< יִרְמְיָהוּ 30 >

הַדָּבָר֙ אֲשֶׁ֣ר הָיָ֣ה אֶֽל־יִרְמְיָ֔הוּ מֵאֵ֥ת יְהוָ֖ה לֵאמֹֽר׃ 1
ဤ​သည်​ကား​ယေ​ရ​မိ​ထံ​သို့​ထာ​ဝ​ရ​ဘု​ရား မိန့်​ဆို​သော​စ​ကား​ဖြစ်​၏။-
כֹּֽה־אָמַ֧ר יְהוָ֛ה אֱלֹהֵ֥י יִשְׂרָאֵ֖ל לֵאמֹ֑ר כְּתָב־לְךָ֗ אֵ֧ת כָּל־הַדְּבָרִ֛ים אֲשֶׁר־דִּבַּ֥רְתִּי אֵלֶ֖יךָ אֶל־סֵֽפֶר׃ 2
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က``သင့်​ကို​ငါ​မိန့်​တော်​မူ သ​မျှ​သော​စ​ကား​တို့​ကို​စာ​စောင်​တွင်​ရေး မှတ်​၍​ထား​လော့။-
כִּ֠י הִנֵּ֨ה יָמִ֤ים בָּאִים֙ נְאֻם־יְהוָ֔ה וְ֠שַׁבְתִּי אֶת־שְׁב֨וּת עַמִּ֧י יִשְׂרָאֵ֛ל וִֽיהוּדָ֖ה אָמַ֣ר יְהוָ֑ה וַהֲשִׁבֹתִ֗ים אֶל־הָאָ֛רֶץ אֲשֶׁר־נָתַ֥תִּי לַאֲבֹותָ֖ם וִֽירֵשֽׁוּהָ׃ פ 3
အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့်​ယု​ဒ​အ​မျိုး သား​များ​အား ငါ​ပြန်​လည်​ထူ​ထောင်​ပေး​မည့် အ​ချိန်​ကျ​ရောက်​လာ​တော့​မည်​ဖြစ်​သော​ကြောင့် တည်း။ ငါ​သည်​သူ​တို့​ကို​မိ​မိ​တို့​ဘိုး​ဘေး​များ အား ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​သို့​ပြန်​လည်​ခေါ် ဆောင်​ခဲ့​မည်​ဖြစ်​၍ သူ​တို့​သည်​ထို​ပြည်​ကို​တစ် ဖန်​ပြန်​၍​ပိုင်​ဆိုင်​ရ​ကြ​ပေ​တော့​အံ့။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
וְאֵ֣לֶּה הַדְּבָרִ֗ים אֲשֶׁ֨ר דִּבֶּ֧ר יְהוָ֛ה אֶל־יִשְׂרָאֵ֖ל וְאֶל־יְהוּדָֽה׃ 4
ဣ​သ​ရေ​လ​ပြည်​သား​များ​နှင့်​ယု​ဒ​ပြည် သား​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ဤ​သို့​မိန့် တော်​မူ​၏။
כִּי־כֹה֙ אָמַ֣ר יְהוָ֔ה קֹ֥ול חֲרָדָ֖ה שָׁמָ֑עְנוּ פַּ֖חַד וְאֵ֥ין שָׁלֹֽום׃ 5
ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ထိတ်​လန့်​၍​အော် ဟစ်​သော အ​သံ​ကို​ကြား​ရ​၏။ ထို​အ​သံ​သည်​ငြိမ်း​ချမ်း​သာ​ယာ​သည့်​အ​သံ မ​ဟုတ်။ ကြောက်​လန့်​၍​အော်​ဟစ်​သည့်​အ​သံ​ဖြစ်​၏။
