< יִרְמְיָהוּ 50 >

הַדָּבָ֗ר אֲשֶׁ֨ר דִּבֶּ֧ר יְהוָ֛ה אֶל־בָּבֶ֖ל אֶל־אֶ֣רֶץ כַּשְׂדִּ֑ים בְּיַ֖ד יִרְמְיָ֥הוּ הַנָּבִֽיא׃ 1
ထာဝရဘုရား သည် ဗာဗုလုန် မြို့နှင့်ခါလဒဲ ပြည် ကို ရည်မှတ် ၍၊ ပရောဖက် ယေရမိ အားဖြင့် မိန့် တော်မူ သော စကား ဟူမူကား၊
הַגִּ֨ידוּ בַגֹּויִ֤ם וְהַשְׁמִ֙יעוּ֙ וּֽשְׂאוּ־נֵ֔ס הַשְׁמִ֖יעוּ אַל־תְּכַחֵ֑דוּ אִמְרוּ֩ נִלְכְּדָ֨ה בָבֶ֜ל הֹבִ֥ישׁ בֵּל֙ חַ֣ת מְרֹדָ֔ךְ הֹבִ֣ישׁוּ עֲצַבֶּ֔יהָ חַ֖תּוּ גִּלּוּלֶֽיהָ׃ 2
လူမျိုး တို့တွင် သိတင်းကြားပြော ကြလော့။ ဝှက် ၍ မ ထားဘဲအလံ ကို ထူ ၍ ကြော်ငြာ ကြလော့။ ကြားပြော ရသောစကားဟူမူကား၊ ဗာဗုလုန် မြို့ကို တိုက်ယူ ကြပြီ။ ဗေလ ဘုရားသည် အရှက်ကွဲ ပြီ။ မေရောဒပ် ဘုရားသည် ကျိုး ပြီ။ ဗာဗုလုန်ရုပ်တု ဆင်းတု တို့သည် အရှက်ကွဲ ၍ကျိုးပဲ့ လျက်ရှိကြ၏။
כִּ֣י עָלָה֩ עָלֶ֨יהָ גֹּ֜וי מִצָּפֹ֗ון הֽוּא־יָשִׁ֤ית אֶת־אַרְצָהּ֙ לְשַׁמָּ֔ה וְלֹֽא־יִהְיֶ֥ה יֹושֵׁ֖ב בָּ֑הּ מֵאָדָ֥ם וְעַד־בְּהֵמָ֖ה נָ֥דוּ הָלָֽכוּ׃ 3
လူ တမျိုးသည် မြောက် မျက်နှာမှ လာ ၍ ဗာဗုလုန် ပြည် ကို သုတ်သင် ပယ်ရှင်းလိမ့်မည်။ နေ သောသူမ ရှိ ရ။ လူ နှင့် တိရစ္ဆာန် တို့သည် အကုန်အစင်ထွက်သွား ကြလိမ့်မည်။
בַּיָּמִ֨ים הָהֵ֜מָּה וּבָעֵ֤ת הַהִיא֙ נְאֻם־יְהוָ֔ה יָבֹ֧אוּ בְנֵֽי־יִשְׂרָאֵ֛ל הֵ֥מָּה וּבְנֵֽי־יְהוּדָ֖ה יַחְדָּ֑ו הָלֹ֤וךְ וּבָכֹו֙ יֵלֵ֔כוּ וְאֶת־יְהוָ֥ה אֱלֹהֵיהֶ֖ם יְבַקֵּֽשׁוּ׃ 4
ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ အခါ ဣသရေလ အမျိုးသား တို့သည် ယုဒ အမျိုးသား တို့နှင့် ပေါင်းဘက်၍လာ ကြလိမ့်မည်။ မျက်ရည် ကျလျက် ၊ ခရီးသွား လျက် ၊ သူ တို့၏ဘုရားသခင် ထာဝရဘုရား ကို သွား ၍ ရှာ ကြလိမ့်မည်။
צִיֹּ֣ון יִשְׁאָ֔לוּ דֶּ֖רֶךְ הֵ֣נָּה פְנֵיהֶ֑ם בֹּ֚אוּ וְנִלְו֣וּ אֶל־יְהוָ֔ה בְּרִ֥ית עֹולָ֖ם לֹ֥א תִשָּׁכֵֽחַ׃ ס 5
ဇိအုန် မြို့သို့ မျက်နှာ ပြု၍ လမ်း ကို ရှာ ကြလိမ့်မည်။ အစဉ် မ မေ့လျော့ ရသောပဋိညာဉ် အားဖြင့်ထာဝရဘုရား ထံ တော်သို့ ချဉ်းကပ် ၍ မိဿဟာယ ဖွဲ့ကြလိမ့်မည်။
צֹ֤אן אֹֽבְדֹות֙ הָיָה (הָי֣וּ) עַמִּ֔י רֹעֵיהֶ֣ם הִתְע֔וּם הָרִ֖ים שֹׁובֵבִים (שֹֽׁובְב֑וּם) מֵהַ֤ר אֶל־גִּבְעָה֙ הָלָ֔כוּ שָׁכְח֖וּ רִבְצָֽם׃ 6
