< תְהִלִּים 18 >

לַמְנַצֵּ֤חַ ׀ לְעֶ֥בֶד יְהוָ֗ה לְדָ֫וִ֥ד אֲשֶׁ֤ר דִּבֶּ֨ר ׀ לַיהוָ֗ה אֶת־דִּ֭בְרֵי הַשִּׁירָ֣ה הַזֹּ֑את בְּיֹ֤ום הִֽצִּיל־יְהוָ֘ה אֹותֹ֥ו מִכַּ֥ף כָּל־אֹ֝יְבָ֗יו וּמִיַּ֥ד שָׁאֽוּל׃ וַיֹּאמַ֡ר אֶרְחָמְךָ֖ יְהוָ֣ה חִזְקִֽי׃ 1
အို ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​အား​အ​လွန်​ပင် ချစ်​ခင်​မြတ်​နိုး​ပါ​၏။ ကိုယ်​တော်​သည်​လည်း​ကျွန်​တော်​မျိုး​အား ကာ​ကွယ်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။
יְהוָ֤ה ׀ סַֽלְעִ֥י וּמְצוּדָתִ֗י וּמְפַ֫לְטִ֥י אֵלִ֣י צ֭וּרִי אֶֽחֱסֶה־בֹּ֑ו מָֽגִנִּ֥י וְקֶֽרֶן־יִ֝שְׁעִ֗י מִשְׂגַּבִּֽי׃ 2
ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ​သော​အ​ရှင်၊ ငါ​၏​ခိုင်​ခံ့​သော​ရဲ​တိုက်​ဖြစ်​တော်​မူ​၏။ ငါ​၏​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ​စောင့်​ရှောက် တော်​မူ​သ​ဖြင့်​ငါ​သည်​ဘေး​မဲ့​လုံ​ခြုံ​၏။ ကိုယ်​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ်​ငါ့​ကို ကွယ်​ကာ​တော်​မူ​၏။ ငါ​၏​ဘက်​မှ​ခု​ခံ​တိုက်​ခိုက်​တော်​မူ​၍​ငါ့​အား ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​၏။
מְ֭הֻלָּל אֶקְרָ֣א יְהוָ֑ה וּמִן־אֹ֝יְבַ֗י אִוָּשֵֽׁעַ׃ 3
ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား တောင်း​လျှောက်​သော​အ​ခါ​ကိုယ်​တော်​သည် ငါ့​အား​ရန်​သူ​များ​၏​လက်​မှ​ကယ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
אֲפָפ֥וּנִי חֶבְלֵי־מָ֑וֶת וְֽנַחֲלֵ֖י בְלִיַּ֣עַל יְבַֽעֲתֽוּנִי׃ 4
သေ​မင်း​၏​နှောင်​ကြိုး​တို့​သည်​ငါ့​ကို​ရစ်​ပတ် ပါ​၏။ ဖျက်​ဆီး​ခြင်း​လှိုင်း​လုံး​များ​သည်​ငါ​၏​အ​ပေါ် သို့ လွှမ်း​မိုး​ကြ​၏။
חֶבְלֵ֣י שְׁאֹ֣ול סְבָב֑וּנִי קִ֝דְּמ֗וּנִי מֹ֣וקְשֵׁי מָֽוֶת׃ (Sheol h7585) 5
သေ​မင်း​၏​နှောင်​ကြိုး​တို့​သည်​ငါ့​ကို​ရစ်​ပတ် ပါ​၏။ သင်္ချိုင်း​တွင်း​သည်​ငါ့​ကို​ဖမ်း​ရန်​ကျော့​ကွင်း ထောင်​ထား​၏။ (Sheol h7585)
