< בְּרֵאשִׁית 44 >

וַיְצַ֞ו אֶת־אֲשֶׁ֣ר עַל־בֵּיתֹו֮ לֵאמֹר֒ מַלֵּ֞א אֶת־אַמְתְּחֹ֤ת הָֽאֲנָשִׁים֙ אֹ֔כֶל כַּאֲשֶׁ֥ר יוּכְל֖וּן שְׂאֵ֑ת וְשִׂ֥ים כֶּֽסֶף־אִ֖ישׁ בְּפִ֥י אַמְתַּחְתֹּֽו׃ 1
ယောသပ်သည်လည်း ဝန်စာရေးကိုခေါ်၍ ထိုသူတို့အိတ်များ၌ ရိက္ခာပါနိုင်သမျှ အပြည့်ထည့်လော့။ လူတိုင်းဆိုင်သောငွေကို မိမိတို့အိတ်ဝတွင်၎င်း၊
וְאֶת־גְּבִיעִ֞י גְּבִ֣יעַ הַכֶּ֗סֶף תָּשִׂים֙ בְּפִי֙ אַמְתַּ֣חַת הַקָּטֹ֔ן וְאֵ֖ת כֶּ֣סֶף שִׁבְרֹ֑ו וַיַּ֕עַשׂ כִּדְבַ֥ר יֹוסֵ֖ף אֲשֶׁ֥ר דִּבֵּֽר׃ 2
စပါးအဘိုးငွေနှင့် ငါငွေဖလားကို၊ အငယ်ဆုံးသော သူ၏အိတ်ဝတွင်၎င်း ထည့်ထားလော့ဟု မှာသည် အတိုင်း ဝန်စာရေးပြုလေ၏။
הַבֹּ֖קֶר אֹ֑ור וְהָאֲנָשִׁ֣ים שֻׁלְּח֔וּ הֵ֖מָּה וַחֲמֹרֵיהֶֽם׃ 3
နံနက်မိုဃ်းလင်းသောအခါ၊ ထိုသူတို့ကို မြည်းများနှင့်တကွ လွှတ်လိုက်လေ၏။
הֵ֠ם יָֽצְא֣וּ אֶת־הָעִיר֮ לֹ֣א הִרְחִיקוּ֒ וְיֹוסֵ֤ף אָמַר֙ לַֽאֲשֶׁ֣ר עַל־בֵּיתֹ֔ו ק֥וּם רְדֹ֖ף אַחֲרֵ֣י הָֽאֲנָשִׁ֑ים וְהִשַּׂגְתָּם֙ וְאָמַרְתָּ֣ אֲלֵהֶ֔ם לָ֛מָּה שִׁלַּמְתֶּ֥ם רָעָ֖ה תַּ֥חַת טֹובָֽה׃ 4
မြို့ပြင်သို့ရောက်၍ မဝေးသေးသောအခါ၊ ယောသပ်သည် ဝန်စာရေးကိုခေါ်၍၊ ထိုသူတို့ကို မြန်မြန် လိုက်လော့။ မှီသောအခါ သင်တို့သည် ကျေးဇူးကို မကောင်းသောအမှုနှင့် အဘယ်ကြောင့်ဆပ်ကြသနည်း။
הֲלֹ֣וא זֶ֗ה אֲשֶׁ֨ר יִשְׁתֶּ֤ה אֲדֹנִי֙ בֹּ֔ו וְה֕וּא נַחֵ֥שׁ יְנַחֵ֖שׁ בֹּ֑ו הֲרֵעֹתֶ֖ם אֲשֶׁ֥ר עֲשִׂיתֶֽם׃ 5
ငါ့သခင်သောက်သော ဖလားမဟုတ်လော။ ထူးဆန်းသော ဥာဏ်ကိုဖြစ်စေတတ်သော ဖလားမဟုတ် လော။ သင်တို့ပြုသော ဤအမှုသည် မကောင်းပါတကား ဟု ပြောဆိုလော့ဟု မှာသည်အတိုင်း၊
וַֽיַּשִּׂגֵ֑ם וַיְדַבֵּ֣ר אֲלֵהֶ֔ם אֶת־הַדְּבָרִ֖ים הָאֵֽלֶּה׃ 6