ငါ ၏လူ တို့သည် ပျောက် သောသိုး ဖြစ် ကြပြီ။ သိုးထိန်း တို့သည် တောင် များပေါ်မှာလမ်းလွဲ စေကြပြီ။ သူတို့သည်တောင် တလုံးမှ တလုံးသို့ လမ်းလွဲ သွား ၍၊ ငြိမ်ဝပ် သောအရပ်ကိုမေ့လျော့ ကြပြီ။
כָּל־מֹוצְאֵיהֶ֣ם אֲכָל֔וּם וְצָרֵיהֶ֥ם אָמְר֖וּ לֹ֣א נֶאְשָׁ֑ם תַּ֗חַת אֲשֶׁ֨ר חָטְא֤וּ לַֽיהוָה֙ נְוֵה־צֶ֔דֶק וּמִקְוֵ֥ה אֲבֹֽותֵיהֶ֖ם יְהוָֽה׃ ס 7
သူ တို့ကို တွေ့ကြုံ သမျှ သောသူတို့သည် ကိုက်စား ကြပြီ။ ရန်သူ တို့က၊ သူတို့သည်တရား သော ငြိမ်ဝပ် ရာ၊ ဘိုးဘေး တို့ခိုလှုံ ရာ ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ ငါတို့သည်ကိုက်စားသော်လည်းမ လွန်ကျူး ဟု ပြောဆို ကြပြီ။
נֻ֚דוּ מִתֹּ֣וךְ בָּבֶ֔ל וּמֵאֶ֥רֶץ כַּשְׂדִּ֖ים יָצְאוּ (צֵ֑אוּ) וִהְי֕וּ כְּעַתּוּדִ֖ים לִפְנֵי־צֹֽאן׃ 8
ဗာဗုလုန် မြို့ထဲ က ပြေး ကြလော့။ ခါလဒဲ ပြည် မှ ထွက်သွား ကြလော့။ သိုးစု ရှေ့ ၌ သိုးထီး ကဲ့သို့ ပြု ကြလော့။
כִּ֣י הִנֵּ֣ה אָנֹכִ֡י מֵעִיר֩ וּמַעֲלֶ֨ה עַל־בָּבֶ֜ל קְהַל־גֹּויִ֤ם גְּדֹלִים֙ מֵאֶ֣רֶץ צָפֹ֔ון וְעָ֣רְכוּ לָ֔הּ מִשָּׁ֖ם תִּלָּכֵ֑ד חִצָּיו֙ כְּגִבֹּ֣ור מַשְׁכִּ֔יל לֹ֥א יָשׁ֖וּב רֵיקָֽם׃ 9
အကြောင်း မူကား၊ မြောက် မျက်နှာအရပ် ၌ ကြီးစွာ သော တိုင်း နိုင်ငံသားအစုအဝေး ကို ငါ နှိုးဆော် ၍၊ ဗာဗုလုန် မြို့သို့ ဆောင်ခဲ့ မည်။ သူတို့သည် မြို့တဘက် ၌ တပ်ခင်းကျင်း ၍ တိုက်ယူ ကြလိမ့်မည်။ သူ တို့ပစ်သော မြှား တို့သည် လိမ္မာသော စစ်သူရဲ ၏ မြှားကဲ့သို့ဖြစ်၍မ မှန်ဘဲမနေရ။
וְהָיְתָ֥ה כַשְׂדִּ֖ים לְשָׁלָ֑ל כָּל־שֹׁלְלֶ֥יהָ יִשְׂבָּ֖עוּ נְאֻם־יְהוָֽה׃ 10
၁၀ခါလဒဲ ပြည်သည် လုယူ ရာဖြစ် ၍၊ လုယူ သောသူတို့ သည် ဝ ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
כִּ֤י תִשְׂמְחִי (תִשְׂמְחוּ֙) כִּ֣י תַעֲלְזִי (תַֽעַלְז֔וּ) שֹׁסֵ֖י נַחֲלָתִ֑י כִּ֚י תָפוּשִׁי (תָפ֙וּשׁוּ֙) כְּעֶגְלָ֣ה דָשָׁ֔ה וְתִצְהֲלִי (וְתִצְהֲל֖וּ) כָּאֲבִּרִֽים׃ 11
၁၁ငါ့ အမွေ ကို ဖျက်ဆီး သောသူတို့၊ သင်တို့သည် ဝမ်းမြောက် ရွှင်လန်းကြပြီ။ ကျက်စား သောနွားမ ကဲ့သို့ ခုန် ကြပြီ။ မြင်းထီး ကဲ့သို့ ဟီ ကြပြီ။
בֹּ֤ושָׁה אִמְּכֶם֙ מְאֹ֔ד חָפְרָ֖ה יֹֽולַדְתְּכֶ֑ם הִנֵּה֙ אַחֲרִ֣ית גֹּויִ֔ם מִדְבָּ֖ר צִיָּ֥ה וַעֲרָבָֽה׃ 12
၁၂ထိုကြောင့်၊ သင် တို့အမိ သည် မိန်းမော တွေဝေလိမ့်မည်။ သင် တို့ကိုမွေးဘွား သောသူသည် အရှက်ကွဲ လိမ့်မည်။ ပြည် တကာတို့တွင် အယုတ်ဆုံး သော ပြည်၊ သုတ်သင် သောအရပ်၊ သွေ့ခြောက် သော လွင်ပြင် ဖြစ်ရလိမ့်မည်။
