< מִיכָה 7 >

אַ֣לְלַי לִ֗י כִּ֤י הָיִ֙יתִי֙ כְּאָסְפֵּי־קַ֔יִץ כְּעֹלְלֹ֖ת בָּצִ֑יר אֵין־אֶשְׁכּ֣וֹל לֶאֱכ֔וֹל בִּכּוּרָ֖ה אִוְּתָ֥ה נַפְשִֽׁי׃ 1
ငါသည် အမင်္ဂလာရှိ၏။ နွေကာလ၌ ဆွတ်သော သင်္ဘောသဖန်းသီးကဲ့သို့၎င်း၊ လိုက်၍ ကောက်သော စပျစ်သီး အကျန်အကြွင်းကဲ့သို့၎င်း ငါဖြစ်၏။ စားစရာ ဘို့ စပျစ်သီးပြွတ်မရှိ။ အဦးမှည့်သော သင်္ဘောသဖန်းသီး ကို ငါတောင့်တရ၏။
אָבַ֤ד חָסִיד֙ מִן־הָאָ֔רֶץ וְיָשָׁ֥ר בָּאָדָ֖ם אָ֑יִן כֻּלָּם֙ לְדָמִ֣ים יֶאֱרֹ֔בוּ אִ֥ישׁ אֶת־אָחִ֖יהוּ יָצ֥וּדוּ חֵֽרֶם׃ 2
ကောင်းသော ပြည်သားအပေါင်းတို့သည် ကွယ် ပျောက်ကြပြီ။ ဖြောင့်မတ်သော သူတယောက်မျှမရှိ။ ခပ်သိမ်းသော သူတို့သည် လူအသက်ကို သတ်ခြင်းငှါ ချောင်း၍ ကြည့်တတ်ကြ၏။ အချင်းချင်း တယောက်ကို တယောက် ကျော့ကွင်းနှင့်ဘမ်းတတ်ကြ၏။
עַל־הָרַ֤ע כַּפַּ֙יִם֙ לְהֵיטִ֔יב הַשַּׂ֣ר שֹׁאֵ֔ל וְהַשֹּׁפֵ֖ט בַּשִׁלּ֑וּם וְהַגָּד֗וֹל דֹּבֵ֨ר הַוַּ֥ת נַפְשׁ֛וֹ ה֖וּא וַֽיְעַבְּתֽוּהָ׃ 3
ဒုစရိုက်ကို ကြိုးစား၍ပြုခြင်းငှါ အသင့်ရှိကြ၏။ မင်းသည် လက်ဆောင်ကို တောင်းတတ်၏။ တရားသူကြီး သည် တံစိုးကို စားတတ်၏။ သူတပါးထက်ကြီးသော သူ သည် မတရားသော လောဘကို ထင်ရှားစေတတ်၏။ ထိုသို့အမှုကို ရှုပ်စေခြင်းငှါ ပြုတတ်ကြ၏။
טוֹבָ֣ם כְּחֵ֔דֶק יָשָׁ֖ר מִמְּסוּכָ֑ה י֤וֹם מְצַפֶּ֙יךָ֙ פְּקֻדָּתְךָ֣ בָ֔אָה עַתָּ֥ה תִהְיֶ֖ה מְבוּכָתָֽם׃ 4
အကောင်းဆုံးသော သူသည် ဆူးပင်ကဲ့သို့ ဖြစ် ၏။ အဖြောင့်ဆုံးသော သူသည် ဆူးခြံထက် ခက်လှ၏။သင်၏ကင်းစောင့်တို့သည် သတိပေးသောနေ့၊ သင်စစ် ကြောခြင်းကို ခံရသောနေ့ရက်သည် ရောက်လာပြီ။ နှိပ် စက်နှောင့်ရှက်ရာကာလဖြစ်၏။
אַל־תַּאֲמִ֣ינוּ בְרֵ֔עַ אַֽל־תִּבְטְח֖וּ בְּאַלּ֑וּף מִשֹּׁכֶ֣בֶת חֵיקֶ֔ךָ שְׁמֹ֖ר פִּתְחֵי־פִֽיךָ׃ 5