בַּצַּר־לִ֤י ׀ אֶֽקְרָ֣א יְהוָה֮ וְאֶל־אֱלֹהַ֪י אֲשַׁ֫וֵּ֥עַ יִשְׁמַ֣ע מֵהֵיכָלֹ֣ו קֹולִ֑י וְ֝שַׁוְעָתִ֗י לְפָנָ֤יו ׀ תָּבֹ֬וא בְאָזְנָֽיו׃ 6
ငါ​သည်​ဒုက္ခ​ရောက်​၍​ဘု​ရား​သ​ခင်​အား လျှောက်​ထား​ပါ​၏။ ကူ​မ​တော်​မူ​ရန်​ငါ​၏​ဘု​ရား​အား​လျှောက် ထား​ပါ​၏။ ကိုယ်​တော်​သည်​ဗိ​မာန်​တော်​ထဲ​မှ​ငါ​၏ အ​သံ​ကို​ကြား​တော်​မူ​၏။ ကူ​မ​တော်​မူ​ရန်​ငါ​၏​အော်​သံ​ကို​ကိုယ်​တော် ကြား​တော်​မူ​၏။
וַתִּגְעַ֬שׁ וַתִּרְעַ֨שׁ ׀ הָאָ֗רֶץ וּמֹוסְדֵ֣י הָרִ֣ים יִרְגָּ֑זוּ וַ֝יִּתְגָּֽעֲשׁ֗וּ כִּי־חָ֥רָה לֹֽו׃ 7
ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော် ကြောင့် ကမ္ဘာ​ပေါ်​တွင်​သိမ့်​သိမ့်​တုန်​အောင် မြေ​င​လျင်​လှုပ်​လေ​၏။ တောင်​တို့​သည်​လည်း​အောက်​ခြေ​မှ​တုန်​လှုပ် ကြ​ကုန်​၏။
עָ֘לָ֤ה עָשָׁ֨ן ׀ בְּאַפֹּ֗ו וְאֵשׁ־מִפִּ֥יו תֹּאכֵ֑ל גֶּ֝חָלִ֗ים בָּעֲר֥וּ מִמֶּֽנּוּ׃ 8
ကိုယ်​တော်​၏​နှာ​ခေါင်း​တော်​ထဲ​မှ မီး​ခိုး​များ​သည်​လည်း​ကောင်း၊ ခံ​တွင်း​တော်​ထဲ​မှ​ကျွမ်း​လောင်​စေ​တတ်​သည့် မီး​လျှံ​နှင့်​မီး​ကျီး​ခဲ​များ​သည်​လည်း​ကောင်း ထွက်​လေ​၏။
וַיֵּ֣ט שָׁ֭מַיִם וַיֵּרַ֑ד וַ֝עֲרָפֶ֗ל תַּ֣חַת רַגְלֽ͏ָיו׃ 9
ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​ကို​ဖွင့်​ဟ​လျက် ဆင်း​သက်​ကြွ​လာ​တော်​မူ​၏။ ခြေ​ဖ​ဝါး​တော်​အောက်​တွင်​မဲ​မှောင်​သော မိုး​တိမ်​များ​ရှိ​၏။
וַיִּרְכַּ֣ב עַל־כְּ֭רוּב וַיָּעֹ֑ף וַ֝יֵּ֗דֶא עַל־כַּנְפֵי־רֽוּחַ׃ 10
၁၀ကိုယ်​တော်​သည်​ခေ​ရု​ဗိမ် ကို​စီး​လျက်၊ လေ​၏​အ​ဟုန်​ဖြင့်​လျင်​မြန်​စွာ​ကြွ​လာ​တော်​မူ​၏။
יָ֤שֶׁת חֹ֨שֶׁךְ ׀ סִתְרֹ֗ו סְבִֽיבֹותָ֥יו סֻכָּתֹ֑ו חֶשְׁכַת־מַ֝֗יִם עָבֵ֥י שְׁחָקִֽים׃ 11
၁၁ကိုယ်​တော်​သည်​မိ​မိ​ကိုယ်​ကို​အ​မှောင်​ဖြင့် ဖုံး​လွှမ်း​တော်​မူ​၏။ ကိုယ်​တော်​၏​ပတ်​လည်​တွင်​ရေ​ဖြင့်​ပြည့်​လျက် ထူ​ထပ်​သော​မိုး​တိမ်​များ​ရှိ​၏။
מִנֹּ֗גַהּ נֶ֫גְדֹּ֥ו עָבָ֥יו עָבְר֑וּ בָּ֝רָ֗ד וְגַֽחֲלֵי־אֵֽשׁ׃ 12