מִקֶּ֤צֶף יְהוָה֙ לֹ֣א תֵשֵׁ֔ב וְהָיְתָ֥ה שְׁמָמָ֖ה כֻּלָּ֑הּ כֹּ֚ל עֹבֵ֣ר עַל־בָּבֶ֔ל יִשֹּׁ֥ם וְיִשְׁרֹ֖ק עַל־כָּל־מַכֹּותֶֽיהָ׃ 13
၁၃ထာဝရဘုရား ၏ အမျက် တော်ကြောင့် နောက် တဖန်လူမ နေ ရ။ ဆိတ်ညံ သောအရပ် သက်သက်ဖြစ် ရ လိမ့်မည်။ ဗာဗုလုန် မြို့နား မှာ ရှောက်သွား သော သူတိုင်း အံ့ဩ ၍ ၊ သူ ခံရသောဘေးဥပဒ် ကိုထောက် လျက်၊ ကဲ့ရဲ့ သံကိုပြုကြလိမ့်မည်။
עִרְכ֨וּ עַל־בָּבֶ֤ל ׀ סָבִיב֙ כָּל־דֹּ֣רְכֵי קֶ֔שֶׁת יְד֣וּ אֵלֶ֔יהָ אַֽל־תַּחְמְל֖וּ אֶל־חֵ֑ץ כִּ֥י לַֽיהוָ֖ה חָטָֽאָה׃ 14
၁၄ဗာဗုလုန် မြို့ပတ်လည် ၌ တပ်ခင်းကျင်း ကြလော့ ။ သူသည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ လေး သမားအပေါင်း တို့၊ မြှား ကိုမ နှမြော ဘဲ ပစ် ကြလော့။
הָרִ֨יעוּ עָלֶ֤יהָ סָבִיב֙ נָתְנָ֣ה יָדָ֔הּ נָֽפְלוּ֙ אַשְׁוִיֹּתֶיהָ (אָשְׁיֹותֶ֔יהָ) נֶהֶרְס֖וּ חֹֽומֹותֶ֑יהָ כִּי֩ נִקְמַ֨ת יְהוָ֥ה הִיא֙ הִנָּ֣קְמוּ בָ֔הּ כַּאֲשֶׁ֥ר עָשְׂתָ֖ה עֲשׂוּ־לָֽהּ׃ 15
၁၅မြို့ပတ်လည် ၌ ကြွေးကြော် ကြလော့။ သူသည် ဝန်ချ ပြီ။ မြို့ရိုး နှင့် ပြအိုး တို့သည် ပြိုလဲ ကြပြီ။ ထာဝရဘုရား ၏အမျက် တော်ပြေခြင်း အမှုဖြစ်၍ ၊ သူ့ကိုအပြစ် နှင့်အလျောက်စီရင်ကြလော့။ သူသည်ပြု ဘူးသည် အတိုင်း သူ ၌ ပြု ကြလော့။
כִּרְת֤וּ זֹורֵ֙עַ֙ מִבָּבֶ֔ל וְתֹפֵ֥שׂ מַגָּ֖ל בְּעֵ֣ת קָצִ֑יר מִפְּנֵי֙ חֶ֣רֶב הַיֹּונָ֔ה אִ֤ישׁ אֶל־עַמֹּו֙ יִפְנ֔וּ וְאִ֥ישׁ לְאַרְצֹ֖ו יָנֻֽסוּ׃ ס 16
၁၆ဗာဗုလုန် မြို့၌ မျိုးစေ့ကြဲ သော သူနှင့် စပါး ရိတ် သောသူတို့ ကိုပယ်ဖြတ် ကြလော့။ ညှဉ်းဆဲ တတ်သော ထား ကိုကြောက်သောကြောင့် ၊ အသီးအသီး တို့သည် မိမိ တို့လူမျိုး နေရာသို့ ပြန်သွား ၍ ၊ မိမိ တို့ပြည် သို့ ပြေး ကြလိမ့်မည်။
שֶׂ֧ה פְזוּרָ֛ה יִשְׂרָאֵ֖ל אֲרָיֹ֣ות הִדִּ֑יחוּ הָרִאשֹׁ֤ון אֲכָלֹו֙ מֶ֣לֶךְ אַשּׁ֔וּר וְזֶ֤ה הָאַחֲרֹון֙ עִצְּמֹ֔ו נְבוּכַדְרֶאצַּ֖ר מֶ֥לֶךְ בָּבֶֽל׃ ס 17
၁၇ဣသရေလ သည်အရပ်ရပ်သို့ လွင့်ပြေး ရသောသိုး ဖြစ်၏။ ခြင်္သေ့ တို့သည် နှောင့်ရှက် ကြပြီ။ အာရှုရိ ရှင် ဘုရင်သည် ရှေးဦးစွာ ကိုက်စား ပြီ။ နောက်မှ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် သူ ၏အရိုး တို့ကို ချိုးဖဲ့ပြီ။
