< עֶזְרָא 10 >

וּכְהִתְפַּלֵּ֤ל עֶזְרָא֙ וּכְ֨הִתְוַדֹּתֹ֔ו בֹּכֶה֙ וּמִתְנַפֵּ֔ל לִפְנֵ֖י בֵּ֣ית הָאֱלֹהִ֑ים נִקְבְּצוּ֩ אֵלָ֨יו מִיִּשְׂרָאֵ֜ל קָהָ֣ל רַב־מְאֹ֗ד אֲנָשִׁ֤ים וְנָשִׁים֙ וִֽילָדִ֔ים כִּֽי־בָכ֥וּ הָעָ֖ם הַרְבֵּה־בֶֽכֶה׃ ס 1
ဧ​ဇ​ရ​သည်​ဗိ​မာန်​တော်​ရှေ့​တွင်​ခေါင်း​ငုံ့​လျက် ငို​ကြွေး​ကာ ဤ​အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ လျက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​နေ​စဉ် ဣ​သ​ရေ​လ အ​မျိုး​သား၊ အ​မျိုး​သ​မီး​နှင့်​က​လေး​ပါ ဝင်​သော​လူ​အုပ်​ကြီး​သည်​ငို​ကြွေး​လျက် သူ့​ထံ​စု​ရုံး​ကြ​ကုန်​၏။-
וַיַּעַן֩ שְׁכַנְיָ֨ה בֶן־יְחִיאֵ֜ל מִבְּנֵ֤י עֹולָם (עֵילָם֙) וַיֹּ֣אמֶר לְעֶזְרָ֔א אֲנַ֙חְנוּ֙ מָעַ֣לְנוּ בֵאלֹהֵ֔ינוּ וַנֹּ֛שֶׁב נָשִׁ֥ים נָכְרִיֹּ֖ות מֵעַמֵּ֣י הָאָ֑רֶץ וְעַתָּ֛ה יֵשׁ־מִקְוֶ֥ה לְיִשְׂרָאֵ֖ל עַל־זֹֽאת׃ 2
ထို​အ​ခါ​ဧ​လံ​သား​ချင်း​စု​မှ​ယေ​ဟေ​လ​၏ သား ရှေ​က​နိ​က​ဧ​ဇ​ရ​အား``အ​ကျွန်ုပ်​တို့​သည် လူ​မျိုး​ခြား​အ​မျိုး​သ​မီး​များ​နှင့်​ထိမ်း​မြား စုံ​ဖက်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​ကို​သစ္စာ ဖောက်​ကြ​ပါ​ပြီ။ သို့​သော်​လည်း​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက် မျှော်​လင့်​စ​ရာ​ရှိ ပါ​သေး​၏။-
וְעַתָּ֣ה נִֽכְרָת־בְּרִ֣ית לֵ֠אלֹהֵינוּ לְהֹוצִ֨יא כָל־נָשִׁ֜ים וְהַנֹּולָ֤ד מֵהֶם֙ בַּעֲצַ֣ת אֲדֹנָ֔י וְהַחֲרֵדִ֖ים בְּמִצְוַ֣ת אֱלֹהֵ֑ינוּ וְכַתֹּורָ֖ה יֵעָשֶֽׂה׃ 3
ယ​ခု​အ​ကျွန်ုပ်​တို့​သည်​ထို​မိန်း​မ​များ​နှင့် သား​သ​မီး​များ​ကို​စွန့်​ကြ​ပါ​မည်​ဟု အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​အား​ကျိန်​ဆို​က​တိ​ပြု ရ​ကြ​မည်။ ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​များ ကို​ရို​သေ​လေး​စား​ကြ​သော​အ​ရှင်​နှင့် အ​ခြား သူ​များ​အ​ကြံ​ပေး​သည့်​အ​တိုင်း အ​ကျွန်ုပ် တို့​ပြု​ကြ​ပါ​မည်။ ဘု​ရား​သ​ခင်​၏​တ​ရား တော်​ပြ​ဋ္ဌာန်း​သည့်​အ​တိုင်း​ပြု​ပါ​မည်။-
