< יִרְמְיָהוּ 22 >

כֹּ֚ה אָמַ֣ר יְהוָ֔ה רֵ֖ד בֵּֽית־מֶ֣לֶךְ יְהוּדָ֑ה וְדִבַּרְתָּ֣ שָׁ֔ם אֶת־הַדָּבָ֖ר הַזֶּֽה׃ 1
ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ယု​ဒ​နန်း​တော် သို့​သွား​၍ ဒါ​ဝိဒ်​မင်း​၏​သား​မြေး​များ၊ ယု​ဒ ရှင်​ဘု​ရင်​မင်း​ကြီး​နှင့်​အ​တူ​သူ​၏​မှူး​မတ် များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​များ အား​ပြော​ကြား​ရန် ဤ​သို့​မိန့်​တော်​မူ​သည်​မှာ၊-
וְאָֽמַרְתָּ֙ שְׁמַ֣ע דְּבַר־יְהוָ֔ה מֶ֣לֶךְ יְהוּדָ֔ה הַיֹּשֵׁ֖ב עַל־כִּסֵּ֣א דָוִ֑ד אַתָּ֤ה וַעֲבָדֶ֙יךָ֙ וְעַמְּךָ֔ הַבָּאִ֖ים בַּשְּׁעָרִ֥ים הָאֵֽלֶּה׃ ס 2
כֹּ֣ה ׀ אָמַ֣ר יְהוָ֗ה עֲשׂ֤וּ מִשְׁפָּט֙ וּצְדָקָ֔ה וְהַצִּ֥ילוּ גָז֖וּל מִיַּ֣ד עָשֹׁ֑וק וְגֵר֩ יָתֹ֨ום וְאַלְמָנָ֤ה אַל־תֹּנוּ֙ אַל־תַּחְמֹ֔סוּ וְדָ֣ם נָקִ֔י אַֽל־תִּשְׁפְּכ֖וּ בַּמָּקֹ֥ום הַזֶּֽה׃ 3
`ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​ဖြောင့် မတ်​မှန်​ကန်​သည့်​အ​မှု​များ​ကို​ပြု​ကျင့်​ကြ ရန်​မှာ​ကြား​၏။ သင်​တို့​သည်​အ​လိမ်​ခံ​ရ​သူ အား​လိမ်​လည်​သူ​၏​ဘေး​မှ​ကာ​ကွယ်​စောင့် ရှောက်​ကြ​လော့။ လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့ သူ​များ၊ သို့​မ​ဟုတ်​မု​ဆိုး​မ​များ​အား​မ တ​ရား​သည့်​အ​မှု​ကို​လည်း​ကောင်း၊ ညှင်း​ပန်း နှိပ်​စက်​မှု​ကို​လည်း​ကောင်း​မ​ပြု​ကြ​နှင့်။ ဤ​သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​ပြစ်​မဲ့ သူ​တို့​ကို​မ​သတ်​ကြ​နှင့်။-
כִּ֤י אִם־עָשֹׂו֙ תַּֽעֲשׂ֔וּ אֶת־הַדָּבָ֖ר הַזֶּ֑ה וּבָ֣אוּ בְשַׁעֲרֵ֣י הַבַּ֣יִת הַזֶּ֡ה מְלָכִים֩ יֹשְׁבִ֨ים לְדָוִ֜ד עַל־כִּסְאֹ֗ו רֹֽכְבִים֙ בָּרֶ֣כֶב וּבַסּוּסִ֔ים ה֥וּא וְעַבְדָו (וַעֲבָדָ֖יו) וְעַמֹּֽו׃ 4