အဆွေခင်ပွန်းကို မယုံနှင့်။ လမ်းပြသော သူကို အမှီမပြုနှင့်။ သင့်ရင်ခွင်၌ အိပ်သော မယားကို မယုံမူ၍၊ သင့်နှုတ်တံခါးကို ပိတ်ထားလော့။
כִּֽי־בֵן֙ מְנַבֵּ֣ל אָ֔ב בַּ֚ת קָמָ֣ה בְאִמָּ֔הּ כַּלָּ֖ה בַּחֲמֹתָ֑הּ אֹיְבֵ֥י אִ֖ישׁ אַנְשֵׁ֥י בֵיתֽוֹ׃ 6
အကြောင်းမူကား၊ သားသည် အဘ၏အသရေ ကို ဖျက်လိမ့်မည်။ သမီးသည် အမိကို၎င်း၊ ချွေးမသည် ယောက္ခမကို၎င်း ရန်ဘက်ပြုလိမ့်မည်။ ကိုယ်အိမ်သူ အိမ် သားတို့သည်လည်း ကိုယ်ရန်သူဖြစ်ကြလိမ့်မည်။
וַאֲנִי֙ בַּיהוָ֣ה אֲצַפֶּ֔ה אוֹחִ֖ילָה לֵאלֹהֵ֣י יִשְׁעִ֑י יִשְׁמָעֵ֖נִי אֱלֹהָֽי׃ 7
ငါမူကား၊ ထာဝရဘုရားကို မြော်လင့်မည်။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို ငါခိုလှုံမည်။ ငါ၏ဘုရားသခင်သည် ငါ့စကားကို နားထောင်တော် မူမည်။
אַֽל־תִּשְׂמְחִ֤י אֹיַ֙בְתִּי֙ לִ֔י כִּ֥י נָפַ֖לְתִּי קָ֑מְתִּי כִּֽי־אֵשֵׁ֣ב בַּחֹ֔שֶׁךְ יְהוָ֖ה א֥וֹר לִֽי׃ ס 8
အချင်းရန်သူ၊ ငါ့အပေါ်မှာ ဝါကြွားဝမ်းမြောက် ခြင်း မရှိနှင့်။ ငါလဲသော်လည်း ထဦးမည်။ မှောင်မိုက်၌ ထိုင်ရသော်လည်း၊ ထာဝရဘုရားသည် ငါ၏အလင်းဖြစ် တော်မူလိမ့်မည်။
זַ֤עַף יְהוָה֙ אֶשָּׂ֔א כִּ֥י חָטָ֖אתִי ל֑וֹ עַד֩ אֲשֶׁ֨ר יָרִ֤יב רִיבִי֙ וְעָשָׂ֣ה מִשְׁפָּטִ֔י יוֹצִיאֵ֣נִי לָא֔וֹר אֶרְאֶ֖ה בְּצִדְקָתֽוֹ׃ 9
ငါသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ အမျက်တော်ကို ခံရ၏။ ငါ့အမှုကို စစ်ကြော၍ တရားဆုံး ဖြတ်တော်မမူမှီတိုင်အောင် ငါခံရ၏။ ငါ့ကို အလင်းထဲသို့ ထုတ်၍ နေရာပေးတော်မူသောအားဖြင့် ဖြောင့်မတ်ခြင်း ပါရမီတော်ကို ငါမြင်ရလိမ့်မည်။
וְתֵרֶ֤א אֹיַ֙בְתִּי֙ וּתְכַסֶּ֣הָ בוּשָׁ֔ה הָאֹמְרָ֣ה אֵלַ֔י אַיּ֖וֹ יְהוָ֣ה אֱלֹהָ֑יִךְ עֵינַי֙ תִּרְאֶ֣ינָּה בָּ֔הּ עַתָּ֛ה תִּֽהְיֶ֥ה לְמִרְמָ֖ס כְּטִ֥יט חוּצֽוֹת׃ 10
