်​သူ​တို့​သည်​တောင်​ပေါ် တွင်​ည​အိပ်​ကြ​၏။-
55 ५५ भोर को लाबान उठा, और अपने बेटे-बेटियों को चूमकर और आशीर्वाद देकर चल दिया, और अपने स्थान को लौट गया।
၅၅နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​လာ​ဗန်​သည် သူ​၏​မြေး​များ​နှင့်​သမီး​တို့​ကို​နမ်း​ရှုပ်​နှုတ် ဆက်​၍ ကောင်း​ချီး​ပေး​ပြီး​လျှင်​မိ​မိ​နေ​ရပ် သို့​ပြန်​လေ​၏။

< उत्पत्ति 31 >