သင်​တို့​သည်​ငါ​ပ​ညတ်​တော်​မူ​သည့်​အ တိုင်း​အ​ကယ်​ပင်​လိုက်​လျှောက်​ပြု​ကျင့်​ကြ မည်​ဆို​ပါ​မူ ဒါ​ဝိဒ်​မင်း​၏​ရာ​ဇ​ပလ္လင်​တွင် ထိုင်​လျက်​ရှိ​သော​ဘု​ရင်​တို့​သည် ဆက်​လက် ၍​မင်း​ပြု​ရ​ကြ​လိမ့်​မည်။ ထို့​ပြင်​သူ​တို့ သည်​မိ​မိ​တို့​၏​မှူး​မတ်​များ၊ ပြည်​သူ​များ နှင့်​အ​တူ​မြင်း​ရ​ထား​များ၊ မြင်း​များ​ကို စီး​၍​ဤ​နန်း​တော်​ဝင်း​တံ​ခါး​များ​ကို ဝင်​ထွက်​သွား​လာ​ရ​ကြ​လိမ့်​မည်။-
וְאִם֙ לֹ֣א תִשְׁמְע֔וּ אֶת־הַדְּבָרִ֖ים הָאֵ֑לֶּה בִּ֤י נִשְׁבַּ֙עְתִּי֙ נְאֻם־יְהוָ֔ה כִּי־לְחָרְבָּ֥ה יִֽהְיֶ֖ה הַבַּ֥יִת הַזֶּֽה׃ ס 5
သို့​ရာ​တွင်​အ​ကယ်​၍​သင်​တို့​သည်​ငါ​၏ စ​ကား​ကို​နား​မ​ထောင်​ကြ​ပါ​မူ ဤ​နန်း တော်​သည်​ယို​ယွင်း​ပျက်​စီး​၍​သွား​လိမ့်​မည် ဖြစ်​ကြောင်း​သင်​တို့​အား​ကျိန်​ဆို​ပြော​ကြား ၏။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏​ဟု​မိန့်​တော်​မူ​၏။
כִּֽי־כֹ֣ה ׀ אָמַ֣ר יְהוָ֗ה עַל־בֵּית֙ מֶ֣לֶךְ יְהוּדָ֔ה גִּלְעָ֥ד אַתָּ֛ה לִ֖י רֹ֣אשׁ הַלְּבָנֹ֑ון אִם־לֹ֤א אֲשִֽׁיתְךָ֙ מִדְבָּ֔ר עָרִ֖ים לֹ֥א נֹושָׁבָה (נֹושָֽׁבוּ)׃ 6
``ငါ​၏​အ​ဖို့​ယု​ဒ​ဘု​ရင်​၏​နန်း​တော်​သည် ဂိ​လဒ်​ကဲ့​သို့​လည်း​ကောင်း၊ လေ​ဗ​နုန်​တောင် ထိပ်​ကဲ့​သို့​လည်း​ကောင်း​လှ​ပ​တင့်​တယ်​သော် လည်း ငါ​သည်​ထို​အ​ရပ်​ကို​လူ​သူ​ဆိတ် ငြိမ်​ရာ​သဲ​ကန္တာ​ရ​ဖြစ်​စေ​မည်။
וְקִדַּשְׁתִּ֥י עָלֶ֛יךָ מַשְׁחִתִ֖ים אִ֣ישׁ וְכֵלָ֑יו וְכָֽרְתוּ֙ מִבְחַ֣ר אֲרָזֶ֔יךָ וְהִפִּ֖ילוּ עַל־הָאֵֽשׁ׃ 7
ထို​နန်း​တော်​ကို​ဖြို​ဖျက်​ရန် လူ​များ​ကို​ငါ စေ​လွှတ်​မည်။ သူ​တို့​သည်​ပု​ဆိန်​များ​ကို​ယူ ဆောင်​လာ​ပြီး​လျှင် လှ​ပ​သည့်​အာ​ရစ်​တိုင် ကြီး​များ​ကို​ခုတ်​လှဲ​၍​မီး​ထဲ​သို့​ပစ်​ချ ကြ​လိမ့်​မည်။
וְעָֽבְרוּ֙ גֹּויִ֣ם רַבִּ֔ים עַ֖ל הָעִ֣יר הַזֹּ֑את וְאָֽמְרוּ֙ אִ֣ישׁ אֶל־רֵעֵ֔הוּ עַל־מֶ֨ה עָשָׂ֤ה יְהוָה֙ כָּ֔כָה לָעִ֥יר הַגְּדֹולָ֖ה הַזֹּֽאת׃ 8
