< בְּמִדְבַּר 24 >

וַיַּ֣רְא בִּלְעָ֗ם כִּ֣י טֹ֞וב בְּעֵינֵ֤י יְהוָה֙ לְבָרֵ֣ךְ אֶת־יִשְׂרָאֵ֔ל וְלֹא־הָלַ֥ךְ כְּפַֽעַם־בְּפַ֖עַם לִקְרַ֣את נְחָשִׁ֑ים וַיָּ֥שֶׁת אֶל־הַמִּדְבָּ֖ר פָּנָֽיו׃ 1
ထာဝရဘုရားသည်၊ ဣသရေလ အမျိုးကို ကောင်းကြီးပေးခြင်းငှါ အလိုရှိတော်မူကြောင်းကို ဗာလမ် သိမြင်လျှင်၊ ထူးဆန်းသော အတတ်ကို ရှာခြင်းငှါ အရင် သွားသကဲ့သို့ မသွားဘဲ၊ တောသို့ မျက်နှာပြုလေ၏။
וַיִּשָּׂ֨א בִלְעָ֜ם אֶת־עֵינָ֗יו וַיַּרְא֙ אֶת־יִשְׂרָאֵ֔ל שֹׁכֵ֖ן לִשְׁבָטָ֑יו וַתְּהִ֥י עָלָ֖יו ר֥וּחַ אֱלֹהִֽים׃ 2
သို့ရာတွင်၊ မြော်ကြည့်၍ ဣသရေလ အမျိုးသား တို့သည် အမျိုးအနွယ်အလိုက် အသီးအသီး တပ်ချလျက် နေကြသည်ကို မြင်သောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်တော်မူလျှင်၊
וַיִּשָּׂ֥א מְשָׁלֹ֖ו וַיֹּאמַ֑ר נְאֻ֤ם בִּלְעָם֙ בְּנֹ֣ו בְעֹ֔ר וּנְאֻ֥ם הַגֶּ֖בֶר שְׁתֻ֥ם הָעָֽיִן׃ 3
သူသည် ပရောဖက် စကားအားဖြင့် မြွက်ဆိုလေသည်မှာ၊ မျက်စိ ပွင့်သောသူ၊ ဗောရသား ဗာလမ်၏ စကား၊
נְאֻ֕ם שֹׁמֵ֖עַ אִמְרֵי־אֵ֑ל אֲשֶׁ֨ר מַחֲזֵ֤ה שַׁדַּי֙ יֶֽחֱזֶ֔ה נֹפֵ֖ל וּגְל֥וּי עֵינָֽיִם׃ 4
ဘဝင်ဖြစ်၍ မျက်စိပွင့်လျက် အနန္တတန်ခိုးရှင် ၏ ရူပါရုံကိုမြင်၍၊ ဘုရားသခင်၏ အမိန့်တော်ကို ကြားသောသူ၏ စကားဟူမူကား၊
מַה־טֹּ֥בוּ אֹהָלֶ֖יךָ יַעֲקֹ֑ב מִשְׁכְּנֹתֶ֖יךָ יִשְׂרָאֵֽל׃ 5
အိုယာကုပ်အမျိုး၊ သင်တို့၏တဲများ၊ အိုဣသရေ လအမျိုး၊ သင်တို့၏ ဘုံဗိမာန်များတို့သည် အဘယ်မျှ လောက် တင့်တယ်ကြသည်တကား။
כִּנְחָלִ֣ים נִטָּ֔יוּ כְּגַנֹּ֖ת עֲלֵ֣י נָהָ֑ר כַּאֲהָלִים֙ נָטַ֣ע יְהוָ֔ה כַּאֲרָזִ֖ים עֲלֵי־מָֽיִם׃ 6
ကျယ်ဝန်းသော ချိုင့်များ၊ မြစ်နားမှာရှိသော ဥယျာဉ်များ၊ ထာဝရဘုရား စိုက်တော်မူသော အကျော် ပင်များ၊ ရေနားမှာပေါက်သော အာရဇ်ပင်များကဲ့သို့ ဖြစ် ကြသည်တကား၊
יִֽזַּל־מַ֙יִם֙ מִדָּ֣לְיָ֔ו וְזַרְעֹ֖ו בְּמַ֣יִם רַבִּ֑ים וְיָרֹ֤ם מֵֽאֲגַג֙ מַלְכֹּ֔ו וְתִנַּשֵּׂ֖א מַלְכֻתֹֽו׃ 7