שַׁאֲלוּ־נָ֣א וּרְא֔וּ אִם־יֹלֵ֖ד זָכָ֑ר מַדּוּעַ֩ רָאִ֨יתִי כָל־גֶּ֜בֶר יָדָ֤יו עַל־חֲלָצָיו֙ כַּיֹּ֣ולֵדָ֔ה וְנֶהֶפְכ֥וּ כָל־פָּנִ֖ים לְיֵרָקֹֽון׃ 6
မေး​မြန်း​လျက်​စဉ်း​စား​ကြည့်​ကြ​လော့။ အ​မျိုး​သား​သည်​သား​ဖွား​၍​ရ​နိုင်​သ​လော။ သို့​ဖြစ်​ပါ​မူ​အ​မျိုး​သား​ပင်​လျှင်​သား​ဖွား ဝေ​ဒ​နာ ခံ​ရ​သည့်​အ​မျိုး​သ​မီး​ကဲ့​သို့၊ အ​ဘယ်​ကြောင့်​မိ​မိ​တို့​ဝမ်း​ကို​လက်​ဖြင့်​နှိပ် လျက် နေ​သည်​ကို​ငါ​တွေ့​ရှိ​ရ​သ​နည်း။ လူ​တိုင်း​သည်​အ​ဘယ်​ကြောင့်​ဖြူ​ဖတ်​ဖြူ​ရော် ဖြစ်​နေ​ကြ​သ​နည်း။
הֹ֗וי כִּ֥י גָדֹ֛ול הַיֹּ֥ום הַה֖וּא מֵאַ֣יִן כָּמֹ֑הוּ וְעֵֽת־צָרָ֥ה הִיא֙ לְיַֽעֲקֹ֔ב וּמִמֶּ֖נָּה יִוָּשֵֽׁעַ׃ 7
ထိတ်​လန့်​ဖွယ်​ကောင်း​သည့်​နေ့​ရက်​ကာ​လ​သည် ကျ​ရောက်​လာ​လိမ့်​မည်။ အ​ခြား​အ​ဘယ်​နေ့​ရက်​ကို​မျှ​ထို​နေ့​ရက်​နှင့် နှိုင်း​ယှဉ်​၍​မ​ရ။ ထို​နေ့​ရက်​သည်​ယာ​ကုပ်​အ​မျိုး​ဆင်း​ရဲ​ဒုက္ခ ရောက်​ရ​ကြ​မည့်​နေ့​ရက်​ဖြစ်​၏။ သို့​ရာ​တွင်​သူ​တို့​သည်​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
וְהָיָה֩ בַיֹּ֨ום הַה֜וּא נְאֻ֣ם ׀ יְהוָ֣ה צְבָאֹ֗ות אֶשְׁבֹּ֤ר עֻלֹּו֙ מֵעַ֣ל צַוָּארֶ֔ךָ וּמֹוסְרֹותֶ֖יךָ אֲנַתֵּ֑ק וְלֹא־יַעַבְדוּ־בֹ֥ו עֹ֖וד זָרִֽים׃ 8
အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ထို နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ငါ​သည်​ထို​သူ​တို့​၏​လည်​ဂုတ်​ပေါ်​မှ​ထမ်း ပိုး​ကို​ချိုး​ကာ သူ​တို့​အား​ချည်​နှောင်​ထား သည့်​သံ​ကြိုး​များ​ကို​ဖယ်​ရှား​ပစ်​မည်။ သူ တို့​သည်​နိုင်​ငံ​ခြား​သား​တို့​ထံ​တွင်​ကျွန်​ခံ ရ​ကြ​တော့​မည်​မ​ဟုတ်။-
וְעָ֣בְד֔וּ אֵ֖ת יְהוָ֣ה אֱלֹֽהֵיהֶ֑ם וְאֵת֙ דָּוִ֣ד מַלְכָּ֔ם אֲשֶׁ֥ר אָקִ֖ים לָהֶֽם׃ ס 9
မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​၏ အ​မှု​တော်​ကို​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင် အ​ဖြစ်​ငါ​ခန့်​ထား​မည့်​ဒါ​ဝိဒ်​မင်း​ဆက်​၏ အ​မှု​တော်​ကို​လည်း​ကောင်း​ထမ်း​ဆောင်​ရ​ကြ လိမ့်​မည်။
וְאַתָּ֡ה אַל־תִּירָא֩ עַבְדִּ֨י יַעֲקֹ֤ב נְאֻם־יְהֹוָה֙ וְאַל־תֵּחַ֣ת יִשְׂרָאֵ֔ל כִּ֠י הִנְנִ֤י מֹושִֽׁיעֲךָ֙ מֵֽרָחֹ֔וק וְאֶֽת־זַרְעֲךָ֖ מֵאֶ֣רֶץ שִׁבְיָ֑ם וְשָׁ֧ב יַעֲקֹ֛ב וְשָׁקַ֥ט וְשַׁאֲנַ֖ן וְאֵ֥ין מַחֲרִֽיד׃ 10
၁၀``ငါ​၏​ကျွန်​ယာ​ကုပ်၊မ​ကြောက်​ကြ​နှင့်။ ဣ​သ​ရေ​လ​ပြည်​သား​တို့​ထိတ်​လန့်​တုန်​လှုပ်​မှု မ​ဖြစ်​ကြ​နှင့်။ သုံ့​ပန်း​များ​အ​ဖြစ်​နှင့်​သင်​တို့​နေ​ရ​ကြ​သော ပြည်၊ ထို​ဝေး​လံ​သော​ပြည်​မှ​သင်​တို့​အား ငါ​ကယ်​ဆယ်​မည်။ သင်​တို့​သည်​ပြန်​လာ​၍​ငြိမ်း​ချမ်း​စွာ​နေ​ထိုင် ရ​ကြ​လိမ့်​မည်။ သင်​တို့​သည်​ဘေး​မဲ့​လုံ​ခြုံ​မှု​ကို​ရ​ရှိ​ကြ လိမ့်​မည်။ အ​ဘယ်​သူ​မျှ​သူ​တို့​အား​ချောက်​လှန့် ရ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စကား ဖြစ်​၏။
כִּֽי־אִתְּךָ֥ אֲנִ֛י נְאֻם־יְהוָ֖ה לְהֹֽושִׁיעֶ֑ךָ כִּי֩ אֶעֱשֶׂ֨ה כָלָ֜ה בְּכָֽל־הַגֹּויִ֣ם ׀ אֲשֶׁ֧ר הֲפִצֹותִ֣יךָ שָּׁ֗ם אַ֤ךְ אֹֽתְךָ֙ לֹֽא־אֶעֱשֶׂ֣ה כָלָ֔ה וְיִסַּרְתִּ֙יךָ֙ לַמִּשְׁפָּ֔ט וְנַקֵּ֖ה לֹ֥א אֲנַקֶּֽךָּ׃ פ 11
၁၁ငါ​သည်​ကယ်​တင်​ရန်​သင်​တို့​ထံ​လာ​မည်။ သင်​တို့​အား​ငါ​ကွဲ​လွင့်​စေ​ခဲ့​ရာ​နိုင်​ငံ တ​ကာ​တို့​အား ဖျက်​ဆီး​မည်။ သို့​ရာ​တွင်​သင်​တို့​ကို​မူ​ဖျက်​ဆီး​မည်​မ​ဟုတ်။ ငါ​သည်​သင်​တို့​အား​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ ထား​မည်​မ​ဟုတ်​သော်​လည်း အ​ပြစ်​ဒဏ်​ခတ်​သော​အ​ခါ​၌​မူ​ကား တ​ရား​သ​ဖြင့်​ပြု​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
כִּ֣י כֹ֥ה אָמַ֛ר יְהוָ֖ה אָנ֣וּשׁ לְשִׁבְרֵ֑ךְ נַחְלָ֖ה מַכָּתֵֽךְ׃ 12
၁၂ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ``သင်​တို့​၏​အ​နာ​များ​သည်​ကျက်​နိုင် တော့​မည်​မ​ဟုတ်။ သင်​တို့​၏​ဝေ​ဒ​နာ​များ​သည်​ကု​သ​၍ မ​ပျောက်​နိုင်​တော့​ပေ။
