< יְשַׁעְיָהוּ 10 >
הֹ֥וי הַחֹֽקְקִ֖ים חִקְקֵי־אָ֑וֶן וּֽמְכַתְּבִ֥ים עָמָ֖ל כִּתֵּֽבוּ׃ | 1 |
၁သင်တို့သည်အမင်္ဂလာရှိကြ၏။ ငါ၏လူမျိုး တော်အားနှိပ်စက်ညှင်းဆဲရန်မတရားသည့် ဥပဒေများကိုထုတ်ကြ၏။-
לְהַטֹּ֤ות מִדִּין֙ דַּלִּ֔ים וְלִגְזֹ֕ל מִשְׁפַּ֖ט עֲנִיֵּ֣י עַמִּ֑י לִהְיֹ֤ות אַלְמָנֹות֙ שְׁלָלָ֔ם וְאֶת־יְתֹומִ֖ים יָבֹֽזּוּ׃ | 2 |
၂ဤနည်းအားဖြင့်သင်တို့သည်ဆင်းရဲသူတို့ အား မိမိတို့ရပိုင်ခွင့်များကိုမရရှိကြ စေရန်၊ တရားသဖြင့်သင်တို့သည်စီရင် ဆုံးဖြတ်မှုများကိုမခံရကြစေရန်ပြု ကြ၏။ မုဆိုးမများနှင့်မိဘမဲ့သူတို့၏ ဥစ္စာပစ္စည်းများကိုလည်းသိမ်းယူကြ၏။-
וּמַֽה־תַּעֲשׂוּ֙ לְיֹ֣ום פְּקֻדָּ֔ה וּלְשֹׁואָ֖ה מִמֶּרְחָ֣ק תָּבֹ֑וא עַל־מִי֙ תָּנ֣וּסוּ לְעֶזְרָ֔ה וְאָ֥נָה תַעַזְב֖וּ כְּבֹודְכֶֽם׃ | 3 |
၃သင်တို့အားဘုရားသခင်အပြစ်ဒဏ်ခတ် တော်မူသောအခါ သင်တို့အဘယ်သို့ပြု ကြပါမည်နည်း။ ကိုယ်တော်သည်သင်တို့အား ရပ်ဝေးဒေသမှဘေးအန္တရာယ်ဆိုးနှင့်တွေ့ ကြုံစေတော်မူသောအခါ၊ သင်တို့အဘယ် သို့ပြုကြပါမည်နည်း။ အကူအညီတောင်း ခံရန်အဘယ်သူထံသို့ပြေးကြပါမည်နည်း။ မိမိတို့၏စည်းစိမ်ဥစ္စာများကိုအဘယ်မှာ သိုဝှက်ထားကြပါမည်နည်း။-
בִּלְתִּ֤י כָרַע֙ תַּ֣חַת אַסִּ֔יר וְתַ֥חַת הֲרוּגִ֖ים יִפֹּ֑לוּ בְּכָל־זֹאת֙ לֹא־שָׁ֣ב אַפֹּ֔ו וְעֹ֖וד יָדֹ֥ו נְטוּיָֽה׃ ס | 4 |
၄သင်တို့သည်တိုက်ပွဲတွင်ကျဆုံးရကြလိမ့် မည်။ သို့မဟုတ်လျှင်လည်းသုံ့ပန်းများအဖြစ် ဖြင့် ဆွဲသွားခြင်းကိုခံရကြလိမ့်မည်။ သို့နှင့် လည်းထာဝရဘုရားသည်အမျက်တော် မပြေဘဲအပြစ်ဒဏ်ခတ်တော်မူရန် လက် တော်ကိုချိန်ရွယ်လျက်ပင်ထားတော်မူ လိမ့်မည်။
הֹ֥וי אַשּׁ֖וּר שֵׁ֣בֶט אַפִּ֑י וּמַטֶּה־ה֥וּא בְיָדָ֖ם זַעְמִֽי׃ | 5 |