ထိုအမျိုး၏ ရေပုံးတို့မှ ရေစီးလိမ့်မည်။ ရေပေါ သော အရပ်၌ မျိုးစေ့ ကျလိမ့်မည်။ သူ၏ ရှင်ဘုရင်သည် အာဂတ်မင်းထက် ဘုန်းကြီး၍၊ နိုင်ငံတော်သည် ချီးမြှောက် သော နိုင်ငံဖြစ်လိမ့်မည်။
אֵ֚ל מֹוצִיאֹ֣ו מִמִּצְרַ֔יִם כְּתֹועֲפֹ֥ת רְאֵ֖ם לֹ֑ו יֹאכַ֞ל גֹּויִ֣ם צָרָ֗יו וְעַצְמֹתֵיהֶ֛ם יְגָרֵ֖ם וְחִצָּ֥יו יִמְחָֽץ׃ 8
ဘုရားသခင်သည် အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည်၊ ကြံ့အားကြီး သကဲ့သို့ အားကြီး၏။ ရန်သူဖြစ်သော လူမျိုးတို့ကို ကိုက် ဝါး၍၊ အရိုးတို့ကို ချိုးဖဲ့လိမ့်မည်။ မြှားဖြင့် ထုတ်ချင်း ခပ်အောင် ခွင်းလိမ့်မည်။
כָּרַ֨ע שָׁכַ֧ב כַּאֲרִ֛י וּכְלָבִ֖יא מִ֣י יְקִימֶ֑נּוּ מְבָרֲכֶ֣יךָ בָר֔וּךְ וְאֹרְרֶ֖יךָ אָרֽוּר׃ 9
ဝပ်လျက်နေ၏။ ခြင်္သေ့ကဲ့သို့၎င်း၊ ခြင်္သေ့မကဲ့ သို့၎င်း ဝပ်တွားလေ၏။ အဘယ်သူ နှိုးဆော်ဝံ့မည်နည်း။ သင့်ကို ကောင်းကြီးပေးသော သူသည် ကောင်းကြီး မင်္ဂလာရှိ၏။ သင့်ကို ကျိန်ဆဲသော သူသည် ကျိန်ဆဲခြင်း ကို ခံရသည်ဟု မြွက်ဆို၏။
וַיִּֽחַר־אַ֤ף בָּלָק֙ אֶל־בִּלְעָ֔ם וַיִּסְפֹּ֖ק אֶת־כַּפָּ֑יו וַיֹּ֨אמֶר בָּלָ֜ק אֶל־בִּלְעָ֗ם לָקֹ֤ב אֹֽיְבַי֙ קְרָאתִ֔יךָ וְהִנֵּה֙ בֵּרַ֣כְתָּ בָרֵ֔ךְ זֶ֖ה שָׁלֹ֥שׁ פְּעָמִֽים׃ 10
၁၀ထိုအခါ ဗာလက်မင်းသည်၊ ဗာလမ်ကို အမျက် ထွက်၍ လက်ခုပ်တီးလျက်၊ ငါ၏ ရန်သူတို့ကို ကျိန်ဆဲ စေခြင်းငှါ သင့်ကို ငါခေါ်ခဲ့၏။ သင်သည် သုံးကြိမ်တိုင် အောင် အကြွင်းမဲ့ ကောင်းကြီးပေးလေပြီတကား။
וְעַתָּ֖ה בְּרַח־לְךָ֣ אֶל־מְקֹומֶ֑ךָ אָמַ֙רְתִּי֙ כַּבֵּ֣ד אֲכַבֶּדְךָ֔ וְהִנֵּ֛ה מְנָעֲךָ֥ יְהוָ֖ה מִכָּבֹֽוד׃ 11
၁၁ထိုကြောင့် သင့်နေရာပြည်သို့ ပြေးသွားလော့။ သင့်ကို ချီးမြှောက်မည်ဟု အထက်က ငါအကြံရှိ။ သို့ရာ တွင် ထာဝရဘုရားသည် သင်၏ဘုန်းကို မတိုးပွားစေ ခြင်းငှါ ဆီးတားလေပြီဟု ဆို၏။
וַיֹּ֥אמֶר בִּלְעָ֖ם אֶל־בָּלָ֑ק הֲלֹ֗א גַּ֧ם אֶל־מַלְאָכֶ֛יךָ אֲשֶׁר־שָׁלַ֥חְתָּ אֵלַ֖י דִּבַּ֥רְתִּי לֵאמֹֽר׃ 12
၁၂ဗာလမ်ကလည်း၊ ဗာလက်မင်းသည် ရွှေငွေနှင့် ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း၊