ק֛וּם כִּֽי־עָלֶ֥יךָ הַדָּבָ֖ר וַאֲנַ֣חְנוּ עִמָּ֑ךְ חֲזַ֖ק וַעֲשֵֽׂה׃ פ 4
ဤ​အ​မှု​ကို​အ​ရှင်​တာ​ဝန်​ယူ​ဆောင်​ရွက် တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​အား ဝိုင်း​ဝန်း​ကူ​ညီ​ကြ​ပါ​မည်။ သို့​ဖြစ်​၍​ရဲ​ရင့် စွာ​ဆောင်​ရွက်​တော်​မူ​ပါ'' ဟု​ပြော​၏။
וַיָּ֣קָם עֶזְרָ֡א וַיַּשְׁבַּ֣ע אֶת־שָׂרֵי֩ הַכֹּהֲנִ֨ים הַלְוִיִּ֜ם וְכָל־יִשְׂרָאֵ֗ל לַעֲשֹׂ֛ות כַּדָּבָ֥ר הַזֶּ֖ה וַיִּשָּׁבֵֽעוּ׃ 5
ထို့​ကြောင့်​ဧ​ဇ​ရ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့ ၏​ခေါင်း​ဆောင်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​တို့​၏ ခေါင်း​ဆောင်​များ၊ ပြည်​သူ​တို့​၏​ခေါင်း​ဆောင် များ​အား​ရှေ​က​နိ​ပေး​သည့်​အ​ကြံ​အ​တိုင်း ဆောင်​ရွက်​ပါ​မည်​ဟူ​သော​သစ္စာ​က​တိ​ကို ပြု​စေ​၏။-
וַיָּ֣קָם עֶזְרָ֗א מִלִּפְנֵי֙ בֵּ֣ית הָֽאֱלֹהִ֔ים וַיֵּ֕לֶךְ אֶל־לִשְׁכַּ֖ת יְהֹוחָנָ֣ן בֶּן־אֶלְיָשִׁ֑יב וַיֵּ֣לֶךְ שָׁ֗ם לֶ֤חֶם לֹֽא־אָכַל֙ וּמַ֣יִם לֹֽא־שָׁתָ֔ה כִּ֥י מִתְאַבֵּ֖ל עַל־מַ֥עַל הַגֹּולָֽה׃ ס 6
ထို​နောက်​သူ​သည်​ဗိ​မာန်​တော်​ရှေ့​မှ​ထ​သွား​၍ ဧ​လျာ​ရှိပ်​၏​သား​ယော​ဟ​နန်​၏​အ​ခန်း​သို့ သွား​ပြီး​လျှင် ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ သူ​တို့​သစ္စာ​မဲ့​မှု​ကြောင့်​တစ်​ညဥ့်​လုံး​မ​စား မ​သောက်​ဘဲ​ညဉ်း​တွား​မြည်​တမ်း​လျက်​နေ​၏။
וַיַּעֲבִ֨ירוּ קֹ֜ול בִּיהוּדָ֣ה וִירֽוּשָׁלַ֗͏ִם לְכֹל֙ בְּנֵ֣י הַגֹּולָ֔ה לְהִקָּבֵ֖ץ יְרוּשָׁלָֽ͏ִם׃ 7