ဝန်စာရေးလိုက်၍ မှီသောအခါ ပြောဆိုလေ၏။ သူတို့ကလည်း ဤစကားကို သခင်သည် အဘယ်ကြောင့် ပြောပါသနည်း။
וַיֹּאמְר֣וּ אֵלָ֔יו לָ֚מָּה יְדַבֵּ֣ר אֲדֹנִ֔י כַּדְּבָרִ֖ים הָאֵ֑לֶּה חָלִ֙ילָה֙ לַעֲבָדֶ֔יךָ מֵעֲשֹׂ֖ות כַּדָּבָ֥ר הַזֶּֽה׃ 7
ကိုယ်တော်ကျွန်တို့နှင့် ထိုသို့သော အမှုဝေးပါ စေသတည်း။
הֵ֣ן כֶּ֗סֶף אֲשֶׁ֤ר מָצָ֙אנוּ֙ בְּפִ֣י אַמְתְּחֹתֵ֔ינוּ הֱשִׁיבֹ֥נוּ אֵלֶ֖יךָ מֵאֶ֣רֶץ כְּנָ֑עַן וְאֵ֗יךְ נִגְנֹב֙ מִבֵּ֣ית אֲדֹנֶ֔יךָ כֶּ֖סֶף אֹ֥ו זָהָֽב׃ 8
ယမန်ကအိတ်ဝတွင် တွေ့သောငွေကို၊ ခါနာန် ပြည်မှ ကိုယ်တော်ထံသို့တဖန်ဆောင်ခဲ့ပါပြီ။ သို့ဖြစ်လျှင် ကိုယ်တော်၏သခင်အိမ်၌ ရွှေငွေကို အဘယ်ကြောင့် ခိုးရပါအံ့နည်း။
אֲשֶׁ֨ר יִמָּצֵ֥א אִתֹּ֛ו מֵעֲבָדֶ֖יךָ וָמֵ֑ת וְגַם־אֲנַ֕חְנוּ נִֽהְיֶ֥ה לַֽאדֹנִ֖י לַעֲבָדִֽים׃ 9
ကိုယ်တော်၏ကျွန်တို့တွင် မည်သူ၌တွေ့လျှင်၊ ထိုသူကိုသေစေ။ ကျွန်တော်တို့သည်လည်း သခင်၏ကျွန်ခံ ကြပါမည်ဟု ဆိုကြ၏။
וַיֹּ֕אמֶר גַּם־עַתָּ֥ה כְדִבְרֵיכֶ֖ם כֶּן־ה֑וּא אֲשֶׁ֨ר יִמָּצֵ֤א אִתֹּו֙ יִהְיֶה־לִּ֣י עָ֔בֶד וְאַתֶּ֖ם תִּהְי֥וּ נְקִיִּֽם׃ 10
၁၀ဝန်စာရေးကလည်း၊ သင်တို့စကားအတိုင်း ဖြစ်စေ။ သို့သော်လည်း မည်သူ၌တွေ့လျှင်၊ ထိုသူသည် ငါ့ကျွန်ဖြစ်စေ။ သင်တို့မူကား အပြစ်လွှတ်ကြစေဟု ဆိုသော်၊
וֽ͏ַיְמַהֲר֗וּ וַיֹּורִ֛דוּ אִ֥ישׁ אֶת־אַמְתַּחְתֹּ֖ו אָ֑רְצָה וַֽיִּפְתְּח֖וּ אִ֥ישׁ אַמְתַּחְתֹּֽו׃ 11
၁၁ထိုသူအပေါင်းတို့သည် အသီးအသီး မိမိတို့အိတ် များကို မြေ၌ချ၍ဖွင့်ကြ၏။
וַיְחַפֵּ֕שׂ בַּגָּדֹ֣ול הֵחֵ֔ל וּבַקָּטֹ֖ן כִּלָּ֑ה וַיִּמָּצֵא֙ הַגָּבִ֔יעַ בְּאַמְתַּ֖חַת בִּנְיָמִֽן׃ 12
၁၂ဝန်စာရေးသည်လည်၊ အကြီးမှစ၍ အငယ်တိုင်အောင်ရှာသဖြင့် ဗင်္ယာမိန်အိတ်၌ ဖလားကိုတွေ့၏။
וֽ͏ַיִּקְרְע֖וּ שִׂמְלֹתָ֑ם וַֽיַּעֲמֹס֙ אִ֣ישׁ עַל־חֲמֹרֹ֔ו וַיָּשֻׁ֖בוּ הָעִֽירָה׃ 13
