< תְהִלִּים 109 >

לַ֭מְנַצֵּחַ לְדָוִ֣ד מִזְמֹ֑ור אֱלֹהֵ֥י תְ֝הִלָּתִ֗י אַֽל־תֶּחֱרַֽשׁ׃ 1
အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။ ဆိတ်​ဆိတ်​နေ​တော် မ​မူ​ပါ​နှင့်။
כִּ֤י פִ֪י רָשָׁ֡ע וּֽפִי־מִ֭רְמָה עָלַ֣י פָּתָ֑חוּ דִּבְּר֥וּ אִ֝תִּ֗י לְשֹׁ֣ון שָֽׁקֶר׃ 2
သူ​ယုတ်​မာ​များ​နှင့်​လူ​လိမ်​များ​သည်​ကျွန်​တော် မျိုး​ကို တိုက်​ခိုက်​ကြ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​၏​အ​ကြောင်း မု​သား​စ​ကား​ပြော​ကြ​ပါ​၏။
וְדִבְרֵ֣י שִׂנְאָ֣ה סְבָב֑וּנִי וַיִּֽלָּחֲמ֥וּנִי חִנָּֽם׃ 3
သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​ကြောင်း​မဲ့ တိုက်​ခိုက်​၍​ကျွန်​တော်​မျိုး​၏​အ​ကြောင်း ဆိုး​ရွား​သော​သ​တင်း​များ​ကို​လွှင့်​ကြ​ပါ​၏။
תַּֽחַת־אַהֲבָתִ֥י יִשְׂטְנ֗וּנִי וַאֲנִ֥י תְפִלָּֽה׃ 4
ကျွန်​တော်​မျိုး​သည်​သူ​တို့​အား​မေတ္တာ​ပြ​လျက် သူ​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော်​လည်း သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​ရန်​ဘက်​ပြု ကြ​ပါ​၏။
וַיָּ֘שִׂ֤ימוּ עָלַ֣י רָ֭עָה תַּ֣חַת טֹובָ֑ה וְ֝שִׂנְאָ֗ה תַּ֣חַת אַהֲבָתִֽי׃ 5
သူ​တို့​သည်​ကျွန်​တော်​မျိုး​ပြု​သည့်​ကျေး​ဇူး​ကို ဆိုး​ညစ်​မှု​ဖြင့်​လည်း​ကောင်း၊ကျွန်​တော်​မျိုး​၏ မေတ္တာ​ကို​မုန်း​တီး​ခြင်း​ဖြင့်​လည်း​ကောင်း ပြန်​လည်​ပေး​ဆပ်​ကြ​ပါ​၏။
הַפְקֵ֣ד עָלָ֣יו רָשָׁ֑ע וְ֝שָׂטָ֗ן יַעֲמֹ֥ד עַל־יְמִינֹֽו׃ 6
ကျွန်​တော်​မျိုး​၏​ရန်​သူ​အား​တ​ရား​စီ​ရင်​ရန် အ​ဂ​တိ​လိုက်​စား​သော​တ​ရား​သူ​ကြီး​ကို ခန့်​ထား​ရွေး​ချယ်​ပေး​တော်​မူ​ပါ။ သူ​၏​ရန်​သူ​တစ်​ယောက်​က​ပင်​လျှင်​သူ့​အား ပြစ်​တင်​စွပ်​စွဲ​စေ​တော်​မူ​ပါ။
בְּ֭הִשָּׁ֣פְטֹו יֵצֵ֣א רָשָׁ֑ע וּ֝תְפִלָּתֹ֗ו תִּהְיֶ֥ה לַֽחֲטָאָֽה׃ 7
သူ့​အား​စစ်​ဆေး​၍​ပြစ်​မှု​ထင်​ရှား​ပါ​စေ​သော။ သူ​၏​ဆု​တောင်း​ပတ္ထ​နာ​သည်​ပင်​လျှင် ပြစ်​မှု​ကူး​ရာ​ရောက်​ပါ​စေ​သော။
יִֽהְיֽוּ־יָמָ֥יו מְעַטִּ֑ים פְּ֝קֻדָּתֹ֗ו יִקַּ֥ח אַחֵֽר׃ 8
သူ​၏​အ​သက်​သည်​မ​ကြာ​မီ​ကုန်​ဆုံး​လျက် သူ​၏​ရာ​ထူး​ကို​အ​ခြား​သူ​တစ်​ဦး​ရ​ရှိ ပါ​စေ​သော။
יִֽהְיוּ־בָנָ֥יו יְתֹומִ֑ים וְ֝אִשְׁתֹּו אַלְמָנָֽה׃ 9
