< יְשַׁעְיָהוּ 50 >

כֹּ֣ה ׀ אָמַ֣ר יְהוָ֗ה אֵ֣י זֶ֠ה סֵ֣פֶר כְּרִית֤וּת אִמְּכֶם֙ אֲשֶׁ֣ר שִׁלַּחְתִּ֔יהָ אֹ֚ו מִ֣י מִנֹּושַׁ֔י אֲשֶׁר־מָכַ֥רְתִּי אֶתְכֶ֖ם לֹ֑ו הֵ֤ן בַּעֲוֹנֹֽתֵיכֶם֙ נִמְכַּרְתֶּ֔ם וּבְפִשְׁעֵיכֶ֖ם שֻׁלְּחָ֥ה אִמְּכֶֽם׃ 1
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါလွှတ် လိုက်သော သင်တို့အမိ၏ ဖြတ်စာသည် အဘယ်မှာ ရှိသနည်း။ ငါ၌ကြွေးရှိ၍ အဘယ်မည်သော ကြွေးရှင်ထံ ၌ သင်တို့ကို ငါရောင်းသနည်း။ သင်တို့သည် ကိုယ်ပြု သော ဒုစရိုက်အတွက် ကျွန်ခံရကြ၏။ သင်တို့အပြစ် ကြောင့်၊ သင်တို့အမိကို ငါလွှတ်လိုက်၏။
מַדּ֨וּעַ בָּ֜אתִי וְאֵ֣ין אִ֗ישׁ קָרָֽאתִי֮ וְאֵ֣ין עֹונֶה֒ הֲקָצֹ֨ור קָצְרָ֤ה יָדִי֙ מִפְּד֔וּת וְאִם־אֵֽין־בִּ֥י כֹ֖חַ לְהַצִּ֑יל הֵ֣ן בְּגַעֲרָתִ֞י אַחֲרִ֣יב יָ֗ם אָשִׂ֤ים נְהָרֹות֙ מִדְבָּ֔ר תִּבְאַ֤שׁ דְּגָתָם֙ מֵאֵ֣ין מַ֔יִם וְתָמֹ֖ת בַּצָּמָֽא׃ 2
ငါလာသောအခါ အဘယ်ကြောင့် လူမရှိသ နည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် မထူးသနည်း။ ငါသည် မရွေးမနှုတ်နိုင်အောင် လက်တိုသလော။ ကယ် ချွတ်နိုင်သော တန်ခိုးမရှိသလော။ ကြည့်ရှုလော့။ ငါဆုံးမ သဖြင့် ပင်လယ်ရေသည် ခန်းခြောက်၏။ မြစ်တို့ကို လွင်ပြင်ဖြစ်စေ၏။ ရေမရှိသောကြောင့် ငါးတို့သည် နံကြ၏။ ရေငတ်၍ သေကြ၏။
אַלְבִּ֥ישׁ שָׁמַ֖יִם קַדְר֑וּת וְשַׂ֖ק אָשִׂ֥ים כְּסוּתָֽם׃ ס 3
ငါသည် မိုဃ်းကောင်းကင်ကို နက်သော အဝတ် ဝတ်စေ၍၊ လျှော်တေအဝတ်နှင့် ခြုံ၏။
אֲדֹנָ֣י יְהֹוִ֗ה נָ֤תַן לִי֙ לְשֹׁ֣ון לִמּוּדִ֔ים לָדַ֛עַת לָע֥וּת אֶת־יָעֵ֖ף דָּבָ֑ר יָעִ֣יר ׀ בַּבֹּ֣קֶר בַּבֹּ֗קֶר יָעִ֥יר לִי֙ אֹ֔זֶן לִשְׁמֹ֖עַ כַּלִּמּוּדִֽים׃ 4
ငါသည် ပင်ပန်းသော သူအား မစခြင်းငှါ စကားပြောတတ်မည်အကြောင်း၊ အရှင်ထာဝရဘုရား သည် လူတတ်၏ နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ။ နံနက်အစဉ်အတိုင်း ငါ့ကို နှိုးတော်မူ၏။ စာသင်သော သူကဲ့သို့ နားထောင်စေမည်အကြောင်း ငါ့နားကို နှိုးဆော် တော်မူ၏။
אֲדֹנָ֤י יְהוִה֙ פָּתַֽח־לִ֣י אֹ֔זֶן וְאָנֹכִ֖י לֹ֣א מָרִ֑יתִי אָחֹ֖ור לֹ֥א נְסוּגֹֽתִי׃ 5
အရှင်ထာဝရဘုရားသည် ငါ့နားကို ဖွင့်တော်မူ ၍၊ ငါလည်း မငြင်းမဆန်၊ နောက်သို့မဆုတ်၊
גֵּוִי֙ נָתַ֣תִּי לְמַכִּ֔ים וּלְחָיַ֖י לְמֹֽרְטִ֑ים פָּנַי֙ לֹ֣א הִסְתַּ֔רְתִּי מִכְּלִמֹּ֖ות וָרֹֽק׃ 6
