< בְּרֵאשִׁית 31 >

וַיִּשְׁמַ֗ע אֶת־דִּבְרֵ֤י בְנֵֽי־לָבָן֙ לֵאמֹ֔ר לָקַ֣ח יַעֲקֹ֔ב אֵ֖ת כָּל־אֲשֶׁ֣ר לְאָבִ֑ינוּ וּמֵאֲשֶׁ֣ר לְאָבִ֔ינוּ עָשָׂ֕ה אֵ֥ת כָּל־הַכָּבֹ֖ד הַזֶּֽה׃ 1
ထိုအခါ လာဗန် သား တို့က၊ ငါ တို့သခင် ၏ဥစ္စာရှိသမျှ ကို ယာကုပ် သည် ယူ သွားလေပြီတကား၊ ငါ တို့အဘ ၏ဥစ္စာအားဖြင့် ၊ သူ၌ဤ မည်သော စည်းစိမ် ရှိသမျှ သည် ဖြစ် လေပြီဟု၊ ဆို ကြသည်ကို ယာကုပ်ကြား ၍၊
וַיַּ֥רְא יַעֲקֹ֖ב אֶת־פְּנֵ֣י לָבָ֑ן וְהִנֵּ֥ה אֵינֶנּ֛וּ עִמֹּ֖ו כִּתְמֹ֥ול שִׁלְשֹֽׁום׃ 2
လာဗန် ၏ မျက်နှာ ကို ကြည့် သောအခါ ၊ ရှေ့ က ကဲ့သို့ မဟုတ် ၊ ခြားနားသည်ကို သိ မြင်၏။
וַיֹּ֤אמֶר יְהוָה֙ אֶֽל־יַעֲקֹ֔ב שׁ֛וּב אֶל־אֶ֥רֶץ אֲבֹותֶ֖יךָ וּלְמֹולַדְתֶּ֑ךָ וְאֶֽהְיֶ֖ה עִמָּֽךְ׃ 3
ထာဝရဘုရား ကလည်း ၊ သင် ၏ဘိုး ဘနေသောပြည် ၊ သင် ၏အမျိုးသား ချင်းထံ သို့ပြန် သွားလော့။ ငါသည် သင့် ဘက် ၌ရှိ နေမည်ဟု ယာကုပ် အား မိန့် တော်မူ ၏။
וַיִּשְׁלַ֣ח יַעֲקֹ֔ב וַיִּקְרָ֖א לְרָחֵ֣ל וּלְלֵאָ֑ה הַשָּׂדֶ֖ה אֶל־צֹאנֹֽו׃ 4
ယာကုပ် သည် လူကိုစေလွှတ် ၍ ၊ ရာခေလ နှင့် လေအာ ကို ၊ သိုး စုရှိရာတော သို့ ခေါ် ပြီးလျှင်၊
וַיֹּ֣אמֶר לָהֶ֗ן רֹאֶ֤ה אָנֹכִי֙ אֶת־פְּנֵ֣י אֲבִיכֶ֔ן כִּֽי־אֵינֶ֥נּוּ אֵלַ֖י כִּתְמֹ֣ל שִׁלְשֹׁ֑ם וֽ͏ֵאלֹהֵ֣י אָבִ֔י הָיָ֖ה עִמָּדִֽי׃ 5
သင် တို့အဘ ၏ မျက်နှာ သည် ငါ ၌ ရှေ့ ကကဲ့သို့ မ ဟုတ်၊ ခြားနားသည်ကို ငါ သိ မြင်၏။ သို့သော်လည်း ၊ ငါ့ အဘ ၏ဘုရားသခင် သည်၊ ငါ့ ဘက် ၌ ရှိ တော်မူ၏။
וְאַתֵּ֖נָה יְדַעְתֶּ֑ן כִּ֚י בְּכָל־כֹּחִ֔י עָבַ֖דְתִּי אֶת־אֲבִיכֶֽן׃ 6
သင် တို့အဘ ၏အမှုကို၊ ငါ တတ် နိုင်သမျှ အတိုင်း၊ ငါစောင့် သည်ကို သင် တို့သိ ကြ၏။
וַאֲבִיכֶן֙ הֵ֣תֶל בִּ֔י וְהֶחֱלִ֥ף אֶת־מַשְׂכֻּרְתִּ֖י עֲשֶׂ֣רֶת מֹנִ֑ים וְלֹֽא־נְתָנֹ֣ו אֱלֹהִ֔ים לְהָרַ֖ע עִמָּדִֽי׃ 7
သင် တို့အဘ သည်လည်း ငါ့ ကိုလှည့်စား ၍ ၊ ငါ ရထိုက်သော အခ ကိုဆယ် ကြိမ် လဲ ခဲ့ပြီ။ သို့သော်လည်း ၊ ငါ့ ကိုညှဉ်းဆဲ စေခြင်းငှါ ၊ ဘုရားသခင် အခွင့် ပေးတော်မ မူ။
אִם־כֹּ֣ה יֹאמַ֗ר נְקֻדִּים֙ יִהְיֶ֣ה שְׂכָרֶ֔ךָ וְיָלְד֥וּ כָל־הַצֹּ֖אן נְקֻדִּ֑ים וְאִם־כֹּ֣ה יֹאמַ֗ר עֲקֻדִּים֙ יִהְיֶ֣ה שְׂכָרֶ֔ךָ וְיָלְד֥וּ כָל־הַצֹּ֖אן עֲקֻדִּֽים׃ 8