၁၂ကိုယ်​တော်​၏​ရှေ့​တော်​တွင်​မိုး​သီး​နှင့်​မီး​လျှံ များ​သည် လျှပ်​စစ်​ပြက်​ရာ​မှ​ပေါ်​ထွက်​လာ​လျက်၊ မဲ​မှောင်​နေ​သော​မိုး​တိမ်​များ​ကို​ထွင်း​ဖောက်​၍ ကျ​လာ​၏။
וַיַּרְעֵ֬ם בַּשָּׁמַ֨יִם ׀ יְֽהוָ֗ה וְ֭עֶלְיֹון יִתֵּ֣ן קֹלֹ֑ו בָּ֝רָ֗ד וְגַֽחֲלֵי־אֵֽשׁ׃ 13
၁၃ကိုယ်​တော်​သည်​ကောင်း​ကင်​မှ​မိုး​ချုန်း​တော်​မူ​၏။ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​အ​ရှင်​၏ အ​သံ​တော်​ထွက်​ပေါ်​လာ​၏။
וַיִּשְׁלַ֣ח חִ֭צָּיו וַיְפִיצֵ֑ם וּבְרָקִ֥ים רָ֝ב וַיְהֻמֵּֽם׃ 14
၁၄ကိုယ်​တော်​သည်​မြား​တော်​တို့​ကို​ပစ်​လွှတ်​တော် မူ​လျက် ရန်​သူ​များ​ကို​ကွဲ​လွင့်​စေ​တော်​မူ​၏။ လျှပ်​စစ်​ပြက်​စေ​တော်​မူ​လျက်​သူ​တို့​အား ထွက်​ပြေး​စေ​တော်​မူ​၏။
וַיֵּ֤רָא֨וּ ׀ אֲפִ֥יקֵי מַ֗יִם וַֽיִּגָּלוּ֮ מֹוסְדֹ֪ות תֵּ֫בֵ֥ל מִגַּעֲרָ֣תְךָ֣ יְהוָ֑ה מִ֝נִּשְׁמַ֗ת ר֣וּחַ אַפֶּֽךָ׃ 15
၁၅အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ရန်​သူ​တို့​အား​အ​မျက် ထွက်​လျက် ဟိန်း​သံ​ဖြင့်​ဆုံး​မ​တော်​မူ​လိုက်​သော​အ​ခါ သ​မုဒ္ဒ​ရာ အောက်​ခံ​မြေ​သည်​လည်း​ကောင်း၊ကမ္ဘာ​မြေ​ကြီး​၏ အ​ခြေ​ခံ​အုတ်​မြစ်​များ​သည်​လည်း​ကောင်း ပွင့်​လစ်​ပေါ်​ထွက်​လာ​ကုန်​၏။
יִשְׁלַ֣ח מִ֭מָּרֹום יִקָּחֵ֑נִי יַֽ֝מְשֵׁ֗נִי מִמַּ֥יִם רַבִּֽים׃ 16
၁၆ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​မှ လက်​တော်​ကို​ဆန့်​တော်​မူ​ပြီး​လျှင် ငါ့​ကို​ကိုင်​ဆွဲ​တော်​မူ​၍​ရေ​နက်​ကြီး​ထဲ​မှ ငါ့​ကို​ဆယ်​တင်​တော်​မူ​၏။
יַצִּילֵ֗נִי מֵאֹיְבִ֥י עָ֑ז וּ֝מִשֹּׂנְאַ֗י כִּֽי־אָמְצ֥וּ מִמֶּֽנִּי׃ 17
၁၇ကိုယ်​တော်​သည်​ငါ​ပြိုင်​၍​မ​ရ​နိုင်​သည့် အင်​အား​ကြီး​သော​ရန်​သူ​များ​၏​လက်​မှ လည်း​ကောင်း၊ ငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​လက်​မှ​လည်း​ကောင်း ငါ့​ကို​ကယ်​တော်​မူ​၏။
יְקַדְּמ֥וּנִי בְיֹום־אֵידִ֑י וַֽיְהִי־יְהוָ֖ה לְמִשְׁעָ֣ן לִֽי׃ 18
