< אֵיכָה 1 >

אֵיכָ֣ה ׀ יָשְׁבָ֣ה בָדָ֗ד הָעִיר֙ רַבָּ֣תִי עָ֔ם הָיְתָ֖ה כְּאַלְמָנָ֑ה רַבָּ֣תִי בַגֹּויִ֗ם שָׂרָ֙תִי֙ בַּמְּדִינֹ֔ות הָיְתָ֖ה לָמַֽס׃ ס 1
စည်ပင်ခဲ့သော မြို့သည် လူဆိတ်ညံလျက် ထိုင်လေသည်တကား၊ လူမျိုးတို့တွင် ကြီးမြတ်ထူးသော သတို့သမီးသည် မုတ်ဆိုးမကဲ့သို့ဖြစ်၏။ အပြည်ပြည်တို့၏ သခင်မသည် အခွန်ပေးရ၏။
בָּכֹ֨ו תִבְכֶּ֜ה בַּלַּ֗יְלָה וְדִמְעָתָהּ֙ עַ֣ל לֶֽחֱיָ֔הּ אֵֽין־לָ֥הּ מְנַחֵ֖ם מִכָּל־אֹהֲבֶ֑יהָ כָּל־רֵעֶ֙יהָ֙ בָּ֣גְדוּ בָ֔הּ הָ֥יוּ לָ֖הּ לְאֹיְבִֽים׃ ס 2
ညဉ့်အခါပြင်စွာ ငိုကြွေး၍၊ သူ၏ပါးသည် မျက်ရည်နှင့်စိုစွတ်လေ၏။ ရည်းစားအပေါင်းတို့တွင် နှစ်သိမ့်စေသောသူတယောက်မျှမရှိ။ အဆွေခင်ပွန်း အပေါင်းတို့သည် သစ္စာပျက်၍ ရန်သူဖြစ်ကြပြီ။
גָּֽלְתָ֨ה יְהוּדָ֤ה מֵעֹ֙נִי֙ וּמֵרֹ֣ב עֲבֹדָ֔ה הִ֚יא יָשְׁבָ֣ה בַגֹּויִ֔ם לֹ֥א מָצְאָ֖ה מָנֹ֑וחַ כָּל־רֹדְפֶ֥יהָ הִשִּׂיג֖וּהָ בֵּ֥ין הַמְּצָרִֽים׃ ס 3
ယုဒသတို့သမီးသည် ညှဉ်းဆဲခြင်း၊ ကြမ်းတမ်းစွာ စေစားခြင်းကို ခံရသောကြောင့်ပြောင်းသွားပြီ။ သာသနာ ပလူတို့အထဲမှာနေလျက် ချမ်းသာမရ။ လိုက်သော သူအပေါင်းတို့သည် ကျဉ်းမြောင်းရာ၌ မှီကြ၏။
דַּרְכֵ֨י צִיֹּ֜ון אֲבֵלֹ֗ות מִבְּלִי֙ בָּאֵ֣י מֹועֵ֔ד כָּל־שְׁעָרֶ֙יהָ֙ שֹֽׁומֵמִ֔ין כֹּהֲנֶ֖יהָ נֶאֱנָחִ֑ים בְּתוּלֹתֶ֥יהָ נּוּגֹ֖ות וְהִ֥יא מַר־לָֽהּ׃ ס 4
အဘယ်သူမျှပွဲသဘင်သို့ မလာသောကြောင့်၊ ဇိအုန်လမ်းတို့သည် ညည်းတွားကြ၏။ သူ၏မြို့တံခါး ရှိသမျှတို့သည် လူဆိတ်ညံလျက်ရှိကြ၏။ သူ၏ယဇ်ပုရော ဟိတ်တို့သည်လည်း ညည်းတွားကြ၏။ သူ၏သမီးကညာ တို့သည်လည်း နာကြည်းသောစိတ်ရှိ၍၊ သူသည် ကိုယ်တိုင် ညှိုးငယ်လျက်နေရ၏။
הָי֨וּ צָרֶ֤יהָ לְרֹאשׁ֙ אֹיְבֶ֣יהָ שָׁל֔וּ כִּֽי־יְהוָ֥ה הֹוגָ֖הּ עַ֣ל רֹב־פְּשָׁעֶ֑יהָ עֹולָלֶ֛יהָ הָלְכ֥וּ שְׁבִ֖י לִפְנֵי־צָֽר׃ ס 5