၁၃ထိုအခါ သူတို့သည် မိမိအဝတ်ကိုဆုတ်၍ လူတိုင်းမိမိမြည်းပေါ်မှာ ဝန်ကို တင်ပြန်သဖြင့် မြို့သို့ ပြန်သွားကြ၏။
וַיָּבֹ֨א יְהוּדָ֤ה וְאֶחָיו֙ בֵּ֣יתָה יֹוסֵ֔ף וְה֖וּא עֹודֶ֣נּוּ שָׁ֑ם וַיִּפְּל֥וּ לְפָנָ֖יו אָֽרְצָה׃ 14
၁၄ယုဒနှင့်ညီအစ်ကိုတို့သည်း ယောသပ်အိမ် သို့ရောက်၍၊ သူသည်အိမ်၌ရှိသေးသဖြင့်၊ သူ့ရှေ့မှာ ပြပ်ဝပ်လျက် နေကြ၏။
וַיֹּ֤אמֶר לָהֶם֙ יֹוסֵ֔ף מָֽה־הַמַּעֲשֶׂ֥ה הַזֶּ֖ה אֲשֶׁ֣ר עֲשִׂיתֶ֑ם הֲלֹ֣וא יְדַעְתֶּ֔ם כִּֽי־נַחֵ֧שׁ יְנַחֵ֛שׁ אִ֖ישׁ אֲשֶׁ֥ר כָּמֹֽנִי׃ 15
၁၅ယောသပ်ကလည်း၊ သင်တို့သည် အဘယ်သို့ ပြုပြီးသနည်း။ ငါကဲ့သို့သောယောက်ျားသည် ထူးဆန်း သောဥာဏ်ရှိကြောင်းကို သင်တို့ မသိကြသလောဟု ဆို၏။
וַיֹּ֣אמֶר יְהוּדָ֗ה מַה־נֹּאמַר֙ לַֽאדֹנִ֔י מַה־נְּדַבֵּ֖ר וּמַה־נִּצְטַדָּ֑ק הָאֱלֹהִ֗ים מָצָא֙ אֶת־עֲוֹ֣ן עֲבָדֶ֔יךָ הִנֶּנּ֤וּ עֲבָדִים֙ לַֽאדֹנִ֔י גַּם־אֲנַ֕חְנוּ גַּ֛ם אֲשֶׁר־נִמְצָ֥א הַגָּבִ֖יעַ בְּיָדֹֽו׃ 16
၁၆ယုဒကလည်း၊ ကျွန်တော်တို့သည် သခင်အား အဘယ်စကားဖြင့် လျှောက်ရပါအံ့နည်း။ အဘယ်သို့ ပြောရပါအံ့နည်း။ ဤအမှုနှင့် အဘယ်သို့လွတ်နိုင်ပါအံ့နည်း။ ကိုယ်တော် ကျွန်တော်တို့၏အပြစ်ကို ဘုရားသခင် စစ်၍ တွေ့တော်မူပြီ။ အကြင်သူ၌ ဖလားတော်ကိုတွေ့၏။ ထိုသူမှစ၍ ကျွန်တော်တို့ ရှိသမျှသည် သခင်၏ ကျွန်ဖြစ်ကြပါ၏ဟု လျှောက်လေသော်၊
וַיֹּ֕אמֶר חָלִ֣ילָה לִּ֔י מֵעֲשֹׂ֖ות זֹ֑את הָאִ֡ישׁ אֲשֶׁר֩ נִמְצָ֨א הַגָּבִ֜יעַ בְּיָדֹ֗ו ה֚וּא יִהְיֶה־לִּ֣י עָ֔בֶד וְאַתֶּ֕ם עֲל֥וּ לְשָׁלֹ֖ום אֶל־אֲבִיכֶֽם׃ פ 17
၁၇ထိုသို့ငါမပြုရ။ အကြင်သူ၏လက်၌ ငါ့ဖလားကို တွေ့၏။ ထိုသူသည် ငါ့ကျွန်ဖြစ်စေ။ သင်တို့မူကား အဘထံသို့ ငြိမ်ဝပ်စွာသွားကြလောဟု စီရင်လေ၏။