ထို​နောက်​ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ အ​ပေါင်း​တို့​သည် အုပ်​ချုပ်​ရေး​မှူး​များ​နှင့် ပြည်​သူ​ခေါင်း​ဆောင်​များ​၏​အ​မိန့်​အ​ရ ယေ​ရု​ရှ​လင်​မြို့​သို့​သုံး​ရက်​အ​တွင်း​လာ ရောက်​စု​ရုံး​ကြ​ရ​မည်​ဖြစ်​ကြောင်း၊ ယင်း သို့​လာ​ရောက်​ရန်​ပျက်​ကွက်​သူ​များ​သည် မိ​မိ​တို့​တွင်​ရှိ​သ​မျှ​သော​ဥစ္စာ​ပစ္စည်း​များ ကို​အ​သိမ်း​ခံ​ရ​ကာ ဣ​သ​ရေ​လ​အ​မျိုး သား​အ​သိုင်း​အ​ဝိုင်း​မှ​ထုတ်​ပယ်​ခြင်း ကို​ခံ​ကြ​ရ​မည်​ဖြစ်​ကြောင်း​ကို ယေ​ရု ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​တစ်​လျှောက်​လုံး ၌​ကြေ​ညာ​ကြ​၏။-
וְכֹל֩ אֲשֶׁ֨ר לֹֽא־יָבֹ֜וא לִשְׁלֹ֣שֶׁת הַיָּמִ֗ים כַּעֲצַ֤ת הַשָּׂרִים֙ וְהַזְּקֵנִ֔ים יָחֳרַ֖ם כָּל־רְכוּשֹׁ֑ו וְה֥וּא יִבָּדֵ֖ל מִקְּהַ֥ל הַגֹּולָֽה׃ ס 8
וַיִּקָּבְצ֣וּ כָל־אַנְשֵֽׁי־יְהוּדָה֩ וּבִנְיָמִ֨ן ׀ יְרוּשָׁלַ֜͏ִם לִשְׁלֹ֣שֶׁת הַיָּמִ֗ים ה֛וּא חֹ֥דֶשׁ הַתְּשִׁיעִ֖י בְּעֶשְׂרִ֣ים בַּחֹ֑דֶשׁ וַיֵּשְׁב֣וּ כָל־הָעָ֗ם בִּרְחֹוב֙ בֵּ֣ית הָאֱלֹהִ֔ים מַרְעִידִ֥ים עַל־הַדָּבָ֖ר וּמֵהַגְּשָׁמִֽים׃ פ 9
ယု​ဒ​နှင့်​ဗင်္ယာ​မိန်​နယ်​မြေ​များ​တွင်​နေ​ထိုင် သူ​ယောကျာ်း​အ​ပေါင်း​တို့​သည် သုံး​ရက်​အ​တွင်း န​ဝ​မ​လ​နှစ်​ဆယ်​ရက်​နေ့​၌ ယေ​ရု​ရှ​လင် မြို့​ဗိ​မာန်​တော်​ရှေ့​တံ​တိုင်း​သို့​လာ​ရောက် စု​ဝေး​ကြ​၏။ ထို​အ​ခါ​၌​မိုး​သည်း​ထန် စွာ​ရွာ​လျက်​နေ​၏။ လူ​အ​ပေါင်း​တို့​သည် ရာ​သီ​ဥ​တု​အ​ခြေ​အ​နေ​ကြောင့်​လည်း ကောင်း၊ အ​စည်း​အ​ဝေး​အ​ရေး​ကြီး​မှု ကြောင့်​လည်း​ကောင်း​တုန်​လှုပ်​လျက်​နေ ကြ​၏။
וַיָּ֨קָם עֶזְרָ֤א הַכֹּהֵן֙ וַיֹּ֣אמֶר אֲלֵהֶ֔ם אַתֶּ֣ם מְעַלְתֶּ֔ם וַתֹּשִׁ֖יבוּ נָשִׁ֣ים נָכְרִיֹּ֑ות לְהֹוסִ֖יף עַל־אַשְׁמַ֥ת יִשְׂרָאֵֽל׃ 10
၁၀ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​သည်​ထ​၍ ထို​သူ​တို့ အား​မိန့်​ခွန်း​မြွက်​ကြား​၏။ ဧ​ဇ​ရ​က``သင်​တို့ သည်​သစ္စာ​မဲ့​ကြ​လေ​ပြီ။ လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​ကာ ဣ​သ ရေ​လ​အ​မျိုး​အား​အ​ပြစ်​သင့်​စေ​ကြ လေ​ပြီ။-
