< דברי הימים ב 24 >

בן שבע שנים יאש במלכו וארבעים שנה מלך בירושלם ושם אמו צביה מבאר שבע׃ 1
ယော​ရှ​သည်​သက်​တော်​ခု​နစ်​နှစ်​ရှိ​သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​၌​အ​နှစ်​လေး​ဆယ်​တိုင်​တိုင်​နန်း​စံ လေ​သည်။ သူ​၏​မယ်​တော်​မှာ​ဗေ​ရ​ရှေ​ဘ​မြို့ သူ​ဇိ​ဗိ​ဖြစ်​၏။-
ויעש יואש הישר בעיני יהוה כל ימי יהוידע הכהן׃ 2
သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​အ​သက် ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​အ​မှု​ကို​ပြု​၏။-
וישא לו יהוידע נשים שתים ויולד בנים ובנות׃ 3
ယော​ယ​ဒ​သည်​ယော​ရှ​အ​တွက်​မိ​ဖု​ရား နှစ်​ပါး​ကို​ရွေး​ချယ်​ပေး​၏။ ယော​ရှ​သည် လည်း​ထို​မိ​ဖု​ရား​များ​ဖြင့်​သား​သ​မီး များ​ကို​ရ​ရှိ​လေ​သည်။
ויהי אחריכן היה עם לב יואש לחדש את בית יהוה׃ 4
ယော​ရှ​သည်​နန်း​တက်​ပြီး​နောက်​ကာ​လ​အ​တန် ကြာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန် တော်​ကို​မွမ်း​မံ​ပြင်​ဆင်​ရန်​အ​ကြံ​ရှိ​တော် မူ​၏။-
ויקבץ את הכהנים והלוים ויאמר להם צאו לערי יהודה וקבצו מכל ישראל כסף לחזק את בית אלהיכם מדי שנה בשנה ואתם תמהרו לדבר ולא מהרו הלוים׃ 5
သူ​သည်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေဝိ​အ​နွယ် ဝင်​များ​အား​ယု​ဒ​ပြည်​အ​မြို့​မြို့​သို့​စေ​လွှတ် ၍ ဗိ​မာန်​တော်​ကို​နှစ်​စဉ်​မွမ်း​မံ​ပြင်​ဆင်​ရန် အ​တွက်​ပြည်​သူ​အ​ပေါင်း​တို့​ထံ​မှ ငွေ​အ​လုံ အ​လောက်​ကောက်​ခံ​စေ​တော်​မူ​၏။ မင်း​ကြီး သည်​ဤ​အ​မှု​ကို​ဆော​လျင်​စွာ​ဆောင်​ရွက် ရန်​အ​မိန့်​ပေး​ခဲ့​သော်​လည်း လေ​ဝိ​အ​နွယ် ဝင်​တို့​သည်​ဖင့်​နွဲ​လျက်​နေ​ကြ​၏။-
ויקרא המלך ליהוידע הראש ויאמר לו מדוע לא דרשת על הלוים להביא מיהודה ומירושלם את משאת משה עבד יהוה והקהל לישראל לאהל העדות׃ 6
သို့​ဖြစ်​၍​သူ​သည်​ထို​သူ​အ​ပေါင်း​တို့​၏ ခေါင်း​ဆောင်​ယော​ယ​ဒ​ကို​ခေါ်​ပြီး​လျှင်``ထာ ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော် အ​တွက် ပြည်​သူ​တို့​ပေး​ဆောင်​ရန်​ထာ​ဝ​ရ ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​ပြ​ဋ္ဌာန်း​သည့် အ​လှူ​ငွေ​ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​အား အ​ဘယ်​ကြောင့်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​မှ​မ​ကောက်​ခံ​စေ​ပါ​သ​နည်း'' ဟု​မေး တော်​မူ​၏။