၁၈ငါ​ဒုက္ခ​ရောက်​သော​အ​ခါ​သူ​တို့​သည် ငါ့​ကို​တိုက်​ခိုက်​ကြ​၏။ သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။
וַיֹּוצִיאֵ֥נִי לַמֶּרְחָ֑ב יְ֝חַלְּצֵ֗נִי כִּ֘י חָ֥פֵֽץ בִּֽי׃ 19
၁၉ငါ​ဘေး​ရောက်​သော​အ​ခါ​ကိုယ်​တော်​သည် ငါ့​ကို​ကူ​မ​တော်​မူ​၏။ ငါ့​ကို​နှစ်​သက်​တော်​မူ​သ​ဖြင့်​ကယ်​တော်​မူ​၏။
יִגְמְלֵ֣נִי יְהוָ֣ה כְּצִדְקִ֑י כְּבֹ֥ר יָ֝דַ֗י יָשִׁ֥יב לִֽי׃ 20
၂၀ငါ​သည်​မှန်​ရာ​ကို​ပြု​သ​ဖြင့်​ကိုယ်​တော်​သည် ငါ့​အား​ကောင်း​ကျိုး​ကို​ချ​ပေး​တော်​မူ​၏။ ငါ​သည်​အ​ပြစ်​ကင်း​သူ​ဖြစ်​၍​ကောင်း​ချီး ပေး​တော်​မူ​၏။
כִּֽי־שָׁ֭מַרְתִּי דַּרְכֵ֣י יְהוָ֑ה וְלֹֽא־רָ֝שַׁ֗עְתִּי מֵאֱלֹהָֽי׃ 21
၂၁ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​ကို လိုက်​လျှောက်​ခဲ့​၏။ ငါ​၏​ဘု​ရား​ထံ​တော်​မှ​ရှောင်​ခွာ​၍​မ​သွား ခဲ့​ပါ။
כִּ֣י כָל־מִשְׁפָּטָ֣יו לְנֶגְדִּ֑י וְ֝חֻקֹּתָ֗יו לֹא־אָסִ֥יר מֶֽנִּי׃ 22
၂၂ငါ​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို စောင့်​ထိန်း​ခဲ့​၏။ ကိုယ်​တော်​၏​အ​မိန့်​တော်​တို့​ကို​မ​ဖီ​ဆန်​ခဲ့​ပါ။
וָאֱהִ֣י תָמִ֣ים עִמֹּ֑ו וָ֝אֶשְׁתַּמֵּ֗ר מֵעֲוֹנִֽי׃ 23
၂၃ငါ​သည်​အပြစ်​မဲ့​သူ​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ ဒု​စ​ရိုက်​ရှောင်​ကြဉ်​ကြောင်း​ကို​လည်း​ကောင်း ကိုယ်​တော်​သိ​တော်​မူ​၏။
וַיָּֽשֶׁב־יְהוָ֣ה לִ֣י כְצִדְקִ֑י כְּבֹ֥ר יָ֝דַ֗י לְנֶ֣גֶד עֵינָֽיו׃ 24
၂၄ငါ​သည်​အ​ပြစ်​ကင်း​သူ​ဖြစ်​ကြောင်း​ကို သိ​တော်​မူ​သ​ဖြင့်​လည်း​ကောင်း၊ ငါ​သည်​တ​ရား​မျှ​တ​စွာ​ပြု​ကျင့်​သ​ဖြင့် လည်း​ကောင်း ကိုယ်​တော်​သည်​ငါ့​အား​ကောင်း​ကျိုး​ကို ပေး​သ​နား​တော်​မူ​၏။
עִם־חָסִ֥יד תִּתְחַסָּ֑ד עִם־גְּבַ֥ר תָּ֝מִ֗ים תִּתַּמָּֽם׃ 25
၂၅အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​သစ္စာ​ရှိ​သူ​တို့​အား သစ္စာ​စောင့်​တော်​မူ​၏။ အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ကောင်း​မြတ်​သူ​တို့ အား အ​ကြွင်း​မဲ့​ကျေး​ဇူး​ပြု​တော်​မူ​တတ်​ပါ​၏။