וְעַתָּ֗ה תְּנ֥וּ תֹודָ֛ה לַיהוָ֥ה אֱלֹהֵֽי־אֲבֹתֵיכֶ֖ם וַעֲשׂ֣וּ רְצֹונֹ֑ו וְהִבָּֽדְלוּ֙ מֵעַמֵּ֣י הָאָ֔רֶץ וּמִן־הַנָּשִׁ֖ים הַנָּכְרִיֹּֽות׃ 11
၁၁သို့​ဖြစ်​၍​သင်​တို့​အ​ပြစ်​ကို သင်​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဖော်​ပြ​ဝန်​ခံ​ပြီး​လျှင် ကိုယ်​တော်​နှစ်​သက်​တော် မူ​သည့်​အ​မှု​ကို​ပြု​ကြ​လော့။ ငါ​တို့​ပြည် တွင်​သင်​တို့​နှင့်​အ​တူ နေ​ထိုင်​ကြ​သူ​လူ​မျိုး ခြား​တို့​နှင့်​လည်း​ကောင်း၊ သင်​တို့​၏​လူ​မျိုး ခြား​ဇ​နီး​များ​နှင့်​လည်း​ကောင်း​ခွဲ​ခွာ ကြ​လော့'' ဟု​ဆို​၏။
וַיַּֽעְנ֧וּ כָֽל־הַקָּהָ֛ל וַיֹּאמְר֖וּ קֹ֣ול גָּדֹ֑ול כֵּ֛ן כְּדִבְרֶיךָ (כִּדְבָרְךָ֥) עָלֵ֖ינוּ לַעֲשֹֽׂות׃ 12
၁၂လူ​တို့​က​လည်း``အ​ရှင်​အ​မိန့်​ရှိ​သည့်​အ​တိုင်း အ​ကျွန်ုပ်​တို့​ပြု​ပါ​မည်'' ဟု​ပြန်​လည်​ဟစ် အော်​ပြော​ဆို​ကြ​၏။-
אֲבָ֞ל הָעָ֥ם רָב֙ וְהָעֵ֣ת גְּשָׁמִ֔ים וְאֵ֥ין כֹּ֖חַ לַעֲמֹ֣וד בַּח֑וּץ וְהַמְּלָאכָ֗ה לֹֽא־לְיֹ֤ום אֶחָד֙ וְלֹ֣א לִשְׁנַ֔יִם כִּֽי־הִרְבִּ֥ינוּ לִפְשֹׁ֖עַ בַּדָּבָ֥ר הַזֶּֽה׃ 13
၁၃သို့​ရာ​တွင်​သူ​တို့​က​ဆက်​လက်​၍``ဤ​လူ​အုပ် သည်​အ​လွန်​ကြီး​မား​၍ မိုး​သည်​လည်း​သည်း ထန်​စွာ​ရွာ​လျက်​ရှိ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည် လ​ဟာ​ပြင်​တွင် ဤ​သို့​ရပ်​လျက်​မ​နေ​နိုင် ကြ​ပါ။ အ​ကျွန်ုပ်​တို့​အ​မြောက်​အ​မြား​ပင် ထို​အ​ပြစ်​ကို​ကူး​လွန်​ခဲ့​ကြ​သည်​ဖြစ်​၍ ဤ​အ​မှု​ကိစ္စ​ကို​တစ်​ရက်​နှစ်​ရက်​နှင့်​ဆောင် ရွက်​၍​ပြီး​မည်​မ​ဟုတ်​ပါ။-
יַֽעֲמְדוּ־נָ֣א שָׂ֠רֵינוּ לְֽכָל־הַקָּהָ֞ל וְכֹ֣ל ׀ אֲשֶׁ֣ר בֶּעָרֵ֗ינוּ הַהֹשִׁ֞יב נָשִׁ֤ים נָכְרִיֹּות֙ יָבֹא֙ לְעִתִּ֣ים מְזֻמָּנִ֔ים וְעִמָּהֶ֛ם זִקְנֵי־עִ֥יר וָעִ֖יר וְשֹׁפְטֶ֑יהָ עַ֠ד לְהָשִׁ֞יב חֲרֹ֤ון אַף־אֱלֹהֵ֙ינוּ֙ מִמֶּ֔נּוּ עַ֖ד לַדָּבָ֥ר הַזֶּֽה׃ פ 14