သူက၊ ပြောက် သောအကောင်တို့သည်၊ သင် ၏ အခ ဖြစ်စေ ဟုဆို လျှင် ၊ သိုး ၊ ဆိတ်ရှိသမျှ တို့သည် ပြောက် သောအကောင်တို့ကို မွေး ကြ၏။ ကျား သော အကောင်တို့ သည်၊ သင် ၏အခ ဖြစ်စေ ဟုဆို လျှင် ၊ သိုး ၊ ဆိတ် ရှိသမျှ တို့ သည် ကျား သောအကောင်တို့ကို မွေး ကြ၏။
וַיַּצֵּ֧ל אֱלֹהִ֛ים אֶת־מִקְנֵ֥ה אֲבִיכֶ֖ם וַיִּתֶּן־לִֽי׃ 9
ထိုသို့ ဘုရားသခင် သည်၊ သင် တို့အဘ ၏ တိရစ္ဆာန် တို့ကို နှုတ် ၍ ငါ့ အား ပေး တော်မူပြီ။
וַיְהִ֗י בְּעֵת֙ יַחֵ֣ם הַצֹּ֔אן וָאֶשָּׂ֥א עֵינַ֛י וָאֵ֖רֶא בַּחֲלֹ֑ום וְהִנֵּ֤ה הָֽעַתֻּדִים֙ הָעֹלִ֣ים עַל־הַצֹּ֔אן עֲקֻדִּ֥ים נְקֻדִּ֖ים וּבְרֻדִּֽים׃ 10
၁၀ထိုတိရစ္ဆာန် များတို့သည်၊ ရှက်တင် ကြသောအခါ ၊ ငါ မြော် ကြည့် ၍ ၊ တိရစ္ဆာန်မတို့နှင့် ပေါင်းဘော် သော တိရစ္ဆာန်အထီး ရှိသမျှတို့သည်၊ အပြောက် အကျားမှစ၍ ၊ အထွေထွေသော အဆင်းရှိကြောင်းကို အိပ်မက် ၌ ငါမြင် ရ၏။
וַיֹּ֨אמֶר אֵלַ֜י מַלְאַ֧ךְ הָאֱלֹהִ֛ים בַּחֲלֹ֖ום יֽ͏ַעֲקֹ֑ב וָאֹמַ֖ר הִנֵּֽנִי׃ 11
၁၁ဘုရားသခင် ၏ကောင်းကင် တမန်ကလည်း ၊ ယာကုပ် ဟု အိပ်မက် ၌ ငါ့ ကို ခေါ် လျှင် ၊ ကျွန်ုပ် ရှိ ပါ၏ဟု ငါထူး ၏။
וַיֹּ֗אמֶר שָׂא־נָ֨א עֵינֶ֤יךָ וּרְאֵה֙ כָּל־הָֽעַתֻּדִים֙ הָעֹלִ֣ים עַל־הַצֹּ֔אן עֲקֻדִּ֥ים נְקֻדִּ֖ים וּבְרֻדִּ֑ים כִּ֣י רָאִ֔יתִי אֵ֛ת כָּל־אֲשֶׁ֥ר לָבָ֖ן עֹ֥שֶׂה לָּֽךְ׃ 12
၁၂သူ ကလည်း မြော် ၍ကြည့် လော့။ တိရစ္ဆာန် မနှင့် ပေါင်းဘော် သော တိရစ္ဆာန်အထီး ရှိသမျှ တို့သည်၊ အပြောက် အကျားမှစ၍ ၊ အထွေထွေသော အဆင်းရှိကြ ၏။ အကြောင်း မူကား၊ သင် ၌ လာဗန် ပြု သမျှ တို့ကို ငါမြင် ၏။
אָנֹכִ֤י הָאֵל֙ בֵּֽית־אֵ֔ל אֲשֶׁ֨ר מָשַׁ֤חְתָּ שָּׁם֙ מַצֵּבָ֔ה אֲשֶׁ֨ר נָדַ֥רְתָּ לִּ֛י שָׁ֖ם נֶ֑דֶר עַתָּ֗ה ק֥וּם צֵא֙ מִן־הָאָ֣רֶץ הַזֹּ֔את וְשׁ֖וּב אֶל־אֶ֥רֶץ מֹולַדְתֶּֽךָ׃ 13
၁၃ငါ ကား၊ သင်သည် မှတ် တိုင်ကိုဆီ လောင်း၍၊ ငါ ၌ သစ္စာ ပြုရာ ဗေသလ အရပ်၏ဘုရား ဖြစ်၏။ ယခု ထ ၍ ဤ အရပ်မှ ထွက် သဖြင့်၊ အမျိုးသား ချင်းတို့နေသောပြည် သို့ ပြန် သွားလော့ဟု ငါ့အားမိန့်တော်မူ၏ဟု ယာကုပ်သည် ကြားပြောပြီးလျှင်၊
וַתַּ֤עַן רָחֵל֙ וְלֵאָ֔ה וַתֹּאמַ֖רְנָה לֹ֑ו הַעֹ֥וד לָ֛נוּ חֵ֥לֶק וְנַחֲלָ֖ה בְּבֵ֥ית אָבִֽינוּ׃ 14
၁၄ရာခေလ နှင့် လေအာ တို့က၊ အကျွန်ုပ် တို့သည် ကိုယ်အဘ ၏အိမ် နှင့် အဘယ်သို့ဆိုင်သနည်း။ အဘယ်သို့ အမွေခံ ရသေး သနည်း။
הֲלֹ֧וא נָכְרִיֹּ֛ות נֶחְשַׁ֥בְנוּ לֹ֖ו כִּ֣י מְכָרָ֑נוּ וַיֹּ֥אכַל גַּם־אָכֹ֖ול אֶת־כַּסְפֵּֽנוּ׃ 15
