< תְהִלִּים 115 >

לֹ֤א לָ֥נוּ יְהוָ֗ה לֹ֫א לָ֥נוּ כִּֽי־לְ֭שִׁמְךָ תֵּ֣ן כָּבֹ֑וד עַל־חַ֝סְדְּךָ֗ עַל־אֲמִתֶּֽךָ׃ 1
အကျွန်ုပ်တို့၌ ဘုန်းမရှိစေဘဲ၊ အို ထာဝရဘုရား၊ အကျွန်ုပ်တို့၌ ဘုန်းမရှိစေဘဲ၊ ကိုယ်တော်၏နာမ၌ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် ဘုန်းရှိပါစေ သတည်း။
לָ֭מָּה יֹאמְר֣וּ הַגֹּויִ֑ם אַיֵּה־נָ֝֗א אֱלֹהֵיהֶֽם׃ 2
သူတို့၏ ဘုရားသခင်သည် အဘယ်မှာရှိ သနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြမည်နည်း။
וֵֽאלֹהֵ֥ינוּ בַשָּׁמָ֑יִם כֹּ֭ל אֲשֶׁר־חָפֵ֣ץ עָשָֽׂה׃ 3
ငါတို့၏ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ၏။
עֲ‍ֽ֭צַבֵּיהֶם כֶּ֣סֶף וְזָהָ֑ב מַ֝עֲשֵׂ֗ה יְדֵ֣י אָדָֽם׃ 4
သူတို့၏ရုပ်တုများမူကား ငွေလည်းဖြစ်၏။ ရွှေလည်း ဖြစ်၏။ လူလက်ဖြင့် လုပ်သောအရာပေတည်း။
פֶּֽה־לָ֭הֶם וְלֹ֣א יְדַבֵּ֑רוּ עֵינַ֥יִם לָ֝הֶ֗ם וְלֹ֣א יִרְאֽוּ׃ 5
ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကားမပြောတတ်။ မျက်စိရှိ၍ မမြင်တတ်။
אָזְנַ֣יִם לָ֭הֶם וְלֹ֣א יִשְׁמָ֑עוּ אַ֥ף לָ֝הֶ֗ם וְלֹ֣א יְרִיחֽוּן׃ 6
နားရှိ၍မကြားတတ်။ နှာခေါင်းရှိ၍မနမ်းတတ်။
יְדֵיהֶ֤ם ׀ וְלֹ֬א יְמִישׁ֗וּן רַ֭גְלֵיהֶם וְלֹ֣א יְהַלֵּ֑כוּ לֹֽא־יֶ֝הְגּ֗וּ בִּגְרֹונָֽם׃ 7
လက်ရှိ၍ မကိုင်တတ်။ ခြေရှိ၍မသွားတတ်။ သူတို့လည်ချောင်းဖြင့် အသံမပြုတတ်ပါတကား။
כְּ֭מֹוהֶם יִהְי֣וּ עֹשֵׂיהֶ֑ם כֹּ֭ל אֲשֶׁר־בֹּטֵ֣חַ בָּהֶֽם׃ 8
လုပ်သောသူတို့လည်း အတူတူပါတကား။
יִ֭שְׂרָאֵל בְּטַ֣ח בַּיהוָ֑ה עֶזְרָ֖ם וּמָגִנָּ֣ם הֽוּא׃ 9
အို ဣသရေလအမျိုး၊ ထာဝရဘုရားကို ကိုးစား လော့။ ထာဝရဘုရားသည် ဣသရေလအမျိုးကို မစသော သူ၊ ကွယ်ကာသောသူဖြစ်တော်မူ၏။
בֵּ֣ית אַ֭הֲרֹן בִּטְח֣וּ בַיהוָ֑ה עֶזְרָ֖ם וּמָגִנָּ֣ם הֽוּא׃ 10
