< אֵיכָה 5 >

זְכֹ֤ר יְהוָה֙ מֶֽה־הָ֣יָה לָ֔נוּ הַבֵּיט (הַבִּ֖יטָה) וּרְאֵ֥ה אֶת־חֶרְפָּתֵֽנוּ׃ 1
အို ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​သော အ​ဖြစ်​အ​ပျက်​များ​နှင့် ကျွန်​တော်​မျိုး​တို့​ကြုံ​တွေ့​ရ​ကြ​သည်​ကို အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​ကြည့်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​အ​သ​ရေ​ပျက်​မှု​ကို ရှု​မြင်​တော်​မူ​ပါ။
נַחֲלָתֵ֙נוּ֙ נֶֽהֶפְכָ֣ה לְזָרִ֔ים בָּתֵּ֖ינוּ לְנָכְרִֽים׃ 2
ကျွန်​တော်​မျိုး​တို့​၏​ပစ္စည်း​ဥစ္စာ​များ​သည် သူ​စိမ်း​တစ်​ရံ​ဆံ​တို့​၏​လက်​သို့​ရောက်​ရှိ​နေ​ပါ​ပြီ။ လူ​မျိုး​ခြား​များ​သည်​ကျွန်​တော်​မျိုး​တို့​၏​အိမ်​များ​တွင် နေ​ထိုင်​လျက်​ရှိ​ကြ​ပါ​၏။
יְתֹומִ֤ים הָיִ֙ינוּ֙ אֵין (וְאֵ֣ין) אָ֔ב אִמֹּתֵ֖ינוּ כְּאַלְמָנֹֽות׃ 3
ကျွန်​တော်​မျိုး​တို့​၏​ဖ​ခင်​များ​သည်​ရန်​သူ​၏ သတ်​ဖြတ်​မှု​ကို​ခံ​ရ​ကြ​လျက် မိ​ခင်​များ​မှာ​မု​ဆိုး​မ​များ ဖြစ်​ရ​ကြ​ပါ​၏။
מֵימֵ֙ינוּ֙ בְּכֶ֣סֶף שָׁתִ֔ינוּ עֵצֵ֖ינוּ בִּמְחִ֥יר יָבֹֽאוּ׃ 4
ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​၏​သောက်​ရေ​အ​တွက် အ​ဖိုး​ငွေ​ပေး​ရ​ကြ​ပါ​၏။ ထင်း​ကို​လည်း​ဝယ်​ယူ​ရ​ကြ​ပါ​၏။
עַ֤ל צַוָּארֵ֙נוּ֙ נִרְדָּ֔פְנוּ יָגַ֖עְנוּ לֹא (וְלֹ֥א) הֽוּנַֽח־לָֽנוּ׃ 5
ကျွန်​တော်​မျိုး​တို့​သည်​မြည်း​များ၊ ကု​လား​အုတ် များ​ကဲ့​သို့ နောက်​မှ​အ​ပြင်း​မောင်း​နှင်​ခြင်း​ခံ​နေ​ရ​ကြ​ပါ​၏။ မော​ပန်း​ပါ​သော်​လည်း​နား​နေ​ခွင့်​မ​ရ​ကြ​ပါ။
מִצְרַ֙יִם֙ נָתַ֣נּוּ יָ֔ד אַשּׁ֖וּר לִשְׂבֹּ֥עַֽ לָֽחֶם׃ 6
ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​အ​သက်​ရှင်​ရေး​အ​တွက် အ​စား​အ​စာ​အ​လုံ​အ​လောက်​ရ​ရှိ​နိုင်​ရန် အာ​ရှု​ရိ​ပြည်​နှင့်​အီ​ဂျစ်​ပြည်​သို့​သွား​၍ တောင်း​ရမ်း​ရ​ကြ​ပါ​၏။
אֲבֹתֵ֤ינוּ חָֽטְאוּ֙ אֵינָם (וְאֵינָ֔ם) אֲנַחְנוּ (וַאֲנַ֖חְנוּ) עֲוֹנֹתֵיהֶ֥ם סָבָֽלְנוּ׃ 7
ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး​များ​သည်​အ​ပြစ် ကူး​ပြီး​နောက်​သေ​လွန်​သွား​ကြ​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​သည်​သူ​တို့​၏​အ​ပြစ်​ဝန်​ကို ထမ်း​ရ​ကြ​ပါ​၏။
עֲבָדִים֙ מָ֣שְׁלוּ בָ֔נוּ פֹּרֵ֖ק אֵ֥ין מִיָּדָֽם׃ 8