၅ထာဝရဘုရားက``အို အာရှုရိအမျိုးသား တို့၊ ငါအမျက်ထွက်သောသူတို့အားအာရှုရိ အမျိုးသားတို့ကိုတင်းပုတ်အဖြစ်ဖြင့်ငါ အသုံးပြုမည်။-
בְּגֹ֤וי חָנֵף֙ אֲשַׁלְּחֶ֔נּוּ וְעַל־עַ֥ם עֶבְרָתִ֖י אֲצַוֶּ֑נּוּ לִשְׁלֹ֤ל שָׁלָל֙ וְלָבֹ֣ז בַּ֔ז וּלְשִׂימֹו (וּלְשׂוּמֹ֥ו) מִרְמָ֖ס כְּחֹ֥מֶר חוּצֹֽות׃ | 6 |
၆ဘုရားမဲ့လူမျိုး၊ ငါ၏အမျက်တော်ကိုလှုံ့ ဆော်ပေးသည့်လူတို့အားတိုက်ခိုက်ရန်အာ ရှုရိအမျိုးသားတို့ကိုငါစေလွှတ်ခဲ့၏။ သူတို့သည်လုယက်ခိုးဝှက်ကာထိုလူစုကို မြေမှုန့်သဖွယ် လမ်းများပေါ်တွင်ကျော်နင်း ကြစေရန်ငါစေလွှတ်ခဲ့သတည်း'' ဟု မိန့်တော်မူ၏။
וְהוּא֙ לֹא־כֵ֣ן יְדַמֶּ֔ה וּלְבָבֹ֖ו לֹא־כֵ֣ן יַחְשֹׁ֑ב כִּ֚י לְהַשְׁמִ֣יד בִּלְבָבֹ֔ו וּלְהַכְרִ֥ית גֹּויִ֖ם לֹ֥א מְעָֽט׃ | 7 |
၇သို့ရာတွင်အာရှုရိဘုရင်သည်အကြမ်းဖက် လိုသဖြင့် မိမိကိုယ်ပိုင်အကြံအစည်များ ကိုပြုလုပ်ထားလေသည်။ သူသည်တိုင်းနိုင်ငံ အမြောက်အမြားကိုဖျက်ဆီးပစ်ရန်သန္နိ ဋ္ဌာန်ချကာ၊-
כִּ֖י יֹאמַ֑ר הֲלֹ֥א שָׂרַ֛י יַחְדָּ֖ו מְלָכִֽים׃ | 8 |
၈``ငါ၏တပ်မှူးမှန်သမျှတို့သည်ဘုရင် များဖြစ်ကြပါသည်တကား။-
הֲלֹ֥א כְּכַרְכְּמִ֖ישׁ כַּלְנֹ֑ו אִם־לֹ֤א כְאַרְפַּד֙ חֲמָ֔ת אִם־לֹ֥א כְדַמֶּ֖שֶׂק שֹׁמְרֹֽון׃ | 9 |
၉ကာလနောမြို့နှင့်ခါခေမိတ်မြို့၊ ဟာမတ်မြို့ နှင့်အာပဒ်မြို့၊ ရှမာရိမြို့နှင့်ဒမာသက်မြို့ တို့ကိုငါနှိမ်နင်းခဲ့၏။-
כַּאֲשֶׁר֙ מָצְאָ֣ה יָדִ֔י לְמַמְלְכֹ֖ת הָאֱלִ֑יל וּפְסִ֣ילֵיהֶ֔ם מִירֽוּשָׁלַ֖͏ִם וּמִשֹּׁמְרֹֽון׃ | 10 |
၁၀ရုပ်တုကိုးကွယ်သည့်တိုင်းပြည်များကိုအပြစ် ဒဏ်ပေးရန် ငါသွားရောက်ခဲ့၏။ ထိုတိုင်းပြည် တွင် ယေရုရှလင်မြို့နှင့်ဒမာသက်မြို့များ မှာထက် ရုပ်တုဆင်းတုပေါများသည်သာ တည်း။-
הֲלֹ֗א כַּאֲשֶׁ֥ר עָשִׂ֛יתִי לְשֹׁמְרֹ֖ון וְלֶאֱלִילֶ֑יהָ כֵּ֛ן אֶעֱשֶׂ֥ה לִירוּשָׁלַ֖͏ִם וְלַעֲצַבֶּֽיהָ׃ ס | 11 |