כי עתליהו המרשעת בניה פרצו את בית האלהים וגם כל קדשי בית יהוה עשו לבעלים׃ 7
(ဖောက်​ပြန်​ဆိုး​ညစ်​သည့်​အ​မျိုး​သ​မီး အာ​သ​လိ​၏​နောက်​လိုက်​တို့​သည် ဗိ​မာန်​တော် ကို​ဖျက်​ဆီး​ပြီး​လျှင်​အ​မြတ်​တ​နိုး​ထား​အပ် သည့်​ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို ဗာ​လ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင် အ​သုံး​ပြု​ခဲ့​ကြ​သ​တည်း။)
ויאמר המלך ויעשו ארון אחד ויתנהו בשער בית יהוה חוצה׃ 8
မင်း​ကြီး​သည်​လေဝိ​အ​နွယ်​ဝင်​တို့​အား​အ​လှူ ခံ​သေတ္တာ​ကို​ပြု​လုပ်​စေ​၍ ဗိ​မာန်​တော်​တံ​ခါး ဝ​တွင်​ထား​ရှိ​စေ​တော်​မူ​၏။-
ויתנו קול ביהודה ובירושלם להביא ליהוה משאת משה עבד האלהים על ישראל במדבר׃ 9
သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည် တစ်​လျှောက်​လုံး​ရှိ​လူ​အ​ပေါင်း​တို့​အား တော က​န္တာရ​တွင်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​မော​ရှေ ကောက်​ခံ​ခဲ့​သည်​အ​တိုင်း ထာ​ဝရ​ဘု​ရား​ထံ တော်​သို့​အ​လှူ​ငွေ​များ​ကို​ယူ​ဆောင်​လာ ကြ​ရန်​ထုတ်​ဆင့်​ကြေ​ညာ​လေ​သည်။-
וישמחו כל השרים וכל העם ויביאו וישליכו לארון עד לכלה׃ 10
၁၀ပြည်​သူ​များ​နှင့်​သူ​တို့​၏​ခေါင်း​ဆောင်​များ သည်​ဝမ်း​မြောက်​စွာ​ဖြင့် မိ​မိ​တို့​အ​လှူ​ငွေ များ​ကို​ယူ​ဆောင်​ကာ​အ​လှူ​ခံ​သေတ္တာ ပြည့်​အောင်​ထည့်​ဝင်​ကြ​ကုန်​၏။-
ויהי בעת יביא את הארון אל פקדת המלך ביד הלוים וכראותם כי רב הכסף ובא סופר המלך ופקיד כהן הראש ויערו את הארון וישאהו וישיבהו אל מקמו כה עשו ליום ביום ויאספו כסף לרב׃ 11
၁၁နေ့​စဉ်​နေ့​တိုင်း​လေဝိ​အ​နွယ်​ဝင်​တို့​သည် ထို သေတ္တာ​ကို​တာ​ဝန်​ခံ​အ​ရာ​ရှိ​ထံ​သို့​ယူ ဆောင်​သွား​ရ​ကြ​လေ​သည်။ သေတ္တာ​ပြည့် သည့်​အ​ခါ​တိုင်း​ဘု​ရင့်​အ​တွင်း​ဝန်​နှင့်​ယဇ် ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​စား​လှယ်​တစ်​ဦး သည်​လာ​၍ ငွေ​များ​ကို​ထုတ်​ယူ​ပြီး​လျှင် သေတ္တာ​ကို​နေ​ရာ​တ​ကျ​ပြန်​၍​ထား​ရ ကြ​၏။ ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​ငွေ အ​မြောက်​အ​မြား​ကို​ရ​ရှိ​ကြ​လေ​သည်။
ויתנהו המלך ויהוידע אל עושה מלאכת עבודת בית יהוה ויהיו שכרים חצבים וחרשים לחדש בית יהוה וגם לחרשי ברזל ונחשת לחזק את בית יהוה׃ 12