לָכֵ֗ן כֹּֽה־אָמַ֞ר יְהוָ֤ה צְבָאֹות֙ אֱלֹהֵ֣י יִשְׂרָאֵ֔ל הִנְנִ֥י פֹקֵ֛ד אֶל־מֶ֥לֶךְ בָּבֶ֖ל וְאֶל־אַרְצֹ֑ו כַּאֲשֶׁ֥ר פָּקַ֖דְתִּי אֶל־מֶ֥לֶךְ אַשּֽׁוּר׃ 18
၁၈ထိုကြောင့် ၊ ဣသရေလ အမျိုး၏ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ သည်အာရှုရိ ရှင်ဘုရင် ကို ဒဏ် ပေးသည် နည်းတူ ၊ ဗာဗုလုန် ရှင်ဘုရင် နှင့် သူ ၏နိုင်ငံ ကို ဒဏ် ပေး မည်။
וְשֹׁבַבְתִּ֤י אֶת־יִשְׂרָאֵל֙ אֶל־נָוֵ֔הוּ וְרָעָ֥ה הַכַּרְמֶ֖ל וְהַבָּשָׁ֑ן וּבְהַ֥ר אֶפְרַ֛יִם וְהַגִּלְעָ֖ד תִּשְׂבַּ֥ע נַפְשֹֽׁו׃ 19
၁၉ဣသရေလ ကိုသူ ၏နေရင်း အရပ်သို့ ငါဆောင်ခဲ့ ဦးမည်။ သူသည် ကရမေလ တောင်နှင့် ဗာရှန် တောင် ပေါ်မှာ ကျက်စား ၍ ၊ ဧဖရိမ် တောင် နှင့် ဂိလဒ် တောင်ပေါ် မှာ ဝ လိမ့်မည်။
בַּיָּמִ֣ים הָהֵם֩ וּבָעֵ֨ת הַהִ֜יא נְאֻם־יְהוָ֗ה יְבֻקַּ֞שׁ אֶת־עֲוֹ֤ן יִשְׂרָאֵל֙ וְאֵינֶ֔נּוּ וְאֶת־חַטֹּ֥את יְהוּדָ֖ה וְלֹ֣א תִמָּצֶ֑אינָה כִּ֥י אֶסְלַ֖ח לַאֲשֶׁ֥ר אַשְׁאִֽיר׃ 20
၂၀ထို ကာလ အခါ ဣသရေလ အပြစ် ကို စစ်ကြော သော်လည်း အပြစ်မ ပေါ်ရာ။ ယုဒ ဒုစရိုက် တို့ကိုရှာ၍ မ တွေ့ ရာ။ ငါချန်ထား သော သူတို့ ၏ အပြစ်ကို ငါဖြေရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
עַל־הָאָ֤רֶץ מְרָתַ֙יִם֙ עֲלֵ֣ה עָלֶ֔יהָ וְאֶל־יֹושְׁבֵ֖י פְּקֹ֑וד חֲרֹ֨ב וְהַחֲרֵ֤ם אַֽחֲרֵיהֶם֙ נְאֻם־יְהוָ֔ה וַעֲשֵׂ֕ה כְּכֹ֖ל אֲשֶׁ֥ר צִוִּיתִֽיךָ׃ ס 21
၂၁ပုန်ကန်တတ်သောပြည်၊ ဆုံးမအပ်သော ပြည်သားတို့ရှိရာသို့ စစ်ချီ ကြလော့။ သုတ်သင် ပယ်ရှင်း၍ သူ တို့အမျိုးအနွယ်ကိုအကုန်အစင်ဖျက်ဆီး ကြလော့။ ငါမှာထား သမျှ အတိုင်း ပြု ကြလော့ဟု ထာဝရဘုရား မိန့် တော်မူ၏။
קֹ֥ול מִלְחָמָ֖ה בָּאָ֑רֶץ וְשֶׁ֖בֶר גָּדֹֽול׃ 22
၂၂ထိုပြည် ၌ စစ်တိုက် ခြင်းအသံ ၊ ကြီးစွာ သော ဖျက်ဆီး ခြင်းအသံကို ကြားရ၏။
אֵ֤יךְ נִגְדַּע֙ וַיִּשָּׁבֵ֔ר פַּטִּ֖ישׁ כָּל־הָאָ֑רֶץ אֵ֣יךְ הָיְתָ֧ה לְשַׁמָּ֛ה בָּבֶ֖ל בַּגֹּויִֽם׃ 23
၂၃မြေ တပြင်လုံးကို ရိုက်နှက်သောသံတူ သည် ကျိုးပြတ် လေပြီတကား၊ ဗာဗုလုန် မြို့သည် လူမျိုး တို့တွင် အံ့ဩ ရာဖြစ် လေပြီတကား။
יָקֹ֨שְׁתִּי לָ֤ךְ וְגַם־נִלְכַּדְתְּ֙ בָּבֶ֔ל וְאַ֖תְּ לֹ֣א יָדָ֑עַתְּ נִמְצֵאת֙ וְגַם־נִתְפַּ֔שְׂתְּ כִּ֥י בַֽיהוָ֖ה הִתְגָּרִֽית׃ 24