၁၁ရှမာရိမြို့ကိုရုပ်တုဆင်းတုများနှင့်တကွ ငါ သုတ်သင်ဖျက်ဆီးပြီးလေပြီ။ ယေရုရှလင် မြို့နှင့်ထိုမြို့သားတို့ဝတ်ပြုကိုးကွယ်သည့် ရုပ်တုများကိုလည်း ထိုနည်းတူငါပြုမည်'' ဟုဝါကြွား၏။
וְהָיָ֗ה כִּֽי־יְבַצַּ֤ע אֲדֹנָי֙ אֶת־כָּל־מֽ͏ַעֲשֵׂ֔הוּ בְּהַ֥ר צִיֹּ֖ון וּבִירוּשָׁלָ֑͏ִם אֶפְקֹ֗ד עַל־פְּרִי־גֹ֙דֶל֙ לְבַ֣ב מֶֽלֶךְ־אַשּׁ֔וּר וְעַל־תִּפְאֶ֖רֶת ר֥וּם עֵינָֽיו׃ | 12 |
၁၂သို့ရာတွင်ထာဝရဘုရားက``ငါသည်ဇိအုန် တောင်နှင့်ယေရုရှလင်မြို့တွင်ဆောင်ရွက်ရန် အမှုပြီးစီးသောအခါ၊ အာရှုရိဘုရင် အား မိမိ၏ဝါကြွားမှုနှင့်မာန်မာနကြီး မှုတို့အတွက်အပြစ်ဒဏ်ခတ်မည်'' ဟုမိန့် တော်မူ၏။
כִּ֣י אָמַ֗ר בְּכֹ֤חַ יָדִי֙ עָשִׂ֔יתִי וּבְחָכְמָתִ֖י כִּ֣י נְבֻנֹ֑ותִי וְאָסִ֣יר ׀ גְּבוּלֹ֣ת עַמִּ֗ים וַעֲתִידֹתֵיהֶם (וַעֲתוּדֹֽותֵיהֶם֙) שֹׁושֵׂ֔תִי וְאֹורִ֥יד כַּאבִּ֖יר יֹושְׁבִֽים׃ | 13 |
၁၃အာရှုရိဘုရင်က``ဤအမှုကိုငါကိုယ်တိုင် ပြုခဲ့၏။ ငါသည်ခွန်အားကြီး၏။ ပညာရှိ၍ တတ်သိလိမ္မာ၏။ တိုင်းနိုင်ငံတို့၏နယ်နိမိတ် ကိုဖယ်ရှားပြီးလျှင် သူတို့သိုလှောင်ထားသည့် ရိက္ခာများကိုသိမ်းယူခဲ့၏။ ထိုတိုင်းနိုင်ငံ များတွင်နေထိုင်သူတို့အား ငါသည်နွား နင်းသကဲ့သို့နင်းချေပစ်ခဲ့၏။-
וַתִּמְצָ֨א כַקֵּ֤ן ׀ יָדִי֙ לְחֵ֣יל הָֽעַמִּ֔ים וְכֶאֱסֹף֙ בֵּיצִ֣ים עֲזֻבֹ֔ות כָּל־הָאָ֖רֶץ אֲנִ֣י אָסָ֑פְתִּי וְלֹ֤א הָיָה֙ נֹדֵ֣ד כָּנָ֔ף וּפֹצֶ֥ה פֶ֖ה וּמְצַפְצֵֽף׃ | 14 |
၁၄ကမ္ဘာပေါ်ရှိတိုင်းနိုင်ငံတို့သည်ငှက်သိုက်နှင့် တူ၍ ငါသည်ထိုနိုင်ငံတို့၏စည်းစိမ်ဥစ္စာကို ငှက်ဥများသဖွယ်လွယ်ကူစွာသိမ်းယူခဲ့ လေပြီ။ အဘယ်သူမျှအတောင်ကိုမခတ်၊ ပါးစပ်ကိုမဟရဲကြဟုဝါကြွားလေ သည်။