ကျွန်​များ​နှင့်​မ​ခြား​နား​သူ​တို့​၏​အုပ်​စိုး ခြင်း​ကို ကျွန်​တော်​မျိုး​တို့​ခံ​ကြ​ရ​သော်​လည်း အ​ဘယ်​သူ​မျှ​ကျွန်​တော်​မျိုး​တို့​အား​ထို​သူ​တို့​၏ လက်​မှ​မ​ကယ်​နိုင်​ပါ။
בְּנַפְשֵׁ֙נוּ֙ נָבִ֣יא לַחְמֵ֔נוּ מִפְּנֵ֖י חֶ֥רֶב הַמִּדְבָּֽר׃ 9
ကျေး​လက်​များ​တွင်​လူ​သတ်​သ​မား​တို့ လှည့်​လည်​သွား​လာ​လျက်​နေ​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​သည်​အ​သက်​စွန့်​၍ အ​စား​အ​စာ​ရှာ​ဖွေ​ရ​ကြ​ပါ​၏။
עֹורֵ֙נוּ֙ כְּתַנּ֣וּר נִכְמָ֔רוּ מִפְּנֵ֖י זַלְעֲפֹ֥ות רָעָֽב׃ 10
၁၀ဆာ​လောင်​မွတ်​သိပ်​မှု​ကြောင့်​အ​ဖျား​တက်​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​၏​အ​သား​အ​ရေ​သည် မုန့်​ဖို​တ​မျှ​ပူ​လောင်​ပါ​၏။
נָשִׁים֙ בְּצִיֹּ֣ון עִנּ֔וּ בְּתֻלֹ֖ת בְּעָרֵ֥י יְהוּדָֽה׃ 11
၁၁ကျွန်​တော်​မျိုး​တို့​၏​ဇ​နီး​များ​သည် ဇိ​အုန်​တောင်​ပေါ်​၌​ပင်​လျှင် မု​ဒိမ်း​အ​ကျင့်​ခံ​ရ​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၏​သ​မီး​ပျို​များ​သည် ယု​ဒ​ကျေး​ရွာ​မှန်​သ​မျှ​၌ အ​နိုင်​အ​ထက်​မ​တော်​မ​တ​ရား​ပြု​ကျင့်​မှု​ကို ခံ​ရ​ကြ​ပါ​၏။
שָׂרִים֙ בְּיָדָ֣ם נִתְל֔וּ פְּנֵ֥י זְקֵנִ֖ים לֹ֥א נֶהְדָּֽרוּ׃ 12
၁၂ရန်​သူ​များ​သည်​ကျွန်​တော်​မျိုး​တို့​၏ ခေါင်း​ဆောင်​များ​အား ဖမ်း​ဆီး​၍​စက်​တိုင်​တင်​ကြ​ပါ​၏။ သူ​တို့​သည်​အ​သက်​ကြီး​သူ​များ​ကို​လည်း ရို​သေ​လေး​စား​မှု​မ​ပြု​ကြ​ပါ။
בַּחוּרִים֙ טְחֹ֣ון נָשָׂ֔אוּ וּנְעָרִ֖ים בָּעֵ֥ץ כָּשָֽׁלוּ׃ 13
၁၃လူ​ငယ်​လူ​ရွယ်​များ​သည်​ကျေး​ကျွန်​သ​ဖွယ် စ​ပါး​ကြိတ်​ရ​ကြ​ပါ​၏။ လူ​ငယ်​တို့​သည်​လည်း​လေး​လံ​သော ထင်း​စည်း​များ​ကို​ယိမ်း​ယိုင်​ကာ​သယ်​ပို့​ရ ကြ​ပါ​၏။
זְקֵנִים֙ מִשַּׁ֣עַר שָׁבָ֔תוּ בַּחוּרִ֖ים מִנְּגִינָתָֽם׃ 14
၁၄အ​သက်​ကြီး​သူ​တို့​သည်​မြို့​တံ​ခါး​အ​နီး​တွင် မ​ထိုင်​ကြ​တော့​ပါ။ လူ​ငယ်​လူ​ရွယ်​များ​သည်​လည်း​သီ​ဆို​တီး​မှုတ် မှု​ကို မ​ပြု​ကြ​တော့​ပါ။
שָׁבַת֙ מְשֹׂ֣ושׂ לִבֵּ֔נוּ נֶהְפַּ֥ךְ לְאֵ֖בֶל מְחֹלֵֽנוּ׃ 15
၁၅ဝမ်း​မြောက်​ရွှင်​လန်း​မှု​သည်​ကျွန်​တော်​မျိုး​တို့ ၏​ဘ​ဝ​မှ ကွယ်​ပျောက်​သွား​ပါ​ပြီ။ က​ခုန်​မှု​များ​သည်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​များ​သို့ ပြောင်း​လဲ​သွား​ပါ​ပြီ။