၂၄အို ဗာဗုလုန် မြို့၊ သင် အဘို့ ကျော့ကွင်း ကို ငါထောင်ထားသဖြင့် ၊ သင်သည် သတိလစ် ၍ကျော့မိ ပြီ။ ထာဝရဘုရား ၏ အာဏာတော်ကို ဆန် သောကြောင့် ၊ ရန်သူတွေ့ ၍ တိုက်ယူ ပြီ။
פָּתַ֤ח יְהוָה֙ אֶת־אֹ֣וצָרֹ֔ו וַיֹּוצֵ֖א אֶת־כְּלֵ֣י זַעְמֹ֑ו כִּי־מְלָאכָ֣ה הִ֗יא לַֽאדֹנָ֧י יְהוִ֛ה צְבָאֹ֖ות בְּאֶ֥רֶץ כַּשְׂדִּֽים׃ 25
၂၅ထာဝရဘုရား သည် လက်နက်စုံ တိုက် တော်ကို ဖွင့် ၍ ၊ အမျက် တော်လက်နက် တို့ကို ထုတ် တော်မူပြီ။ ဤအမှုကား၊ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရား သည် ခါလဒဲ ပြည် ၌ ပြုတော်မူသောအမှု ပေတည်း။
בֹּֽאוּ־לָ֤הּ מִקֵּץ֙ פִּתְח֣וּ מַאֲבֻסֶ֔יהָ סָלּ֥וּהָ כְמֹו־עֲרֵמִ֖ים וְהַחֲרִימ֑וּהָ אַל־תְּהִי־לָ֖הּ שְׁאֵרִֽית׃ 26
၂၆မြို့တဘက် မှတဘက်တိုင်အောင်တိုက် ကြလော့ ။ စပါးကျီ တို့ကို ဖွင့် ၍၊ စပါး ပုံများကဲ့သို့ ပုံထား လျက်၊ အလျှင်းမ ကြွင်း စေခြင်းငှါရှင်းရှင်းဖျက်ဆီး ကြလော့။
חִרְבוּ֙ כָּל־פָּרֶ֔יהָ יֵרְד֖וּ לַטָּ֑בַח הֹ֣וי עֲלֵיהֶ֔ם כִּֽי־בָ֥א יֹומָ֖ם עֵ֥ת פְּקֻדָּתָֽם׃ ס 27
၂၇သူ ၏နွား ဥသဘရှိသမျှ တို့ကိုသတ် ကြလော့။ သတ် ရာအရပ်သို့ ဆင်းသွား စေကြလော့။ သူ တို့သည် အမင်္ဂလာ ရှိကြ၏။ အကယ် စင်စစ်သူ တို့အချိန် ၊ ဆုံးမ ခြင်းကို ခံရသောအချိန် ရောက် လေပြီ။
קֹ֥ול נָסִ֛ים וּפְלֵטִ֖ים מֵאֶ֣רֶץ בָּבֶ֑ל לְהַגִּ֣יד בְּצִיֹּ֗ון אֶת־נִקְמַת֙ יְהוָ֣ה אֱלֹהֵ֔ינוּ נִקְמַ֖ת הֵיכָלֹֽו׃ 28
၂၈ငါ တို့ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော် ပြေခြင်း၊ ဗိမာန် တော်ကို ဖျက်ဆီးသောအပြစ်နှင့် အလျောက်ဒဏ် ပေးခြင်းသိတင်းကို ဇိအုန် မြို့၌ ကြားပြော အံ့သောငှါ ၊ ဗာဗုလုန် ပြည် မှ ပြေး လွတ် သောသူတို့၏ အသံ ကို ကြားရ၏။
הַשְׁמִ֣יעוּ אֶל־בָּבֶ֣ל ׀ רַ֠בִּים כָּל־דֹּ֨רְכֵי קֶ֜שֶׁת חֲנ֧וּ עָלֶ֣יהָ סָבִ֗יב אַל־יְהִי־ (לָהּ֙) פְּלֵטָ֔ה שַׁלְּמוּ־לָ֣הּ כְּפָעֳלָ֔הּ כְּכֹ֛ל אֲשֶׁ֥ר עָשְׂתָ֖ה עֲשׂוּ־לָ֑הּ כִּ֧י אֶל־יְהוָ֛ה זָ֖דָה אֶל־קְדֹ֥ושׁ יִשְׂרָאֵֽל׃ 29
၂၉လေး သမားတို့ကို ဗာဗုလုန် မြို့သို့ ခေါ် ကြလော့။ ပစ် တတ်သော သူအပေါင်း တို့၊ မြို့ပတ်ဝန်းကျင် ၌ တပ်ချ ကြလော့။ မြို့သူမြို့သားတယောက်ကိုမျှ မ လွတ် စေနှင့်။ ထိုမြို့ကျင့်သောအကျင့် နှင့်အလျောက်အပြစ်ပေး ကြလော့ ။ သူပြု ဘူးသမျှ အတိုင်း သူ၌ပြုကြလော့။ သူသည်ဣသရေလ အမျိုး၏သန့်ရှင်း တော်မူသောဘုရား၊ ထာဝရဘုရား တဘက်၌ ဝါကြွား ပြီတကား။