אֵֽין־דָּ֥ן דִּינֵ֖ךְ לְמָזֹ֑ור רְפֻאֹ֥ות תְּעָלָ֖ה אֵ֥ין לָֽךְ׃ 13
၁၃သင်​တို့​အား​ကာ​ကွယ်​စောင့်​ရှောက်​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။ သင်​တို့​အ​နာ​များ​အ​တွက်​လည်း​ဆေး တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ​သ​ဖြင့် သင်​တို့​သည်​မိ​မိ​တို့​အ​နာ​ရော​ဂါ​ပျောက် ကင်း​မှု​အ​တွက် မျှော်​လင့်​ရာ​မဲ့​ချေပြီ။
כָּל־מְאַהֲבַ֣יִךְ שְׁכֵח֔וּךְ אֹותָ֖ךְ לֹ֣א יִדְרֹ֑שׁוּ כִּי֩ מַכַּ֨ת אֹויֵ֤ב הִכִּיתִיךְ֙ מוּסַ֣ר אַכְזָרִ֔י עַ֚ל רֹ֣ב עֲוֹנֵ֔ךְ עָצְמ֖וּ חַטֹּאתָֽיִךְ׃ 14
၁၄သင်​တို့​၏​ချစ်​ခင်​သူ​များ​သည်​သင်​တို့​အား မေ့​ပျောက်​၍ သွား​ကြ​လေ​ကုန်​ပြီ။ သူ​တို့​သည်​ဂ​ရု​မ​စိုက်​ကြ​တော့​ပေ။ သင်​တို့​အ​ပြစ်​သည်​များ​ပြား​လှ​၍​သင်​တို့ ဒု​စ​ရိုက်​သည် ကြီး​မား​လှ​သ​ဖြင့် ငါ​သည်​ရန်​သူ​သ​ဖွယ်​သင်​တို့​အား​ဒဏ်​ရာ​ရ စေ​ခဲ့​၏။ သင်​တို့​ခံ​ရ​သည့်​အ​ပြစ်​ဒဏ်​သည်​ပြင်း​ထန်​၏။
מַה־תִּזְעַק֙ עַל־שִׁבְרֵ֔ךְ אָנ֖וּשׁ מַכְאֹבֵ֑ךְ עַ֣ל ׀ רֹ֣ב עֲוֹנֵ֗ךְ עָֽצְמוּ֙ חַטֹּאתַ֔יִךְ עָשִׂ֥יתִי אֵ֖לֶּה לָֽךְ׃ 15
၁၅သင်​တို့​သည်​မိ​မိ​တို့​၏​မ​ပျောက်​ကင်း​နိုင်​သည့် ဝေ​ဒ​နာ​များ​အ​ကြောင်း​ကို​မ​ညည်း​ညူ​ကြ နှင့်​တော့။ သင်​တို့​၏​အ​ပြစ်​သည်​များ​ပြား​လှ​၍​သင်​တို့ ဒု​စ​ရိုက်​သည်​ကြီး​မား​လှ​သ​ဖြင့်၊ ငါ​သည်​သင်​တို့​အား​ဤ​သို့​အ​ပြစ်​ဒဏ် ခတ်​ရ​ခြင်း​ဖြစ်​၏။
לָכֵ֞ן כָּל־אֹכְלַ֙יִךְ֙ יֵאָכֵ֔לוּ וְכָל־צָרַ֥יִךְ כֻּלָּ֖ם בַּשְּׁבִ֣י יֵלֵ֑כוּ וְהָי֤וּ שֹׁאסַ֙יִךְ֙ לִמְשִׁסָּ֔ה וְכָל־בֹּזְזַ֖יִךְ אֶתֵּ֥ן לָבַֽז׃ 16
