< יְשַׁעְיָהוּ 21 >

מַשָּׂ֖א מִדְבַּר־יָ֑ם כְּסוּפֹ֤ות בַּנֶּ֙גֶב֙ לַֽחֲלֹ֔ף מִמִּדְבָּ֣ר בָּ֔א מֵאֶ֖רֶץ נֹורָאָֽה׃ 1
ရေလွှမ်းမိုးသော တောနှင့်ဆိုင်သော ဗျာဒိတ် တော်ကား၊ တောင်လေမုန်တိုင်းတိုက်သကဲ့သို့ ကြောက် မက်ဘွယ်သော ပြည်၊ တောကြီးမှလာ၏။
חָז֥וּת קָשָׁ֖ה הֻגַּד־לִ֑י הַבֹּוגֵ֤ד ׀ בֹּוגֵד֙ וְהַשֹּׁודֵ֣ד ׀ שֹׁודֵ֔ד עֲלִ֤י עֵילָם֙ צוּרִ֣י מָדַ֔י כָּל־אַנְחָתָ֖ה הִשְׁבַּֽתִּי׃ 2
ကြောက်မက်ဘွယ်သော ရူပါရုံကို ငါမြင်ရ၏။ လုယူတတ်သောသူသည် ဖျက်ဆီး၏။ ဧလံပြည်သားတို့၊ တက်သွားကြလော့။ မေဒိပြည်သားတို့၊ မြို့ကိုဝိုင်းထားကြ လော့။ ထိုမြို့ကြောင့်၊ သူတပါးညည်းတွားခြင်းရှိသမျှကို ငါငြိမ်းစေ၏။
עַל־כֵּ֗ן מָלְא֤וּ מָתְנַי֙ חַלְחָלָ֔ה צִירִ֣ים אֲחָז֔וּנִי כְּצִירֵ֖י יֹֽולֵדָ֑ה נַעֲוֵ֣יתִי מִשְּׁמֹ֔עַ נִבְהַ֖לְתִּי מֵרְאֹֽות׃ 3
ထို့ကြောင့်၊ ငါသည် ခါးနာလှ၏။ သားဘွား သော မိန်းမခံရသကဲ့သို့ ဝေဒနာကိုခံရ၏။ နားမကြားနိုင် အောင် ပြင်းထန်စွာခံရ၏။ မျက်စိမမြင်နိုင်အောင် မှိုင်တွေလျက်ရှိ၏။
תָּעָ֣ה לְבָבִ֔י פַּלָּצ֖וּת בִּֽעֲתָ֑תְנִי אֵ֚ת נֶ֣שֶׁף חִשְׁקִ֔י שָׂ֥ם לִ֖י לַחֲרָדָֽה׃ 4
ငါ့စိတ်နှလုံးသည် မူးလျက်ရှိ၏။ ကြောက်မက် ဘွယ်သော အရာဖြင့် ငါသည်ထိတ်လန့်လျက်ရှိ၏။ ငါပျော်မွေ့သောညဉ့်ကိုဘေးနှင့် ပြည့်စုံစေတော်မူ၏။
עָרֹ֧ךְ הַשֻּׁלְחָ֛ן צָפֹ֥ה הַצָּפִ֖ית אָכֹ֣ול שָׁתֹ֑ה ק֥וּמוּ הַשָּׂרִ֖ים מִשְׁח֥וּ מָגֵֽן׃ פ 5
စားပွဲကိုပြင်ပြီ။ ကင်းစောင့်ကို ထားပြီ။ စားသောက်လျက်နေကြပြီ။ အိုမင်းများတို့၊ ထကြ၊ လွှားကို ဆီလောင်းကြ။
כִּ֣י כֹ֥ה אָמַ֛ר אֵלַ֖י אֲדֹנָ֑י לֵ֚ךְ הַעֲמֵ֣ד הַֽמְצַפֶּ֔ה אֲשֶׁ֥ר יִרְאֶ֖ה יַגִּֽיד׃ 6