אִם־יִתֶּן־לִ֨י בָלָ֜ק מְלֹ֣א בֵיתֹו֮ כֶּ֣סֶף וְזָהָב֒ לֹ֣א אוּכַ֗ל לַעֲבֹר֙ אֶת־פִּ֣י יְהוָ֔ה לַעֲשֹׂ֥ות טֹובָ֛ה אֹ֥ו רָעָ֖ה מִלִּבִּ֑י אֲשֶׁר־יְדַבֵּ֥ר יְהוָ֖ה אֹתֹ֥ו אֲדַבֵּֽר׃ 13
၁၃ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူး၍ ကောင်းသောအမှု၊ မကောင်းသောအမှုတစုံတခုကို ကိုယ်အလိုအလျောက် ငါမပြုနိုင်။ ထာဝရဘုရားမိန့်တော် မူသမျှကို ငါပြောပါမည်ဟု မင်းကြီးစေလွှတ်သော သံတမန်တို့အား ငါပြောနှင့်ပြီ မဟုတ်လော။
וְעַתָּ֕ה הִנְנִ֥י הֹולֵ֖ךְ לְעַמִּ֑י לְכָה֙ אִיעָ֣צְךָ֔ אֲשֶׁ֨ר יַעֲשֶׂ֜ה הָעָ֥ם הַזֶּ֛ה לְעַמְּךָ֖ בְּאַחֲרִ֥ית הַיָּמִֽים׃ 14
၁၄ယခုမူကား၊ ငါ့အဆွေအမျိုးတို့ထံသို့ ငါသွား တော့မည်။ နားထောင်ပါ။ နောင်ကာလ၌ ဤလူမျိုးသည် မင်းကြီး၏လူမျိုး၌ အဘယ်သို့ ပြုမည်အရာကို မင်းကြီး အား ကြားပြောပါမည်ဟု ဗာလက်မင်းအား ပြန်ဆိုပြီးမှ၊
וַיִּשָּׂ֥א מְשָׁלֹ֖ו וַיֹּאמַ֑ר נְאֻ֤ם בִּלְעָם֙ בְּנֹ֣ו בְעֹ֔ר וּנְאֻ֥ם הַגֶּ֖בֶר שְׁתֻ֥ם הָעָֽיִן׃ 15
၁၅ပရောဖက်စကားအားဖြင့် မြွက်ဆိုလေသည်မှာ၊ မျက်စိပွင့်သောသူ ဗောရသား ဗာလမ်၏စကား၊
נְאֻ֗ם שֹׁמֵ֙עַ֙ אִמְרֵי־אֵ֔ל וְיֹדֵ֖עַ דַּ֣עַת עֶלְיֹ֑ון מַחֲזֵ֤ה שַׁדַּי֙ יֽ͏ֶחֱזֶ֔ה נֹפֵ֖ל וּגְל֥וּי עֵינָֽיִם׃ 16
၁၆ဘဝင်ဖြစ်၍ မျက်စိပွင့်လျက်၊ အနန္တတန်ခိုးရှင် ၏ ရူပါရုံကို မြင်၍၊ အမြင့်ဆုံးသော ဘုရားပေးတော်မူ သော ဉာဏ်ကို ရ၍၊ ဘုရားသခင်၏အမိန့်တော်ကို ကြား သောသူ၏စကားဟူမူကား၊
אֶרְאֶ֙נּוּ֙ וְלֹ֣א עַתָּ֔ה אֲשׁוּרֶ֖נּוּ וְלֹ֣א קָרֹ֑וב דָּרַ֨ךְ כֹּוכָ֜ב מִֽיַּעֲקֹ֗ב וְקָ֥ם שֵׁ֙בֶט֙ מִיִּשְׂרָאֵ֔ל וּמָחַץ֙ פַּאֲתֵ֣י מֹואָ֔ב וְקַרְקַ֖ר כָּל־בְּנֵי־שֵֽׁת׃ 17
၁၇ထိုအရာကို ငါမြင်၏။ သို့သော်လည်း ယခု မဖြစ်ရသေး။ ထိုအရာကို ငါရှု၏။ သို့သော်လည်း ဖြစ်ရသော အချိန် မနီးသေး။ ကြယ်တလုံးသည် ယာကုပ် အမျိုး၌ ပေါ်ထွန်း၍၊ ရာဇလှံတံသည် ဣသရေလအမျိုး ၌ ထင်ရှားလိမ့်မည်။ မောဘပြည်စွန်းတိုင်အောင် ထိခိုက် ၍ မငြိမ်မဝပ်ရုန်းရင်းခပ် ပြုတတ်သော သူအပေါင်းတို့ကို ဖျက်ဆီးလိမ့်မည်။
וְהָיָ֨ה אֱדֹ֜ום יְרֵשָׁ֗ה וְהָיָ֧ה יְרֵשָׁ֛ה שֵׂעִ֖יר אֹיְבָ֑יו וְיִשְׂרָאֵ֖ל עֹ֥שֶׂה חָֽיִל׃ 18