၁၄ထို့​ကြောင့်​အ​ကျွန်ုပ်​တို့​၏​အုပ်​ချုပ်​ရေး​မှူး များ​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​၍ ဤ အ​မှု​ကိစ္စ​ကို​တာ​ဝန်​ယူ​ဆောင်​ရွက်​ကြ ပါ​စေ။ ထို​နောက်​အ​ကျွန်ုပ်​တို့​မြို့​ရွာ​များ တွင် လူ​မျိုး​ခြား​အ​မျိုး​သ​မီး​များ​နှင့် စုံ​ဖက်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​သည် မိ​မိ တို့​မြို့​ရွာ​ခေါင်း​ဆောင်​များ၊ တ​ရား​သူ ကြီး​များ​နှင့်​အ​တူ​ချိန်း​ချက်​သော အ​ချိန်​တွင်​လာ​ရောက်​လျက် ဤ​အ​မှု နှင့်​စပ်​လျဉ်း​၍​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​ကို​ပြေ​ငြိမ်း​အောင်​ပြု​ကြ​ပါ​စေ'' ဟု​ပြော​ကြား​ကြ​၏။-
אַ֣ךְ יֹונָתָ֧ן בֶּן־עֲשָׂהאֵ֛ל וְיַחְזְיָ֥ה בֶן־תִּקְוָ֖ה עָמְד֣וּ עַל־זֹ֑את וּמְשֻׁלָּ֛ם וְשַׁבְּתַ֥י הַלֵּוִ֖י עֲזָרֻֽם׃ 15
၁၅မေ​ရှု​လံ​နှင့်​လေဝိ​အ​နွယ်​ဝင်​ရှဗ္ဗ​သဲ​တို့​၏ ထောက်​ခံ​မှု​ကို​ရ​သော အာ​သ​ဟေ​လ​၏​သား ယော​န​သန်​နှင့်​တိ​က​ဝ​၏​သား​ယ​ဟာ​ဇိ တို့​က​လွဲ​၍ အ​ခြား​အ​ဘယ်​သူ​မျှ​ထို အ​ကြံ​ကို​မ​ကန့်​ကွက်​ကြ။
וַיּֽ͏ַעֲשׂוּ־כֵן֮ בְּנֵ֣י הַגֹּולָה֒ וַיִּבָּדְלוּ֩ עֶזְרָ֨א הַכֹּהֵ֜ן אֲנָשִׁ֨ים רָאשֵׁ֧י הָאָבֹ֛ות לְבֵ֥ית אֲבֹתָ֖ם וְכֻלָּ֣ם בְּשֵׁמֹ֑ות וַיֵּשְׁב֗וּ בְּיֹ֤ום אֶחָד֙ לַחֹ֣דֶשׁ הָעֲשִׂירִ֔י לְדַרְיֹ֖ושׁ הַדָּבָֽר׃ 16
၁၆ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​တို့ သည် ထို​အ​ကြံ​ကို​သ​ဘော​တူ​လက်​ခံ​ကြ သ​ဖြင့် ပု​ရော​ဟိတ်​ဧ​ဇ​ရ​သည် သား​ချင်း​စု ခေါင်း​ဆောင်​များ​အ​နက်​လူ​အ​ချို့​ကို​ရွေး ချယ်​ကာ​သူ​တို့​၏​အ​မည်​များ​ကို​မှတ်​တမ်း တင်​ထား​၏။ ထို​သူ​တို့​သည်​လူ​မျိုး​ခြား အ​မျိုး​သ​မီး​များ​နှင့် အိမ်​ထောင်​ပြု​သူ​တို့ ၏​အ​မှု​များ​ကို​ဒ​သ​မ​လ​တစ်​ရက်​နေ့ ၌​စ​တင်​၍ စုံ​စမ်း​စစ်​ဆေး​ကြ​ရာ​သုံး​လ အ​တွင်း​ပြီး​ဆုံး​လေ​သည်။