לָכֵ֛ן יִפְּל֥וּ בַחוּרֶ֖יהָ בִּרְחֹבֹתֶ֑יהָ וְכָל־אַנְשֵׁ֨י מִלְחַמְתָּ֥הּ יִדַּ֛מּוּ בַּיֹּ֥ום הַה֖וּא נְאֻם־יְהוָֽה׃ ס 30
၃၀ထိုကြောင့် ၊ မြို့သားလုလင် တို့သည် လမ်းမ တို့၌ လဲ နေ၍၊ ထို နေ့ တွင် စစ်သူရဲ အပေါင်း တို့သည် ဆုံးရှုံး ကြ လိမ့်မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
הִנְנִ֤י אֵלֶ֙יךָ֙ זָדֹ֔ון נְאֻם־אֲדֹנָ֥י יְהוִ֖ה צְבָאֹ֑ות כִּ֛י בָּ֥א יֹומְךָ֖ עֵ֥ת פְּקַדְתִּֽיךָ׃ 31
၃၁ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုမာန ကြီးသောသူ၊ သင့် တဘက် ၌ ငါ နေ၏။ အကယ် စင်စစ်သင် ၏အချိန် ၊ ဆုံးမ ခြင်းကိုခံရသော အချိန် ရောက် လေပြီ။
וְכָשַׁ֤ל זָדֹון֙ וְנָפַ֔ל וְאֵ֥ין לֹ֖ו מֵקִ֑ים וְהִצַּ֤תִּי אֵשׁ֙ בְּעָרָ֔יו וְאָכְלָ֖ה כָּל־סְבִיבֹתָֽיו׃ ס 32
၃၂မာန ကြီးသောသူသည် ထိမိ ၍ လဲ ပြီးမှ အဘယ်သူမျှမ ကြွ ရ။ ငါသည်လည်း သူ့ နေရာ မြို့ တို့ကို မီး ရှို့ ၍၊ သူ့ ပတ်လည် ၌နေသောသူအပေါင်း တို့ကို လောင် လိမ့်မည်ဟု မိန့်တော်မူ၏။
כֹּ֤ה אָמַר֙ יְהוָ֣ה צְבָאֹ֔ות עֲשׁוּקִ֛ים בְּנֵי־יִשְׂרָאֵ֥ל וּבְנֵי־יְהוּדָ֖ה יַחְדָּ֑ו וְכָל־שֹֽׁבֵיהֶם֙ הֶחֱזִ֣יקוּ בָ֔ם מֵאֲנ֖וּ שַׁלְּחָֽם׃ 33
၃၃ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့နှင့်တကွယုဒ အမျိုးသား တို့သည် ညှဉ်းဆဲ ခြင်းကိုခံရကြပြီ။ သူ တို့ကိုသိမ်းသွား သောသူ ရှိသမျှ တို့သည် ချုပ်ထား ပြီးလျှင် ၊ ငါတို့သည် မလွှတ် ဟု ငြင်းပယ် လျက်နေကြပြီ။
גֹּאֲלָ֣ם ׀ חָזָ֗ק יְהוָ֤ה צְבָאֹות֙ שְׁמֹ֔ו רִ֥יב יָרִ֖יב אֶת־רִיבָ֑ם לְמַ֙עַן֙ הִרְגִּ֣יעַ אֶת־הָאָ֔רֶץ וְהִרְגִּ֖יז לְיֹשְׁבֵ֥י בָבֶֽל׃ 34
၃၄သို့ရာတွင်၊ သူ တို့ကိုရွေးနှုတ် သော သခင်သည် အားကြီး ၏။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား တည်းဟူသောဘွဲ့ နာမရှိတော်မူ၏။ ထိုသခင်သည်သူ တို့ အမှု ကို ကျပ်တည်းစွာစောင့် ၍၊ ပြည် တော်ကို ငြိမ်ဝပ် စေလျက်၊ ဗာဗုလုန် မြို့သူမြို့သားတို့ကို နှောင့်ရှက် လျက် ပြုတော်မူမည်။
חֶ֥רֶב עַל־כַּשְׂדִּ֖ים נְאֻם־יְהוָ֑ה וְאֶל־יֹשְׁבֵ֣י בָבֶ֔ל וְאֶל־שָׂרֶ֖יהָ וְאֶל־חֲכָמֶֽיהָ׃ 35
၃၅ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထား ဘေး သည် ခါလဒဲ ပြည်သူ၊ ဗာဗုလုန် မြို့သားတို့နှင့်တကွ မင်း များ၊ ပညာရှိ များအပေါ် သို့ သင့်ရောက်လိမ့်မည်။
