< יְשַׁעְיָהוּ 35 >

יְשֻׂשׂ֥וּם מִדְבָּ֖ר וְצִיָּ֑ה וְתָגֵ֧ל עֲרָבָ֛ה וְתִפְרַ֖ח כַּחֲבַצָּֽלֶת׃ 1
တောနှင့် လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသော အရပ်သည်လည်း ရွှင်လန်း၍၊ နှင်းပွင့်ကဲ့ သို့အပွင့် ပွင့်လိမ့်မည်။
פָּרֹ֨חַ תִּפְרַ֜ח וְתָגֵ֗ל אַ֚ף גִּילַ֣ת וְרַנֵּ֔ן כְּבֹ֤וד הַלְּבָנֹון֙ נִתַּן־לָ֔הּ הֲדַ֥ר הַכַּרְמֶ֖ל וְהַשָּׁרֹ֑ון הֵ֛מָּה יִרְא֥וּ כְבֹוד־יְהוָ֖ה הֲדַ֥ר אֱלֹהֵֽינוּ׃ ס 2
အလွန်ပွင့်လန်း၍ဝမ်းမြောက်ခြင်း၊ သီချင်းဆို ခြင်းနှင့် တကွ မြူးထူးလိမ့်မည်။ လေဗနုန်တောင်၏ ဘုန်း နှင့်၎င်း၊ ကရမေလတောင်၊ ရှာရုန်အရပ်တို့၏ တင့်တယ် ခြင်း အသရေနှင့်၎င်း ပြည့်စုံလိမ့်မည်။ ထာဝရဘုရား၏ ဘုန်းတော်ကို၎င်း၊ ငါတို့ဘုရားသခင်၏ တန်ခိုးအာနု ဘော်တော်ကို၎င်း မြင်ရကြလိမ့်မည်။
חַזְּק֖וּ יָדַ֣יִם רָפֹ֑ות וּבִרְכַּ֥יִם כֹּשְׁלֹ֖ות אַמֵּֽצוּ׃ 3
အားမရှိသောလက်တို့ကို ခိုင်ခံ့စေကြလော့။ လှုပ်တတ်သော ဒူးတို့ကို မြဲမြံစေကြလော့။
אִמְרוּ֙ לְנִמְהֲרֵי־לֵ֔ב חִזְק֖וּ אַל־תִּירָ֑אוּ הִנֵּ֤ה אֱלֹֽהֵיכֶם֙ נָקָ֣ם יָבֹ֔וא גְּמ֣וּל אֱלֹהִ֔ים ה֥וּא יָבֹ֖וא וְיֹשַׁעֲכֶֽם׃ 4
အားယူကြလော့၊ မစိုးရိမ်ကြနှင့်ဟု ကြောက် တတ်သော သူတို့အား ဆိုကြလော့။ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်သည် အပြစ်ပေးလျက်၊ ဒဏ်စီ ရင်လျက်ကြွလာတော်မူလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် ကြွလာ၍၊ သင်တို့ကို ကယ်တင်တော်မူ လိမ့်မည်။
אָ֥ז תִּפָּקַ֖חְנָה עֵינֵ֣י עִוְרִ֑ים וְאָזְנֵ֥י חֵרְשִׁ֖ים תִּפָּתַֽחְנָה׃ 5
ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့် လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်း နှင့် လွတ်ကြလိမ့်မည်။
אָ֣ז יְדַלֵּ֤ג כָּֽאַיָּל֙ פִּסֵּ֔חַ וְתָרֹ֖ן לְשֹׁ֣ון אִלֵּ֑ם כִּֽי־נִבְקְע֤וּ בַמִּדְבָּר֙ מַ֔יִם וּנְחָלִ֖ים בָּעֲרָבָֽה׃ 6
ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့် မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။ အကြောင်းမူကား၊ တော၌စမ်းရေထွက်၍၊ လွင်ပြင်၌မြစ် ရေစီးလိမ့်မည်။
וְהָיָ֤ה הַשָּׁרָב֙ לַאֲגַ֔ם וְצִמָּאֹ֖ון לְמַבּ֣וּעֵי מָ֑יִם בִּנְוֵ֤ה תַנִּים֙ רִבְצָ֔הּ חָצִ֖יר לְקָנֶ֥ה וָגֹֽמֶא׃ 7
တံလျှပ်သည် ရေကန်ဖြစ်လိမ့်မည်။ သွေ့ ခြောက်သောမြေသည် စမ်းရေတွင်းဖြစ်လိမ့်မည်။ မြေခွေး အိပ်ရာနေရာ၌ ကျူပင်နှင့် ဂမာပင်အစား၊ မြက်ပင် ပေါက်လိမ့်မည်။
וְהָיָה־שָׁ֞ם מַסְל֣וּל וָדֶ֗רֶךְ וְדֶ֤רֶךְ הַקֹּ֙דֶשׁ֙ יִקָּ֣רֵא לָ֔הּ לֹֽא־יַעַבְרֶ֥נּוּ טָמֵ֖א וְהוּא־לָ֑מֹו הֹלֵ֥ךְ דֶּ֛רֶךְ וֶאֱוִילִ֖ים לֹ֥א יִתְעֽוּ׃ 8
ထိုအရပ်၌ လမ်းမကြီး ရှိလိမ့်မည်။ ထိုလမ်းကို သန့်ရှင်းရာလမ်းဟု သမုတ်ကြလိမ့်မည်။ မစင်ကြယ် သောသူသည် ထိုလမ်းကို မရှောက်မသွားရ။ သွားသော သူတို့နှင့်အတူ ကိုယ်တော်တိုင်ခရီးသွားလျက် ရှိတော်မူ သည်ဖြစ်၍၊ မိုက်သောသူသော်လည်း လမ်းမလွဲရ။
לֹא־יִהְיֶ֨ה שָׁ֜ם אַרְיֵ֗ה וּפְרִ֤יץ חַיֹּות֙ בַּֽל־יַעֲלֶ֔נָּה לֹ֥א תִמָּצֵ֖א שָׁ֑ם וְהָלְכ֖וּ גְּאוּלִֽים׃ 9
ထိုလမ်း၌ ခြင်္သေ့မရှိရ။ သားရဲတကောင်မျှ မ တက်မလာရ။ ရှာ၍ မတွေ့ရ။ ရွေးနှုတ်သောသူတို့သာ လျှင် ခရီးသွားကြလိမ့်မည်။
וּפְדוּיֵ֨י יְהוָ֜ה יְשֻׁב֗וּן וּבָ֤אוּ צִיֹּון֙ בְּרִנָּ֔ה וְשִׂמְחַ֥ת עֹולָ֖ם עַל־רֹאשָׁ֑ם שָׂשֹׂ֤ון וְשִׂמְחָה֙ יַשִּׂ֔יגוּ וְנָ֖סוּ יָגֹ֥ון וַאֲנָחָֽה׃ פ 10
၁၀ထာဝရဘုရား ကယ်လွှတ်တော်မူသောသူတို့ သည် ပြန်လာ၍၊ သီချင်းဆိုလျက်၊ ထာဝရဝမ်းမြောက် ခြင်း သရဖူကို ဆောင်းလျက်၊ဇိအုန်မြို့သို့ ရောက်ကြလိမ့် မည်။ ဝမ်းမြောက်ရွှင်လန်းခြင်း အခွင့်ကို ရကြ၍၊ဝမ်း မြောက်ခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့် မည်။

< יְשַׁעְיָהוּ 35 >