သူ​၏​သား​သ​မီး​များ​သည်​မိ​ဘ​မဲ့​များ​ဖြစ် ကြ​လျက် သူ​၏​ဇ​နီး​သည်​မု​ဆိုး​မ​ဖြစ်​ပါ​စေ​သော။
וְנֹ֤ועַ יָנ֣וּעוּ בָנָ֣יו וְשִׁאֵ֑לוּ וְ֝דָרְשׁ֗וּ מֵחָרְבֹותֵיהֶֽם׃ 10
၁၀သူ​၏​သား​သ​မီး​တို့​သည်​အိမ်​ရာ​မဲ့​သူ​တောင်း စား​များ ဖြစ်​ကြ​၍ မိ​မိ​တို့​နေ​ထိုင်​ရာ​အိမ်​ပျက်​များ​မှ​နှင်​ထုတ် ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ​သော။
יְנַקֵּ֣שׁ נֹ֭ושֶׁה לְכָל־אֲשֶׁר־לֹ֑ו וְיָבֹ֖זּוּ זָרִ֣ים יְגִיעֹֽו׃ 11
၁၁ကြွေး​ရှင်​တို့​သည်​သူ​၏​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို သိမ်း​ယူ​ကြ​လျက်​သူ​စိမ်း​တစ်​ရံ​ဆံ​တို့​သည် သူ​လုပ်​ကိုင်​၍​ရ​သ​မျှ​သော​အ​ကျိုး​ခံ​စား ရ​ကြ​ပါ​စေ​သော။
אַל־יְהִי־לֹ֖ו מֹשֵׁ֣ךְ חָ֑סֶד וְֽאַל־יְהִ֥י חֹ֝ונֵ֗ן לִיתֹומָֽיו׃ 12
၁၂အ​ဘယ်​အ​ခါ​၌​မျှ​သူ့​အား​သ​နား​ကြင်​နာ မည့်​သူ၊ သူ​၏​ဘ​သက်​ဆိုး​များ​ကို​ကြည့်​ရှု​စောင့်​ရှောက် မည့်​သူ မ​ရှိ​ပါ​စေ​နှင့်။
יְהִֽי־אַחֲרִיתֹ֥ו לְהַכְרִ֑ית בְּדֹ֥ור אַ֝חֵ֗ר יִמַּ֥ח שְׁמָֽם׃ 13
၁၃သူ​၏​အ​မျိုး​တိမ်​ကော​ပါ​စေ​သော။ သူ​၏​နာ​မည်​သည်​နောက်​မျိုး​ဆက်​၌​ပင်​လျှင် ပျောက်​ကွယ်​သွား​ပါ​စေ​သော။
יִזָּכֵ֤ר ׀ עֲוֹ֣ן אֲ֭בֹתָיו אֶל־יְהוָ֑ה וְחַטַּ֥את אִ֝מֹּ֗ו אַל־תִּמָּֽח׃ 14
၁၄သူ​၏​ဘိုး​ဘေး​တို့​ပြု​ခဲ့​သည့်​မ​ကောင်း​မှု များ​ကို ထာ​ဝ​ရ​ဘု​ရား​သည်​သ​တိ​ရ​တော်​မူ​ပါ​စေ​သော။ သူ​၏​မိ​ခင်​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​ကို​လည်း ဖြေ​လွှတ်​တော်​မ​မူ​ပါ​နှင့်။
יִהְי֣וּ נֶֽגֶד־יְהוָ֣ה תָּמִ֑יד וְיַכְרֵ֖ת מֵאֶ֣רֶץ זִכְרָֽם׃ 15
၁၅ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​အ​ပြစ်​တို့​ကို သ​တိ​ရ​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင်​သူ​တို့​၏​နာ​မည်​သည်​လော​က​မှ လုံး​ဝ​ပျောက်​ကွယ်​သွား​ပါ​စေ​သော။
יַ֗עַן אֲשֶׁ֤ר ׀ לֹ֥א זָכַר֮ עֲשֹׂ֪ות חָ֥סֶד וַיִּרְדֹּ֡ף אִישׁ־עָנִ֣י וְ֭אֶבְיֹון וְנִכְאֵ֨ה לֵבָ֬ב לְמֹותֵֽת׃ 16
၁၆ထို​သူ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​သ​နား ကြင်​နာ​ရန် စိတ်​မ​ကူး​ခဲ့။ ဆင်း​ရဲ​သူ၊ချို့​တဲ့​နွမ်း​ပါး​သူ​နှင့်​ခို​ကိုး​ရာ​မဲ့ သူ​တို့​အား​ညှဉ်း​ဆဲ​နှိပ်​စက်​သတ်​ဖြတ်​ခဲ့​၏။