עִם־נָבָ֥ר תִּתְבָּרָ֑ר וְעִם־עִ֝קֵּ֗שׁ תִּתְפַּתָּֽל׃ 26
၂၆စိတ်​နှ​လုံး​ဖြူ​စင်​သူ​တို့​အား​ဖြူ​စင်​သော စိတ်​သ​ဘော​ထား​ကို​လည်း​ကောင်း၊ သူ​ယုတ်​မာ​တို့​အား​ရန်​လို​သော​စိတ်​သ​ဘော ကို​လည်း​ကောင်း​ပြ​တော်​မူ​ပါ​၏။
כִּֽי־אַ֭תָּה עַם־עָנִ֣י תֹושִׁ֑יעַ וְעֵינַ֖יִם רָמֹ֣ות תַּשְׁפִּֽיל׃ 27
၂၇ကိုယ်​တော်​သည်​စိတ်​နှ​လုံး​နှိမ့်​ချ​သူ​တို့​အား ကယ်​တော်​မူ​ပါ​၏။ သို့​ရာ​တွင်​မာ​န​ထောင်​လွှား​သူ​တို့​ကို​မူ နိမ့်​ကျ​စေ​တော်​မူ​ပါ​၏။
כִּֽי־אַ֭תָּה תָּאִ֣יר נֵרִ֑י יְהוָ֥ה אֱ֝לֹהַ֗י יַגִּ֥יהַּ חָשְׁכִּֽי׃ 28
၂၈အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား အ​လင်း​ကို ပေး​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​မှောင်​မိုက်​ကို​ပျောက်​လွင့် စေ​တော်​မူ​ပါ​၏။
כִּֽי־בְ֭ךָ אָרֻ֣ץ גְּד֑וּד וּ֝בֵֽאלֹהַ֗י אֲדַלֶּג־שֽׁוּר׃ 29
၂၉ရန်​သူ​များ​ကို​တိုက်​ခိုက်​ရန်​ခွန်​အား​ကို လည်း​ကောင်း၊ သူ​တို့​၏​တပ်​များ​ကို​ဖြို​ခွင်း​ရန် တန်​ခိုး​ကို​လည်း​ကောင်း၊ ကျွန်​တော်​မျိုး​အား​ပေး​တော်​မူ​ပါ​၏။
הָאֵל֮ תָּמִ֪ים דַּ֫רְכֹּ֥ו אִמְרַֽת־יְהוָ֥ה צְרוּפָ֑ה מָגֵ֥ן ה֝֗וּא לְכֹ֤ל ׀ הַחֹסִ֬ים בֹּֽו׃ 30
၃၀ဤ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တို့​သည် ပြီး​ပြည့်​စုံ​လင်​ပေ​၏။ ကိုယ်​တော်​၏​စ​ကား​တော်​တို့​သည်​လည်း ယုံ​ကြည်​စိတ်​ချ​ထိုက်​ပါ​ပေ​သည်​တ​ကား။ ကိုယ်​တော်​သည်​မိ​မိ​ထံ​တွင်​ခို​လှုံ​သူ အ​ပေါင်း​တို့​အ​တွက်​ဒိုင်း​လွှား​သ​ဖွယ်​ဖြစ် တော်​မူ​၏။
כִּ֤י מִ֣י אֱ֭לֹוהַּ מִבַּלְעֲדֵ֣י יְהוָ֑ה וּמִ֥י צ֝֗וּר זוּלָתִ֥י אֱלֹהֵֽינוּ׃ 31
၃၁ထာ​ဝ​ရ​ဘု​ရား​သည်​သာ​လျှင်​ဘု​ရား​ဖြစ် တော်​မူ​၏။ ဘု​ရား​သ​ခင်​သည်​သာ​လျှင်​ငါ​တို့​ကွယ်​ကာ​ရာ ဖြစ်​တော်​မူ​၏။
הָ֭אֵל הַמְאַזְּרֵ֣נִי חָ֑יִל וַיִּתֵּ֖ן תָּמִ֣ים דַּרְכִּֽי׃ 32