וַיִּגַּ֨שׁ אֵלָ֜יו יְהוּדָ֗ה וַיֹּאמֶר֮ בִּ֣י אֲדֹנִי֒ יְדַבֶּר־נָ֨א עַבְדְּךָ֤ דָבָר֙ בְּאָזְנֵ֣י אֲדֹנִ֔י וְאַל־יִ֥חַר אַפְּךָ֖ בְּעַבְדֶּ֑ךָ כִּ֥י כָמֹ֖וךָ כְּפַרְעֹֽה׃ 18
၁၈ထိုအခါ ယုဒသည်ချဉ်းကပ်လျက်၊ သခင်ဘုရား၊ ကိုယ်တော်ကျွန်သည် စကားတခွန်းဖြင့် နားတော်လျှောက်ရသော အခွင့်ကို ပေးတော်မူပါ။ ကိုယ်တော်ကျွန်၌ အမျက်ထွက်တော်မမူပါနှင့်။ ကိုယ် တော်သည် ဖါရောဘုရင်ကဲ့သို့ ဖြစ်တော်မူ၏။
אֲדֹנִ֣י שָׁאַ֔ל אֶת־עֲבָדָ֖יו לֵאמֹ֑ר הֲיֵשׁ־לָכֶ֥ם אָ֖ב אֹו־אָֽח׃ 19
၁၉သခင်က၊ သင်တို့သည် အဘရှိသလော။ ညီရှိသလောဟု ကျွန်တော်တို့အား မေးတော်မူလျှင်၊
וַנֹּ֙אמֶר֙ אֶל־אֲדֹנִ֔י יֶשׁ־לָ֙נוּ֙ אָ֣ב זָקֵ֔ן וְיֶ֥לֶד זְקֻנִ֖ים קָטָ֑ן וְאָחִ֨יו מֵ֜ת וַיִּוָּתֵ֨ר ה֧וּא לְבַדֹּ֛ו לְאִמֹּ֖ו וְאָבִ֥יו אֲהֵבֹֽו׃ 20
၂၀ကျွန်တော်တို့က၊ ကျွန်တော်တို့အဘ အသက် ကြီးသောသူရှိပါ၏။ အဘအသက်ကြီးစဉ်အခါ ရသော သားငယ်တယောက်ရှိပါ၏။ သူ၏အစ်ကိုသေပါပြီ။ သူ့အမိဘွားသောသားတို့တွင် သူတယောက်တည်း ကျန်ရစ်ပါ၏။ ထိုကြောင့် သူ၏အဘသည် သူ့ကို ချစ်ပါ၏ဟု သခင်အား ပြန်လျှောက်လေသော်၊
וַתֹּ֙אמֶר֙ אֶל־עֲבָדֶ֔יךָ הֹורִדֻ֖הוּ אֵלָ֑י וְאָשִׂ֥ימָה עֵינִ֖י עָלָֽיו׃ 21
၂၁ကိုယ်တော်က၊ ထိုသူကိုငါကြည့်ရှုရအောင် ငါ့ထံသို့ခေါ်ခဲ့ကြဟု ကိုယ်တော်ကျွန်တို့အား မိန့်တော် မူ၏။
וַנֹּ֙אמֶר֙ אֶל־אֲדֹנִ֔י לֹא־יוּכַ֥ל הַנַּ֖עַר לַעֲזֹ֣ב אֶת־אָבִ֑יו וְעָזַ֥ב אֶת־אָבִ֖יו וָמֵֽת׃ 22
၂၂ကျွန်တော်တို့က ထိုသူငယ်ကို အဘနှင့်မခွါနိုင်ပါ။ အဘနှင့်ခွါလျှင် အဘသေပါလိမ့်မည်ဟု သခင်အား လျှောက်လေသော်လည်း၊
וַתֹּ֙אמֶר֙ אֶל־עֲבָדֶ֔יךָ אִם־לֹ֥א יֵרֵ֛ד אֲחִיכֶ֥ם הַקָּטֹ֖ן אִתְּכֶ֑ם לֹ֥א תֹסִפ֖וּן לִרְאֹ֥ות פָּנָֽי׃ 23
၂၃ကိုယ်တော်က၊ သင်တို့ညီမပါလျှင် သင်တို့သည် ငါ့မျက်နှာကိုနောက်တဖန်မမြင်ရဟု ကိုယ်တော်ကျွန်တို့ အား မိန့်တော်မူ၏။