חֶ֥רֶב אֶל־הַבַּדִּ֖ים וְנֹאָ֑לוּ חֶ֥רֶב אֶל־גִּבֹּורֶ֖יהָ וָחָֽתּוּ׃ 36
၃၆ထား ဘေးသည် မိစ္ဆာ ဆရာတို့အပေါ် သို့ ရောက် ၍၊ သူတို့သည် အရူး ဖြစ်ကြလိမ့်မည်။ ထား ဘေးသည် ထိုမြို့သားစစ်သူရဲ တို့အပေါ် သို့ ရောက်၍၊ သူတို့သည် စိတ်ပျက် ကြလိမ့်မည်။
חֶ֜רֶב אֶל־סוּסָ֣יו וְאֶל־רִכְבֹּ֗ו וְאֶל־כָּל־הָעֶ֛רֶב אֲשֶׁ֥ר בְּתֹוכָ֖הּ וְהָי֣וּ לְנָשִׁ֑ים חֶ֥רֶב אֶל־אֹוצְרֹתֶ֖יהָ וּבֻזָּֽזוּ׃ 37
၃၇ထား ဘေးသည်မြင်း များ၊ ရထား များ၊ မြို့ထဲမှာ နေသော လူ အမျိုးမျိုးရှိသမျှ တို့အပေါ် သို့ ရောက်၍၊ သူတို့သည် မိန်းမ ကဲ့သို့ ဖြစ် ကြလိမ့်မည်။ ထား ဘေးသည် မြို့ဘဏ္ဍာ အပေါ် သို့ရောက်၍၊ ရန်သူတို့သည်လုယူ ကြလိမ့်မည်။
חֹ֥רֶב אֶל־מֵימֶ֖יהָ וְיָבֵ֑שׁוּ כִּ֣י אֶ֤רֶץ פְּסִלִים֙ הִ֔יא וּבָאֵימִ֖ים יִתְהֹלָֽלוּ׃ 38
၃၈ခန်းခြောက် ခြင်းဘေးသည် မြို့၏ ရေ တို့ အပေါ် သို့ရောက်၍ ခန်းခြောက် ကြလိမ့်မည်။ အကြောင်း မူကား၊ ထိုပြည် သည်ရုပ်တု တို့နှင့် အပြည့်ရှိ၏။ ပြည်သားတို့သည် ဆင်းတု တို့ကို အမှီပြု ၍ ဝါကြွား ကြ၏။
לָכֵ֗ן יֵשְׁב֤וּ צִיִּים֙ אֶת־אִיִּ֔ים וְיָ֥שְׁבוּ בָ֖הּ בְּנֹ֣ות יַֽעֲנָ֑ה וְלֹֽא־תֵשֵׁ֥ב עֹוד֙ לָנֶ֔צַח וְלֹ֥א תִשְׁכֹּ֖ון עַד־דֹּ֥ור וָדֹֽור׃ 39
၃၉ထိုကြောင့် ၊ တောသားရဲ တို့သည် တောခွေး တို့ နှင့်တကွ ထိုမြို့၌ နေ ကြလိမ့်မည်။ ကုလားအုပ် ငှက်တို့ သည်လည်း နေရာ ကျကြလိမ့်မည်။ နောက် တဖန် အဘယ်သူမျှမ နေ ရ။ ကာလ အစဉ်အဆက်လူနေရာ မ ဖြစ်ရ။
כְּמַהְפֵּכַ֨ת אֱלֹהִ֜ים אֶת־סְדֹ֧ם וְאֶת־עֲמֹרָ֛ה וְאֶת־שְׁכֵנֶ֖יהָ נְאֻם־יְהוָ֑ה לֹֽא־יֵשֵׁ֥ב שָׁם֙ אִ֔ישׁ וְלֹֽא־יָג֥וּר בָּ֖הּ בֶּן־אָדָֽם׃ 40
၄၀သောဒုံ မြို့နှင့် ဂေါမောရ မြို့မှစ၍နီးစပ် သော မြို့များကို ဘုရားသခင် ဖျက်ဆီး တော်မူသဖြင့် လူဆိတ်ညံ သကဲ့သို့၊ ဗာဗုလုန်မြို့၌ အဘယ်သူမျှမ နေ ရ၊ လူ သား တစုံတယောက် မျှနေရာ မ ကျရဟု၊ ထာဝရဘုရား မိန့် တော်မူ ၏။
הִנֵּ֛ה עַ֥ם בָּ֖א מִצָּפֹ֑ון וְגֹ֤וי גָּדֹול֙ וּמְלָכִ֣ים רַבִּ֔ים יֵעֹ֖רוּ מִיַּרְכְּתֵי־אָֽרֶץ׃ 41
၄၁ကြည့်ရှု လော့။ လူမျိုး တမျိုးသည် မြောက် မျက်နှာမှ လာ ၏။ ကြီးစွာ သော လူမျိုး နှင့် များစွာ သော ရှင် ဘုရင်တို့ သည် မြေကြီး စွန်း တို့မှ ပေါ်လာ ကြ၏။
קֶ֣שֶׁת וְכִידֹ֞ן יַחֲזִ֗יקוּ אַכְזָרִ֥י הֵ֙מָּה֙ וְלֹ֣א יְרַחֵ֔מוּ קֹולָם֙ כַּיָּ֣ם יֶהֱמֶ֔ה וְעַל־סוּסִ֖ים יִרְכָּ֑בוּ עָר֗וּךְ כְּאִישׁ֙ לַמִּלְחָמָ֔ה עָלַ֖יִךְ בַּת־בָּבֶֽל׃ 42