၁၅သူ သည် ကျွန်ုပ်တို့ကို တကျွန်း တနိုင်ငံသားကဲ့သို့ မှတ် တတ်သည်မ ဟုတ်လော။ ကျွန်ုပ် တို့ကို ရောင်း စား ခဲ့ပြီ တကား။
כִּ֣י כָל־הָעֹ֗שֶׁר אֲשֶׁ֨ר הִצִּ֤יל אֱלֹהִים֙ מֵֽאָבִ֔ינוּ לָ֥נוּ ה֖וּא וּלְבָנֵ֑ינוּ וְעַתָּ֗ה כֹּל֩ אֲשֶׁ֨ר אָמַ֧ר אֱלֹהִ֛ים אֵלֶ֖יךָ עֲשֵֽׂה׃ 16
၁၆ကျွန်ုပ် တို့အဘ မှ ဘုရားသခင် ရုပ်သိမ်း တော်မူသော စည်းစိမ် ရှိသမျှ သည် ငါ တို့ဥစ္စာ၊ ငါ တို့ သားသမီး များ ဥစ္စာဖြစ် ၏။ သို့ဖြစ်၍ ဘုရားသခင် မှာ ထားတော်မူသည် အတိုင်း ယခု တွင် ပြု ပါလော့ဟုပြန်ပြော ကြ၏။
וַיָּ֖קָם יַעֲקֹ֑ב וַיִּשָּׂ֛א אֶת־בָּנָ֥יו וְאֶת־נָשָׁ֖יו עַל־הַגְּמַלִּֽים׃ 17
၁၇ထိုအခါ ယာကုပ် သည်ထ ၍ ၊ မိမိ သား မယား တို့ကို ကုလားအုပ် ပေါ် မှာ စီး စေ၏။
וַיִּנְהַ֣ג אֶת־כָּל־מִקְנֵ֗הוּ וְאֶת־כָּל־רְכֻשֹׁו֙ אֲשֶׁ֣ר רָכָ֔שׁ מִקְנֵה֙ קִנְיָנֹ֔ו אֲשֶׁ֥ר רָכַ֖שׁ בְּפַדַּ֣ן אֲרָ֑ם לָבֹ֛וא אֶל־יִצְחָ֥ק אָבִ֖יו אַ֥רְצָה כְּנָֽעַן׃ 18
၁၈မိမိ တိရစ္ဆာန် တည်းဟူသော၊ ပါဒနာရံ အရပ်၌ ရ သော တိရစ္ဆာန် ရှိသမျှ တို့နှင့်၊ ရ တတ်သမျှ သောဥစ္စာ တို့ကို ဆောင် ယူ၍ ၊ အဘ ဣဇာက် နေရာ ခါနာန် ပြည်သို့ ခရီးသွား လေ၏။
וְלָבָ֣ן הָלַ֔ךְ לִגְזֹ֖ז אֶת־צֹאנֹ֑ו וַתִּגְנֹ֣ב רָחֵ֔ל אֶת־הַתְּרָפִ֖ים אֲשֶׁ֥ר לְאָבִֽיהָ׃ 19
၁၉လာဗန် သည် သိုးမွေး ကို ညှပ်ခြင်းငှါ ၊ အခြား တပါးသို့ သွား ခိုက် တွင်၊ ရာခေလ သည်၊ သူ ၏တေရပ် ရုပ်တု တို့ကို ခိုး ယူလေ၏။
וַיִּגְנֹ֣ב יַעֲקֹ֔ב אֶת־לֵ֥ב לָבָ֖ן הָאֲרַמִּ֑י עַל־בְּלִי֙ הִגִּ֣יד לֹ֔ו כִּ֥י בֹרֵ֖חַ הֽוּא׃ 20
၂၀ယာကုပ် သည် မိမိ ပြေး မည်အကြောင်း ကို မ ကြား မပြောဘဲနေ၍ ၊ ရှုရိ လူဖြစ်သော လာဗန် ကို ပရိယာယ် အားဖြင့် နိုင် လေ၏။
וַיִּבְרַ֥ח הוּא֙ וְכָל־אֲשֶׁר־לֹ֔ו וַיָּ֖קָם וַיַּעֲבֹ֣ר אֶת־הַנָּהָ֑ר וַיָּ֥שֶׂם אֶת־פָּנָ֖יו הַ֥ר הַגִּלְעָֽד׃ 21
၂၁ထိုသို့ မိမိ ဥစ္စာရှိသမျှ ပါ လျက် ပြေး သွား၍ ၊ မြစ် တစ်ဖက်သို့ အလျင်အမြန်ကူး ပြီးလျှင် ၊ ဂိလဒ် တောင် ကို ရှေ့ရှု ပြုလျက် ခရီး သွားလေ၏။
וַיֻּגַּ֥ד לְלָבָ֖ן בַּיֹּ֣ום הַשְּׁלִישִׁ֑י כִּ֥י בָרַ֖ח יַעֲקֹֽב׃ 22
၂၂ယာကုပ် ပြေး ကြောင်း ကို၊ သုံး ရက်မြောက် သောနေ့ ၌ လာဗန် ကြား သိလျှင်၊
וַיִּקַּ֤ח אֶת־אֶחָיו֙ עִמֹּ֔ו וַיִּרְדֹּ֣ף אַחֲרָ֔יו דֶּ֖רֶךְ שִׁבְעַ֣ת יָמִ֑ים וַיַּדְבֵּ֥ק אֹתֹ֖ו בְּהַ֥ר הַגִּלְעָֽד׃ 23
၂၃ညီအစ်ကို တို့ကိုခေါ် ၍ ၊ ခုနစ် ရက် ခရီး လိုက် သဖြင့် ၊ ဂိလဒ် တောင် ပေါ် မှာ မှီ လေ၏။