သူပြစ်မှားသော အပြစ်များပြားသောကြောင့် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ သူနှင့် ဆန့်ကျင်ဘက်ပြုသော သူတို့သည် အစိုးရ၍၊ သူ၏ရန်သူ တို့သည်ကောင်းစားကြပြီ။ သူ၏သားသမီးတို့ကိုလည်း ရန်သူသိမ်းသွားကြပြီ။
וַיֵּצֵ֥א מִן־בַת־ (מִבַּת)־צִיֹּ֖ון כָּל־הֲדָרָ֑הּ הָי֣וּ שָׂרֶ֗יהָ כְּאַיָּלִים֙ לֹא־מָצְא֣וּ מִרְעֶ֔ה וַיֵּלְכ֥וּ בְלֹא־כֹ֖חַ לִפְנֵ֥י רֹודֵֽף׃ ס 6
ဇိအုန်သတို့သမီး၏ ဂုဏ်အသရေသည်အကြွင်း မဲ့ကွယ်ပျောက်၏။ သူ၏မင်းသားတို့သည် ကျက်စားရာ ကိုရှာ၍ မတွေ့သော သမင်ဒရယ်ကဲ့သို့ဖြစ်၍၊လိုက်သော သူရှေ့မှာ အားမရှိဘဲ ပြေးသွားကြပြီ။
זָֽכְרָ֣ה יְרוּשָׁלַ֗͏ִם יְמֵ֤י עָנְיָהּ֙ וּמְרוּדֶ֔יהָ כֹּ֚ל מַחֲמֻדֶ֔יהָ אֲשֶׁ֥ר הָי֖וּ מִ֣ימֵי קֶ֑דֶם בִּנְפֹ֧ל עַמָּ֣הּ בְּיַד־צָ֗ר וְאֵ֤ין עֹוזֵר֙ לָ֔הּ רָא֣וּהָ צָרִ֔ים שָׂחֲק֖וּ עַ֥ל מִשְׁבַּתֶּֽהָ׃ ס 7
ယေရုရှလင်မြို့သည် ဆင်းရဲငြိုငြင်ခြင်းကို ခံရစဉ်တွင်၊ အရင်ခံစားဘူးသော စည်းစိမ်ကို အောက်မေ့ ၏။ သူ၏လူတို့သည် ရန်သူလက်သို့ ရောက်၍ မစသော သူမရှိသောအခါ၊ ဆန့်ကျင်ဘက်ပြုသောသူတို့သည် သူ၏အမှုကိုမြင်၍၊ သူ၏ဆုံးခြင်းကိုကဲ့ရဲ့ကြ၏။
חֵ֤טְא חָֽטְאָה֙ יְר֣וּשָׁלַ֔͏ִם עַל־כֵּ֖ן לְנִידָ֣ה הָיָ֑תָה כָּֽל־מְכַבְּדֶ֤יהָ הִזִּיל֙וּהָ֙ כִּי־רָא֣וּ עֶרְוָתָ֔הּ גַּם־הִ֥יא נֶאֶנְחָ֖ה וַתָּ֥שָׁב אָחֹֽור׃ ס 8
ယေရုရှလင်မြို့ပြစ်မှားသောအပြစ်သည် အလွန်များသောကြောင့်၊ ရွံ့ရှာဘွယ် ဖြစ်လေ၏။ သူ့ကို ရိုသေဘူးသောသူ အပေါင်းတို့သည် သူ၌အချည်းစည်းရှိ ခြင်းကို မြင်သောကြောင့် မထီမဲ့မြင်ပြုကြ၏။ သူသည် လည်း ညည်းတွား၍ နောက်သို့ပြန်သွားလေ၏။
טֻמְאָתָ֣הּ בְּשׁוּלֶ֗יהָ לֹ֤א זָֽכְרָה֙ אַחֲרִיתָ֔הּ וַתֵּ֣רֶד פְּלָאִ֔ים אֵ֥ין מְנַחֵ֖ם לָ֑הּ רְאֵ֤ה יְהוָה֙ אֶת־עָנְיִ֔י כִּ֥י הִגְדִּ֖יל אֹויֵֽב׃ ס 9
သူ၌မစင်ကြယ်သော လက္ခဏထင်ရှားသော် လည်း၊ နောက်ခံရသောအပြစ်ကို မအောက်မေ့။ ထိုကြောင့်၊ မျက်နှာပေးသောသူမရှိဘဲ အံ့ဩဘွယ်သော အခြင်းအရာနှင့်နှိမ်ချခြင်းသို့ ရောက်လေ၏။ အိုထာဝရ ဘုရား၊ အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှုတော်မူပါ။