၁၂မင်း​ကြီး​နှင့်​ယော​ယ​ဒ​သည် ထို​ငွေ​ကို​ဗိ​မာန် တော်​မွမ်း​မံ​ပြင်​ဆင်​မှု​လုပ်​ငန်း​ကြီး​ကြပ်​သူ များ​၏​လက်​သို့​ပေး​အပ်​ကြ​၏။ ကြီး​ကြပ်​သူ တို့​သည်​မွမ်း​မံ​ပြင်​ဆင်​မှု​အ​တွက် ပန်း​ရန် သ​မား၊ လက်​သ​မား၊ ပန်း​ပဲ၊ ပန်း​တဉ်း သ​မား​တို့​ကို​ငှား​ရမ်း​ကြ​၏။-
ויעשו עשי המלאכה ותעל ארוכה למלאכה בידם ויעמידו את בית האלהים על מתכנתו ויאמצהו׃ 13
၁၃ထို​အ​လုပ်​သ​မား​အား​လုံး​ပင်​အ​လုပ်​ကို ကြိုး​စား​လုပ်​ကိုင်​လျက် ဗိ​မာန်​တော်​ကို​န​ဂို အ​တိုင်း​ခိုင်​ခိုင်​ခံ့​ခံ့​ပြန်​လည်​ရောက်​ရှိ​စေ ကြ​၏။-
וככלותם הביאו לפני המלך ויהוידע את שאר הכסף ויעשהו כלים לבית יהוה כלי שרת והעלות וכפות וכלי זהב וכסף ויהיו מעלים עלות בבית יהוה תמיד כל ימי יהוידע׃ 14
၁၄သူ​တို့​သည်​မွမ်း​မံ​ပြင်​ဆင်​မှု​ပြီး​စီး​သွား​သော အ​ခါ မင်း​ကြီး​နှင့်​ယော​ယ​ဒ​တို့​သည်​ပို​လျှံ သော​ရွှေ၊ ငွေ​ကို​ဗိ​မာန်​တော်​အ​တွက်​ခွက်​ဖ​လား များ​နှင့်​အ​ခြား​အ​သုံး​အ​ဆောင်​များ​ကို​ပြု လုပ်​ရာ​တွင်​အ​သုံး​ပြု​ကြ​၏။ ယော​ယ​ဒ​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ဗိ​မာန်​တော်​တွင်​ယဇ်​များ​ကို​အ​စဉ်​ပူ​ဇော်​လေ့ ရှိ​၏။-
ויזקן יהוידע וישבע ימים וימת בן מאה ושלשים שנה במותו׃ 15
၁၅သူ​သည်​အ​လွန်​အို​၍​အ​သက်​တစ်​ရာ့​သုံး ဆယ်​ရှိ​သော​အ​ခါ​ကွယ်​လွန်​လေ​သည်။-
ויקברהו בעיר דויד עם המלכים כי עשה טובה בישראל ועם האלהים וביתו׃ 16
၁၆ဣသ​ရေ​လ​ပြည်​သူ​တို့​အ​တွက်၊ ဘု​ရား​သ​ခင် အ​တွက်​နှင့် ဗိ​မာန်​တော်​အ​တွက်​ဆောင်​ရွက်​ခဲ့ သည်​ကို​အ​သိ​အ​မှတ်​ပြု​သည့်​အ​နေ​ဖြင့် ပြည်​သူ​တို့​သည်​သူ​၏​အ​လောင်း​ကို ဒါ​ဝိဒ် မြို့​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။
ואחרי מות יהוידע באו שרי יהודה וישתחוו למלך אז שמע המלך אליהם׃ 17
၁၇သို့​ရာ​တွင်​ယော​ယ​ဒ​ကွယ်​လွန်​ပြီး​သည်​နောက် ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည် ယော​ရှ မင်း​အား​မိ​မိ​တို့​၏​စ​ကား​ကို​နား​ထောင်​ရန် သွေး​ဆောင်​ကြ​၏။-
ויעזבו את בית יהוה אלהי אבותיהם ויעבדו את האשרים ואת העצבים ויהי קצף על יהודה וירושלם באשמתם זאת׃ 18