၁၆ယ​ခု​မှာ​မူ​သင်​တို့​အား​ဝါး​မျို​သူ​အ​ပေါင်း တို့​သည် ဝါး​မျို​ခြင်း​ကို​ခံ​ရ​၍ သင်​တို့​၏​ရန်​သူ​အ​ပေါင်း​သည်​ဖမ်း​ဆီး ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ သင်​တို့​အား​နှိပ်​စက်​ညှဉ်း​ပန်း​သူ​အ​ပေါင်း​သည် နှိပ်​စက်​ညှဉ်း​ပန်း​ခြင်း​ကို​ခံ​ရ​၍၊ သင်​တို့​အား​တိုက်​ခိုက်​လု​ယက်​သူ​အ​ပေါင်း​သည် တိုက်​ခိုက်​လု​ယက်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။
כִּי֩ אַעֲלֶ֨ה אֲרֻכָ֥ה לָ֛ךְ וּמִמַּכֹּותַ֥יִךְ אֶרְפָּאֵ֖ךְ נְאֻם־יְהוָ֑ה כִּ֤י נִדָּחָה֙ קָ֣רְאוּ לָ֔ךְ צִיֹּ֣ון הִ֔יא דֹּרֵ֖שׁ אֵ֥ין לָֽהּ׃ ס 17
၁၇သင်​တို့​၏​ရန်​သူ​များ​က`ဇိ​အုန်​မြို့​သည် အ​ပယ်​ခံ​ဖြစ်​လေ​ပြီ။ ထို​မြို့​ကို​အ​ဘယ်​သူ​မျှ​ဂ​ရု​မ​စိုက်​ကြ​တော့' ဟု​ဆို​သော်​လည်း ငါ​သည်​သင်​တို့​အား​တစ်​ဖန်​ပြန်​၍​ကျန်း​မာ လာ​စေ​မည်။ သင်​တို့​၏​အ​နာ​များ​ကို​ကျက်​စေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
כֹּ֣ה ׀ אָמַ֣ר יְהוָ֗ה הִנְנִי־שָׁב֙ שְׁבוּת֙ אָהֳלֵ֣י יַֽעֲקֹ֔וב וּמִשְׁכְּנֹתָ֖יו אֲרַחֵ֑ם וְנִבְנְתָ֥ה עִיר֙ עַל־תִּלָּ֔הּ וְאַרְמֹ֖ון עַל־מִשְׁפָּטֹ֥ו יֵשֵֽׁב׃ 18
၁၈ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​သည်​ယာ​ကုပ်​အ​မျိုး​၏​တဲ​ကို​ပြန်​လည် ကြွယ်​ဝ​စေ​မည်။ ပြန်​လည်​ပို့​ဆောင်​မည်။ သူ​တို့​၏​အိမ်​ထောင်​စု​မှန်​သ​မျှ​ကို​က​ရု​ဏာ ထား​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​ထူ​ထောင်​၍ နန်း​တော်​ကို​လည်း​ပြန်​လည်​တည်​ဆောက် ရ​ကြ​လိမ့်​မည်။
וְיָצָ֥א מֵהֶ֛ם תֹּודָ֖ה וְקֹ֣ול מְשַׂחֲקִ֑ים וְהִרְבִּתִים֙ וְלֹ֣א יִמְעָ֔טוּ וְהִכְבַּדְתִּ֖ים וְלֹ֥א יִצְעָֽרוּ׃ 19
၁၉ထို​နေ​ရာ​တို့​တွင်​နေ​ထိုင်​ကြ​သူ​များ​သည် ထော​မ​နာ​သီ​ချင်း​ကို​သီ​ဆို​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ လိမ့်​မည်။ ငါ​သည်​သူ​တို့​အား​လူ​ဦး​ရေ​တိုး​ပွား​စေ​၍ ဂုဏ်​အ​သ​ရေ​ရှိ​စေ​မည်။
וְהָי֤וּ בָנָיו֙ כְּקֶ֔דֶם וַעֲדָתֹ֖ו לְפָנַ֣י תִּכֹּ֑ון וּפָ֣קַדְתִּ֔י עַ֖ל כָּל־לֹחֲצָֽיו׃ 20