וַיָּבֹ֧א אֱלֹהִ֛ים אֶל־לָבָ֥ן הָאֲרַמִּ֖י בַּחֲלֹ֣ם הַלָּ֑יְלָה וַיֹּ֣אמֶר לֹ֗ו הִשָּׁ֧מֶר לְךָ֛ פֶּן־תְּדַבֵּ֥ר עִֽם־יַעֲקֹ֖ב מִטֹּ֥וב עַד־רָֽע׃ 24
၂၄ဘုရားသခင် သည် ရှုရိ လူလာဗန် ဆီသို့ ညဉ့် အချိန်တွင် အိပ်မက် ၌ ကြွ တော်မူ၍ ၊ သင်သည် ယာကုပ် အား ကောင်း မကောင်း ကို မ ပြော နှင့်၊ သတိ ပြုလော့ဟု မိန့် တော်မူ၏။
וַיַּשֵּׂ֥ג לָבָ֖ן אֶֽת־יַעֲקֹ֑ב וְיַעֲקֹ֗ב תָּקַ֤ע אֶֽת־אָהֳלֹו֙ בָּהָ֔ר וְלָבָ֛ן תָּקַ֥ע אֶת־אֶחָ֖יו בְּהַ֥ר הַגִּלְעָֽד׃ 25
၂၅ထိုအခါ ယာကုပ် သည် မိမိ တဲ ကို ဂိလဒ် တောင် ပေါ် မှာ ဆောက် နှင့်ပြီ။ လာဗန် သည် လိုက်၍မှီ သောအခါ ၊ မိမိ ညီအစ်ကို တို့နှင့်တကွ ၊ ထိုတောင် ပေါ် မှာတဲ ကို ဆောက်လေ၏။
וַיֹּ֤אמֶר לָבָן֙ לְיַעֲקֹ֔ב מֶ֣ה עָשִׂ֔יתָ וַתִּגְנֹ֖ב אֶת־לְבָבִ֑י וַתְּנַהֵג֙ אֶת־בְּנֹתַ֔י כִּשְׁבֻיֹ֖ות חָֽרֶב׃ 26
၂၆လာဗန် ကလည်း ၊ သင်သည် အဘယ်သို့ ပြု သနည်း။ စစ်တိုက် ရာ၌ ဘမ်းမိ သောသူတို့ကို သိမ်းသွား သကဲ့သို့ ၊ ငါ့ ကိုလှည့်စား၍၊ ငါ့ သမီး တို့ကို သိမ်း သွား လေပြီတကား။
לָ֤מָּה נַחְבֵּ֙אתָ֙ לִבְרֹ֔חַ וַתִּגְנֹ֖ב אֹתִ֑י וְלֹא־הִגַּ֣דְתָּ לִּ֔י וָֽאֲשַׁלֵּחֲךָ֛ בְּשִׂמְחָ֥ה וּבְשִׁרִ֖ים בְּתֹ֥ף וּבְכִנֹּֽור׃ 27
၂၇ငါ့ ကို လှည့်စား ၍ ၊ အဘယ်ကြောင့် တိတ်ဆိတ် စွာ ထွက် ပြေးသနည်း။ ငါသည် ပျော်မွေ့ ခြင်းကိုပြု၍ သီချင်း ဆိုလျက် ၊ ပတ်သာ နှင့် စောင်း တီးလျက်၊ သင့် ကို လွှတ် လိုက်စေခြင်းငှါ ၊ အဘယ်ကြောင့်ငါ့ ကို မ ကြား မပြောဘဲ နေသနည်း။
וְלֹ֣א נְטַשְׁתַּ֔נִי לְנַשֵּׁ֥ק לְבָנַ֖י וְלִבְנֹתָ֑י עַתָּ֖ה הִסְכַּ֥לְתָּֽ עֲשֹֽׂו׃ 28
၂၈ငါ့ သားသမီး တို့ကို ငါ နမ်း စေခြင်းငှါ ၊ အဘယ်ကြောင့် အခွင့် မ ပေးသနည်း။ သင်သည် မိုက် စွာ ပြု လေ ပြီတကား။
יֶשׁ־לְאֵ֣ל יָדִ֔י לַעֲשֹׂ֥ות עִמָּכֶ֖ם רָ֑ע וֽ͏ֵאלֹהֵ֨י אֲבִיכֶ֜ם אֶ֣מֶשׁ ׀ אָמַ֧ר אֵלַ֣י לֵאמֹ֗ר הִשָּׁ֧מֶר לְךָ֛ מִדַּבֵּ֥ר עִֽם־יַעֲקֹ֖ב מִטֹּ֥וב עַד־רָֽע׃ 29
၂၉ယခုသင့် ကို ငါ ညှဉ်းဆဲ နိုင်၏။ သို့သော်လည်း၊ မနေ့ ညမှာ သင် ၏အဘ ကိုးကွယ်သော ဘုရားသခင် သည် ကြွလာ၍၊ ယာကုပ် အား ကောင်း မကောင်း ကို မ ပြော နှင့်။ သတိပြု လော့ဟု ငါ့ အား မိန့် တော်မူ၏။
וְעַתָּה֙ הָלֹ֣ךְ הָלַ֔כְתָּ כִּֽי־נִכְסֹ֥ף נִכְסַ֖פְתָּה לְבֵ֣ית אָבִ֑יךָ לָ֥מָּה גָנַ֖בְתָּ אֶת־אֱלֹהָֽי׃ 30
