< מִשְׁלֵי 29 >

אִ֣ישׁ תֹּ֭וכָחֹות מַקְשֶׁה־עֹ֑רֶף פֶּ֥תַע יִ֝שָּׁבֵ֗ר וְאֵ֣ין מַרְפֵּֽא׃ 1
အထပ်ထပ်ဆုံးမခြင်းကို ခံသော်လည်း၊ မိမိ လည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက် ပျက်စီးလိမ့်မည်။
בִּרְבֹ֣ות צַ֭דִּיקִים יִשְׂמַ֣ח הָעָ֑ם וּבִמְשֹׁ֥ל רָ֝שָׁ֗ע יֵאָ֥נַֽח עָֽם׃ 2
ဖြောင့်မတ်သောသူတို့သည် အခွင့်ရသော အခါ၊ ပြည်သူပြည်သားတို့သည် ဝမ်းမြောက်တတ်ကြ၏။ မတရားသောသူတို့သည် အုပ်စိုးသောအခါမူကား၊ ပြည်သူပြည်သားတို့သည် ဝမ်းနည်းတတ်ကြ၏။
אִֽישׁ־אֹהֵ֣ב חָ֭כְמָה יְשַׂמַּ֣ח אָבִ֑יו וְרֹעֶ֥ה זֹ֝ונֹ֗ות יְאַבֶּד־הֹֽון׃ 3
ပညာတရားကို နှစ်သက်သောသူသည် မိမိ အဘကို ဝမ်းမြောက်စေ၏။ ပြည်တန်ဆာတို့နှင့် ပေါင်း ဘော်သောသူမူကား၊ ဥစ္စာပြုန်းတီးတတ်၏။
מֶ֗לֶךְ בְּ֭מִשְׁפָּט יַעֲמִ֣יד אָ֑רֶץ וְאִ֖ישׁ תְּרוּמֹ֣ות יֶֽהֶרְסֶֽנָּה׃ 4
တရားသဖြင့် စီရင်သောရှင်ဘုရင်သည် တိုင်း ပြည်ကို တည်စေတတ်၏။ တံစိုးစားသော ရှင်ဘုရင် မူကား၊ တိုင်းပြည်ကို မှောက်လှန်တတ်၏။
גֶּ֭בֶר מַחֲלִ֣יק עַל־רֵעֵ֑הוּ רֶ֝֗שֶׁת פֹּורֵ֥שׂ עַל־פְּעָמָֽיו׃ 5
အိမ်နီးချင်းကို ချော့မော့သော သူသည် အိမ်နီး ချင်းသွားရာလမ်း၌ ကွန်ရွက်ကို ဖြန့်ထား၏။
בְּפֶ֤שַֽׁע אִ֣ישׁ רָ֣ע מֹוקֵ֑שׁ וְ֝צַדִּ֗יק יָר֥וּן וְשָׂמֵֽחַ׃ 6
အဓမ္မလူပြစ်မှားရာ၌ ကျော့ကွင်းထောင်လျက် ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ ရွှင်လန်းစွာ သီချင်း ဆိုတတ်၏။
יֹדֵ֣עַ צַ֭דִּיק דִּ֣ין דַּלִּ֑ים רָ֝שָׁ֗ע לֹא־יָבִ֥ין דָּֽעַת׃ 7
ဖြောင့်မတ်သော သူသည် ဆင်းရဲသားအမှုကို ဆင်ခြင်တတ်၏။ မတရားသောသူမူကား၊ ထိုအမှုကို ပမာဏမပြုတတ်။
אַנְשֵׁ֣י לָ֭צֹון יָפִ֣יחוּ קִרְיָ֑ה וַ֝חֲכָמִ֗ים יָשִׁ֥יבוּ אָֽף׃ 8
မထီမဲ့မြင်ပြုသော သူတို့သည် မြို့ကို မီးရှို့တတ် ၏။ ပညာရှိသော သူတို့မူကား၊ ဒေါသအမျက်ကို လွှဲတတ် ၏။
אִֽישׁ־חָכָ֗ם נִ֭שְׁפָּט אֶת־אִ֣ישׁ אֱוִ֑יל וְרָגַ֥ז וְ֝שָׂחַ֗ק וְאֵ֣ין נָֽחַת׃ 9
ပညာရှိသောသူသည် မိုက်သောသူနှင့် အမှု တွေ့လျှင်၊ စိတ်ဆိုးသည်ဖြစ်စေ၊ ပြုံးရယ်သည်ဖြစ်စေ၊ အားရစရာအကြောင်းမရှိ။