၁၀အိုအာရုန်အမျိုးအနွယ်၊ ထာဝရဘုရားကို ကိုးစားလော့။ ထာဝရဘုရားသည် အာရုန်အမျိုးအနွယ်ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော်မူ၏။
יִרְאֵ֣י יְ֭הוָה בִּטְח֣וּ בַיהוָ֑ה עֶזְרָ֖ם וּמָגִנָּ֣ם הֽוּא׃ 11
၁၁ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထိုဘုရားကို ကိုးစားကြလော့။ ထာဝရဘုရားသည် ထိုသို့ သော သူတို့ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော် မူ၏။
יְהוָה֮ זְכָרָ֪נוּ יְבָ֫רֵ֥ךְ יְ֭בָרֵךְ אֶת־בֵּ֣ית יִשְׂרָאֵ֑ל יְ֝בָרֵ֗ךְ אֶת־בֵּ֥ית אַהֲרֹֽן׃ 12
၁၂ထာဝရဘုရားသည် ငါတို့ကို အောက်မေ့တော် မူ၏။ ကောင်းကြီးပေးတော်မူမည်။ ဣသရေလအမျိုးကို ကောင်းကြီးပေးတော်မူမည်။ အာရုန်အမျိုးအနွယ်ကို ကောင်းကြီးပေးတော်မူမည်။
יְ֭בָרֵךְ יִרְאֵ֣י יְהוָ֑ה הַ֝קְּטַנִּ֗ים עִם־הַגְּדֹלִֽים׃ 13
၁၃ထာဝရဘုရားကို ကြောက်ရွံ့သောသူ အကြီး အငယ်တို့ကို ကောင်းကြီးပေးတော်မူမည်။
יֹסֵ֣ף יְהוָ֣ה עֲלֵיכֶ֑ם עֲ֝לֵיכֶ֗ם וְעַל־בְּנֵיכֶֽם׃ 14
၁၄ထာဝရဘုရားသည် သင်တို့နှင့် သင်တို့ သားမြေးတို့၌ မင်္ဂလာကို တိုးပွားစေတော်မူမည်။
בְּרוּכִ֣ים אַ֭תֶּם לַיהוָ֑ה עֹ֝שֵׂ֗ה שָׁמַ֥יִם וָאָֽרֶץ׃ 15
၁၅သင်တို့သည် ကောင်းကင်နှင့်မြေကြီးကို ဖန် ဆင်းသော ထာဝရဘုရား ကောင်းကြီးပေးတော်မူသော သူ ဖြစ်ကြ၏။
הַשָּׁמַ֣יִם שָׁ֭מַיִם לַיהוָ֑ה וְ֝הָאָ֗רֶץ נָתַ֥ן לִבְנֵי־אָדָֽם׃ 16
၁၆ကောင်းကင်ကား၊ ထာဝရဘုရား၏ ကောင်း ကင်ဖြစ်၏။ မြေကြီးကိုကား လူသားတို့အား ပေးတော် မူပြီ။
לֹ֣א הַ֭מֵּתִים יְהַֽלְלוּ־יָ֑הּ וְ֝לֹ֗א כָּל־יֹרְדֵ֥י דוּמָֽה׃ 17
၁၇သေလွန်သောသူ၊ ငြိမ်းရာထဲသို့ ဆင်းသောသူ ရှိသမျှတို့သည် ထာဝရဘုရားကို မချီးမွမ်းရကြ။
וַאֲנַ֤חְנוּ ׀ נְבָ֘רֵ֤ךְ יָ֗הּ מֵֽעַתָּ֥ה וְעַד־עֹולָ֗ם הַֽלְלוּ־יָֽהּ׃ 18
၁၈ငါတို့မူကား၊ ထာဝရဘုရားကို ယခုမှစ၍ အစဉ် အဆက် ကောင်းကြီးပေးကြလေအံ့သတည်း။ ဟာလေ လုယ။

< תְהִלִּים 115 >