၃၀ယခု မှာ၊ သင် သည် မိဘ အိမ် ကို အလွန် အောက်မေ့ သောကြောင့် ၊ သွား ရသည် ဟုတ်စေတော့။ ငါ ၏ ဘုရား တို့ကို အဘယ်ကြောင့် ခိုးယူ ခဲ့ရသနည်းဟု ယာကုပ် ကို ဆို၏။
וַיַּ֥עַן יַעֲקֹ֖ב וַיֹּ֣אמֶר לְלָבָ֑ן כִּ֣י יָרֵ֔אתִי כִּ֣י אָמַ֔רְתִּי פֶּן־תִּגְזֹ֥ל אֶת־בְּנֹותֶ֖יךָ מֵעִמִּֽי׃ 31
၃၁ယာကုပ် ကလည်း ၊ သင် သည်ကိုယ်သမီး တို့ကို အနိုင်သိမ်း ယူကောင်းသိမ်းယူလိမ့်မည်ဟု ကျွန်ုပ်စိုးရိမ် သောကြောင့် ထွက်ပြေးရ၏။
עִ֠ם אֲשֶׁ֨ר תִּמְצָ֣א אֶת־אֱלֹהֶיךָ֮ לֹ֣א יִֽחְיֶה֒ נֶ֣גֶד אַחֵ֧ינוּ הַֽכֶּר־לְךָ֛ מָ֥ה עִמָּדִ֖י וְקַֽח־לָ֑ךְ וְלֹֽא־יָדַ֣ע יַעֲקֹ֔ב כִּ֥י רָחֵ֖ל גְּנָבָֽתַם׃ 32
၃၂သင် ၏ဘုရား တို့ကိုမူကား၊ အကြင်သူ ၌ တွေ့ လျှင်၊ ထိုသူကို သေ စေလော့။ ကျွန်ုပ် တို့ ညီအစ်ကို များ ရှေ့ တွင်၊ သင်၏ဥစ္စာကိုပြညွှန်၍ ယူ ပါလော့ဟု၊ လာဗန် အား ပြန်ပြော ၏။ ရာခေလ ခိုး ကြောင်း ကို ယာကုပ် မ သိ။
וַיָּבֹ֨א לָבָ֜ן בְּאֹ֥הֶל יַעֲקֹ֣ב ׀ וּבְאֹ֣הֶל לֵאָ֗ה וּבְאֹ֛הֶל שְׁתֵּ֥י הָאֲמָהֹ֖ת וְלֹ֣א מָצָ֑א וַיֵּצֵא֙ מֵאֹ֣הֶל לֵאָ֔ה וַיָּבֹ֖א בְּאֹ֥הֶל רָחֵֽל׃ 33
၃၃လာဗန် သည် ယာကုပ် တဲ ၊ လေအာ တဲ ၊ ကျွန် မနှစ် ယောက်တို့၏ တဲ သို့ ဝင် ၍ ရှာသော်လည်း မ တွေ့ လျှင် ၊ လေအာ တဲ ထဲမှ ထွက် ၍ ၊ ရာခေလ တဲ သို့ ဝင် လေ၏။
וְרָחֵ֞ל לָקְחָ֣ה אֶת־הַתְּרָפִ֗ים וַתְּשִׂמֵ֛ם בְּכַ֥ר הַגָּמָ֖ל וַתֵּ֣שֶׁב עֲלֵיהֶ֑ם וַיְמַשֵּׁ֥שׁ לָבָ֛ן אֶת־כָּל־הָאֹ֖הֶל וְלֹ֥א מָצָֽא׃ 34
၃၄ရာခေလ သည်၊ ထိုရုပ်တု တို့ကိုယူ ၍ ကုလားအုပ် ကုန်းနှီး တန်ဆာထဲ သို့ သွင်း ထားပြီးလျှင် ၊ ထိုတန်ဆာ ပေါ် မှာ ထိုင် လျက်နေ၏။ လာဗန် သည် တတဲလုံး ကို ရှာဖွေ ၍ မ တွေ့ လျှင်၊
וַתֹּ֣אמֶר אֶל־אָבִ֗יהָ אַל־יִ֙חַר֙ בְּעֵינֵ֣י אֲדֹנִ֔י כִּ֣י לֹ֤וא אוּכַל֙ לָק֣וּם מִפָּנֶ֔יךָ כִּי־דֶ֥רֶךְ נָשִׁ֖ים לִ֑י וַיְחַפֵּ֕שׂ וְלֹ֥א מָצָ֖א אֶת־הַתְּרָפִֽים׃ 35
၃၅ရာခေလက၊ သခင် ရှေ့ မှာ ကျွန်မမ ထ နိုင် သည် ဖြစ်၍၊ စိတ် ရှိတော်မ မူပါနှင့်။ မိန်းမ တို့၌ ဖြစ်မြဲရှိသည် အတိုင်း၊ ကျွန်မ ၌ ဖြစ်ပါသည်ဟု အဘ အား ဆို လေ၏။ ထိုသို့ လာဗန်သည် ရှာဖွေ ၍ ရုပ်တု တို့ကိုမ တွေ့ ရ။
וַיִּ֥חַר לְיַעֲקֹ֖ב וַיָּ֣רֶב בְּלָבָ֑ן וַיַּ֤עַן יַעֲקֹב֙ וַיֹּ֣אמֶר לְלָבָ֔ן מַה־פִּשְׁעִי֙ מַ֣ה חַטָּאתִ֔י כִּ֥י דָלַ֖קְתָּ אַחֲרָֽי׃ 36