הֲיִתְפָּאֵר֙ הַגַּרְזֶ֔ן עַ֖ל הַחֹצֵ֣ב בֹּ֑ו אִם־יִתְגַּדֵּ֤ל הַמַּשֹּׂור֙ עַל־מְנִיפֹ֔ו כְּהָנִ֥יף שֵׁ֙בֶט֙ וְאֶת־מְרִימָ֔יו כְּהָרִ֥ים מַטֶּ֖ה לֹא־עֵֽץ׃ | 15 |
၁၅သို့ရာတွင်ထာဝရဘုရားက``ပုဆိန်သည် မိမိကိုအသုံးပြုသူထက်ကြီးမြတ်သည် ဟုဆိုနိုင်ပါမည်လော။ လွှသည်လည်းမိမိ ကိုကိုင်၍တိုက်သူထက်အရေးပါအရာ ရောက်သည်ဟုဆိုနိုင်ပါမည်လော။ တင်းပုတ် ကလူကိုကိုင်သည်မဟုတ်၊ လူကတင်းပုတ် ကိုကိုင်သတည်း'' ဟုမိန့်တော်မူ၏။
לָ֠כֵן יְשַׁלַּ֨ח הָאָדֹ֜ון יְהוָ֧ה צְבָאֹ֛ות בְּמִשְׁמַנָּ֖יו רָזֹ֑ון וְתַ֧חַת כְּבֹדֹ֛ו יֵקַ֥ד יְקֹ֖ד כִּיקֹ֥וד אֵֽשׁ׃ | 16 |
၁၆အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ယခု အခါဝလင်စွာစားရကြသူတို့အားအပြစ် ဒဏ်ခတ်ရန် အနာရောဂါကပ်ရောက်စေတော် မူလိမ့်မည်။ သူတို့၏ကိုယ်ခန္ဓာအတွင်းပိုင်း သည်မီးကဲ့သို့အဆက်မပြတ်ပူလောင်၍ နေလိမ့်မည်။-
וְהָיָ֤ה אֹֽור־יִשְׂרָאֵל֙ לְאֵ֔שׁ וּקְדֹושֹׁ֖ו לְלֶהָבָ֑ה וּבָעֲרָ֗ה וְאָֽכְלָ֛ה שִׁיתֹ֥ו וּשְׁמִירֹ֖ו בְּיֹ֥ום אֶחָֽד׃ | 17 |
၁၇ဣသရေလအမျိုးသားတို့၏အလင်းဖြစ် တော်မူ၍ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင်သည်ဆူးပင်အမျိုးမျိုးပါမကျန် ခပ်သိမ်းသောအရာတို့ကို တစ်နေ့ချင်း၌ ကျွမ်းလောင်စေတတ်သောမီးကဲ့သို့ဖြစ် လိမ့်မည်။-
וּכְבֹ֤וד יַעְרֹו֙ וְכַרְמִלֹּ֔ו מִנֶּ֥פֶשׁ וְעַד־בָּשָׂ֖ר יְכַלֶּ֑ה וְהָיָ֖ה כִּמְסֹ֥ס נֹסֵֽס׃ | 18 |
၁၈သေစေတတ်သောအနာရောဂါကြောင့်လူ သည်ဆုံးပါးပျက်စီးသွားရသည်နည်းတူ စိမ်းလန်းစိုပြေသောသစ်တောများနှင့်လယ် ယာများသည်လုံးဝပျက်ပြုန်း၍သွားရ ကြလိမ့်မည်။-
וּשְׁאָ֥ר עֵ֛ץ יַעְרֹ֖ו מִסְפָּ֣ר יִֽהְי֑וּ וְנַ֖עַר יִכְתְּבֵֽם׃ פ | 19 |
၁၉သစ်ပင်များအနည်းငယ်မျှသာကျန်ရှိ တော့မည်ဖြစ်၍ ယင်းတို့ကိုကလေးသူငယ် ပင်လျှင်ရေတွက်၍ကြည့်နိုင်လိမ့်မည်။