וַיְכַלּ֣וּ בַכֹּ֔ל אֲנָשִׁ֕ים הַהֹשִׁ֖יבוּ נָשִׁ֣ים נָכְרִיֹּ֑ות עַ֛ד יֹ֥ום אֶחָ֖ד לַחֹ֥דֶשׁ הָרִאשֹֽׁון׃ פ 17
၁၇
וַיִּמָּצֵא֙ מִבְּנֵ֣י הַכֹּהֲנִ֔ים אֲשֶׁ֥ר הֹשִׁ֖יבוּ נָשִׁ֣ים נָכְרִיֹּ֑ות מִבְּנֵי֙ יֵשׁ֤וּעַ בֶּן־יֹֽוצָדָק֙ וְאֶחָ֔יו מַֽעֲשֵׂיָה֙ וֽ͏ֶאֱלִיעֶ֔זֶר וְיָרִ֖יב וּגְדַלְיָֽה׃ 18
၁၈လူ​မျိုး​ခြား​များ​နှင့်​အိမ်​ထောင်​ကျ​သူ​များ စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ သား​ချင်း​စု​အ​လိုက်​ယဇ်​ပု​ရော​ဟိတ်​များ ယော​ရှု​သား​ချင်း​စု​နှင့်​သူ​၏​ညီ​များ။ ယော​ဇ ဒက်​၏​သား​များ​ဖြစ်​ကြ​သော​မာ​သေ​ယ၊ ဧ​လျေ​ဇာ၊ ယာ​ရိပ်​နှင့်​ဂေ​ဒ​လိ။-
וַיִּתְּנ֥וּ יָדָ֖ם לְהֹוצִ֣יא נְשֵׁיהֶ֑ם וַאֲשֵׁמִ֥ים אֵֽיל־צֹ֖אן עַל־אַשְׁמָתָֽם׃ ס 19
၁၉သူ​တို့​သည်​မိ​မိ​တို့​ဇ​နီး​များ​နှင့်​ကွာ​ရှင်း ပါ​မည်​ဟု​က​တိ​ပြု​ကြ​ပြီး​လျှင် မိ​မိ​တို့ အ​ပြစ်​များ​အ​တွက်​သိုး​ထီး​တစ်​ကောင်​ကို ယဇ်​ပူ​ဇော်​ကြ​၏။
וּמִבְּנֵ֣י אִמֵּ֔ר חֲנָ֖נִי וּזְבַדְיָֽה׃ ס 20
၂၀ဣ​မေ​ရ​သား​ချင်း​စု​မှ​ဟာ​နန်​နှင့်​ဇေ​ဗ​ဒိ။
וּמִבְּנֵ֖י חָרִ֑ם מַעֲשֵׂיָ֤ה וְאֵֽלִיָּה֙ וּֽשְׁמַֽעְיָ֔ה וִיחִיאֵ֖ל וְעֻזִיָּֽה׃ 21
၂၁ဟာ​ရိမ်​သား​ချင်း​စု​မှ မာ​သေ​ယ၊ ဧ​လိ​ယ၊ ရှေ​မာ​ယ၊ ယေ​ဟေ​လ​နှင့်​သြ​ဇိ။
וּמִבְּנֵ֖י פַּשְׁח֑וּר אֶלְיֹועֵינַ֤י מַֽעֲשֵׂיָה֙ יִשְׁמָעֵ֣אל נְתַנְאֵ֔ל יֹוזָבָ֖ד וְאֶלְעָשָֽׂה׃ ס 22
၂၂ပါ​ရှု​ရ​သား​ချင်း​စု မှ​ဧ​လိ​သြ​နဲ၊ မာ​သေ​ယ၊ ဣရှ​မေ​လ၊ နာ​သ​နေ​လ၊ ယော​ဇ​ဗဒ်​နှင့်​ဧ​လာ​သ။
וּמִֽן־הַלְוִיִּ֑ם יֹוזָבָ֣ד וְשִׁמְעִ֗י וְקֵֽלָיָה֙ ה֣וּא קְלִיטָ֔א פְּתַֽחְיָ֥ה יְהוּדָ֖ה וֶאֱלִיעֶֽזֶר׃ ס 23
၂၃ယော​ဇ​ဗဒ်၊ ရှိ​မိ၊ ကေ​လာ​ယ (ခေါ်) ကေ​လိ​တ၊ ပေ​သာ​ဟိ၊ ယု​ဒ​နှင့်​ဧ​လျေ​ဇာ။