אַנְשֵׁ֣י דָ֭מִים יִשְׂנְאוּ־תָ֑ם וִֽ֝ישָׁרִ֗ים יְבַקְשׁ֥וּ נַפְשֹֽׁו׃ 10
၁၀လူအသက်ကို သတ်တတ်သောသူတို့သည် စုံလင်သောသူကို မုန်းတတ်ကြ၏။ ဖြောင့်မတ်သော သူတို့မူကား၊ သူတပါးအသက်ကို စောင့်မတတ်ကြ၏။
כָּל־ר֭וּחֹו יֹוצִ֣יא כְסִ֑יל וְ֝חָכָ֗ם בְּאָחֹ֥ור יְשַׁבְּחֶֽנָּה׃ 11
၁၁မိုက်သောသူသည် မိမိကြံစည်သမျှကို ဘော်ပြ တတ်၏။ပညာရှိသောသူမူကား၊ အဆင်မသင့်မှီ ထိမ်ဝှက် တတ်၏။
מֹ֭שֵׁל מַקְשִׁ֣יב עַל־דְּבַר־שָׁ֑קֶר כָּֽל־מְשָׁרְתָ֥יו רְשָׁעִֽים׃ 12
၁၂မင်းသည်မုသာစကားကို နားထောင်လျှင်၊ ကျွန် အပေါင်းတို့သည် လူဆိုးဖြစ်ကြလိမ့်မည်။
רָ֤שׁ וְאִ֣ישׁ תְּכָכִ֣ים נִפְגָּ֑שׁוּ מֵ֤אִיר־עֵינֵ֖י שְׁנֵיהֶ֣ם יְהוֽ͏ָה׃ 13
၁၃ဆင်းရဲသောသူနှင့် ညှဉ်းဆဲသောသူတို့သည် တွေ့ကြုံကြပြီ။ ထာဝရဘုရားသည် ထိုနှစ်ဦးတို့အား အလင်းကို ပေးသနားတော်မူ၏။
מֶ֤לֶךְ שֹׁופֵ֣ט בֶּֽאֱמֶ֣ת דַּלִּ֑ים כִּ֝סְאֹ֗ו לָעַ֥ד יִכֹּֽון׃ 14
၁၄ဆင်းရဲသားတို့ကို တရားသဖြင့် စီရင်သော ရှင် ဘုရင်၏အာဏာတော်သည် အစဉ်အမြဲတည်တတ်၏။
שֵׁ֣בֶט וְ֭תֹוכַחַת יִתֵּ֣ן חָכְמָ֑ה וְנַ֥עַר מְ֝שֻׁלָּ֗ח מֵבִ֥ישׁ אִמֹּֽו׃ 15
၁၅ကြိမ်လုံးနှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမခြင်းအားဖြင့် ပညာတိုးပွါးတတ်၏။ တတ်တိုင်းနေစေသော သူငယ်သည် အမိကို အရှက်ခွဲတတ်၏။
בִּרְבֹ֣ות רְ֭שָׁעִים יִרְבֶּה־פָּ֑שַׁע וְ֝צַדִּיקִ֗ים בְּֽמַפַּלְתָּ֥ם יִרְאֽוּ׃ 16
၁၆မတရားသောသူတို့သည် များပြားသောအခါ၊ လွန်ကျူးခြင်းအပြစ်တိုးပွားတတ်၏။ သို့ရာတွင်၊ သူတို့ ပျက်စီးခြင်းကို ဖြောင့်မတ်သောသူတို့သည် မြင်ရကြ၏။
יַסֵּ֣ר בִּ֭נְךָ וִֽינִיחֶ֑ךָ וְיִתֵּ֖ן מַעֲדַנִּ֣ים לְנַפְשֶֽׁךָ׃ פ 17
၁၇သင်၏သားကို ဆုံးမလော့။ သို့ပြုလျှင် သူသည် သင့်ကို ချမ်းသာပေးမည်။ ထိုမျှမက စိတ်ရွှင်လန်းစရာ အခွင့်ကို ပေးမည်။
בְּאֵ֣ין חָ֭זֹון יִפָּ֣רַֽע עָ֑ם וְשֹׁמֵ֖ר תֹּורָ֣ה אַשְׁרֵֽהוּ׃ 18
၁၈ဗျာဒိတ်တော်မရှိလျှင်၊ လူတို့သည် အကျိုးနည်း ဖြစ်ကြ၏။ တရားတော်ကို စောင့်သောသူမူကား မင်္ဂလာ ရှိ၏။