၁၀သင်၏ဘုရားဘုရားသခင်ထာဝရဘုရားကား၊ အဘယ်မှာရှိသနည်းဟု မေးသော ငါ့ရန်သူသည် ထိုအမှု ကို မြင်၍ ရှက်ကြောက်လိမ့်မည်။ သူ၌ငါ့စိတ်ပြေလိမ့် မည်။ သူသည် လမ်းမှာ ရွံ့ကဲ့သို့ ကျော်နင်းခြင်းကို ခံရ လိမ့်မည်။
י֖וֹם לִבְנ֣וֹת גְּדֵרָ֑יִךְ י֥וֹם הַה֖וּא יִרְחַק־חֹֽק׃ 11
၁၁သင်၏မြို့ရိုးတည်သောကာလသည် ရောက်လိမ့် မည်။ အမိန့်တော်အရှိန်ကုန်လိမ့်မည်။
י֥וֹם הוּא֙ וְעָדֶ֣יךָ יָב֔וֹא לְמִנִּ֥י אַשּׁ֖וּר וְעָרֵ֣י מָצ֑וֹר וּלְמִנִּ֤י מָצוֹר֙ וְעַד־נָהָ֔ר וְיָ֥ם מִיָּ֖ם וְהַ֥ר הָהָֽר׃ 12
၁၂ထိုကာလ၌ အာရှုရိပြည်နှင့် အဲဂုတ္တုမြို့များမှ၎င်း၊ အဲဂုတ္တုပြည်နှင့် မြစ်ကြီးစပ်ကြားအရပ်မှ၎င်း၊ ပင်လယ်ကမ်းနားအရပ်ရပ်၊ တောင်ခြေရင်းအရပ်ရပ်တို့ မှ၎င်း၊ သင့်ထံသို့ လာကြလိမ့်မည်။
וְהָיְתָ֥ה הָאָ֛רֶץ לִשְׁמָמָ֖ה עַל־יֹֽשְׁבֶ֑יהָ מִפְּרִ֖י מַֽעַלְלֵיהֶֽם׃ ס 13
၁၃ထိုသို့ မဖြစ်မှီ ပြည်သူပြည်သားပြုမိသော ဒုစ ရိုက်အပြစ်ကြောင့် ပြည်တော်သည် လူဆိတ်ညံလျက် ရှိရလိမ့်မည်။
רְעֵ֧ה עַמְּךָ֣ בְשִׁבְטֶ֗ךָ צֹ֚אן נַֽחֲלָתֶ֔ךָ שֹׁכְנִ֣י לְבָדָ֔ד יַ֖עַר בְּת֣וֹךְ כַּרְמֶ֑ל יִרְע֥וּ בָשָׁ֛ן וְגִלְעָ֖ד כִּימֵ֥י עוֹלָֽם׃ 14
၁၄ကိုယ်တော်၏လူတည်းဟူသော အပေါင်း အဘော်မရှိဘဲ၊ တောတွင် ကရမေလတောင်ပေါ်မှာ နေရ သော အမွေတော်သိုးစုကို သိုးထိန်းနှင်တံနှင့် ထိန်းတော် မူပါ။ ရှေးကာလ၌ ရှိသကဲ့သို့၊ ဗာရှန်ပြည်နှင့် ဂိလဒ်ပြည် ၌ ကျက်စားသော အခွင့်ကို ပေးတော်မူပါ။
כִּימֵ֥י צֵאתְךָ֖ מֵאֶ֣רֶץ מִצְרָ֑יִם אַרְאֶ֖נּוּ נִפְלָאֽוֹת׃ 15
၁၅သင်သည် အဲဂုတ္တုပြည်မှ ထွက်သောနေ့၌ မြင် သည်အတိုင်း၊ တဖန်အံ့ဩဘွယ်သော အမှုတို့ကို ငါပြ မည်။