အကြောင်းမူကား၊ ဘုရားရှင်က၊ သင်သွား၍ ကင်းစောင့်ကိုထားလော့။ မြင်သည့်အတိုင်းပြော စေ လော့ဟု ငါ့အားမိန့်တော်မူ၏။
וְרָ֣אָה רֶ֗כֶב צֶ֚מֶד פָּֽרָשִׁ֔ים רֶ֥כֶב חֲמֹ֖ור רֶ֣כֶב גָּמָ֑ל וְהִקְשִׁ֥יב קֶ֖שֶׁב רַב־קָֽשֶׁב׃ 7
ကင်းစောင့်သည်လည်း၊နှစ်စီးစီ နှစ်စီးစီ ချီလာ သော မြင်းတပ်တတပ်၊ မြည်းတပ်တတပ်၊ ကုလားအုပ် တပ်တတပ်ကို မြင်၍၊ သတိနှင့် စေ့စေ့ကြည့်ရှု နားထောင် ပြီးလျှင်၊
וַיִּקְרָ֖א אַרְיֵ֑ה עַל־מִצְפֶּ֣ה ׀ אֲדֹנָ֗י אָנֹכִ֞י עֹמֵ֤ד תָּמִיד֙ יֹומָ֔ם וְעַל־מִ֨שְׁמַרְתִּ֔י אָנֹכִ֥י נִצָּ֖ב כָּל־הַלֵּילֹֽות׃ 8
သခင်၊ကျွန်တော်သည် နေ့အချိန်၌ ကင်းမျှော် စင်ပေါ်မှာ အစဉ်ရပ်၍၊ တညဉ့်လုံး၌လည်း ကင်းစောင့် လျက်နေပါ၏။
וְהִנֵּה־זֶ֥ה בָא֙ רֶ֣כֶב אִ֔ישׁ צֶ֖מֶד פָּֽרָשִׁ֑ים וַיַּ֣עַן וַיֹּ֗אמֶר נָפְלָ֤ה נָֽפְלָה֙ בָּבֶ֔ל וְכָל־פְּסִילֵ֥י אֱלֹהֶ֖יהָ שִׁבַּ֥ר לָאָֽרֶץ׃ 9
ယခုမှာ နှစ်စီးစီ နှစ်စီးစီ ချီလာသော မြင်းစီးသူ ရဲတပ်ကို မြင်ပါသည်ဟု ခြင်္သေ့ကဲ့သို့ ကြွေးကြော်၏။ သူ ကလည်း၊ ဗာဗုလုန်မြို့ပြိုလဲပြီ၊ ပြိုလဲပြီ၊ သူ၏ဘုရားရုပ်တု ဆင်းတု ရှိသမျှတို့သည် မြေပေါ်မှာ ကျိုးပဲ့လျက် ရှိကြ ပါသည်ဟု ထပ်၍ဆိုလေ၏။
מְדֻשָׁתִ֖י וּבֶן־גָּרְנִ֑י אֲשֶׁ֣ר שָׁמַ֗עְתִּי מֵאֵ֨ת יְהוָ֧ה צְבָאֹ֛ות אֱלֹהֵ֥י יִשְׂרָאֵ֖ל הִגַּ֥דְתִּי לָכֶֽם׃ ס 10
၁၀ငါနင်းနယ်၍ ငါ့တလင်းပြင်မှ ထွက်သောစပါး၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၊ ဣသရေလ အမျိုး၏ ဘုရား သခင်မိန့်တော်မူသည်ကို ငါကြားရသည် အတိုင်း၊ သင်တို့အား ငါဆင့်ဆိုသတည်း။
מַשָּׂ֖א דּוּמָ֑ה אֵלַי֙ קֹרֵ֣א מִשֵּׂעִ֔יר שֹׁמֵר֙ מַה־מִלַּ֔יְלָה שֹׁמֵ֖ר מַה־מִלֵּֽיל׃ 11
၁၁ဒုမာပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ အိုကင်းစောင့်၊ ညဉ့်အမှုကား အဘယ်သို့နည်း။ အိုကင်း စောင့်၊ ညဉ့်အမှုကား အဘယ်သို့နည်းဟု စိရ တောင် ပေါ်က ငါ့ကို ဟစ်ခေါ်လေ၏။