``ထို​နောက်​လူ​မျိုး​ခြား​အ​များ​ပင် အ​နီး​မှ ဖြတ်​သန်း​သွား​လာ​ကြ​လျက် ဤ​မြို့​တော် ကြီး​ကို​အ​ဘယ်​ကြောင့်​ငါ​ထာ​ဝ​ရ​ဘု​ရား ဤ​သို့​ဖြို​ဖျက်​စေ​တော်​မူ​ရ​ကြောင်း​ကို သူ တို့​အ​ချင်း​ချင်း​မေး​မြန်း​ကြ​လိမ့်​မည်။-
וְאָ֣מְר֔וּ עַ֚ל אֲשֶׁ֣ר עָֽזְב֔וּ אֶת־בְּרִ֥ית יְהוָ֖ה אֱלֹֽהֵיהֶ֑ם וַיִּֽשְׁתַּחֲו֛וּ לֵאלֹהִ֥ים אֲחֵרִ֖ים וַיַּעַבְדֽוּם׃ ס 9
သင်​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​တည်း​ဟူ သော ငါ​နှင့်​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​စွန့် ပစ်​၍ အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး ကွယ်​ကြ​သ​ဖြင့် ဤ​သို့​ဖြစ်​ရ​ကြောင်း​ကို လည်း​အ​ချင်း​ချင်း​ပြန်​လည်​ပြော​ကြား ကြ​လိမ့်​မည်။
אַל־תִּבְכּ֣וּ לְמֵ֔ת וְאַל־תָּנֻ֖דוּ לֹ֑ו בְּכ֤וּ בָכֹו֙ לַֽהֹלֵ֔ךְ כִּ֣י לֹ֤א יָשׁוּב֙ עֹ֔וד וְרָאָ֖ה אֶת־אֶ֥רֶץ מֹולַדְתֹּֽו׃ ס 10
၁၀ယု​ဒ​ပြည်​သူ​တို့၊ယော​ရှိ​မင်း​အ​တွက်​သင်​တို့ မ​ငို​ကြွေး​ကြ​နှင့်။ သူ​ကွယ်​လွန်​သည့်​အ​တွက်​ဝမ်း​နည်း​ပူ​ဆွေး​မှု မ​ပြု​ကြ​နှင့်။ သို့​ရာ​တွင်​သူ​၏​သား​တော်​ယော​ခတ်​အ​တွက် ပြင်း​ပြ​စွာ​ငို​ကြွေး​ကြ​လော့။ ရန်​သူ​တို့​သည်​သူ့​အား​အ​ပြီး​အ​ပိုင် ခေါ်​ဆောင်​သွား​ကြ​လိမ့်​မည်။ သူ​သည်​မိ​မိ​မွေး​ဖွား​ရာ​အ​ရပ်​ကို နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ပြန်​လည်​တွေ့​မြင် ရ​တော့​မည်​မ​ဟုတ်။
כִּ֣י כֹ֣ה אָֽמַר־יְ֠הוָה אֶל־שַׁלֻּ֨ם בֶּן־יֹאשִׁיָּ֜הוּ מֶ֣לֶךְ יְהוּדָ֗ה הַמֹּלֵךְ֙ תַּ֚חַת יֹאשִׁיָּ֣הוּ אָבִ֔יו אֲשֶׁ֥ר יָצָ֖א מִן־הַמָּקֹ֣ום הַזֶּ֑ה לֹֽא־יָשׁ֥וּב שָׁ֖ם עֹֽוד׃ 11