၄၂လေး နှင့် လှံ တို့ကို လက်စွဲ ကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍သနား ခြင်းကရုဏာမ ရှိ။ သူ တို့စကားသံ သည် သမုဒ္ဒရာ မြည်သံကဲ့သို့ ဟုန်း တတ်၏။ အိုဗာဗုလုန် သတို့သမီး ၊ စစ်သူရဲ ကဲ့သို့ တပ်ခင်းကျင်း လျက်မြင်း စီး ၍၊ သင် ရှိရာသို့ ချီလာကြလိမ့်မည်။
שָׁמַ֧ע מֶֽלֶךְ־בָּבֶ֛ל אֶת־שִׁמְעָ֖ם וְרָפ֣וּ יָדָ֑יו צָרָה֙ הֶחֱזִיקַ֔תְהוּ חִ֖יל כַּיֹּולֵדָֽה׃ 43
၄၃သူ တို့၏သိတင်း ကို ဗာဗုလုန် ရှင် ဘုရင်သည် ကြား ၍ လက် အားလျော့ ၏။ ဒုက္ခ ဆင်းရဲကို၎င်း ၊ သားဘွား သောမိန်းမခံရသကဲ့သို့ ပြင်းစွာသော ဝေဒနာ ကို၎င်း ခံရ၏။
הִ֠נֵּה כְּאַרְיֵ֞ה יַעֲלֶ֨ה מִגְּאֹ֣ון הַיַּרְדֵּן֮ אֶל־נְוֵ֣ה אֵיתָן֒ כִּֽי־אַרְגִּ֤עָה אֲרוּצֵם (אֲרִיצֵם֙) מֵֽעָלֶ֔יהָ וּמִ֥י בָח֖וּר אֵלֶ֣יהָ אֶפְקֹ֑ד כִּ֣י מִ֤י כָמֹ֙ונִי֙ וּמִ֣י יֹועִדֶ֔נִּי וּמִֽי־זֶ֣ה רֹעֶ֔ה אֲשֶׁ֥ר יַעֲמֹ֖ד לְפָנָֽי׃ 44
၄၄ခြင်္သေ့ သည် ယော်ဒန် မြစ်၏ ဂုဏ် အသရေမှ တက် သကဲ့သို့ ၊ ရန်သူသည် ကျောက် နှင့်ပြည့်စုံသော နေရာ သို့ တက်သောအခါ၊ နေသောသူသည် ချက်ခြင်းပြေး မည်အကြောင်းကို ငါပြု မည်။ ရွေးချယ် သောသူကို လည်းဗာဗုလုန်မြို့အပေါ် မှာ ငါခန့်ထား မည်။ ငါ နှင့် အဘယ်သူ တူသနည်း။ ငါ့ အချိန်ကို အဘယ်သူ ချိန်းချက် မည်နည်း။ အဘယ် မည်သော သိုးထိန်း သည် ငါ့ ရှေ့ မှာ ရပ် နိုင်သနည်း။
לָכֵ֞ן שִׁמְע֣וּ עֲצַת־יְהוָ֗ה אֲשֶׁ֤ר יָעַץ֙ אֶל־בָּבֶ֔ל וּמַ֨חְשְׁבֹותָ֔יו אֲשֶׁ֥ר חָשַׁ֖ב אֶל־אֶ֣רֶץ כַּשְׂדִּ֑ים אִם־לֹ֤א יִסְחָבוּם֙ צְעִירֵ֣י הַצֹּ֔אן אִם־לֹ֥א יַשִּׁ֛ים עֲלֵיהֶ֖ם נָוֶֽה׃ 45
၄၅သို့ဖြစ်၍ ၊ ထာဝရဘုရား သည် ဗာဗုလုန် မြို့ တဘက် ၌ ကြံစည် တော်မူသော အကြံ ၊ ခါလဒဲ ပြည် တဘက် ၌ ကြံစည် တော်မူသော အကြံအစည် တို့ကို နားထောင် ကြလော့ ။ အကယ် စင်စစ်ရန်သူသည် အား မရှိသော ထိုသိုး တို့ကို လုယက် လိမ့်မည်။ အကယ် စင်စစ်သူတို့ရှိရာသို့ လာ၍၊ ကျက်စား ရာအရပ်ကို ဖျက်ဆီး လိမ့်မည်။
מִקֹּול֙ נִתְפְּשָׂ֣ה בָבֶ֔ל נִרְעֲשָׁ֖ה הָאָ֑רֶץ וּזְעָקָ֖ה בַּגֹּויִ֥ם נִשְׁמָֽע׃ ס 46
၄၆ဗာဗုလုန် မြို့ကိုတိုက်ယူ သော အသံ ကြောင့် မြေကြီး လှုပ်ရှား ၏။ အော်ဟစ် သောအသံကို လူ အမျိုးမျိုးတို့သည် ကြားရ ကြ၏။

< יִרְמְיָהוּ 50 >