וּמִן־הַמְשֹׁרְרִ֖ים אֶלְיָשִׁ֑יב וּמִן־הַשֹּׁ֣עֲרִ֔ים שַׁלֻּ֥ם וָטֶ֖לֶם וְאוּרִֽי׃ ס 24
၂၄ဧ​လျာ​ရှိပ်။ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ ရှလ္လုံ၊ တေ​လင်​နှင့်​ဥ​ရိ။
וּמִֽיִּשְׂרָאֵ֑ל מִבְּנֵ֣י פַרְעֹ֡שׁ רַ֠מְיָה וְיִזִּיָּ֤ה וּמַלְכִּיָּה֙ וּמִיָּמִ֣ן וְאֶלְעָזָ֔ר וּמַלְכִּיָּ֖ה וּבְנָיָֽה׃ ס 25
၂၅ပါ​ရုတ်​သား​ချင်း​စု​မှ ရာ​မိ၊ ယေ​ဇိ၊ မာ​လ​ခိ​ယ၊ မျာ​မိန်၊ ဧ​လာ​ဇာ၊ မာ​လ​ခိ​ယ​နှင့်​ဗေ​နာ​ယ။
וּמִבְּנֵ֖י עֵילָ֑ם מַתַּנְיָ֤ה זְכַרְיָה֙ וִיחִיאֵ֣ל וְעַבְדִּ֔י וִירֵמֹ֖ות וְאֵלִיָּֽה׃ ס 26
၂၆ဧ​လံ​သား​ချင်း​စု​မှ​မတ္တ​နိ၊ ဇာ​ခ​ရိ၊ ယေ​ဟေ​လ၊ အာ​ဗ​ဒိ၊ ယေ​ရ​မုတ်​နှင့်​ဧ​လိ​ယ၊
וּמִבְּנֵ֖י זַתּ֑וּא אֶלְיֹועֵנַ֤י אֶלְיָשִׁיב֙ מַתַּנְיָ֣ה וִֽירֵמֹ֔ות וְזָבָ֖ד וַעֲזִיזָֽא׃ ס 27
၂၇ဇတ္တု​သား​ချင်း​စု​မှ​ဧ​လိ​သြ​နဲ၊ ဧ​လျာ​ရှိပ်၊ မတ္တ​နိ၊ ယေ​ရ​မုတ်၊ ဇာ​ဗဒ်​နှင့်​အာ​ဇိ​ဇ။
וּמִבְּנֵ֖י בֵּבָ֑י יְהֹוחָנָ֥ן חֲנַנְיָ֖ה זַבַּ֥י עַתְלָֽי׃ ס 28
၂၈ဗေ​ဗဲ​သား​ချင်း​စု​မှ​ယော​ဟ​နန်၊ ဟာ​န​နိ၊ ဇဗ္ဗဲ​နှင့် အာ​သ​လဲ။
וּמִבְּנֵ֖י בָּנִ֑י מְשֻׁלָּ֤ם מַלּוּךְ֙ וַעֲדָיָ֔ה יָשׁ֖וּב וּשְׁאָ֥ל יְרֵמֹות (וְרָמֹֽות)׃ ס 29
၂၉ဗာ​နိ​သား​ချင်း​စု​များ​မှ​မေ​ရှု​လ၊ မလ္လုတ်၊ အ​ဒါ​သ၊ ယာ​ရှုပ်၊ ရှာ​လ​နှင့်​ရာ​မုတ်။
וּמִבְּנֵ֛י פַּחַ֥ת מֹואָ֖ב עַדְנָ֣א וּכְלָ֑ל בְּנָיָ֤ה מַעֲשֵׂיָה֙ מַתַּנְיָ֣ה בְצַלְאֵ֔ל וּבִנּ֖וּי וּמְנַשֶּֽׁה׃ ס 30
၃၀ပါ​ဟတ်​မော​ဘ​သား​ချင်း​စု​မှ အ​ဒ​န၊ ခေ​လာ​လ၊ ဗေ​နာ​ယ၊ မာ​သေ​ယ ၊မတ္တ​နိ၊ ဗေ​ဇ​လေ​လ၊ ဗိ​နွိ​နှင့် မ​နာ​ရှေ။
וּבְנֵ֖י חָרִ֑ם אֱלִיעֶ֧זֶר יִשִּׁיָּ֛ה מַלְכִּיָּ֖ה שְׁמַֽעְיָ֥ה שִׁמְעֹֽון׃ 31
၃၁ဟာ​ရိမ်​သား​ချင်း​စု​မှ ဧ​လျေဇာ၊ ဣရှိ​ယ၊ မာ​လ​ခိ၊ ရှေ​မာ​ယ၊ ရှိ​မောင်၊-