ရိုက်သော သူတို့အား ငါ့ကျောကို၎င်း၊ နားပန်း ဆံကို နှုတ်သောသူတို့အား၊ ငါ့ပါးကို၎င်း ငါအပ်၏။ အရှက်ခွဲခြင်းနှင့် တံထွေးထွေးခြင်းမှ ငါသည် ကိုယ်မျက် နှာကိုမလွှဲ။
וַאדֹנָ֤י יְהוִה֙ יַֽעֲזָר־לִ֔י עַל־כֵּ֖ן לֹ֣א נִכְלָ֑מְתִּי עַל־כֵּ֞ן שַׂ֤מְתִּי פָנַי֙ כַּֽחַלָּמִ֔ישׁ וָאֵדַ֖ע כִּי־לֹ֥א אֵבֹֽושׁ׃ 7
အရှင်ထာဝရဘုရားသည် ငါ့ကို စောင့်မတော်မူ လိမ့်မည်။ ထို့ကြောင့်၊ ငါမရှုံးရသည်ဖြစ်၍၊ ကိုယ်မျက်နှာ ကို မီးကျောက်ကဲ့သို့ ထားလျက်၊ ရှက်ကြောက်ခြင်းသို့ မရောက်ရဟု ငါသိ၏။
קָרֹוב֙ מַצְדִּיקִ֔י מִֽי־יָרִ֥יב אִתִּ֖י נַ֣עַמְדָה יָּ֑חַד מִֽי־בַ֥עַל מִשְׁפָּטִ֖י יִגַּ֥שׁ אֵלָֽי׃ 8
ငါ့ကို အပြစ်လွှတ်သော သူသည် အနီးမှာရှိ၏။ အဘယ်သူသည် ငါနှင့်တရားတွေ့မည်နည်း။ ပြိုင်၍ နေကြကုန်အံ့။ အဘယ်သူသည် ငါနှင့်ရန်ဘက်ပြုမည် နည်း။ ထိုသူသည် ချဉ်းကပ်စေ။
הֵ֣ן אֲדֹנָ֤י יְהוִה֙ יַֽעֲזָר־לִ֔י מִי־ה֖וּא יַרְשִׁיעֵ֑נִי הֵ֤ן כֻּלָּם֙ כַּבֶּ֣גֶד יִבְל֔וּ עָ֖שׁ יֹאכְלֵֽם׃ 9
ကြည့်ရှုလော့။ အရှင်ထာဝရဘုရားသည် ငါ့ကို စောင့်မတော်မူမည်။ အဘယ်သူသည် ငါ့ကို တရားရှုံးစေ မည်နည်း။ ထိုသို့သော သူအပေါင်းတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ ရောက်ကြလိမ့်မည်။ ပိုးကိုက်စားခြင်း ကိုလည်း ခံရကြလိမ့်မည်။
מִ֤י בָכֶם֙ יְרֵ֣א יְהוָ֔ה שֹׁמֵ֖עַ בְּקֹ֣ול עַבְדֹּ֑ו אֲשֶׁ֣ר ׀ הָלַ֣ךְ חֲשֵׁכִ֗ים וְאֵ֥ין נֹ֙גַהּ֙ לֹ֔ו יִבְטַח֙ בְּשֵׁ֣ם יְהוָ֔ה וְיִשָּׁעֵ֖ן בֵּאלֹהָֽיו׃ 10
၁၀သင်တို့တွင် အဘယ်သူသည် ထာဝရဘုရားကို ကြောက်ရွံ့သနည်း။ ထိုသူသည် ကိုယ်တော်ကျွန်၏ စကားသံကို နားထောင်ပါစေ။ အဘယ်သူသည် အလင်း မရှိဘဲ မှောင်မိုက်၌သွားလာသနည်း။ ထိုသူသည် ထာဝရ ဘုရား၏ နာမတော်ကို ခိုလှုံ၍၊ မိမိဘုရားသခင်ကို အမှီ ပြုပါစေ။
הֵ֧ן כֻּלְּכֶ֛ם קֹ֥דְחֵי אֵ֖שׁ מְאַזְּרֵ֣י זִיקֹ֑ות לְכ֣וּ ׀ בְּא֣וּר אֶשְׁכֶ֗ם וּבְזִיקֹות֙ בִּֽעַרְתֶּ֔ם מִיָּדִי֙ הָיְתָה־זֹּ֣את לָכֶ֔ם לְמַעֲצֵבָ֖ה תִּשְׁכָּבֽוּן׃ פ 11
၁၁မီးကိုညှိ၍ မိမိတို့ကို မီးပွားတို့နှင့် ဝန်းရံစေသော သူအပေါင်းတို့၊ သင်တို့မီး၏အလင်း၌၎င်း၊ သင်တို့ ပြုစု သော မီးစများ၌၎င်း သွားလာကြလော့။ ငါ့လက်၌ ခံရ သော အကျိုးဟူမူကား၊ သင်တို့သည် ဝမ်းနည်းလျက် အိပ်ရကြလိမ့်မည်။

< יְשַׁעְיָהוּ 50 >