וַיְהִי֙ כִּ֣י עָלִ֔ינוּ אֶֽל־עַבְדְּךָ֖ אָבִ֑י וַנַּ֨גֶּד־לֹ֔ו אֵ֖ת דִּבְרֵ֥י אֲדֹנִֽי׃ 24
၂၄ထိုနောက်ကျွန်တော်တို့သည် ကိုယ်တော်ကျွန် တည်းဟူသော ကျွန်တော်တို့ အဘထံသို့ပြန်၍ ရောက် သောအခါ၊ သခင်စကားတော်ကို အဘအား ပြန်ကြားပါ၏။
וַיֹּ֖אמֶר אָבִ֑ינוּ שֻׁ֖בוּ שִׁבְרוּ־לָ֥נוּ מְעַט־אֹֽכֶל׃ 25
၂၅ကျွန်တော်တို့အဘကလည်း၊ တဖန်သွား၍ ငါတို့ စားစရာ အနည်းငယ်ကို ဝယ်ကြပါဟုဆိုသောအခါ၊
וַנֹּ֕אמֶר לֹ֥א נוּכַ֖ל לָרֶ֑דֶת אִם־יֵשׁ֩ אָחִ֨ינוּ הַקָּטֹ֤ן אִתָּ֙נוּ֙ וְיָרַ֔דְנוּ כִּי־לֹ֣א נוּכַ֗ל לִרְאֹות֙ פְּנֵ֣י הָאִ֔ישׁ וְאָחִ֥ינוּ הַקָּטֹ֖ן אֵינֶ֥נּוּ אִתָּֽנוּ׃ 26
၂၆ကျွန်တော်တို့က၊ အကျွန်ုပ်တို့သည် မသွားနိုင်ပါ။ ညီပါလျှင်သွားနိုင်ပါ၏။ ညီမပါလျှင် ထိုသူ၏ မျက်နှာကိုမမြင်ရပါဟု ပြန်ပြောပါ၏။
וַיֹּ֛אמֶר עַבְדְּךָ֥ אָבִ֖י אֵלֵ֑ינוּ אַתֶּ֣ם יְדַעְתֶּ֔ם כִּ֥י שְׁנַ֖יִם יָֽלְדָה־לִּ֥י אִשְׁתִּֽי׃ 27
၂၇ကိုယ်တော်ကျွန်၊ ကျွန်တော်အဘကလည်း၊ သင်တို့သိသည့်အတိုင်း ငါ့မယားသည် ငါ့အား သား နှစ်ယောက်ကို ဘွား၏။
וַיֵּצֵ֤א הָֽאֶחָד֙ מֵֽאִתִּ֔י וָאֹמַ֕ר אַ֖ךְ טָרֹ֣ף טֹרָ֑ף וְלֹ֥א רְאִיתִ֖יו עַד־הֵֽנָּה׃ 28
၂၈တယောက်ကား ငါ့ထံမှ ထွက်သွား၏။ အကယ်စင်စစ် သူသည် အပိုင်းအပိုင်း ကိုက်ဖြတ်ခြင်းကို ခံရပါပြီ တကားဟု ငါဆိုရ၏။ ထိုကာလမှစ၍ သူ့ကိုငါမမြင်ရ။
וּלְקַחְתֶּ֧ם גַּם־אֶת־זֶ֛ה מֵעִ֥ם פָּנַ֖י וְקָרָ֣הוּ אָסֹ֑ון וְהֹֽורַדְתֶּ֧ם אֶת־שֵׂיבָתִ֛י בְּרָעָ֖ה שְׁאֹֽלָה׃ (Sheol h7585) 29
၂၉ဤသူကိုလည်း ငါ့ထံမှယူသွား၍ သူ၌ဘေး ရောက်လျှင်၊ သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်း နှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ကျွန်တော်တို့အား ဆိုပါ၏။ (Sheol h7585)