בְּנְיָמִ֥ן מַלּ֖וּךְ שְׁמַרְיָֽה׃ ס 32
၃၂ဗင်္ယာ​မိန်၊ မလ္လုတ်​နှင့်​ရှေ​မ​ရိ။
מִבְּנֵ֖י חָשֻׁ֑ם מַתְּנַ֤י מַתַּתָּה֙ זָבָ֣ד אֱלִיפֶ֔לֶט יְרֵמַ֥י מְנַשֶּׁ֖ה שִׁמְעִֽי׃ ס 33
၃၃ဟာ​ရှုံ​သား​ချင်း​စု​မှ​မတ္တ​နဲ၊ မတ္တ​သ၊ ဇာ​ဗဒ်၊ ဧ​လိ​ဖ​လက်၊ ယေ​ရ​မဲ၊ မ​နာ​ရှေ​နှင့်​ရှိ​မိ။
מִבְּנֵ֣י בָנִ֔י מַעֲדַ֥י עַמְרָ֖ם וְאוּאֵֽל׃ ס 34
၃၄ဗာ​နိ​သား​ချင်း​စု​မှ​မာ​ဒဲ၊ အာ​မ​ရံ၊ ဝေ​လ၊ ဗေ​နာ​ယ၊ ပေ​ဒိ၊ ခေ​လု၊ ဝါ​နိ၊ မေ​ရ​မုတ်၊ ဧ​လျာ​ရှိပ်၊ မ​တ္တ​နိ၊ မတ္တနဲ​နှင့်​ယာ​သော။
בְּנָיָ֥ה בֵדְיָ֖ה כְּלָהַי (כְּלֽוּהוּ)׃ 35
၃၅
וַנְיָ֥ה מְרֵמֹ֖ות אֶלְיָשִֽׁיב׃ 36
၃၆
מַתַּנְיָ֥ה מַתְּנַ֖י וְיַעֲשֹׂו (וְיַעֲשָֽׂי)׃ 37
၃၇
וּבָנִ֥י וּבִנּ֖וּי שִׁמְעִֽי׃ 38
၃၈ဗိ​နွိ​သား​ချင်း​စု​မှ​ရှိ​မိ၊ ရှေ​လ​မိ၊ နာ​သန်၊ အ​ဒါ​ယ၊ မာ​ခ​န​ဒေ​ဗဲ၊ ရှာ​ရှဲ၊ ရှာ​ရဲ၊ အ​ဇ ရေ​လ၊ ရှေ​လ​မိ၊ ရှေ​မ​ရိ၊ ရှလ္လုံ၊ အာ​မ​ရိ နှင့်​ယော​သပ်။
וְשֶֽׁלֶמְיָ֥ה וְנָתָ֖ן וַעֲדָיָֽה׃ 39
၃၉
מַכְנַדְבַ֥י שָׁשַׁ֖י שָׁרָֽי׃ 40
၄၀
עֲזַרְאֵ֥ל וְשֶׁלֶמְיָ֖הוּ שְׁמַרְיָֽה׃ 41
၄၁
שַׁלּ֥וּם אֲמַרְיָ֖ה יֹוסֵֽף׃ ס 42
၄၂
מִבְּנֵ֖י נְבֹ֑ו יְעִיאֵ֤ל מַתִּתְיָה֙ זָבָ֣ד זְבִינָ֔א יַדֹּו (יַדַּ֥י) וְיֹואֵ֖ל בְּנָיָֽה׃ 43
၄၃နေ​ဗော​သား​ချင်း​စု​မှ ယေ​လ၊ မတ္တိ​သိ၊ ဇာ​ဗဒ်၊ ဇေ​ဗိ​န၊ ယာ​ဒေါ၊ ယော​လ​နှင့်​ဗေ​နာ​ယ။
כָּל־אֵ֕לֶּה נָשְׂאוּ (נָשְׂא֖וּ) נָשִׁ֣ים נָכְרִיֹּ֑ות וְיֵ֣שׁ מֵהֶ֣ם נָשִׁ֔ים וַיָּשִׂ֖ימוּ בָּנִֽים׃ פ 44
၄၄ဤ​သူ​အ​ပေါင်း​တို့​သည် လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​နှင့်​အိမ်​ထောင်​ကျ​သူ​များ​ဖြစ် ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​ဇ​နီး​များ​ကို လည်း​ကောင်း၊ သူ​တို့​နှင့်​ရ​သော​သား​သ​မီး များ​ကို​လည်း​ကောင်း​စွန့်​လိုက်​ကြ​၏။ ဧ​ဇ​ရ​မှတ်​စာ​ပြီး​၏။

< עֶזְרָא 10 >