၃၂ကိုယ်​တော်​သည်​ငါ့​ကို​သန်​စွမ်း​စေ​တော်​မူ​သော ဘု​ရား၊ ငါ​လိုက်​လျှောက်​ရာ​ခ​ရီး​လမ်း​ကို​ဘေး​မဲ့​လုံ​ခြုံ စေ​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။
מְשַׁוֶּ֣ה רַ֭גְלַי כָּאַיָּלֹ֑ות וְעַ֥ל בָּ֝מֹתַ֗י יַעֲמִידֵֽנִי׃ 33
၃၃ကိုယ်​တော်​သည်​ငါ့​ခြေ​ကို​သ​မင်​ခြေ​ကဲ့​သို့ မြဲ​မြံ​စေ​တော်​မူ​၏။ တောင်​များ​ပေါ်​တွင်​ငါ့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ ထား​တော်​မူ​၏။
מְלַמֵּ֣ד יָ֭דַי לַמִּלְחָמָ֑ה וְֽנִחֲתָ֥ה קֶֽשֶׁת־נְ֝חוּשָׁ֗ה זְרֹועֹתָֽי׃ 34
၃၄အ​သန်​ဆုံး​သော​လေး​ကို​တင်​နိုင်​ရန်​ငါ့​အား စစ်​ပွဲ​အ​တွက်​လေ့​ကျင့်​ပေး​တော်​မူ​၏။
וַתִּתֶּן־לִי֮ מָגֵ֪ן יִ֫שְׁעֶ֥ךָ וִֽימִינְךָ֥ תִסְעָדֵ֑נִי וְֽעַנְוַתְךָ֥ תַרְבֵּֽנִי׃ 35
၃၅အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​ကွယ်​ကာ စောင့်​ရှောက်​၍​ကယ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​ကြည့်​ရှု​ပြု​စု​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကြီး​မြင့်​လာ​ရ​ပါ​၏။ ကိုယ်​တော်​၏​တန်​ခိုး​တော်​အား​ဖြင့်​ဘေး​မဲ့ လုံ​ခြုံ​စွာ နေ​ရ​ပါ​၏။
תַּרְחִ֣יב צַעֲדִ֣י תַחְתָּ֑י וְלֹ֥א מָ֝עֲד֗וּ קַרְסֻלָּֽי׃ 36
၃၆ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား အ​ဖမ်း​မ​ခံ​ရ​အောင်​ကွယ်​ကာ​တော်​မူ​၏။ ကျွန်​တော်​မျိုး​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ အ​ရေး​မ​ရှုံး​နိမ့်​ခဲ့​ပါ။
אֶרְדֹּ֣וף אֹ֭ויְבַי וְאַשִּׂיגֵ֑ם וְלֹֽא־אָ֝שׁוּב עַד־כַּלֹּותָֽם׃ 37
၃၇ကျွန်​တော်​မျိုး​သည်​ရန်​သူ​များ​ကို​လိုက်​လံ ဖမ်း​ဆီး​ပါ​၏။ သူ​တို့​အား​နှိမ်​နင်း​နိုင်​သည့်​အ​ထိ​မ​ရပ် မ​နား​ပါ။
אֶ֭מְחָצֵם וְלֹא־יֻ֣כְלוּ ק֑וּם יִ֝פְּל֗וּ תַּ֣חַת רַגְלָֽי׃ 38
၃၈သူ​တို့​အား​ကျွန်​တော်​မျိုး​ထိုး​နှက်​တိုက်​ခိုက် လိုက်​သော​အ​ခါ​သူ​တို့​သည်​မ​ထ​နိုင်​ကြ တော့​ပါ။ ကျွန်​တော်​မျိုး​၏​ခြေ​ရင်း​တွင်​လဲ​၍ အ​ညံ့​ခံ​ကြ​ရ​ပါ​၏။
וַתְּאַזְּרֵ֣נִי חַ֭יִל לַמִּלְחָמָ֑ה תַּכְרִ֖יעַ קָמַ֣י תַּחְתָּֽי׃ 39