၁၁ယု​ဒ​ဘု​ရင်​အ​ဖြစ်​ခ​မည်း​တော်​ယော​ရှိ​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​သူ သား​တော်​ယော ခတ်​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ထာ​ဝ​ရ​ဘု​ရား က``သူ​သည်​ဤ​အ​ရပ်​မှ​အ​ပြီး​အ​ပိုင်​ထွက် ခွာ​သွား​လေ​ပြီ။-
כִּ֗י בִּמְקֹ֛ום אֲשֶׁר־הִגְל֥וּ אֹתֹ֖ו שָׁ֣ם יָמ֑וּת וְאֶת־הָאָ֥רֶץ הַזֹּ֖את לֹֽא־יִרְאֶ֥ה עֹֽוד׃ ס 12
၁၂သူ​သည်​ရန်​သူ​တို့​ခေါ်​ဆောင်​သွား​သည့်​ပြည် ၌​ပင်​ကွယ်​လွန်​ရ​လိမ့်​မည်။ နောင်​အ​ဘယ်​အ​ခါ ၌​မျှ​ဤ​ပြည်​ကို​ပြန်​လည်​တွေ့​မြင်​ရ​တော့ မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
הֹ֣וי בֹּנֶ֤ה בֵיתֹו֙ בְּֽלֹא־צֶ֔דֶק וַעֲלִיֹּותָ֖יו בְּלֹ֣א מִשְׁפָּ֑ט בְּרֵעֵ֙הוּ֙ יַעֲבֹ֣ד חִנָּ֔ם וּפֹעֲלֹ֖ו לֹ֥א יִתֶּן־לֹֽו׃ 13
၁၃``မိ​မိ​အိမ်​ကို​မ​တ​ရား​သော​နည်း​ဖြင့်​လည်း ကောင်း၊ မိ​မိ​၏​အ​ထက်​ခန်း​များ​ကို​မ​ရိုး​ဖြောင့်​သော နည်း​ဖြင့်​လည်း​ကောင်း၊တည်​ဆောက်​ကာ၊ မိ​မိ​၏​အိမ်​နီး​ချင်း​များ​အား​အ​ခ​မဲ့​စေ စား​သူ၊ သူ​တို့​၏​လုပ်​အား​ခ​များ​ကို​မ​ပေး​ဘဲ​နေ သူ​သည် အ​မင်္ဂ​လာ​ရှိ​၏။
הָאֹמֵ֗ר אֶבְנֶה־לִּי֙ בֵּ֣ית מִדֹּ֔ות וַעֲלִיֹּ֖ות מְרֻוָּחִ֑ים וְקָ֤רַֽע לֹו֙ חַלֹּונָ֔י וְסָפ֣וּן בָּאָ֔רֶז וּמָשֹׁ֖וחַ בַּשָּׁשַֽׁר׃ 14
၁၄အ​ထက်​ထပ်​တွင်​အ​ခန်း​ကျယ်​ကြီး​များ​နှင့် ငါ​သည်​မိ​မိ​အ​တွက်​နန်း​တော်​ကြီး တစ်​ဆောင်​ကို၊ တည်​ဆောက်​အံ့​ဟု​ဆို​သော​သူ​သည်​အမင်္ဂ​လာ ရှိ​၏။ သူ​သည်​ထို​သို့​ဆို​ပြီး​လျှင်​မိ​မိ​အိမ်​တွင် ပြူ​တင်း​ပေါက်​များ​ကို​ဖောက်​၏။ အာ​ရဇ်​သား​မှန်​ပုံ​များ​ကို​တပ်​၍​အ​နီ​ရောင် ဆေး​ကို​သုတ်​၏။
הֲתִֽמְלֹ֔ךְ כִּ֥י אַתָּ֖ה מְתַחֲרֶ֣ה בָאָ֑רֶז אָבִ֜יךָ הֲלֹ֧וא אָכַ֣ל וְשָׁתָ֗ה וְעָשָׂ֤ה מִשְׁפָּט֙ וּצְדָקָ֔ה אָ֖ז טֹ֥וב לֹֽו׃ 15