יָדֹו֙ פָּ֣רַשׂ צָ֔ר עַ֖ל כָּל־מַחֲמַדֶּ֑יהָ כִּֽי־רָאֲתָ֤ה גֹויִם֙ בָּ֣אוּ מִקְדָּשָׁ֔הּ אֲשֶׁ֣ר צִוִּ֔יתָה לֹא־יָבֹ֥אוּ בַקָּהָ֖ל לָֽךְ׃ ס 10
၁၀ရန်သူသည် ကိုယ်ကိုချီးမြှောက်ပါပြီ။ ပရိသတ် တော်ထဲသို့ မဝင်ရဟုမြစ်တားတော်မူသော် သာသနာ ပလူတို့သည် သူ၏သန့်ရှင်းရာဌာနတောင်ထဲသို့ ဝင်ကြောင်းကို သူမြင်ရပါ၏။
כָּל־עַמָּ֤הּ נֶאֱנָחִים֙ מְבַקְּשִׁ֣ים לֶ֔חֶם נָתְנ֧וּ מַחֲמֹודֵּיהֶם (מַחֲמַדֵּיהֶ֛ם) בְּאֹ֖כֶל לְהָשִׁ֣יב נָ֑פֶשׁ רְאֵ֤ה יְהוָה֙ וְֽהַבִּ֔יטָה כִּ֥י הָיִ֖יתִי זֹולֵלָֽה׃ ס 11
၁၁သူ၏လူအပေါင်းတို့သည် ညည်းတွားလျက်၊ မုန့်ကိုရှာလျက် နေကြ၏။ သေဘေးနှင့်လွတ်ခြင်းငှါ မိမိစည်းစိမ်ကို စားစရာဘို့ စွန့်ရ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှုတ်ချခြင်းကို ခံရသောကြောင့် ကြည့်ရှု ဆင်ခြင်တော်မူပါ။
לֹ֣וא אֲלֵיכֶם֮ כָּל־עֹ֣בְרֵי דֶרֶךְ֒ הַבִּ֣יטוּ וּרְא֗וּ אִם־יֵ֤שׁ מַכְאֹוב֙ כְּמַכְאֹבִ֔י אֲשֶׁ֥ר עֹולַ֖ל לִ֑י אֲשֶׁר֙ הֹוגָ֣ה יְהוָ֔ה בְּיֹ֖ום חֲרֹ֥ון אַפֹּֽו׃ ס 12
၁၂အိုခရီးသွားသောသူ အပေါင်းတို့၊ ကြည့်ရှု ဆင်ခြင်ကြလော့။ ထာဝရဘုရားသည် ပြင်းစွာအမျက် တော်ထွက်သော နေ့၌ငါ့ကိုညှဉ်းဆဲ၍၊ ဖြစ်စေတော်မူ သော ဒုက္ခနှင့်တူသော ဒုက္ခရှိသလော။
מִמָּרֹ֛ום שָֽׁלַח־אֵ֥שׁ בְּעַצְמֹתַ֖י וַיִּרְדֶּ֑נָּה פָּרַ֨שׂ רֶ֤שֶׁת לְרַגְלַי֙ הֱשִׁיבַ֣נִי אָחֹ֔ור נְתָנַ֙נִי֙ שֹֽׁמֵמָ֔ה כָּל־הַיֹּ֖ום דָּוָֽה׃ ס 13
၁၃အထက်မှမီးကို ငါ့အရိုးထဲသို့လွှတ်လိုက်၍ ကြေမွေစေတော်မူပြီ။ ငါ့ခြေကို ကျော့မိစေခြင်းငှါ ကျော့ကွင်းထောင်၍ ငါ့ကိုပြန်စေတော်မူပြီ။ တနေ့လုံး ညှိုးငယ်ခြင်းအကြောင်း၊ စိတ်ပျက်ခြင်းအကြောင်းကို ငါ၌ဖြစ်စေတော်မူ၏။
נִשְׂקַד֩ עֹ֨ל פְּשָׁעַ֜י בְּיָדֹ֗ו יִשְׂתָּ֥רְג֛וּ עָל֥וּ עַל־צַוָּארִ֖י הִכְשִׁ֣יל כֹּחִ֑י נְתָנַ֣נִי אֲדֹנָ֔י בִּידֵ֖י לֹא־אוּכַ֥ל קֽוּם׃ ס 14