၃၉ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​စစ်​ပွဲ ဝင်​နိုင်​ရန် ခွန်​အား​ကို​ပေး​တော်​မူ​၏။ ရန်​သူ​များ​အား​အောင်​မြင်​ခွင့်​ကို​လည်း ပေး​တော်​မူ​ပါ​၏။
וְֽאֹיְבַ֗י נָתַ֣תָּה לִּ֣י עֹ֑רֶף וּ֝מְשַׂנְאַ֗י אַצְמִיתֵֽם׃ 40
၄၀ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ထံ​မှ​ရန်​သူ များ​ကို ထွက်​ပြေး​စေ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​လည်း​မိ​မိ​ကို​မုန်း​သူ​တို့​အား ချေ​မှုန်း​သုတ်​သင်​ပစ်​ပါ​၏။
יְשַׁוְּע֥וּ וְאֵין־מֹושִׁ֑יעַ עַל־יְ֝הוָ֗ה וְלֹ֣א עָנָֽם׃ 41
၄၁သူ​တို့​သည်``ကယ်​တော်​မူ​ပါ'' ဟု အော်​ဟစ်​ကြ​သော်​လည်း၊သူ​တို့​အား အ​ဘယ်​သူ​မျှ​မ​ကယ်​နိုင်​ပါ။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို လျှောက်​ထား​ကြ​သော်​လည်း​ကိုယ်​တော်​သည် သူ​တို့​အား​ထူး​တော်​မ​မူ​ပါ။
וְֽאֶשְׁחָקֵ֗ם כְּעָפָ֥ר עַל־פְּנֵי־ר֑וּחַ כְּטִ֖יט חוּצֹ֣ות אֲרִיקֵֽם׃ 42
၄၂လေ​တိုက်​၍​လွင့်​ပါ​သွား​သော​မြေ​မှုန့်​သ​ဖွယ် ဖြစ်​စေ​ရန် သူ​တို့​အား​ကျွန်​တော်​မျိုး​ချေ​မှုန်း​ပါ​၏။ လမ်း​များ​ပေါ်​မှ​ရွှံ့​သ​ဖွယ်​သူ​တို့​အား ကျွန်​တော်​မျိုး​ကျော်​နင်း​ပါ​၏။
תְּפַלְּטֵנִי֮ מֵרִ֪יבֵ֫י עָ֥ם תְּ֭שִׂימֵנִי לְרֹ֣אשׁ גֹּויִ֑ם עַ֖ם לֹא־יָדַ֣עְתִּי יַֽעַבְדֽוּנִי׃ 43
၄၃ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ပုန်​ကန်​သူ​တို့​၏​ဘေး​မှ​ကယ်​တော်​မူ​၍ လူ​မျိုး​တ​ကာ​တို့​ကို​အုပ်​စိုး​စေ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​မိ​မိ​မ​သိ​ဘူး​သော​လူ များ​ကို ယ​ခု​အ​ခါ​၌​အုပ်​စိုး​ခွင့်​ရ​ပါ​၏။
לְשֵׁ֣מַֽע אֹ֭זֶן יִשָּׁ֣מְעוּ לִ֑י בְּנֵֽי־נֵ֝כָ֗ר יְכַחֲשׁוּ־לִֽי׃ 44
၄၄လူ​မျိုး​ခြား​တို့​သည်​ကျွန်​တော်​မျိုး​၏​ရှေ့​တွင် ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​၏​အ​မိန့်​ကို ကြား​သော​အ​ခါ​နာ​ခံ​ကြ​ပါ​၏။
בְּנֵי־נֵכָ֥ר יִבֹּ֑לוּ וְ֝יַחְרְג֗וּ מִֽמִּסְגְּרֹֽותֵיהֶֽם׃ 45