וְעַתָּ֗ה כְּבֹאִי֙ אֶל־עַבְדְּךָ֣ אָבִ֔י וְהַנַּ֖עַר אֵינֶנּ֣וּ אִתָּ֑נוּ וְנַפְשֹׁ֖ו קְשׁוּרָ֥ה בְנַפְשֹֽׁו׃ 30
၃၀သို့ဖြစ်၍ ကျွန်တော်သည် ကိုယ်တော်ကျွန်၊ ကျွန်တော်အဘထံသို့ရောက်သောအခါ၊ သူငယ်မပါလျှင် အဘ၏အသက်သည် သူငယ်၏အသက်၌ မှီလျက်ရှိသော ကြောင့်၊
וְהָיָ֗ה כִּרְאֹותֹ֛ו כִּי־אֵ֥ין הַנַּ֖עַר וָמֵ֑ת וְהֹורִ֨ידוּ עֲבָדֶ֜יךָ אֶת־שֵׂיבַ֨ת עַבְדְּךָ֥ אָבִ֛ינוּ בְּיָגֹ֖ון שְׁאֹֽלָה׃ (Sheol h7585) 31
၃၁သူငယ်မရှိသည်ကို မြင်သောအခါ အဘသေပါလိမ့်မည်။ ကိုယ်တော်ကျွန်တော်တို့သည်၊ ကိုယ်တော်ကျွန်တည်းဟူသော ကျွန်တော်တို့အဘ ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြပါ လိမ့်မည်။ (Sheol h7585)
כִּ֤י עַבְדְּךָ֙ עָרַ֣ב אֶת־הַנַּ֔עַר מֵעִ֥ם אָבִ֖י לֵאמֹ֑ר אִם־לֹ֤א אֲבִיאֶ֙נּוּ֙ אֵלֶ֔יךָ וְחָטָ֥אתִי לְאָבִ֖י כָּל־הַיָּמִֽים׃ 32
၃၂ကိုယ်တော် ကျွန်က၊ အကျွန်ုပ်သည် တဖန်သူငယ် ကို အဘထံသို့ ပြန်၍မဆောင်ခဲ့လျှင်၊ အစဉ်မပြတ် အဘရှေ့မှာ အပြစ်ကိုခံပါစေဟုဆိုသဖြင့်၊ အဘထံမှာ သူငယ်၏အာမခံ ဖြစ်ပါ၏။
וְעַתָּ֗ה יֵֽשֶׁב־נָ֤א עַבְדְּךָ֙ תַּ֣חַת הַנַּ֔עַר עֶ֖בֶד לַֽאדֹנִ֑י וְהַנַּ֖עַר יַ֥עַל עִם־אֶחָֽיו׃ 33
၃၃သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် သူငယ်အတွက် နေရစ်၍ သခင်ထံကျွန်ခံရသောအခွင့်၊ သူငယ်ကိုကား အစ်ကိုတို့နှင့်အတူ သွားရသောအခွင့်ကို ပေးတော်မူ ပါ။
כִּי־אֵיךְ֙ אֶֽעֱלֶ֣ה אֶל־אָבִ֔י וְהַנַּ֖עַר אֵינֶנּ֣וּ אִתִּ֑י פֶּ֚ן אֶרְאֶ֣ה בָרָ֔ע אֲשֶׁ֥ר יִמְצָ֖א אֶת־אָבִֽי׃ 34
၃၄သူငယ်သည် ကျွန်တော်တို့မပါလျှင်၊ ကျွန်တော် အဘထံသို့ အဘယ်သို့ ကျွန်တော်သွားနိုင်ပါမည်နည်း။ သို့ပြုလျှင် ကျွန်တော်အဘ၌ ရောကလတံ့သော ဘေးဥပဒ်ကို ကျွန်တော်မြင်ရပါလိမ့်မည်တကားဟု လျှောက် လေ၏။

< בְּרֵאשִׁית 44 >