וַיֶּאֱהַ֣ב קְ֭לָלָה וַתְּבֹואֵ֑הוּ וְֽלֹא־חָפֵ֥ץ בִּ֝בְרָכָ֗ה וַתִּרְחַ֥ק מִמֶּֽנּוּ׃ 17
၁၇သူ​သည်​ကျိန်​ဆဲ​ရန်​နှစ်​သက်​သည်​ဖြစ်​၍ သူ​ကိုယ်​တိုင်​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​ပါ​စေ သော။ သူ​သည်​သူ​တစ်​ပါး​အား​ကောင်း​ချီး​မင်္ဂလာ​ပေး​ရန် အ​လို​မ​ရှိ​သည်​ဖြစ်​၍ မည်​သူ​က​မျှ​သူ့​အား​ကောင်း​ချီး​မင်္ဂ​လာ မ​ပေး​ပါ​စေ​နှင့်။
וַיִּלְבַּ֥שׁ קְלָלָ֗ה כְּמַ֫דֹּ֥ו וַתָּבֹ֣א כַמַּ֣יִם בְּקִרְבֹּ֑ו וְ֝כַשֶּׁ֗מֶן בְּעַצְמֹותָֽיו׃ 18
၁၈ကျိန်​ဆဲ​မှု​သည်​သူ​၏​အ​တွက်​ခါး​ဝတ် ပု​ဆိုး​သ​ဖွယ်​ဖြစ်​၏။ သူ​၏​ကျိန်​ဆဲ​ချက်​များ​သည်​ရေ​ကဲ့​သို့ သူ​၏​ကိုယ်​ခန္ဓာ​ထဲ​သို့​လည်း​ကောင်း၊ဆီ​ကဲ့​သို့ သူ​၏ အ​ရိုး​များ​ထဲ​သို့​လည်း​ကောင်း​စိမ့်​ဝင်​ပါ စေ​သော။
תְּהִי־לֹ֖ו כְּבֶ֣גֶד יַעְטֶ֑ה וּ֝לְמֵ֗זַח תָּמִ֥יד יַחְגְּרֶֽהָ׃ 19
၁၉ယင်း​ကျိန်​ဆဲ​ချက်​တို့​သည်​အ​ထည်​အ​ဝတ်​ကဲ့​သို့ သူ့​ကို​ဖုံး​လွှမ်း​၍​ခါး​ပတ်​သ​ဖွယ်​သူ့​ကို​အ​စဉ် အ​မြဲ ပတ်​၍​ထား​ပါ​စေ​သော။
זֹ֤את פְּעֻלַּ֣ת שֹׂ֭טְנַי מֵאֵ֣ת יְהוָ֑ה וְהַדֹּבְרִ֥ים רָ֝֗ע עַל־נַפְשִֽׁי׃ 20
၂၀အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​အ​ကြောင်း​ဆိုး​ရွား​သည့် သ​တင်း​ကို​လွှင့်​သူ​ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့ အား ဤ​နည်း​အ​တိုင်း​အ​ပြစ်​ပေး​တော်​မူ​ပါ။
וְאַתָּ֤ה ׀ יְה֘וִ֤ה אֲדֹנָ֗י עֲ‍ֽשֵׂה־אִ֭תִּי לְמַ֣עַן שְׁמֶ֑ךָ כִּי־טֹ֥וב חַ֝סְדְּךָ֗ הַצִּילֵֽנִי׃ 21
၂၁သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​အား​ကယ်​ဆယ်​တော်​မူ​ပါ။
כִּֽי־עָנִ֣י וְאֶבְיֹ֣ון אָנֹ֑כִי וְ֝לִבִּ֗י חָלַ֥ל בְּקִרְבִּֽי׃ 22
၂၂ကျွန်​တော်​မျိုး​သည်​ဆင်း​ရဲ​ချို့​တဲ့​နွမ်း​ပါး ပါ​၏။ အ​သည်း​နှ​လုံး​ထဲ​တွင်​နာ​ကြည်း​လျက်​ရှိ​ပါ​၏။
כְּצֵל־כִּנְטֹותֹ֥ו נֶהֱלָ֑כְתִּי נִ֝נְעַ֗רְתִּי כָּֽאַרְבֶּֽה׃ 23
၂၃ကျွန်​တော်​မျိုး​သည် ည​နေ​ချိန်​အ​ရိပ်​ကဲ့​သို့ ပျောက်​ကွယ်​ရန်​နီး​ပါ​ပြီ။ ပိုး​ကောင်​ကဲ့​သို့​လေ​တိုက်​၍​လွင့်​သွား​ပါ​၏။
בִּ֭רְכַּי כָּשְׁל֣וּ מִצֹּ֑ום וּ֝בְשָׂרִ֗י כָּחַ֥שׁ מִשָּֽׁמֶן׃ 24