၃၆ထိုအခါ ယာကုပ် သည် စိတ်ဆိုး ၍ လာဗန် ကို ဆုံးမ သည်ကား၊ ကျွန်ုပ် သည် အဘယ်သို့ ပြစ်မှား ၍၊ အဘယ် အပြစ် ရှိသောကြောင့်၊ ကျွန်ုပ် ကို ဤမျှလောက်ပြင်းထန်စွာ လိုက် ရသနည်း။
כִּֽי־מִשַּׁ֣שְׁתָּ אֶת־כָּל־כֵּלַ֗י מַה־מָּצָ֙אתָ֙ מִכֹּ֣ל כְּלֵי־בֵיתֶ֔ךָ שִׂ֣ים כֹּ֔ה נֶ֥גֶד אַחַ֖י וְאַחֶ֑יךָ וְיֹוכִ֖יחוּ בֵּ֥ין שְׁנֵֽינוּ׃ 37
၃၇ကျွန်ုပ် ဥစ္စာ ရှိသမျှ ကို ရှာဖွေ သည်ဖြစ်၍၊ သင် ၏ ဥစ္စာ ပရိကံ တစုံ တခုကို တွေ့ မိလျှင်၊ သင် ၏ညီအစ်ကို ၊ ကျွန်ုပ် ညီအစ်ကို တို့ ရှေ့ တွင်၊ ဤ အရပ်၌ထား ပါ။ သူတို့ သည်၊ ငါ တို့နှစ် ယောက်စပ်ကြား မှာ စီရင် ပါစေ။
זֶה֩ עֶשְׂרִ֨ים שָׁנָ֤ה אָנֹכִי֙ עִמָּ֔ךְ רְחֵלֶ֥יךָ וְעִזֶּ֖יךָ לֹ֣א שִׁכֵּ֑לוּ וְאֵילֵ֥י צֹאנְךָ֖ לֹ֥א אָכָֽלְתִּי׃ 38
၃၈ကျွန်ုပ် သည် သင့် ထံ၌ အနှစ် နှစ်ဆယ် ပတ်လုံးနေရာတွင်၊ သင် ၏သိုးမ ၊ ဆိတ်မ တို့သည် ဝမ်း ပိုးမ ပျက်။ ဆိတ် ထီး၊ သိုး ထီးတို့ကို ကျွန်ုပ်မ စား။
טְרֵפָה֙ לֹא־הֵבֵ֣אתִי אֵלֶ֔יךָ אָנֹכִ֣י אֲחַטֶּ֔נָּה מִיָּדִ֖י תְּבַקְשֶׁ֑נָּה גְּנֻֽבְתִ֣י יֹ֔ום וּגְנֻֽבְתִ֖י לָֽיְלָה׃ 39
၃၉သားရဲ ကိုက်သတ်သော အကောင်ကိုသင့် ထံ သို့ကျွန်ုပ်မ ဆောင် ခဲ့၊ ကိုယ် အရှုံး ခံရ၏။ နေ့ မှာ ခိုး သည် ဖြစ်စေ ၊ ည မှာခိုး သည်ဖြစ်စေ၊ သင်သည် ကျွန်ုပ် တွင် အစားတောင်း လေ့ရှိ၏။
הָיִ֧יתִי בַיֹּ֛ום אֲכָלַ֥נִי חֹ֖רֶב וְקֶ֣רַח בַּלָּ֑יְלָה וַתִּדַּ֥ד שְׁנָתִ֖י מֵֽעֵינָֽי׃ 40
၄၀နေ့ အချိန်၌ လည်း နေပူ ကို၎င်း၊ ညဉ့် အချိန်၌ လည်း နှင်းခဲ ကို၎င်း ခံရပြီ။ အအိပ် ပျက်ခြင်းကိုလည်း ခံရပြီ။
זֶה־לִּ֞י עֶשְׂרִ֣ים שָׁנָה֮ בְּבֵיתֶךָ֒ עֲבַדְתִּ֜יךָ אַרְבַּֽע־עֶשְׂרֵ֤ה שָׁנָה֙ בִּשְׁתֵּ֣י בְנֹתֶ֔יךָ וְשֵׁ֥שׁ שָׁנִ֖ים בְּצֹאנֶ֑ךָ וַתַּחֲלֵ֥ף אֶת־מַשְׂכֻּרְתִּ֖י עֲשֶׂ֥רֶת מֹנִֽים׃ 41
၄၁ထိုသို့ ၊ ကျွန်ုပ် သည် အနှစ် နှစ်ဆယ် ပတ်လုံးသင် ၏အိမ် ၌ နေ၍၊ သင် ၏သားသမီး နှစ် ယောက် အတွက် ကြောင့် ဆယ် လေး နှစ် ၊ သိုး ဆိတ်တို့အတွက် ကြောင့် ခြောက် နှစ် အစေ ခံရပြီ။ သို့ရာတွင် သင်သည်၊ ကျွန်ုပ် အခ ကို ဆယ် ကြိမ် လဲ ပြီတကား။
לוּלֵ֡י אֱלֹהֵ֣י אָבִי֩ אֱלֹהֵ֨י אַבְרָהָ֜ם וּפַ֤חַד יִצְחָק֙ הָ֣יָה לִ֔י כִּ֥י עַתָּ֖ה רֵיקָ֣ם שִׁלַּחְתָּ֑נִי אֶת־עָנְיִ֞י וְאֶת־יְגִ֧יעַ כַּפַּ֛י רָאָ֥ה אֱלֹהִ֖ים וַיֹּ֥וכַח אָֽמֶשׁ׃ 42