၁၅သူ​တစ်​ပါး​တို့​၏​အိမ်​ထက်​ပို​မို​ခမ်း​နား အောင် အာ​ရစ်​သား​ဖြင့်​အိမ်​များ​ကို​တည်​ဆောက် နိုင်​ခြင်း​ကြောင့်၊ သင်​သည်​ပို​၍​ကောင်း​သော​မင်း​ဖြစ်​ပါ​သ​လော။ သင်​၏​ခ​မည်း​တော်​သည်​ပျော်​ရွှင်​စွာ​နေ​ထိုင် လျက် အ​စဉ်​ဖြောင့်​မတ်​၍​တ​ရား​မျှ​တ​၏။ သူ​ပြု​လေ​သ​မျှ​သော​အ​မှု​တို့​တွင်​အောင် မြင်​လေ​သည်။
דָּ֛ן דִּין־עָנִ֥י וְאֶבְיֹ֖ון אָ֣ז טֹ֑וב הֲלֹוא־הִ֛יא הַדַּ֥עַת אֹתִ֖י נְאֻם־יְהוָֽה׃ 16
၁၆သူ​သည်​ဆင်း​ရဲ​ချို့​တဲ့​သူ​တို့​၏​အ​မှု​ကို​တ​ရား မျှ​တ​စွာ​စီ​ရင်​ဆုံး​ဖြတ်​သည်​ဖြစ်​၍ အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​လျက်​ရှိ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ကျွမ်း​ရ​ခြင်း​၏ အ​ကျိုး​ကျေး​ဇူး​ပင်​ဖြစ်​လေ​သည်။
כִּ֣י אֵ֤ין עֵינֶ֙יךָ֙ וְלִבְּךָ֔ כִּ֖י אִם־עַל־בִּצְעֶ֑ךָ וְעַ֤ל דַּֽם־הַנָּקִי֙ לִשְׁפֹּ֔וךְ וְעַל־הָעֹ֥שֶׁק וְעַל־הַמְּרוּצָ֖ה לַעֲשֹֽׂות׃ ס 17
၁၇``သို့​ရာ​တွင်​သင်​မူ​ကား​တစ်​ကိုယ်​ကောင်း​စိတ်​နှင့် မိ​မိ​အ​ကျိုး​ရှိ​မှု​ကို​သာ​လျှင်​စိတ်​ဝင်​စား​၏။ အ​ပြစ်​မဲ့​သူ​တို့​ကို​သတ်​ဖြတ်​၍​မိ​မိ​၏ အ​မျိုး​သား တို့​အား​ပြင်း​ပြင်း​ထန်​ထန်​နှိပ်​စက်​ညှင်း​ပန်း​၏။''
לָכֵ֞ן כֹּֽה־אָמַ֣ר יְהוָ֗ה אֶל־יְהֹויָקִ֤ים בֶּן־יֹאשִׁיָּ֙הוּ֙ מֶ֣לֶךְ יְהוּדָ֔ה לֹא־יִסְפְּד֣וּ לֹ֔ו הֹ֥וי אָחִ֖י וְהֹ֣וי אָחֹ֑ות לֹא־יִסְפְּד֣וּ לֹ֔ו הֹ֥וי אָדֹ֖ון וְהֹ֥וי הֹדֹֽה׃ 18
၁၈သို့​ဖြစ်​၍​ယော​ရှိ​၏​သား​ယု​ဒ​ဘု​ရင် ယော​ယ​ကိမ်​နှင့်​ပတ်​သက်​၍ ထာ​ဝ​ရ​ဘု​ရား​က​မိန့်​တော်​မူ​သည်​မှာ ``သူ​ကွယ်​လွန်​သော​အ​ခါ​၌​ဘယ်​သူ​မျှ ဝမ်း​နည်း ပူ​ဆွေး​မှု​ကို​ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ `အို ဖြစ်​ရ​လေ​ခြင်း၊အ​ဆွေ​တော်၊ ဖြစ်​မှ​ဖြစ်​ရ​လေ​ခြင်း' ဟူ​၍ အ​ဘယ်​သူ​မျှ​မြည်​တမ်း​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​၏​အ​တွက်​အ​ဘယ်​သူ​မျှ​ငို​ကြွေး​မှု​ကို သော်​လည်း​ကောင်း၊ အို အ​ကျွန်ုပ်​၏​သ​ခင်၊အ​ကျွန်ုပ်​၏​ဘု​ရင်​ဟု မြည်​တမ်း​မှု ကို​သော်​လည်း​ကောင်း​ပြု​ကြ​လိမ့်​မည်​မဟုတ်။