נָֽפְלָה֙ עֲטֶ֣רֶת רֹאשֵׁ֔נוּ אֹֽוי־נָ֥א לָ֖נוּ כִּ֥י חָטָֽאנוּ׃ 16
၁၆ကျွန်​တော်​မျိုး​တို့​တွင်​ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ တစ်​ခု​မျှ​မ​ကျန်​ရှိ​တော့​ပါ။ ကျွန်​တော်​မျိုး​တို့​သည်​အ​ပြစ်​ကူး​ကြ​သ​ဖြင့် အ​မင်္ဂ​လာ​ရှိ​ကြ​ပါ​၏။
עַל־זֶ֗ה הָיָ֤ה דָוֶה֙ לִבֵּ֔נוּ עַל־אֵ֖לֶּה חָשְׁכ֥וּ עֵינֵֽינוּ׃ 17
၁၇ကျွန်​တော်​မျိုး​တို့​သည်​စိတ်​ပျက်​၍ မျက်​ရည်​များ​ဝိုင်း​လျက်​နေ​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​၏​မျက်​စိ​များ​သည် ကြည့်​၍​မ​မြင်​နိုင်​တော့​ပါ။
עַ֤ל הַר־צִיֹּון֙ שֶׁשָּׁמֵ֔ם שׁוּעָלִ֖ים הִלְּכוּ־בֹֽו׃ פ 18
၁၈ဇိ​အုန်​တောင်​တော်​သည်​လူ​သူ​ဆိတ်​ညံ​သ​ဖြင့် ခွေး​အ​တို့​ကျက်​စား​ရာ​ဖြစ်​၍​နေ​ပါ​သည်။
אַתָּ֤ה יְהוָה֙ לְעֹולָ֣ם תֵּשֵׁ֔ב כִּסְאֲךָ֖ לְדֹ֥ר וָדֹֽור׃ 19
၁၉သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် ထာ​ဝ​စဉ်​ဘု​ရင်​ဖြစ်​တော်​မူ​ပါ​၏။ ရာ​ဇ​ပလ္လင်​တော်​သည်​နိစ္စ​ထာ​ဝ​ရ​တည် ပါ​လိမ့်​မည်။
לָ֤מָּה לָנֶ֙צַח֙ תִּשְׁכָּחֵ֔נוּ תַּֽעַזְבֵ֖נוּ לְאֹ֥רֶךְ יָמִֽים׃ 20
၂၀ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့် ကျွန်​တော်​မျိုး​တို့​အား​အ​စဉ်​အ​မြဲ​မေ့​လျော့​၍ နေ​တော်​မူ​ပါ​သနည်း။ အ​ဘယ်​ကြောင့်​ဤ​မျှ​ကြာ​စွာ​ကျွန်​တော်​မျိုး​တို့​ကို စွန့်​ပစ်​၍​ထား​တော်​မူ​ပါ​သ​နည်း။
הֲשִׁיבֵ֨נוּ יְהוָ֤ה ׀ אֵלֶ֙יךָ֙ וְנָשׁוּב (וְֽנָשׁ֔וּבָה) חַדֵּ֥שׁ יָמֵ֖ינוּ כְּקֶֽדֶם׃ 21
၂၁အို ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ပြန်​လာ​ခွင့်​ပြု​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​ပြန်​လာ​စေ​တော်​မူ​ပါ။ ရှေး​ကာ​လ​မှာ​ကဲ့​သို့​ကျွန်​တော်​မျိုး​တို့​အား ဘုန်း​ကြီး​စေ​တော်​မူ​ပါ။
כִּ֚י אִם־מָאֹ֣ס מְאַסְתָּ֔נוּ קָצַ֥פְתָּ עָלֵ֖ינוּ עַד־מְאֹֽד׃ 22
၂၂သို့​တည်း​မ​ဟုတ်​ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး တို့​အား ထာ​ဝ​စဉ်​စွန့်​ပစ်​ထား​တော်​မူ​ပြီ​လော။ ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​ငြိမ်း​မည့် ကာ​လ​မ​ရှိ​တော့​ပါ​တ​ကား။ ပ​ရော​ဖက်​ယေ​ရ​မိ​မြည်​တမ်း​သော စ​ကား​ပြီး​၏။

< אֵיכָה 5 >