၄၂ယခုလည်း ကျွန်ုပ် အဘ ၏ ဘုရားသခင် ၊ အာဗြဟံ ၏ဘုရားသခင် ၊ ဣဇာက် ၏ကြောက်ရွံ့ ရာ ဘုရား သည် ကျွန်ုပ် ဘက် ၌မ ရှိ လျှင်၊ သင်သည် ကျွန်ုပ် ကို ဧကန် အမှန်လက်ချည်း လွှတ် လိုက်လိမ့်မည်တကား။ အကယ်စင်စစ်ကျွန်ုပ် ဆင်းရဲ ခံရခြင်း၊ ပင်ပန်းစွာ လုပ်ကိုင် ရခြင်းကို ဘုရားသခင် မြင် ၍ ၊ မနေ့ ညမှာ သင့်ကို ဆုံးမ တော်မူပြီဟု ဆိုလေ၏။
וַיַּ֨עַן לָבָ֜ן וַיֹּ֣אמֶר אֶֽל־יַעֲקֹ֗ב הַבָּנֹ֨ות בְּנֹתַ֜י וְהַבָּנִ֤ים בָּנַי֙ וְהַצֹּ֣אן צֹאנִ֔י וְכֹ֛ל אֲשֶׁר־אַתָּ֥ה רֹאֶ֖ה לִי־ה֑וּא וְלִבְנֹתַ֞י מָֽה־אֽ͏ֶעֱשֶׂ֤ה לָאֵ֙לֶּה֙ הַיֹּ֔ום אֹ֥ו לִבְנֵיהֶ֖ן אֲשֶׁ֥ר יָלָֽדוּ׃ 43
၄၃လာဗန် ကလည်း ၊ ဤသမီး တို့သည် ငါ့ သမီး ဖြစ်ကြ၏။ ဤသူငယ် တို့သည်၊ ငါ့ သား ဖြစ်ကြ၏။ ဤတိရစ္ဆာန် တို့လည်း၊ ငါ့ တိရစ္ဆာန် ဖြစ်ကြ၏။ မြင် သမျှ သော ဥစ္စာသည် ငါ့ ဥစ္စာဖြစ်၏။ ငါ့ သမီး တို့၌၎င်း၊ သူတို့ ဘွားမြင် သော ငါ့သူငယ် တို့၌၎င်း ၊ အဘယ်သို့ ငါပြု နိုင် သနည်း။
וְעַתָּ֗ה לְכָ֛ה נִכְרְתָ֥ה בְרִ֖ית אֲנִ֣י וָאָ֑תָּה וְהָיָ֥ה לְעֵ֖ד בֵּינִ֥י וּבֵינֶֽךָ׃ 44
၄၄သို့ဖြစ်၍ ၊ ယခုသင် နှင့် ငါ စပ်ကြား ၌ သက်သေ ဖြစ်စေ ၍ ၊ ငါ တို့နှစ်ယောက်သည် ပဋိညာဉ် ပြု ကြစို့ဟု ယာကုပ် အား ပြန်ပြော ၏။
וַיִּקַּ֥ח יַעֲקֹ֖ב אָ֑בֶן וַיְרִימֶ֖הָ מַצֵּבָֽה׃ 45
၄၅ယာကုပ် သည်လည်း ကျောက် ကိုယူ ၍ ၊ မှတ်တိုင် ဘို့ စိုက် ထူပြီးလျှင်၊
וַיֹּ֨אמֶר יַעֲקֹ֤ב לְאֶחָיו֙ לִקְט֣וּ אֲבָנִ֔ים וַיִּקְח֥וּ אֲבָנִ֖ים וַיַּֽעֲשׂוּ־גָ֑ל וַיֹּ֥אכְלוּ שָׁ֖ם עַל־הַגָּֽל׃ 46
၄၆ကျောက် များကို စု ထားကြပါဟု ညီအစ်ကို တို့ အား ဆိုသည်အတိုင်း၊ သူတို့သည် ကျောက်များကိုယူ ၍ ၊ ကျောက် ပုံ ကို တည် လုပ်ပြီးမှ ၊ ထို ကျောက် ပုံအပေါ် ၌ စားသောက် ခြင်းကို ပြုကြ၏။
וַיִּקְרָא־לֹ֣ו לָבָ֔ן יְגַ֖ר שָׂהֲדוּתָ֑א וְיַֽעֲקֹ֔ב קָ֥רָא לֹ֖ו גַּלְעֵֽד׃ 47
၄၇ထို ကျောက်ပုံကို လာဗန် သည် ယေဂါသဟာဒုသ ဟူ၍၎င်း၊ ယာကုပ် သည် ဂိလဒ် ဟူ၍၎င်း၊ သမုတ် လေ၏။
וַיֹּ֣אמֶר לָבָ֔ן הַגַּ֨ל הַזֶּ֥ה עֵ֛ד בֵּינִ֥י וּבֵינְךָ֖ הַיֹּ֑ום עַל־כֵּ֥ן קָרָֽא־שְׁמֹ֖ו גַּלְעֵֽד׃ 48
၄၈လာဗန် ကလည်း ၊ ယနေ့ ဤ ကျောက် ပုံသည် ငါ နှင့် သင် ၏စပ်ကြား ၌ သက်သေ ဖြစ်သည်ဟုဆို ၏။ ထိုကြောင့် ဂိလဒ် ဟူ၍သမုတ် ကြ၏။
וְהַמִּצְפָּה֙ אֲשֶׁ֣ר אָמַ֔ר יִ֥צֶף יְהוָ֖ה בֵּינִ֣י וּבֵינֶ֑ךָ כִּ֥י נִסָּתֵ֖ר אִ֥ישׁ מֵרֵעֵֽהוּ׃ 49
၄၉မိဇပါ ဟူ၍သမုတ်ကြသေး၏။ အကြောင်း မူကား၊ လာဗန်က၊ ငါတို့သည် တ ယောက်နှင့်တယောက် ခွါ သွားကြသော နောက်၊ ထာဝရဘုရား သည် ငါ နှင့် သင် ၏ စပ်ကြား ၌စောင့် တော်မူစေသတည်း။