קְבוּרַ֥ת חֲמֹ֖ור יִקָּבֵ֑ר סָחֹ֣וב וְהַשְׁלֵ֔ךְ מֵהָ֖לְאָה לְשַׁעֲרֵ֥י יְרוּשָׁלָֽ͏ִם׃ ס 19
၁၉မြည်း​သေ​ကို​မ​သာ​ချသ​ကဲ့​သို့​သူ့​အား​ဆွဲ​ယူ သွား​ကာ ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​ပြင်​သို့​ပစ်​ထုတ်​လိုက်​ကြ လိမ့်​မည်'' ဟူ​၍​ဖြစ်​သည်။
עֲלִ֤י הַלְּבָנֹון֙ וּֽצְעָ֔קִי וּבַבָּשָׁ֖ן תְּנִ֣י קֹולֵ֑ךְ וְצַֽעֲקִי֙ מֵֽעֲבָרִ֔ים כִּ֥י נִשְׁבְּר֖וּ כָּל־מְאַהֲבָֽיִךְ׃ 20
၂၀ယေ​ရု​ရှ​လင်​မြို့​သား​တို့၊သင်​တို့​၏​မ​ဟာ​မိတ် များ​သည် အ​ရေး​ရှုံး​နိမ့်​ကြ​လေ​ပြီ။ သို့​ဖြစ်​၍​သင်​တို့​သည်​လေ​ဗ​နုန်​တောင်​ထိပ်​သို့ တက်​၍ ကြွေး​ကြော်​ကြ​လော့။ ဗာ​ရှန်​ပြည်​သို့​သွား​၍​အော်​ဟစ်​ကြ​လော့။ မော​ဘ​ပြည်​တောင်​များ​ပေါ်​မှ​အ​သံ​ကို လွှင့်​လော့။
דִּבַּ֤רְתִּי אֵלַ֙יִךְ֙ בְּשַׁלְוֹתַ֔יִךְ אָמַ֖רְתְּ לֹ֣א אֶשְׁמָ֑ע זֶ֤ה דַרְכֵּךְ֙ מִנְּעוּרַ֔יִךְ כִּ֥י לֹֽא־שָׁמַ֖עַתְּ בְּקֹולִֽי׃ 21
၂၁သင်​တို့​ကောင်း​စား​စဉ်​အ​ခါ​က​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​အား​သ​တိ​ပေး​ခဲ့​၏။ သို့​ရာ​တွင်​သင်​တို့​သည်​နား​မ​ထောင်​ခဲ့​ကြ။ သင်​တို့​သည်​ငယ်​စဉ်​အ​ခါ​မှ​စ​၍​ဤ အ​တိုင်း​ပင် ပြု​ခဲ့​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို​အ​ဘယ်​အ​ခါ​၌​မျှ နား​မ​ထောင်​လို​ကြ။
כָּל־רֹעַ֙יִךְ֙ תִּרְעֶה־ר֔וּחַ וּֽמְאַהֲבַ֖יִךְ בַּשְּׁבִ֣י יֵלֵ֑כוּ כִּ֣י אָ֤ז תֵּבֹ֙שִׁי֙ וְנִכְלַ֔מְתְּ מִכֹּ֖ל רָעָתֵֽךְ׃ 22