בִּ֭דְבָרִים לֹא־יִוָּ֣סֶר עָ֑בֶד כִּֽי־יָ֝בִ֗ין וְאֵ֣ין מַעֲנֶֽה׃ 19
၁၉စကားအားဖြင့်သာ ကျွန်ကို ဆုံးမ၍ မနိုင်ရာ။ သူသည် နားလည်သော်လည်း၊ နားမထောင်ဘဲ နေလိမ့် မည်။
חָזִ֗יתָ אִ֭ישׁ אָ֣ץ בִּדְבָרָ֑יו תִּקְוָ֖ה לִכְסִ֣יל מִמֶּֽנּוּ׃ 20
၂၀သတိမရှိဘဲစကားများသော သူရှိလျှင်၊ ထိုသူ၌ မြော်လင့် စရာအခွင့်ရှိသည်ထက်၊ မိုက်သောသူ၌သာ၍ မြော်လင့်စရာ အခွင့်ရှိ၏။
מְפַנֵּ֣ק מִנֹּ֣עַר עַבְדֹּ֑ו וְ֝אַחֲרִיתֹ֗ו יִהְיֶ֥ה מָנֹֽון׃ 21
၂၁ကျွန်သည်ငယ်သော အရွယ်မှစ၍ ပျော်ပါး အောင် ကျွေးမွေးခြင်းကိုခံရလျှင်၊ နောက်ဆုံး၌ သား အရာကို ရလိမ့်မည်။
אִֽישׁ־אַ֭ף יְגָרֶ֣ה מָדֹ֑ון וּבַ֖עַל חֵמָ֣ה רַב־פָּֽשַׁע׃ 22
၂၂စိတ်ဆိုးတတ်သောသူသည် ခိုက်ရန်မှုကို နှိုးဆော် တတ်၏။ ပြင်းထန်သောသူသည်လည်း၊ အလွန်အကျူး များတတ်၏။
גַּאֲוַ֣ת אָ֭דָם תַּשְׁפִּילֶ֑נּוּ וּשְׁפַל־ר֝֗וּחַ יִתְמֹ֥ךְ כָּבֹֽוד׃ 23
၂၃မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှိမ့်ချ သောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။
חֹולֵ֣ק עִם־גַּ֭נָּב שֹׂונֵ֣א נַפְשֹׁ֑ו אָלָ֥ה יִ֝שְׁמַ֗ע וְלֹ֣א יַגִּֽיד׃ 24
၂၄သူခိုးကိုလက်ခံသောသူသည် မိမိအသက်ကိုမုန်း တတ်၏။ ကျိန်ဆိုခြင်းကိုပြုသော်လည်း၊ အမှုကိုမဘော် မပြတတ်။
חֶרְדַּ֣ת אָ֭דָם יִתֵּ֣ן מֹוקֵ֑שׁ וּבֹוטֵ֖חַ בַּיהוָ֣ה יְשֻׂגָּֽב׃ 25
၂၅လူကိုကြောက်ရွံ့ခြင်း သဘောသည် ကျော့ကွင်း ကို ထောင်တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူ ကား လုံခြုံလိမ့်မည်။
רַ֭בִּים מְבַקְשִׁ֣ים פְּנֵי־מֹושֵׁ֑ל וּ֝מֵיְהוָ֗ה מִשְׁפַּט־אִֽישׁ׃ 26
၂၆မင်းပြုသော ကျေးဇူးကိုများသောသူတို့သည် ကြိုးစား၍ ရှာတတ်ကြ၏။ သို့ရာတွင် ခပ်သိမ်းသောသူ တို့၏အမှုကို ထာဝရဘုရားစီရင်တော်မူ၏။
תֹּועֲבַ֣ת צַ֭דִּיקִים אִ֣ישׁ עָ֑וֶל וְתֹועֲבַ֖ת רָשָׁ֣ע יְשַׁר־דָּֽרֶךְ׃ פ 27
၂၇တရားသောသူသည် မတရားသောသူကို၎င်း၊ မတရားသောသူသည်တရားသဖြင့် ကျင့်သောသူကို၎င်း၊ စက်ဆုပ်ရွံရှာ တတ်၏။

< מִשְׁלֵי 29 >