אָמַ֣ר שֹׁמֵ֔ר אָתָ֥ה בֹ֖קֶר וְגַם־לָ֑יְלָה אִם־תִּבְעָי֥וּן בְּעָ֖יוּ שֻׁ֥בוּ אֵתָֽיוּ׃ ס 12
၁၂ကင်းစောင့်ကလည်း၊ နံနက်သည်လာ၏။ ညဉ့် လည်းလာ၏။ သင်တို့သည် မေးမြန်းလိုလျှင် မေးမြန်း ကြ။ ပြန်သွားကြ။ တဖန် လာကြဟု ဆိုလေ၏။
מַשָּׂ֖א בַּעְרָ֑ב בַּיַּ֤עַר בַּעְרַב֙ תָּלִ֔ינוּ אֹֽרְחֹ֖ות דְּדָנִֽים׃ 13
၁၃အာရပ်ပြည်နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ခရီးသွားသော ဒေဒန် လူစုတို့၊ သင်တို့သည် အာရပ်တော မှာ ညဉ့်ကို လွန်စေရကြမည်။
לִקְרַ֥את צָמֵ֖א הֵתָ֣יוּ מָ֑יִם יֹשְׁבֵי֙ אֶ֣רֶץ תֵּימָ֔א בְּלַחְמֹ֖ו קִדְּמ֥וּ נֹדֵֽד׃ 14
၁၄တေမပြည်သားတို့၊ ရေငတ်သောသူ အဘို့ ရေကို ယူခဲ့ကြ၏။ ပြေးသောသူကို မုန့်နှင့်ဆီး၍ ကြိုကြ၏။
כִּֽי־מִפְּנֵ֥י חֲרָבֹ֖ות נָדָ֑דוּ מִפְּנֵ֣י ׀ חֶ֣רֶב נְטוּשָׁ֗ה וּמִפְּנֵי֙ קֶ֣שֶׁת דְּרוּכָ֔ה וּמִפְּנֵ֖י כֹּ֥בֶד מִלְחָמָֽה׃ ס 15
၁၅အကြောင်းမူကား၊ သူတို့သည် ထားဘေးမှ၎င်း၊ ထုတ်သောထား၊ တင်သောလေး၊ အလွန်ခက်သော စစ်မှု မှ၎င်းပြေးကြ၏။
כִּי־כֹ֛ה אָמַ֥ר אֲדֹנָ֖י אֵלָ֑י בְּעֹ֤וד שָׁנָה֙ כִּשְׁנֵ֣י שָׂכִ֔יר וְכָלָ֖ה כָּל־כְּבֹ֥וד קֵדָֽר׃ 16
၁၆ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည် ကား၊ အခစားသောသူရေတွက်သည်အတိုင်း၊ တနှစ်တွင် ကေဒါမြို့၏ ဘုန်းအသရေ ရှိသမျှ ကွယ်ပျောက်၍၊
וּשְׁאָ֧ר מִסְפַּר־קֶ֛שֶׁת גִּבֹּורֵ֥י בְנֵֽי־קֵדָ֖ר יִמְעָ֑טוּ כִּ֛י יְהוָ֥ה אֱלֹהֵֽי־יִשְׂרָאֵ֖ל דִּבֵּֽר׃ ס 17
၁၇ကျန်ကြွင်းသော ကေဒါအမျိုးသား၊ လေးစွဲသူရဲ တို့သည် အလွန် နည်းကြလိမ့်မည်ဟု၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ၏။

< יְשַׁעְיָהוּ 21 >