וְהָיָ֣ה ׀ בַּיֹּ֣ום הַה֗וּא לֹֽא־יֹוסִ֨יף עֹ֜וד שְׁאָ֤ר יִשְׂרָאֵל֙ וּפְלֵיטַ֣ת בֵּֽית־יַעֲקֹ֔ב לְהִשָּׁעֵ֖ן עַל־מַכֵּ֑הוּ וְנִשְׁעַ֗ן עַל־יְהוָ֛ה קְדֹ֥ושׁ יִשְׂרָאֵ֖ל בֶּאֱמֶֽת׃ | 20 |
၂၀အသက်မသေဘဲကျန်ရှိနေကြသည့်ဣသ ရေလပြည်သူတို့သည် မိမိတို့အားလုံးနည်း ပါးသုတ်သင်ဖျက်ဆီးခဲ့သည့်လူမျိုးကို အား မကိုးတော့မည့်အချိန်ကာလကျရောက်လာ လိမ့်မည်။ သူတို့သည်ဣသရေလအမျိုးသား တို့၏သန့်ရှင်းမြင့်မြတ်တော်မူသော ဘုရားသခင်ထာဝရဘုရားကိုအမှန်တကယ် ယုံကြည်ကိုးစားကြလိမ့်မည်။-
שְׁאָ֥ר יָשׁ֖וּב שְׁאָ֣ר יַעֲקֹ֑ב אֶל־אֵ֖ל גִּבֹּֽור׃ | 21 |
၂၁ဣသရေလပြည်သူအချို့တို့သည်လည်း မိမိတို့၏တန်ခိုးတော်ရှင်ဘုရားသခင် ၏အထံတော်သို့ပြန်လာကြလိမ့်မည်။-
כִּ֣י אִם־יִהְיֶ֞ה עַמְּךָ֤ יִשְׂרָאֵל֙ כְּחֹ֣ול הַיָּ֔ם שְׁאָ֖ר יָשׁ֣וּב בֹּ֑ו כִּלָּיֹ֥ון חָר֖וּץ שֹׁוטֵ֥ף צְדָקָֽה׃ | 22 |
၂၂ယခုအခါ၌ဣသရေလအမျိုးသားတို့ သည် သမုဒ္ဒရာသဲလုံးနှင့်အမျှများသော် လည်း အချို့သာလျှင်အထံတော်သို့ပြန် လာကြလိမ့်မည်။ ဘုရားသခင်သည်သူတို့ အားသုတ်သင်ဖျက်ဆီးပစ်ရန် စီမံထားပြီး ဖြစ်ပေသည်။ သူတို့သည်လည်းယင်းသို့သုတ် သင်ဖျက်ဆီးခြင်းကိုလုံးဝခံထိုက်ကြ သတည်း။-
כִּ֥י כָלָ֖ה וְנֶחֱרָצָ֑ה אֲדֹנָ֤י יְהוִה֙ צְבָאֹ֔ות עֹשֶׂ֖ה בְּקֶ֥רֶב כָּל־הָאָֽרֶץ׃ ס | 23 |
၂၃အနန္တတန်ခိုးရှင်ထာဝရဘုရားသည်မိမိ မိန့်တော်မူခဲ့သည့်အတိုင်း တစ်ပြည်လုံးကို အမှန်ပင်သုတ်သင်ဖျက်ဆီးပစ်တော်မူ လိမ့်မည်။
לָכֵ֗ן כֹּֽה־אָמַ֞ר אֲדֹנָ֤י יְהוִה֙ צְבָאֹ֔ות אַל־תִּירָ֥א עַמִּ֛י יֹשֵׁ֥ב צִיֹּ֖ון מֵֽאַשּׁ֑וּר בַּשֵּׁ֣בֶט יַכֶּ֔כָּה וּמַטֵּ֥הוּ יִשָּֽׂא־עָלֶ֖יךָ בְּדֶ֥רֶךְ מִצְרָֽיִם׃ | 24 |