၄၅သူ​တို့​သည်​ရဲ​စွမ်း​သတ္တိ​မ​ရှိ​ကြ​တော့​ဘဲ​မိ​မိ တို့​၏ ရဲ​တိုက်​များ​မှ​တုန်​လှုပ်​လျက်​ထွက်​လာ​ကြ​ပါ​၏။
חַי־יְ֭הוָה וּבָר֣וּךְ צוּרִ֑י וְ֝יָר֗וּם אֱלֹוהֵ֥י יִשְׁעִֽי׃ 46
၄၆ထာ​ဝ​ရ​ဘု​ရား​သည်​အ​သက်​ရှင်​တော်​မူ​၏။ ငါ့​အား​ကွယ်​ကာ​တော်​မူ​သော​အ​ရှင်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ငါ့​ကို​ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကြီး​မြတ်​တော်​မူ​ကြောင်း​ကို​ကြွေး​ကြော် ကြ​လော့။
הָאֵ֗ל הַנֹּותֵ֣ן נְקָמֹ֣ות לִ֑י וַיַּדְבֵּ֖ר עַמִּ֣ים תַּחְתָּֽי׃ 47
၄၇ကိုယ်​တော်​သည်​ငါ့​အား​ရန်​သူ​များ​ကို အောင်​မြင်​ခွင့်​ပေး​တော်​မူ​၏။ လူ​မျိုး​တကာ​တို့​ကို​ငါ​၏​လက်​အောက်​သို့ ရောက်​စေ​တော်​မူ​လျက်၊
מְפַלְּטִ֗י מֵאֹ֫יְבָ֥י אַ֣ף מִן־קָ֭מַי תְּרֹומְמֵ֑נִי מֵאִ֥ישׁ חָ֝מָ֗ס תַּצִּילֵֽנִי׃ 48
၄၈ရန်​သူ​များ​၏​လက်​မှ​ငါ့​ကို​ကယ်​တော်​မူ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ရန်​သူ များ​ကို အောင်​မြင်​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​၏။ အ​ကြမ်း​ဖက်​သူ​တို့​၏​ဘေး​မှ​ကျွန်​တော်​မျိုး​ကို ကွယ်​ကာ​တော်​မူ​ပါ​၏။
עַל־כֵּ֤ן ׀ אֹודְךָ֖ בַגֹּויִ֥ם ׀ יְהוָ֑ה וּלְשִׁמְךָ֥ אֲזַמֵּֽרָה׃ 49
၄၉သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​လူ​မျိုး​တ​ကာ​တို့​၏ ရှေ့​တွင်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ပါ​မည်။ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​သော သီ​ချင်း​ကို​ဆို​ပါ​မည်။
מִגְדֹּל (מַגְדִּיל֮) יְשׁוּעֹ֪ות מַ֫לְכֹּ֥ו וְעֹ֤שֶׂה חֶ֨סֶד ׀ לִמְשִׁיחֹ֗ו לְדָוִ֥ד וּלְזַרְעֹ֗ו עַד־עֹולָֽם׃ 50
၅၀ဘု​ရား​သ​ခင်​သည်​မိ​မိ​ခန့်​ထား​တော်​မူ​သော ဘု​ရင်​အား​အောင်​ပွဲ​ကြီး​များ​ခံ​စေ​တော်​မူ​၏။ ကိုယ်​တော်​ဘိ​သိက်​ပေး​တော်​မူ​သော​ဒါ​ဝိဒ်​မှ​စ​၍ သူ​၏​သား​မြေး​များ​အား​ခိုင်​မြဲ​သော​မေတ္တာ တော်​ကို ကာ​လ​အ​စဉ်​အ​ဆက်​ပြ​တော်​မူ​၏။

< תְהִלִּים 18 >