၁၄ငါပြစ်မှားသော အပြစ်ထမ်းဘိုးကို လက်တော် နှင့် ငါ့လည်ပင်းပေါ်၌တပ်၍ချည်နှောင်ပြီးမှ၊ ထာဝရ ဘုရားသည် ငါ့ကိုအားလျော့စေ၍၊ ငါမဆီးတားနိုင်သော သူ့တို့လက်သို့ ရောက်စေတော်မူပြီ။
סִלָּ֨ה כָל־אַבִּירַ֤י ׀ אֲדֹנָי֙ בְּקִרְבִּ֔י קָרָ֥א עָלַ֛י מֹועֵ֖ד לִשְׁבֹּ֣ר בַּחוּרָ֑י גַּ֚ת דָּרַ֣ךְ אֲדֹנָ֔י לִבְתוּלַ֖ת בַּת־יְהוּדָֽה׃ ס 15
၁၅ထာဝရဘုရားသည် ငါ၏သူရဲအပေါင်းတို့ကို ငါ့အလယ်၌ကျော်နင်းတော်မူပြီ။ ငါ၏လူပျိုတို့ကို နှိပ်စက် ခြင်းငှါ လူအလုံးအရင်းကို ခေါ်တော်မူပြီ။ ထာဝရဘုရား သည် ယုဒသတို့သမီးကညာကို စပျစ်သီးနယ်ရာကျင်း ၌ နင်းနယ်တော်မူပြီ။
עַל־אֵ֣לֶּה ׀ אֲנִ֣י בֹוכִיָּ֗ה עֵינִ֤י ׀ עֵינִי֙ יֹ֣רְדָה מַּ֔יִם כִּֽי־רָחַ֥ק מִמֶּ֛נִּי מְנַחֵ֖ם מֵשִׁ֣יב נַפְשִׁ֑י הָי֤וּ בָנַי֙ שֹֽׁומֵמִ֔ים כִּ֥י גָבַ֖ר אֹויֵֽב׃ ס 16
၁၆ထိုအကြောင်းကြောင့် ငါသည်ငိုရ၏။ မျက်ရည် ကျလျက်ရှိ၏။ ငါ့အသက်ကို ထောက်မ၍ ငါ့ကို နှစ်သိမ့် စေသောသူသည် ငါနှင့်ဝေးပါ၏ ရန်သူနိုင်သောကြောင့် ငါ့သားသမီးတို့သည် ပျောက်ပျက်ကြပြီ။
פֵּֽרְשָׂ֨ה צִיֹּ֜ון בְּיָדֶ֗יהָ אֵ֤ין מְנַחֵם֙ לָ֔הּ צִוָּ֧ה יְהוָ֛ה לְיַעֲקֹ֖ב סְבִיבָ֣יו צָרָ֑יו הָיְתָ֧ה יְרוּשָׁלַ֛͏ִם לְנִדָּ֖ה בֵּינֵיהֶֽם׃ ס 17
၁၇ဇိအုန်သတို့သမီးသည် မိမိလက်ဝါးတို့ကို ဖြန့် သော်လည်း၊ နှစ်သိမ့်စေသောသူမရှိ။ ထာဝရဘုရားသည် ယာကုပ်ပတ်လည်၌ ရန်သူတို့ကို ခန့်ထားတော်မူပြီ။ ယေရုရှလင်မြို့သည် သူတို့တွင် ရွံ့ရှာဘွယ် ဖြစ်လေ၏။
צַדִּ֥יק ה֛וּא יְהוָ֖ה כִּ֣י פִ֣יהוּ מָרִ֑יתִי שִׁמְעוּ־נָ֣א כָל־עַמִּים (הָֽעַמִּ֗ים) וּרְאוּ֙ מַכְאֹבִ֔י בְּתוּלֹתַ֥י וּבַחוּרַ֖י הָלְכ֥וּ בַשֶּֽׁבִי׃ ס 18
၁၈ထာဝရဘုရားသည် တရားသဖြင့် စီရင်တော် မူ၏။ ငါသည် ပညတ်တော်ကို လွန်ကျူးမိပြီ။ လူမျိုး ခပ်သိမ်းတို့၊ နားထောင်၍ ငါ၏ဒုက္ခကို ဆင်ခြင်ကြ ပါလော့။ ငါ၏လူပျိုနှင့် အပျိုတို့ကို သိမ်းသွားကြပါလော့။ ငါ၏လူပျိုနှင့် အပျိုတို့ကို သိမ်းသွားကြပြီ။