၂၂သင်​တို့​၏​ခေါင်း​ဆောင်​များ​သည်​လေ​တွင်​လွင့်​၍ ပါ​သွား​ကြ​လိမ့်​မည်။ သင်​တို့​၏​မ​ဟာ​မိတ်​များ​သည်​စစ်​သုံ့​ပန်း​များ အ​ဖြစ် အ​ဖမ်း​ခံ​ရ​ကြ​လိမ့်​မည်။ သင်​တို့​ပြု​ကျင့်​ခဲ့​သည့်​မ​ကောင်း​မှု​များ​အ​တွက် သင်​တို့​၏​မြို့​သည်​အ​သ​ရေ​ပျက်​၍ အ​ရှက်​ကွဲ​ရ​လိမ့်​မည်။
יֹשַׁבְתִּי (יֹשַׁבְתְּ֙) בַּלְּבָנֹ֔ון מְקֻנַּנְתִּי (מְקֻנַּ֖נְתְּ) בָּֽאֲרָזִ֑ים מַה־נֵּחַנְתְּ֙ בְּבֹא־לָ֣ךְ חֲבָלִ֔ים חִ֖יל כַּיֹּלֵדָֽה׃ 23
၂၃သင်​တို့​သည်​လေ​ဗ​နုန်​တော​မှ​ယူ​ဆောင်​လာ သည့် အာ​ရစ်​ပင်​များ​၏​အ​လယ်​တွင်​ဘေး​မဲ့​လုံ​ခြုံ​စွာ နေ​ထိုင်​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​သား​ဖွား​သော​အ​မျိုး​သ​မီး​ကဲ့​သို့ ဝေ​ဒ​နာ​ခံ​ရ​ကြ​သော​အ​ခါ သင်​တို့​သည်​အ​ဘယ်​မျှ​သ​နား​စ​ရာ ကောင်း​လိမ့်​မည်​နည်း။
חַי־אָנִי֮ נְאֻם־יְהוָה֒ כִּ֣י אִם־יִהְיֶ֞ה כָּנְיָ֤הוּ בֶן־יְהֹֽויָקִים֙ מֶ֣לֶךְ יְהוּדָ֔ה חֹותָ֖ם עַל־יַ֣ד יְמִינִ֑י כִּ֥י מִשָּׁ֖ם אֶתְּקֶֽנְךָּ׃ 24
၂၄ထာ​ဝ​ရ​ဘု​ရား​သည် ယော​ယ​ကိမ်​၏​သား​ယု​ဒ ဘု​ရင်​ယေ​ခေါ​နိ​အား``အ​ကယ်​၍​သင်​သည်​ငါ ၏​လက်​ယာ​လက်​တွင်​ရှိ​သော​တံ​ဆိပ်​လက်​စွပ်​ပင် ဖြစ်​စေ​ကာ​မူ ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ဖြစ်​သည်​နှင့်​အ​ညီ​သင့်​ကို​ဆွဲ​ချ​၍၊-
וּנְתַתִּ֗יךָ בְּיַד֙ מְבַקְשֵׁ֣י נַפְשֶׁ֔ךָ וּבְיַ֛ד אֲשֶׁר־אַתָּ֥ה יָגֹ֖ור מִפְּנֵיהֶ֑ם וּבְיַ֛ד נְבוּכַדְרֶאצַּ֥ר מֶֽלֶךְ־בָּבֶ֖ל וּבְיַ֥ד הַכַּשְׂדִּֽים׃ 25
၂၅သင်​၏​အ​သက်​ကို​သတ်​လို​သူ​များ၊ သင် ကြောက်​ရွံ့​သူ​များ​၏​လက်​သို့​ပေး​အပ်​မည်။ သင့်​ကို​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ မင်း​နှင့်​သူ​၏​စစ်​သည်​များ​၏​လက်​သို့​ငါ ပေး​အပ်​မည်။-
וְהֵֽטַלְתִּ֣י אֹתְךָ֗ וְאֶֽת־אִמְּךָ֙ אֲשֶׁ֣ר יְלָדַ֔תְךָ עַ֚ל הָאָ֣רֶץ אַחֶ֔רֶת אֲשֶׁ֥ר לֹֽא־יֻלַּדְתֶּ֖ם שָׁ֑ם וְשָׁ֖ם תָּמֽוּתוּ׃ 26
