< תְהִלִּים 72 >

לִשְׁלֹמֹ֨ה ׀ אֱ‍ֽלֹהִ֗ים מִ֭שְׁפָּטֶיךָ לְמֶ֣לֶךְ תֵּ֑ן וְצִדְקָתְךָ֥ לְבֶן־מֶֽלֶךְ׃ 1
အိုဘုရားသခင်၊ ကိုယ်တော်၏ တရားဆုံးဖြတ်ခြင်းနှင့် ဖြောင့်မတ်စွာ စီရင်ခြင်း အခွင့်ကို မင်းသား ဖြစ်သော ရှင်ဘုရင်အား ပေးသနားတော်မူပါ။
יָדִ֣ין עַמְּךָ֣ בְצֶ֑דֶק וַעֲנִיֶּ֥יךָ בְמִשְׁפָּֽט׃ 2
ထိုမင်းသည် ကိုယ်တော်၏ လူတို့ကို ဖြောင့်မတ်စွာ စီရင်၍၊ ကိုယ်တော်၏ဆင်းရဲသားတို့ကို တရားပေး ပါလိမ့်မည်။
יִשְׂא֤וּ הָרִ֓ים שָׁ֘לֹ֥ום לָעָ֑ם וּ֝גְבָעֹ֗ות בִּצְדָקָֽה׃ 3
တောင်ကြီးတောင်ငယ်တို့သည် တရားတော်အားဖြင့်၊ ကိုယ်တော်၏ လူတို့အား ချမ်းသာပေးကြ ပါလိမ့်မည်။
יִשְׁפֹּ֤ט ׀ עֲ‍ֽנִיֵּי־עָ֗ם יֹ֭ושִׁיעַ לִבְנֵ֣י אֶבְיֹ֑ון וִֽידַכֵּ֣א עֹושֵֽׁק׃ 4
ထိုမင်းသည် ကိုယ်တော်၏ လူတို့တွင် ဆင်းရဲ သားတို့ကို တရားစီရင်လျက်၊ ငတ်မွတ်သောသူတို့၏ သား သမီးများကို ကယ်မ၍၊ ညှဉ်းဆဲသောသူကိုလည်း နှိပ်စက် ပါလိမ့်မည်။
יִֽירָא֥וּךָ עִם־שָׁ֑מֶשׁ וְלִפְנֵ֥י יָ֝רֵ֗חַ דֹּ֣ור דֹּורִֽים׃ 5
နေနှင့်လတည်သမျှသော ကာလပတ်လုံး၊ လူ အစဉ်အဆက်အပေါင်းတို့သည် ကိုယ်တော်ကို ကြောက်ရွံ ကြပါလိမ့်မည်။
יֵ֭רֵד כְּמָטָ֣ר עַל־גֵּ֑ז כִּ֝רְבִיבִ֗ים זַרְזִ֥יף אָֽרֶץ׃ 6
ထိုမင်း၏ သက်ရောက်ခြင်းသည် ရိတ်သော မြက်ပင်ပေါ်မှာ ရွာသောမိုဃ်းကဲ့သို့၎င်း၊ မြေကို စိုစေ သော မိုဃ်းပေါက်များကဲ့သို့၎င်း ဖြစ်လိမ့်မည်။
יִֽפְרַח־בְּיָמָ֥יו צַדִּ֑יק וְרֹ֥ב שָׁ֝לֹ֗ום עַד־בְּלִ֥י יָרֵֽחַ׃ 7
လက်ထက်တော်၌ လသည်ပပျောက်ခြင်းသို့ မရောက်မှီတိုင်အောင်၊ တရားသောသူသည် ပွင့်လန်း၍ ချမ်းသာများပြားလိမ့်မည်။
וְ֭יֵרְדְּ מִיָּ֣ם עַד־יָ֑ם וּ֝מִנָּהָ֗ר עַד־אַפְסֵי־אָֽרֶץ׃ 8
ပင်လယ်တပါးမှ တပါးတိုင်အောင်၎င်း၊ မြစ်မှ သည် မြေစွန်းတိုင်အောင်၎င်း အစိုးရတော်မူလိမ့်မည်။
לְ֭פָנָיו יִכְרְע֣וּ צִיִּ֑ים וְ֝אֹיְבָ֗יו עָפָ֥ר יְלַחֵֽכוּ׃ 9
တောတွင်းသားတို့သည် ရှေ့တော်၌ ဦးချ၍၊ ရန်သူတို့သည်လည်း မြေမှုန့်ကို လျက်ကြလိမ့်မည်။
מַלְכֵ֬י תַרְשִׁ֣ישׁ וְ֭אִיִּים מִנְחָ֣ה יָשִׁ֑יבוּ מַלְכֵ֥י שְׁבָ֥א וּ֝סְבָ֗א אֶשְׁכָּ֥ר יַקְרִֽיבוּ׃ 10
၁၀တာရှု မင်းတို့နှင့် ပင်လယ်တဘက်၌ နေသော မင်းတို့သည်အခွင်သွင်း၍၊ ဗရှဘမင်းနှင့် သေဘမင်းတို့သည် လည်း လက်ဆောင်ပဏ္ဏာများကို ဆက်ကြ လိမ့်မည်။
וְיִשְׁתַּחֲווּ־לֹ֥ו כָל־מְלָכִ֑ים כָּל־גֹּויִ֥ם יַֽעַבְדֽוּהוּ׃ 11
၁၁ထိုမျှမက ရှင်ဘုရင်အပေါင်းတို့သည် ရှေ့တော်၌ ပြပ်ဝပ်၍၊ ခပ်သိမ်းသော လူမျိုးတို့သည် အမှုတော်ကို ထမ်းကြလိမ့်မည်။