၂၀ငါ​သည်​ဤ​ပြည်​အား​ရှေး​အ​ခါ​က​ရ​ရှိ​ခဲ့​သည့် တန်​ခိုး​အာ​ဏာ​ကို​ပြန်​လည်​ပေး​၍ ထို​တန်​ခိုး​အာ​ဏာ​ကို​လည်း​တည်​တံ့​ခိုင်​မြဲ စေ​မည်။ သူ​တို့​အား​နှိပ်​စက်​ညှဉ်း​ပန်း​သူ​အ​ပေါင်း​ကို​ငါ အ​ပြစ်​ဒဏ်​ခတ်​မည်။
וְהָיָ֨ה אַדִּירֹ֜ו מִמֶּ֗נּוּ וּמֹֽשְׁלֹו֙ מִקִּרְבֹּ֣ו יֵצֵ֔א וְהִקְרַבְתִּ֖יו וְנִגַּ֣שׁ אֵלָ֑י כִּי֩ מִ֨י הוּא־זֶ֜ה עָרַ֧ב אֶת־לִבֹּ֛ו לָגֶ֥שֶׁת אֵלַ֖י נְאֻם־יְהוָֽה׃ 21
၂၁သူ​တို့​ကို​အုပ်​စိုး​မည့်​သူ​သည်​သူ​တို့​လူ​မျိုး​မှ ပေါ်​ထွန်း​ရ​လိမ့်​မည်။ သူ​တို့​၏​မင်း​သည်​သူ​တို့​အ​မျိုး​သား​များ အ​ထဲ​မှ​ပေါ်​ထွန်း​ရ​လိမ့်​မည်။ ငါ​ဖိတ်​ခေါ်​သော​အ​ခါ​ထို​သူ​သည်​ငါ့​ထံ​သို့ ချဉ်း​ကပ်​လိမ့်​မည်။ ငါ​မ​ဖိတ်​မ​ခေါ်​ဘဲ​အ​ဘယ်​သူ​သည်​ငါ့​ထံ​သို့ ချဉ်း​ကပ်​ဝံ့​သ​နည်း။ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​ကြ​လျက် ငါ​သည်​လည်း​သူ​တို့​၏​ဘု​ရား​ဖြစ်​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
וִהְיִ֥יתֶם לִ֖י לְעָ֑ם וְאָ֣נֹכִ֔י אֶהְיֶ֥ה לָכֶ֖ם לֵאלֹהִֽים׃ ס 22
၂၂
הִנֵּ֣ה ׀ סַעֲרַ֣ת יְהוָ֗ה חֵמָה֙ יָֽצְאָ֔ה סַ֖עַר מִתְגֹּורֵ֑ר עַ֛ל רֹ֥אשׁ רְשָׁעִ֖ים יָחֽוּל׃ 23
၂၃ကိုယ်​တော်​၏​အ​မျက်​တော်​သည်​သူ​ယုတ်​မာ တို့​၏​ဦး​ခေါင်း​ထက်​တွင် တိုက်​ခတ်​သည့်​လေ ပြင်း​မုန်​တိုင်း​နှင့်​တူ​၏။ ထို​အ​မျက်​တော်​သည် ကိုယ်​တော်​ကြံ​စည်​တော်​မူ​သ​မျှ​သော​အ​မှု များ​မ​ပြီး​မ​ချင်း​ပြေ​ငြိမ်း​လိမ့်​မည်​မ​ဟုတ်။ ဤ​အ​ချက်​ကို​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် နောင်​လာ​လတ္တံ့​သော​နေ့​ရက်​များ​၌​သိ​ရှိ နား​လည်​လာ​ကြ​လိမ့်​မည်။
לֹ֣א יָשׁ֗וּב חֲרֹון֙ אַף־יְהוָ֔ה עַד־עֲשֹׂתֹ֥ו וְעַד־הֲקִימֹ֖ו מְזִמֹּ֣ות לִבֹּ֑ו בְּאַחֲרִ֥ית הַיָּמִ֖ים תִּתְבֹּ֥ונְנוּ בָֽהּ׃ 24
၂၄

< יִרְמְיָהוּ 30 >