၂၆ငါ​သည်​သင်​နှင့်​သင်​၏​မယ်​တော်​အား သင်​တို့ မွေး​ဖွား​ရာ​ဌာ​န​မ​ဟုတ်​သည့်​ပြည်​သို့​နှင် ထုတ်​မည်။ သင်​တို့​သည်​ထို​ပြည်​တွင်​သေ​ရ ကြ​လိမ့်​မည်။-
וְעַל־הָאָ֗רֶץ אֲשֶׁר־הֵ֛ם מְנַשְּׂאִ֥ים אֶת־נַפְשָׁ֖ם לָשׁ֣וּב שָׁ֑ם שָׁ֖מָּה לֹ֥א יָשֽׁוּבוּ׃ ס 27
၂၇မိ​မိ​တို့​မျှော်​မှန်း​တမ်း​တ​သည့်​ပြည်​သို့ နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ပြန်​လာ​ရ​ကြ လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
הַעֶ֨צֶב נִבְזֶ֜ה נָפ֗וּץ הָאִ֤ישׁ הַזֶּה֙ כָּנְיָ֔הוּ אִ֨ם־כְּלִ֔י אֵ֥ין חֵ֖פֶץ בֹּ֑ו מַדּ֤וּעַ הֽוּטֲלוּ֙ ה֣וּא וְזַרְעֹ֔ו וְהֻ֨שְׁלְכ֔וּ עַל־הָאָ֖רֶץ אֲשֶׁ֥ר לֹא־יָדָֽעוּ׃ 28
၂၈ယေ​ရ​မိ​က``ယေ​ခေါ​နိ​သည် အ​ဘယ်​သူ​မျှ အ​လို​မ​ရှိ​၍​စွန့်​ပစ်​လိုက်​သော အိုး​ကွဲ​ကဲ့ သို့​ဖြစ်​၍​နေ​ပါ​ပြီ​လော။ ထို​ကြောင့်​သူ​နှင့် သူ​၏​သား​သ​မီး​များ​သည် မိ​မိ​တို့​မ​သိ ဘူး​သည့်​ပြည်​သို့​အ​နှင်​ခံ​ရ​ကြ​ပါ သ​လော။''
אֶ֥רֶץ אֶ֖רֶץ אָ֑רֶץ שִׁמְעִ֖י דְּבַר־יְהוָֽה׃ ס 29
၂၉အို ပြည်​တော်၊ အို ပြည်​တော်၊ အို ပြည်​တော်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို​နား​ထောင် လော့။
כֹּ֣ה ׀ אָמַ֣ר יְהוָ֗ה כִּתְב֞וּ אֶת־הָאִ֤ישׁ הַזֶּה֙ עֲרִירִ֔י גֶּ֖בֶר לֹא־יִצְלַ֣ח בְּיָמָ֑יו כִּי֩ לֹ֨א יִצְלַ֜ח מִזַּרְעֹ֗ו אִ֚ישׁ יֹשֵׁב֙ עַל־כִּסֵּ֣א דָוִ֔ד וּמֹשֵׁ֥ל עֹ֖וד בִּיהוּדָֽה׃ 30
၃၀``ဤ​သူ​သည်​သား​မဲ့​သ​မီး​မဲ့​သူ​ဟူ​၍ အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​ပြီ။ အ​ဘယ်​အ​ခါ​၌​မျှ​မ​အောင်​မြင်​သူ​ဟူ​၍​ဖြစ် လိမ့်​မည်။ ဒါ​ဝိဒ်​မင်း​ကို​ဆက်​ခံ​ရန်​ယုဒ​ပြည်​တွင်​စိုး​စံ နိုင်​မည့် သား​မြေး​များ​ကို​မ​ရ​ရှိ​နိုင်​ဖြစ်​ရ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​လေ​ပြီ။

< יִרְמְיָהוּ 22 >