קָרָ֤אתִי לַֽמְאַהֲבַי֙ הֵ֣מָּה רִמּ֔וּנִי כֹּהֲנַ֥י וּזְקֵנַ֖י בָּעִ֣יר גָּוָ֑עוּ כִּֽי־בִקְשׁ֥וּ אֹ֙כֶל֙ לָ֔מֹו וְיָשִׁ֖יבוּ אֶת־נַפְשָֽׁם׃ ס 19
၁၉ငါသည် ရည်းစားတို့ကိုခေါ်၍ သူတို့သည် သစ္စာ မရှိကြ။ ငါ၏ယဇ်ပုရောဟိတ်တို့နှင့် ငါ၏အသက်ကြီး သူတို့သည် ကိုယ်အသက်မွေးဘို့ စားစရာကို ရှာစဉ်ပင် မြို့ထဲ၌ အသက်ချုပ်ကြပြီ။
רְאֵ֨ה יְהוָ֤ה כִּֽי־צַר־לִי֙ מֵעַ֣י חֳמַרְמָ֔רוּ נֶהְפַּ֤ךְ לִבִּי֙ בְּקִרְבִּ֔י כִּ֥י מָרֹ֖ו מָרִ֑יתִי מִח֥וּץ שִׁכְּלָה־חֶ֖רֶב בַּבַּ֥יִת כַּמָּֽוֶת׃ ס 20
၂၀အိုထာဝရဘုရား၊ ကြည့်ရှုတော်မူပါ။ အကျွန်ုပ် ပင်ပန်းပါ၏။ ဝမ်း၌ဆူလှိုင်ခြင်းရှိပါ၏။ နှလုံးမှောက် လျက် ရှိပါ၏။ အကျွန်ုပ်သည် အလွန်ပြစ်မှားပါပြီ။ ပြင်မှာ ထားဘေးနှင့်တွေ့ရပါပြီ။ အတွင်း၌လည်း သေမင်းနေသကဲ့သို့ရှိပါ၏။
שָׁמְע֞וּ כִּ֧י נֶאֱנָחָ֣ה אָ֗נִי אֵ֤ין מְנַחֵם֙ לִ֔י כָּל־אֹ֨יְבַ֜י שָׁמְע֤וּ רָֽעָתִי֙ שָׂ֔שׂוּ כִּ֥י אַתָּ֖ה עָשִׂ֑יתָ הֵבֵ֥אתָ יֹום־קָרָ֖אתָ וְיִֽהְי֥וּ כָמֹֽונִי׃ ס 21
၂၁အကျွန်ုပ်ညည်းတွားသံကို ကြားသောသူတို့တွင်၊ နှစ်သိမ်းစေသောသူတယောက်မျှမရှိပါ။ အကျွန်ုပ်၌ ရောက်သောအမှုကို အကျွန်ုပ်၏ ရန်သူအပေါင်းတို့သည် ကြားကြပါပြီ။ ကိုယ်တော်ပြုတော်မူသည်ကို ဝမ်းမြောက် ကြပါ၏။ ကိုယ်တော်ချိန်းချက်သော နေ့ရက်ကိုရောက်စေ တော်မူသောအခါ၊ သူတို့သည် အကျွန်ုပ်ကဲ့သို့ပင် ဖြစ်ကြ ပါစေသော။
תָּבֹ֨א כָל־רָעָתָ֤ם לְפָנֶ֙יךָ֙ וְעֹולֵ֣ל לָ֔מֹו כַּאֲשֶׁ֥ר עֹולַ֛לְתָּ לִ֖י עַ֣ל כָּל־פְּשָׁעָ֑י כִּֽי־רַבֹּ֥ות אַנְחֹתַ֖י וְלִבִּ֥י דַוָּֽי׃ פ 22
၂၂သူတို့၏ဒုစရိုက်အလုံးစုံတို့ကို စစ်ကြောတော် မူပါ။ အကျွန်ုပ်ပြစ်မှားမိသမျှသော အပြစ်တို့ကြောင့်၊ အကျွန်ုပ်၌ပြုတော်မူသကဲ့သို့ သူတို့၌ ပြုတော်မူပါ။ အကျွန်ုပ်သည် ညည်းတွားခြင်းများပြား၍ စိတ်ပျက် လျက်ရှိပါ၏။

< אֵיכָה 1 >