၂၄အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ဇိအုန် မြို့တွင်နေထိုင်ကြသူ မိမိတို့၏လူမျိုးတော် အား``အာရှုရိအမျိုးသားတို့သည်အီဂျစ် အမျိုးသားတို့နည်းတူ သင်တို့အားဖိနှိပ် ကြသော်လည်း သင်တို့သည်သူတို့ကိုမ ကြောက်ကြနှင့်။-
כִּי־עֹ֖וד מְעַ֣ט מִזְעָ֑ר וְכָ֣לָה זַ֔עַם וְאַפִּ֖י עַל־תַּבְלִיתָֽם׃ | 25 |
၂၅သင်တို့အားအပြစ်ဒဏ်ခတ်ပြီးနောက် မကြာမီပင်ငါသည်သူတို့အားသုတ် သင်ပယ်ရှင်းမည်။-
וְעֹורֵ֨ר עָלָ֜יו יְהוָ֤ה צְבָאֹות֙ שֹׁ֔וט כְּמַכַּ֥ת מִדְיָ֖ן בְּצ֣וּר עֹורֵ֑ב וּמַטֵּ֙הוּ֙ עַל־הַיָּ֔ם וּנְשָׂאֹ֖ו בְּדֶ֥רֶךְ מִצְרָֽיִם׃ | 26 |
၂၆အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် သြရဘကျောက်အနီးတွင် မိဒျန်အမျိုးသား တို့အားငါ၏နှင်တံနှင့်ရိုက်ဆုံးမခဲ့သည် နည်းတူသူတို့ကိုလည်းရိုက်ဆုံးမမည်။ ငါ သည်အီဂျစ်အမျိုးသားတို့အားဆင်းရဲ ဒုက္ခရောက်စေခဲ့သည့်နည်းတူ သူတို့ကို လည်းဆင်းရဲဒုက္ခရောက်စေမည်။-
וְהָיָ֣ה ׀ בַּיֹּ֣ום הַה֗וּא יָס֤וּר סֻבֳּלֹו֙ מֵעַ֣ל שִׁכְמֶ֔ךָ וְעֻלֹּ֖ו מֵעַ֣ל צַוָּארֶ֑ךָ וְחֻבַּ֥ל עֹ֖ל מִפְּנֵי־שָֽׁמֶן׃ | 27 |
၂၇ထိုအချိန်ကာလကျရောက်လာသောအခါ ငါသည်သင်တို့အားအာရှုရိအမျိုးသား တို့၏လက်မှလွတ်မြောက်စေမည်။ သင်တို့ ၏ပခုံးပေါ်တွင်ဝန်ထုပ်ဝန်ပိုးဖြစ်တော့ မည်မဟုတ်။ သင်တို့သည်အလွန်ဝဖြိုး လာသောကြောင့် သင်တို့၏ထမ်းပိုးများ ကျိုးကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
בָּ֥א עַל־עַיַּ֖ת עָבַ֣ר בְּמִגְרֹ֑ון לְמִכְמָ֖שׂ יַפְקִ֥יד כֵּלָֽיו׃ | 28 |
၂၈ရန်သူများသည်အာရပ်မြို့သို့ရောက်ရှိနေ ကြ၏။ သူတို့သည်မိဂရုန်မြို့ကိုဖြတ်သန်း ၍လာခဲ့ကြ၏။ မိမိတို့၏စားနပ်ရိက္ခာများ ကိုမိတ်မတ်မြို့တွင်ထားခဲ့ကြလေသည်။-
עָֽבְרוּ֙ מַעְבָּרָ֔ה גֶּ֖בַע מָלֹ֣ון לָ֑נוּ חָֽרְדָה֙ הָֽרָמָ֔ה גִּבְעַ֥ת שָׁא֖וּל נָֽסָה׃ | 29 |