אִם־תְּעַנֶּ֣ה אֶת־בְּנֹתַ֗י וְאִם־תִּקַּ֤ח נָשִׁים֙ עַל־בְּנֹתַ֔י אֵ֥ין אִ֖ישׁ עִמָּ֑נוּ רְאֵ֕ה אֱלֹהִ֥ים עֵ֖ד בֵּינִ֥י וּבֵינֶֽךָ׃ 50
၅၀သင်သည် ငါ့ သမီး တို့ကို ညှဉ်းဆဲ သည်ဖြစ်စေ ၊ ငါ့ သမီး တို့မှတပါး အခြားသော မိန်းမ နှင့် စုံဘက် သည် ဖြစ်စေ ၊ ငါ တို့၌ လူ သက်သေမရှိ၊ ဘုရားသခင် သည် ငါ နှင့် သင် ၏ စပ်ကြား ၌သက်သေ မ ရှိ၊ ဘုရားသခင် သည် ငါနှင့်သင်၏စပ်ကြား၌ သက်သေဖြစ်စေတော်မူသတည်း ဟူ၍၎င်း၊
וַיֹּ֥אמֶר לָבָ֖ן לְיַעֲקֹ֑ב הִנֵּ֣ה ׀ הַגַּ֣ל הַזֶּ֗ה וְהִנֵּה֙ הַמַצֵּבָ֔ה אֲשֶׁ֥ר יָרִ֖יתִי בֵּינִ֥י וּבֵינֶֽךָ׃ 51
၅၁တဖန် လည်း၊ ငါ နှင့် သင် ၏စပ်ကြား ၌ သင်သည် တည်လုပ် ခဲ့ပြီးသော ဤ ကျောက် ပုံနှင့် ဤ မှတ်တိုင် ကို ကြည့် ပါလော့။
עֵ֚ד הַגַּ֣ל הַזֶּ֔ה וְעֵדָ֖ה הַמַּצֵּבָ֑ה אִם־אָ֗נִי לֹֽא־אֽ͏ֶעֱבֹ֤ר אֵלֶ֙יךָ֙ אֶת־הַגַּ֣ל הַזֶּ֔ה וְאִם־אַ֠תָּה לֹא־תַעֲבֹ֨ר אֵלַ֜י אֶת־הַגַּ֥ל הַזֶּ֛ה וְאֶת־הַמַּצֵּבָ֥ה הַזֹּ֖את לְרָעָֽה׃ 52
၅၂ငါ သည် သင့် ကိုခိုက် ရန်ပြုခြင်းငှါ ၊ ဤ ကျောက် ပုံ၊ ဤမှတ်တိုင်ကို မ ကျော် ရ၊ သင် သည် ငါ့ ကိုခိုက်ရန်ပြု ခြင်းငှါ၊ ဤ ကျောက် ပုံ၊ ဤ မှတ် တိုင်ကို မ ကျော် ရဟု ဤ ကျောက် ပုံနှင့် ဤ မှတ်တိုင် သည် သက်သေဖြစ်စေသတည်း ။
אֱלֹהֵ֨י אַבְרָהָ֜ם וֵֽאלֹהֵ֤י נָחֹור֙ יִשְׁפְּט֣וּ בֵינֵ֔ינוּ אֱלֹהֵ֖י אֲבִיהֶ֑ם וַיִּשָּׁבַ֣ע יַעֲקֹ֔ב בְּפַ֖חַד אָבִ֥יו יִצְחָֽק׃ 53
၅၃အာဗြဟံ ၏ ဘုရားသခင် ၊ နာခေါ် ၏ ဘုရားသခင် ၊ သင့်အဘ ၏ဘုရားသခင် သည် ငါ တို့စပ်ကြား ၌ စီရင် တော်မူစေသတည်းဟူ၍၎င်း၊ ယာကုပ် အား ဆို ၏။ ယာကုပ် သည်လည်း၊ မိမိ အဘ ကြောက်ရွံ့ ရာ ဘုရားကို တိုင်တည် ၍ ကျိန်ဆိုခြင်းကို ပြုလေ၏။
וַיִּזְבַּ֨ח יַעֲקֹ֥ב זֶ֙בַח֙ בָּהָ֔ר וַיִּקְרָ֥א לְאֶחָ֖יו לֶאֱכָל־לָ֑חֶם וַיֹּ֣אכְלוּ לֶ֔חֶם וַיָּלִ֖ינוּ בָּהָֽר׃ 54
၅၄ထိုအခါ ယာကုပ် သည် တောင် ပေါ် မှာ ယဇ် ပူဇော်၍၊ ညီအစ်ကို များကို အစာ စား စေခြင်းငှါ ခေါ်ဘိတ် သဖြင့် ၊ သူတို့သည် စားသောက် ၍ ၊ တောင် ပေါ် မှာ ညဉ့် ကို လွန်စေကြ၏။
וַיַּשְׁכֵּ֨ם לָבָ֜ן בַּבֹּ֗קֶר וַיְנַשֵּׁ֧ק לְבָנָ֛יו וְלִבְנֹותָ֖יו וַיְבָ֣רֶךְ אֶתְהֶ֑ם וַיֵּ֛לֶךְ וַיָּ֥שָׁב לָבָ֖ן לִמְקֹמֹֽו׃ 55
၅၅နံနက် စောစောလာဗန် ထ ၍ မိမိ သားသမီး များ ကို နမ်း လျက် ကောင်းကြီး ပေးပြီးမှ ၊ မိမိ နေရာ ပြည်သို့ ပြန် သွားလေ၏။

< בְּרֵאשִׁית 31 >