၁၈ပြည်​သူ​တို့​သည်​ဗိ​မာန်​တော်​တွင်​ဘိုး​ဘေး များ​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဝတ် ပြု​ကိုး​ကွယ်​မှု​ကို​စွန့်​လျက် ရုပ်​တု​များ​နှင့် အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​များ​ကို ဝတ်​ပြု​ရှိ​ခိုး​ကြ​လေ​သည်။ ဤ​သို့​သူ​တို့ ကူး​လွန်​သည့်​အ​ပြစ်​အ​တွက် ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​သည်​ယု​ဒ​ပြည် နှင့်​ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​သို့​သက် ရောက်​တော်​မူ​၏။-
וישלח בהם נבאים להשיבם אל יהוה ויעידו בם ולא האזינו׃ 19
၁၉ထာ​ဝ​ရ​ဘု​ရား​သည်​ပ​ရော​ဖက်​များ​ကို စေ​လွှတ်​၍ ထို​သူ​တို့​အား​အ​ထံ​တော်​သို့ ပြန်​လာ​ကြ​ရန်​သ​တိ​ပေး​စေ​တော်​မူ သော်​လည်း​သူ​တို့​သည်​မ​လိုက်​နာ​ကြ။-
ורוח אלהים לבשה את זכריה בן יהוידע הכהן ויעמד מעל לעם ויאמר להם כה אמר האלהים למה אתם עברים את מצות יהוה ולא תצליחו כי עזבתם את יהוה ויעזב אתכם׃ 20
၂၀ထို​အ​ခါ​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် သည် ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​၏​သား ဇာ​ခ​ရိ​အ​ပေါ်​သို့​သက်​ရောက်​တော်​မူ သ​ဖြင့် ဇာ​ခ​ရိ​သည်​ပြည်​သူ​တို့​မြင်​သာ သည့်​နေ​ရာ​တွင်​ရပ်​လျက်``သင်​တို့​သည်​မိ​မိ တို့​အ​ပေါ်​သို့​ဘေး​အန္တ​ရာယ်​ဆိုက်​ရောက် စေ​ရန် အ​ဘယ်​ကြောင့်​ငါ​ထာ​ဝရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​ဖီ​ဆန်​ကြ​ပါ​သ​နည်း။ ငါ့​အား​သင်​တို့​စွန့်​ပယ်​ကြ​သ​ဖြင့်​ငါ သည်​လည်း​သင်​တို့​အား​စွန့်​ပယ်​တော်​မူ ပြီ'' ဟု​ဗျာ​ဒိတ်​တော်​ဆင့်​ဆို​၏။-
ויקשרו עליו וירגמהו אבן במצות המלך בחצר בית יהוה׃ 21
၂၁ယော​ရှ​မင်း​သည်​ဇာ​ခ​ရိ​အား​မ​ကောင်း​ကြံ မှု​တွင်​ပါ​ဝင်​လျက် သူ​၏​အ​မိန့်​အ​ရ​ပြည်​သူ တို့​သည်​ဇာ​ခ​ရိ​အား​ဗိ​မာန်​တော်​တံ​တိုင်း အ​တွင်း​၌​ခဲ​နှင့်​ပစ်​သတ်​ကြ​၏။
ולא זכר יואש המלך החסד אשר עשה יהוידע אביו עמו ויהרג את בנו וכמותו אמר ירא יהוה וידרש׃ 22
၂၂မင်း​ကြီး​သည်​မိ​မိ​အား​ဇာ​ခ​ရိ​၏​ဖ​ခင်​ယော ဒ​ယ​သစ္စာ​ရှိ​စွာ​အ​မှု​ထမ်း​ခဲ့​သည်​ကို​သ​တိ မ​ရ​ဘဲ​သား​ကို​သတ်​လေ​၏။ ဇာ​ခ​ရိ​သည် သေ​အံ့​ဆဲ​ဆဲ​၌``ထာ​ဝ​ရ​ဘု​ရား​သည်​သင် ပြု​သည့်​အ​မှု​ကို​မြင်​၍ သင့်​အား​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။
ויהי לתקופת השנה עלה עליו חיל ארם ויבאו אל יהודה וירושלם וישחיתו את כל שרי העם מעם וכל שללם שלחו למלך דרמשק׃ 23