၂၄အ​စား​အ​စာ​ချို့​တဲ့​မှု​ကြောင့်​ကျွန်​တော်​မျိုး​၏ ဒူး​တို့​သည်​ချည့်​နဲ့​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ကိုယ်​ခန္ဓာ​သည် အ​ရိုး​နှင့်​အ​ရေ​သာ​ရှိ​ပါ​၏။
וַאֲנִ֤י ׀ הָיִ֣יתִי חֶרְפָּ֣ה לָהֶ֑ם יִ֝רְא֗וּנִי יְנִיע֥וּן רֹאשָֽׁם׃ 25
၂၅လူ​တို့​သည်​ကျွန်​တော်​မျိုး​ကို​မြင်​သော​အ​ခါ ပြက်​ရယ်​ပြု​ကြ​ပါ​၏။ ဦး​ခေါင်း​ကို​ခါ​ကြ ပါ​၏။
עָ֭זְרֵנִי יְהוָ֣ה אֱלֹהָ֑י הֹ֭ושִׁיעֵ֣נִי כְחַסְדֶּֽךָ׃ 26
၂၆ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို ထောက်​၍​ကျွန်​တော်​မျိုး​အား​ကယ်​တော် မူ​ပါ။
וְֽ֭יֵדְעוּ כִּי־יָ֣דְךָ זֹּ֑את אַתָּ֖ה יְהוָ֣ה עֲשִׂיתָֽהּ׃ 27
၂၇ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​သော​သူ​သည် ကိုယ်​တော်​ရှင်​ပင်​ဖြစ်​တော်​မူ​ကြောင်း​ကို ရန်​သူ​တို့​အား​သိ​စေ​တော်​မူ​ပါ။
יְקַֽלְלוּ־הֵמָּה֮ וְאַתָּ֪ה תְבָ֫רֵ֥ךְ קָ֤מוּ ׀ וַיֵּבֹ֗שׁוּ וְֽעַבְדְּךָ֥ יִשְׂמָֽח׃ 28
၂၈သူ​တို့​သည်​ကျွန်​တော်​မျိုး​အား ကျိန်​ဆဲ​ကြ​သော်​လည်း​ကိုယ်​တော်​ရှင် မူ​ကား ကောင်း​ချီး​ပေး​တော်​မူ​ပါ​မည်။ ကျွန်​တော်​မျိုး​အား​နှိပ်​စက်​ညှဉ်း​ဆဲ​သော သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ရှင်​၏ အ​စေ​ခံ​ကျွန်​တော်​မျိုး​မူ​ကား ဝမ်း​မြောက်​ရ​ပါ​စေ​သော။
יִלְבְּשׁ֣וּ שֹׂוטְנַ֣י כְּלִמָּ֑ה וְיַעֲט֖וּ כַמְעִ֣יל בָּשְׁתָּֽם׃ 29
၂၉ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည်​ဂုဏ်​အ​သ​ရေ ပျက်​ရ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​အ​ရှက်​နှင့်​မိ​မိ​တို့​ကိုယ်​ကို ဝတ်​လုံ​သ​ဖွယ်​ဖုံး​လွှမ်း​ရ​ကြ​ပါ​စေ​သော။
אֹ֘ודֶ֤ה יְהוָ֣ה מְאֹ֣ד בְּפִ֑י וּבְתֹ֖וךְ רַבִּ֣ים אֲהַֽלְלֶֽנּוּ׃ 30
၃၀ငါ​သည်​အ​သံ​ကျယ်​စွာ​ထာ​ဝ​ရ​ဘု​ရား​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။ ပ​ရိ​သတ်​တို့​အ​လယ်​တွင်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ပါ​မည်။
כִּֽי־יַ֭עֲמֹד לִימִ֣ין אֶבְיֹ֑ון לְ֝הֹושִׁ֗יעַ מִשֹּׁפְטֵ֥י נַפְשֹֽׁו׃ 31
၃၁အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ဆင်း​ရဲ​သူ​ကို​ကာ​ကွယ်​၍ သူ့​အား​သေ​ဒဏ်​စီ​ရင်​ကြ​သော​သူ​တို့ ၏​လက်​မှ ကယ်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။

< תְהִלִּים 109 >