יִרְא֤וּ גוֹיִם֙ וְיֵבֹ֔שׁוּ מִכֹּ֖ל גְּבֽוּרָתָ֑ם יָשִׂ֤ימוּ יָד֙ עַל־פֶּ֔ה אָזְנֵיהֶ֖ם תֶּחֱרַֽשְׁנָה׃ 16
၁၆လူအမျိုးမျိုးတို့သည် ငါ၏လူတို့၌ရှိသမျှသော တန်ခိုးကိုမြင်၍ မိန်းမောတွေဝေလျက်၊ မိမိတို့နှုတ်ကို လက်နှင့်ပိတ်၍ နားပင်းကြလိမ့်မည်။
יְלַחֲכ֤וּ עָפָר֙ כַּנָּחָ֔שׁ כְּזֹחֲלֵ֣י אֶ֔רֶץ יִרְגְּז֖וּ מִמִּסְגְּרֹֽתֵיהֶ֑ם אֶל־יְהוָ֤ה אֱלֹהֵ֙ינוּ֙ יִפְחָ֔דוּ וְיִֽרְא֖וּ מִמֶּֽךָּ׃ 17
၁၇မြွေကဲ့သို့ မြေမှုန့်ကိုလျက်၍၊ တီကဲ့သို့တွင် ထဲက တုန်လှုပ်လျက် ထွက်ကြလိမ့်မည်။ ငါတို့ဘုရားသခင် ထာဝရဘုရားကို၎င်း၊ သင့်ကို၎င်း ကြောက်ရွံ့ကြလိမ့်မည်။
מִי־אֵ֣ל כָּמ֗וֹךָ נֹשֵׂ֤א עָוֺן֙ וְעֹבֵ֣ר עַל־פֶּ֔שַׁע לִשְׁאֵרִ֖ית נַחֲלָת֑וֹ לֹא־הֶחֱזִ֤יק לָעַד֙ אַפּ֔וֹ כִּֽי־חָפֵ֥ץ חֶ֖סֶד הֽוּא׃ 18
၁၈အပြစ်မှလွှတ်တော်မူထသော၊ ကျန်ကြွင်းသော အမွေတော်လူတို့၏ လွန်ကျူးခြင်းများကို သည်းခံတော် မူထသော၊ ကရုဏာ၌ မွေ့လျော်သောကြောင့် အစဉ် အမျက်ထွက်တော်မမူသော ကိုယ်တော်ကဲ့သို့ အဘယ် ဘုရားရှိပါသနည်း။
יָשׁ֣וּב יְרַֽחֲמֵ֔נוּ יִכְבֹּ֖שׁ עֲוֺֽנֹתֵ֑ינוּ וְתַשְׁלִ֛יךְ בִּמְצֻל֥וֹת יָ֖ם כָּל־חַטֹּאותָֽם׃ 19
၁၉ကိုယ်တော်သည် အကျွန်ုပ်တို့ကို တဖန်သနား၍၊ အကျွန်ုပ်တို့၏ ဒုစရိုက်ရှိသမျှတို့ကို ကျော်နင်းတော်မူလိမ့် မည်။ အကျွန်ုပ်တို့၏ အပြစ်အလုံးစုံတို့ကို နက်နဲသော ပင်လယ်ထဲသို့ ချပစ်တော်မူလိမ့်မည်။
תִּתֵּ֤ן אֱמֶת֙ לְיַֽעֲקֹ֔ב חֶ֖סֶד לְאַבְרָהָ֑ם אֲשֶׁר־נִשְׁבַּ֥עְתָּ לַאֲבֹתֵ֖ינוּ מִ֥ימֵי קֶֽדֶם׃ 20
၂၀ရှေးကာလမှစ၍ ဘိုးဘေးတို့အား ကျိန်ဆိုတော် မူသည်အတိုင်း၊ ယာကုပ်၌ သစ္စာစောင့်ခြင်း၊ အာဗြဟံ အား ကရုဏာကျေးဇူးပြုခြင်းကို စီရင်တော်မူလိမ့်မည်။

< מִיכָה 7 >