၂၃ထို​နှစ်​ဆောင်း​ဦး​ပေါက်​၌​ရှု​ရိ​တပ်​မ​တော် သည်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​သို့​ချီ တက်​တိုက်​ခိုက်​၍ ခေါင်း​ဆောင်​အ​ပေါင်း​ကို သတ်​ပြီး​လျှင်​လက်​ရ​ပစ္စည်း​အ​မြောက်​အ​မြား ကို​ဒ​မာ​သက်​မြို့​သို့​ယူ​ဆောင်​သွား​၏။-
כי במצער אנשים באו חיל ארם ויהוה נתן בידם חיל לרב מאד כי עזבו את יהוה אלהי אבותיהם ואת יואש עשו שפטים׃ 24
၂၄ရှု​ရိ​တပ်​မ​တော်​သည်​သေး​ငယ်​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည်​ပို​မို​ကြီး​မား​သည့် ယု​ဒ​တပ်​မ​တော်​ကို​နှိမ်​နင်း​ခွင့်​ပေး​တော် မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ယု​ဒ​ပြည်​သူ တို့​သည် မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​စွန့်​ပယ်​ကြ သော​ကြောင့်​ဖြစ်​၏။ ဤ​နည်း​အား​ဖြင့် ယော​ရှ​မင်း​သည်​အ​ပြစ်​ဒဏ်​စီ​ရင် တော်​မူ​ခြင်း​ကို​ခံ​ရ​သ​တည်း။-
ובלכתם ממנו כי עזבו אתו במחליים רבים התקשרו עליו עבדיו בדמי בני יהוידע הכהן ויהרגהו על מטתו וימת ויקברהו בעיר דויד ולא קברהו בקברות המלכים׃ 25
၂၅သူ​သည်​ပြင်း​စွာ​ဒဏ်​ရာ​ရ​လျက်​ကျန်​ရစ်​ခဲ့​၏။ ရန်​သူ​များ​ဆုတ်​ခွာ​သွား​သော​အ​ခါ​အ​မတ် နှစ်​ယောက်​သည်​ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​၏ သား​ကို​သတ်​သည့်​အ​တွက် လက်​စား​ချေ​သည့် အ​နေ​ဖြင့်​လျှို့​ဝှက်​ကြံ​စည်​ကာ​သူ့​အား သ​လွန်​ပေါ်​တွင်​လုပ်​ကြံ​ကြ​၏။ သူ​၏ အ​လောင်း​ကို​ဒါ​ဝိဒ်​မြို့​တွင်​သင်္ဂြိုဟ်​ကြ သော်​လည်း​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​၌ မ​သင်္ဂြိုဟ်​ကြ​ချေ။-
ואלה המתקשרים עליו זבד בן שמעת העמונית ויהוזבד בן שמרית המואבית׃ 26
၂၆(သူ့​အား​လျှို့​ဝှက်​လုပ်​ကြံ​ကြ​သူ​များ​မှာ အမ္မုန်​အ​မျိုး​သ​မီး​ရှိ​မတ်​၏​သား​ယော​ဇ​ဗဒ် နှင့်​မော​ဘ​အ​မျိုး​သ​မီး​ရှိ​မ​ရိတ်​၏​သား ယ​ဟော​ဇ​ဗဒ်​တို့​ဖြစ်​သ​တည်း။-)
ובניו ורב המשא עליו ויסוד בית האלהים הנם כתובים על מדרש ספר המלכים וימלך אמציהו בנו תחתיו׃ 27
၂၇ဋ္ဌမ္မ​ရာ​ဇ​ဝင်​ကျမ်း​တွင်​ယောရှ​၏​သား​များ အ​ကြောင်း၊ သူ့​အား​ဆင့်​ဆို​သည့်​ဗျာ​ဒိတ် တော်​များ​အ​ကြောင်း၊ ဗိ​မာန်​တော်​ကို​သူ ပြန်​လည်​တည်​ဆောက်​ခြင်း​အ​ကြောင်း​များ ပါ​ရှိ​၏။ သား​တော်​အာ​မ​ဇိ​သည်​သူ​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။

< דברי הימים ב 24 >