၁၈ဧဒုံပြည်ကိုလည်း သိမ်းယူလိမ့်မည်။ စိရတောင် သည်လည်း ရန်သူလက်သို့ ရောက်လိမ့်မည်။ ဣသရေလ အမျိုးသည် ရဲရင့်စွာ ပြုလိမ့်မည်။
וְיֵ֖רְדְּ מִֽיַּעֲקֹ֑ב וְהֽ͏ֶאֱבִ֥יד שָׂרִ֖יד מֵעִֽיר׃ 19
၁၉အစိုးရသော သူတပါးသည်၊ ယာကုပ်အမျိုးထဲက ထွက်၍၊ ကျန်ကြွင်းသောမြို့သူမြို့သားတို့ကို ဖျက်ဆီးလိမ့် မည်ဟု မြွက်ဆို၏။
וַיַּרְא֙ אֶת־עֲמָלֵ֔ק וַיִּשָּׂ֥א מְשָׁלֹ֖ו וַיֹּאמַ֑ר רֵאשִׁ֤ית גֹּויִם֙ עֲמָלֵ֔ק וְאַחֲרִיתֹ֖ו עֲדֵ֥י אֹבֵֽד׃ 20
၂၀တဖန်အာမလက်ပြည်ကို ကြည့်ရှု၍ ပရောဖက် စကားအားဖြင့် မြွက်ဆိုပြန်သည်ကား၊ အာမလက်အမျိုး သည် လူမျိုးတကာတို့ထက် အထွဋ်ဖြစ်ဘူးသော်လည်း၊ အဆုံး၌ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်လိမ့်မည်ဟု မြွက် ဆို၏။
וַיַּרְא֙ אֶת־הַקֵּינִ֔י וַיִּשָּׂ֥א מְשָׁלֹ֖ו וַיֹּאמַ֑ר אֵיתָן֙ מֹֽושָׁבֶ֔ךָ וְשִׂ֥ים בַּסֶּ֖לַע קִנֶּֽךָ׃ 21
၂၁တဖန် ကေနိအမျိုးသားတို့ကို ကြည့်ရှု၍ ပရော ဖက်စကားအားဖြင့် မြွက်ဆိုပြန်သည်ကား၊ သင်တို့ နေရာ သည် အားကြီး၏။ ကျောက်ပေါ်မှာ အသိုက်ကို လုပ်ကြ ပြီ။
כִּ֥י אִם־יִהְיֶ֖ה לְבָ֣עֵֽר קָ֑יִן עַד־מָ֖ה אַשּׁ֥וּר תִּשְׁבֶּֽךָּ׃ 22
၂၂သို့သော်လည်း အာရှုရိမင်းသည် သိမ်းယူ၍ မသွားမှီတိုင်အောင်၊ ကေနိအမျိုးသည် အမျက်ကို ခံရလိမ့် မည်ဟု မြွက်ဆို၏။
וַיִּשָּׂ֥א מְשָׁלֹ֖ו וַיֹּאמַ֑ר אֹ֕וי מִ֥י יִחְיֶ֖ה מִשֻּׂמֹ֥ו אֵֽל׃ 23
၂၃တဖန် ပရောဖက်စကားအားဖြင့် မြွက်ဆိုပြန် သည်ကား၊ အလိုလေ့၊ ဤအမှုကို ဘုရားသခင် စီရင် တော်မူသောအခါ၊ အဘယ်သူသည် အသက်ချမ်းသာ ရလိမ့်မည်နည်း။
וְצִים֙ מִיַּ֣ד כִּתִּ֔ים וְעִנּ֥וּ אַשּׁ֖וּר וְעִנּוּ־עֵ֑בֶר וְגַם־ה֖וּא עֲדֵ֥י אֹבֵֽד׃ 24
၂၄သင်္ဘောတို့သည်လည်း ခိတ္တိမ်ပြည်မှလာ၍ အာရှုရိပြည်ကို၎င်း၊ ဟေဗာပြည်ကို၎င်း နှောင့်ရှက်ကြ လိမ့်မည်။ သူတို့သည်လည်း ရှင်းရှင်းပျက်စီးကြလိမ့်မည် ဟု မြွက်ဆိုပြီးမှ၊
וַיָּ֣קָם בִּלְעָ֔ם וַיֵּ֖לֶךְ וַיָּ֣שָׁב לִמְקֹמֹ֑ו וְגַם־בָּלָ֖ק הָלַ֥ךְ לְדַרְכֹּֽו׃ פ 25
၂၅ဗာလမ်သည် ထ၍ မိမိနေရာအရပ်သို့ ပြန် သွား၏။ ဗာလက်မင်းသည်လည်း သွားလေ၏။

< בְּמִדְבַּר 24 >