כִּֽי־יַ֭צִּיל אֶבְיֹ֣ון מְשַׁוֵּ֑עַ וְ֝עָנִ֗י וְֽאֵין־עֹזֵ֥ר לֹֽו׃ 12
၁၂အကြောင်းမူကား၊ ငတ်မွတ်သောသူ အော်ဟစ် သောအခါ၊ ထိုသူကို၎င်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသော သူကို၎င်း ချမ်းသာပေးတော်မူလိမ့်မည်။
יָ֭חֹס עַל־דַּ֣ל וְאֶבְיֹ֑ון וְנַפְשֹׁ֖ות אֶבְיֹונִ֣ים יֹושִֽׁיעַ׃ 13
၁၃ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကို သနား၍၊ ငတ်မွတ်သော သူတို့၏ အသက်ကို ကယ်တင်တော် မူလိမ့်မည်။
מִתֹּ֣וךְ וּ֭מֵחָמָס יִגְאַ֣ל נַפְשָׁ֑ם וְיֵיקַ֖ר דָּמָ֣ם בְּעֵינָֽיו׃ 14
၁၄သူတို့အသက်ကို လှည့်စားခြင်းနှင့်ညှဉ်းဆဲခြင်း၏ လက်မှ ရွေးနှုတ်၍၊ သူတို့အသွေးကို နှမြောတော်မူလိမ့် မည်။
וִיחִ֗י וְיִתֶּן־לֹו֮ מִזְּהַ֪ב שְׁ֫בָ֥א וְיִתְפַּלֵּ֣ל בַּעֲדֹ֣ו תָמִ֑יד כָּל־הַ֝יֹּ֗ום יְבָרֲכֶֽנְהֽוּ׃ 15
၁၅အသက်တော်တည်၍ လူများတို့သည် ရှေဘရွှေ ကို ဆက်ခြင်း၊ ကိုယ်တော်အဘို့ အစဉ်မေတ္တာပို့ခြင်း၊ နေ့တိုင်းထောမနာချီးမွမ်းခြင်းတို့ကို ပြုကြလိမ့်မည်။
יְהִ֤י פִסַּת־בַּ֨ר ׀ בָּאָרֶץ֮ בְּרֹ֪אשׁ הָ֫רִ֥ים יִרְעַ֣שׁ כַּלְּבָנֹ֣ון פִּרְיֹ֑ו וְיָצִ֥יצוּ מֵ֝עִ֗יר כְּעֵ֣שֶׂב הָאָֽרֶץ׃ 16
၁၆ပြည်တော်၌ များစွာသော စပါးရှိ၍၊ အသီးအနှံ သည် လေဗနုန် တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှား လိမ့်မည်။ မြို့သူမြို့သားတို့သည်လည်း၊ မြေ၏မြက်ပင်ကဲ့သို့ စည်ပင်ကြလိမ့်မည်။
יְהִ֤י שְׁמֹ֨ו לְֽעֹולָ֗ם לִפְנֵי־שֶׁמֶשׁ֮ יָנִין (יִנֹּ֪ון) שְׁ֫מֹ֥ו וְיִתְבָּ֥רְכוּ בֹ֑ו כָּל־גֹּויִ֥ם יְאַשְּׁרֽוּהוּ׃ 17
၁၇နာမတော်သည် အစဉ်အမြဲတည်လိမ့်မည်။ နေ သည် တည်သမျှသော ကာလပတ်လုံး နာမတော်တိုးပွား လိမ့်မည်။ ကျေးဇူးတော်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကိုခံရကြ၏၊ မင်္ဂလာရှိတော်မူသည်ဟု ချီးမွမ်းကြလိမ့်မည်။
בָּר֤וּךְ ׀ יְהוָ֣ה אֱ֭לֹהִים אֱלֹהֵ֣י יִשְׂרָאֵ֑ל עֹשֵׂ֖ה נִפְלָאֹ֣ות לְבַדֹּֽו׃ 18
၁၈အံ့ဘွယ်သော အမှုတို့ကို တပါးတည်းသာ စီရင် တော်မူသော ထာဝရအရှင်ဘုရားသခင်၊ ဣသရေလအမျိုး၏ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
וּבָר֤וּךְ ׀ שֵׁ֥ם כְּבֹודֹ֗ו לְעֹ֫ולָ֥ם וְיִמָּלֵ֣א כְ֭בֹודֹו אֶת־כֹּ֥ל הָאָ֗רֶץ אָ֘מֵ֥ן ׀ וְאָמֵֽן׃ 19
၁၉ဘုန်းကြီးသော နာမတော်သည်လည်း အစဉ်အမြဲ မင်္ဂလာရှိတော်မူစေသတည်း။ မြေကြီးတပြင်လုံးသည် ဘုန်းတော်နှင့်ပြည့်စုံပါစေသတည်း။ အာမင်နှင့်အာမင်။
כָּלּ֥וּ תְפִלֹּ֑ות דָּ֝וִ֗ד בֶּן־יִשָֽׁי׃ 20
၂၀ယေရှဲ၏ သားဒါဝိဒ် ဆုတောင်းသောပဌနာ စကားပြီး၏။

< תְהִלִּים 72 >