၂၉သူတို့သည်တောင်ကြားလမ်းကိုဖြတ်ပြီး လျှင် ဂေဗမြို့တွင်စခန်းချလျက်နေကြ၏။ ထိုအခါရာမမြို့သားတို့သည်ကြောက် လန့်ကြကုန်လျက် ရှောလုမင်း၏ဌာနေဖြစ် သောဂိဗာမြို့မှလူတို့သည်လည်းထွက် ပြေးကြကုန်၏။-
צַהֲלִ֥י קֹולֵ֖ךְ בַּת־גַּלִּ֑ים הַקְשִׁ֥יבִי לַ֖יְשָׁה עֲנִיָּ֥ה עֲנָתֹֽות׃ | 30 |
၃၀အို ဂလ္လိမ်မြို့သူမြို့သားတို့၊ ကြွေးကြော်ကြ လော့။ အို လဲရှမြို့၊ ထိုကြွေးကြော်သံကိုနား ထောင်ကြလော့။ အာနသုတ်မြို့သူမြို့သား တို့၊ တုံ့ပြန်ပြောကြားကြလော့။-
נָדְדָ֖ה מַדְמֵנָ֑ה יֹשְׁבֵ֥י הַגֵּבִ֖ים הֵעִֽיזוּ׃ | 31 |
၃၁မာဒမေနမြို့သူမြို့သားနှင့်ဂေဗိမ်မြို့သူ မြို့သားတို့သည် မိမိတို့အသက်ဘေးမှ လွတ်မြောက်ရန်ထွက်ပြေးကြလေပြီ။-
עֹ֥וד הַיֹּ֖ום בְּנֹ֣ב לַֽעֲמֹ֑ד יְנֹפֵ֤ף יָדֹו֙ הַ֣ר בֵּית־ (בַּת)־צִיֹּ֔ון גִּבְעַ֖ת יְרוּשָׁלָֽ͏ִם׃ ס | 32 |
၃၂ရန်သူတို့သည်ယနေ့နောဘမြို့တွင်ရှိကြ ၏။ သူတို့သည်ထိုမြို့မှနေ၍ဇိအုန်တောင် နှင့် ယေရုရှလင်မြို့အားလက်သီးဆုပ်၍ ပြကြ၏။
הִנֵּ֤ה הָאָדֹון֙ יְהוָ֣ה צְבָאֹ֔ות מְסָעֵ֥ף פֻּארָ֖ה בְּמַעֲרָצָ֑ה וְרָמֵ֤י הַקֹּומָה֙ גְּדוּעִ֔ים וְהַגְּבֹהִ֖ים יִשְׁפָּֽלוּ׃ | 33 |
၃၃အနန္တတန်ခိုးရှင်ထာဝရဘုရားသည်သစ် ပင်မှခုတ်ဖြတ်ချလိုက်သည့်သစ်ကိုင်းများ သဖွယ် သူတို့အားပြိုလဲပျက်စီးစေတော်မူ လိမ့်မည်။ သူတို့တွင်မာန်မာနထောင်လွှားဆုံး၊ အကြီးမြတ်ဆုံးသောသူတို့ကိုခုတ်လှဲ ရှုတ်ချတော်မူလိမ့်မည်။-
וְנִקַּ֛ף סִֽבְכֵ֥י הַיַּ֖עַר בַּבַּרְזֶ֑ל וְהַלְּבָנֹ֖ון בְּאַדִּ֥יר יִפֹּֽול׃ ס | 34 |
၃၄တောနက်အတွင်းမှသစ်ပင်တို့သည်ပုဆိန် ဒဏ်ဖြင့်လဲကျရသကဲ့သို့၊ လေဗနုန်တော မှအဖိုးအတန်ဆုံးသောသစ်ပင်များလဲ ကျကြသကဲ့သို့သူတို့အားထာဝရ ဘုရားသည်ပြိုလဲစေတော်မူလိမ့်မည်။