< יְחֶזְקֵאל 38 >

וַיְהִ֥י דְבַר־יְהוָ֖ה אֵלַ֥י לֵאמֹֽר׃ 1
တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
בֶּן־אָדָ֗ם שִׂ֤ים פָּנֶ֙יךָ֙ אֶל־גֹּוג֙ אֶ֣רֶץ הַמָּגֹ֔וג נְשִׂ֕יא רֹ֖אשׁ מֶ֣שֶׁךְ וְתֻבָ֑ל וְהִנָּבֵ֖א עָלָֽיו׃ 2
အချင်းလူသား ၊ ရောရှပြည်၊ မေရှက် ပြည်၊ တုဗလ ပြည်ကို အစိုးရ သောမာဂေါဂ ပြည်သား ဂေါဂ မင်းတဘက် ၌ မျက်နှာ ထား ၍ ပရောဖက်ပြု လျက်၊
וְאָ֣מַרְתָּ֔ כֹּ֥ה אָמַ֖ר אֲדֹנָ֣י יְהוִ֑ה הִנְנִ֤י אֵלֶ֙יךָ֙ גֹּ֔וג נְשִׂ֕יא רֹ֖אשׁ מֶ֥שֶׁךְ וְתֻבָֽל׃ 3
အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ရောရှ၊ မေရှက် ၊ တုဗလ ပြည်တို့ကို အစိုးရသောအိုဂေါဂ မင်း၊ သင့် တဘက် ၌ ငါ နေ၏။
וְשֹׁ֣ובַבְתִּ֔יךָ וְנָתַתִּ֥י חַחִ֖ים בִּלְחָיֶ֑יךָ וְהֹוצֵאתִי֩ אֹותְךָ֙ וְאֶת־כָּל־חֵילֶ֜ךָ סוּסִ֣ים וּפָרָשִׁ֗ים לְבֻשֵׁ֤י מִכְלֹול֙ כֻּלָּ֔ם קָהָ֥ל רָב֙ צִנָּ֣ה וּמָגֵ֔ן תֹּפְשֵׂ֥י חֲרָבֹ֖ות כֻּלָּֽם׃ 4
သင့် ကို ငါပြန်လာ စေမည်။ သင့် ပါးရိုး ကို သံချိတ် နှင့်ချိတ် ပြီးလျှင် ၊ သင် မှစ၍ထူးဆန်းသော လက်နက် စုံ အမျိုးမျိုး ကို ဆောင်သောသူ၊ ဒိုင်း လွှား ပါ၍ ထား ကို လက်စွဲ သောလူ အလုံးအရင်းများ နှင့် မြင်း ၊ မြင်းစီး သူရဲ ဗိုလ်ခြေ အပေါင်း တို့ကို ငါဆောင် ခဲ့မည်။
פָּרַ֛ס כּ֥וּשׁ וּפ֖וּט אִתָּ֑ם כֻּלָּ֖ם מָגֵ֥ן וְכֹובָֽע׃ 5
အသီးအသီး ဒိုင်း လွှားကိုင်၍ သံခမောက်လုံး ကို ဆောင်းသောပေရသိ ပြည်သား၊ ကုရှ ပြည်သား၊ ဖုတ ပြည်သား၊
גֹּ֚מֶר וְכָל־אֲגַפֶּ֔יהָ בֵּ֚ית תֹּֽוגַרְמָ֔ה יַרְכְּתֵ֥י צָפֹ֖ון וְאֶת־כָּל־אֲגַפָּ֑יו עַמִּ֥ים רַבִּ֖ים אִתָּֽךְ׃ 6
ဂေါမာ နှင့်သူ ၏တပ် များ၊ မြောက် ပြည်သားတောဂါမ အမျိုးနှင့် သူ ၏တပ် များအလုံးအရင်း အပေါင်း တို့သည် သင် နှင့်အတူ လိုက်လာကြလိမ့်မည်။
הִכֹּן֙ וְהָכֵ֣ן לְךָ֔ אַתָּ֕ה וְכָל־קְהָלֶ֖ךָ הַנִּקְהָלִ֣ים עָלֶ֑יךָ וְהָיִ֥יתָ לָהֶ֖ם לְמִשְׁמָֽר׃ 7
သင် သည် မိမိ ၌ စုဝေး သောလူ အလုံးအရင်းများ နှင့်တကွကိုယ် ကိုပြင်ဆင် လော့။ ပြင်ဆင် လျက်နေလော့။ သူ တို့ကို စောင့် လျက်နေလော့။
מִיָּמִ֣ים רַבִּים֮ תִּפָּקֵד֒ בְּאַחֲרִ֨ית הַשָּׁנִ֜ים תָּבֹ֣וא ׀ אֶל־אֶ֣רֶץ ׀ מְשֹׁובֶ֣בֶת מֵחֶ֗רֶב מְקֻבֶּ֙צֶת֙ מֵעַמִּ֣ים רַבִּ֔ים עַ֚ל הָרֵ֣י יִשְׂרָאֵ֔ל אֲשֶׁר־הָי֥וּ לְחָרְבָּ֖ה תָּמִ֑יד וְהִיא֙ מֵעַמִּ֣ים הוּצָ֔אָה וְיָשְׁב֥וּ לָבֶ֖טַח כֻּלָּֽם׃ 8
ကြာမြင့် စွာ ကာလ လွန် ပြီးမှသင်သည် အုပ်ချုပ်ရသောအခွင့်ရှိလိမ့်မည်။ ထား ဘေးနှင့်လွတ် ၍ လူ အမျိုးမျိုး ထဲက နှုတ် သောပြည်သား၊ ကြာမြင့် စွာ ဆိတ်ညံ လျက်နေသော ဣသရေလ တောင် တို့အပေါ်သို့ ၊ တဖန်ဆောင်ခဲ့သော ပြည်သား တို့ရှိရာသို့ နောင် ကာလ ၌ သင်သည်စစ်ချီ ၍လာ လိမ့်မည်။ ထိုပြည်သားတို့သည် လူ အမျိုးမျိုးထဲက နှုတ်ဆောင် သောသူဖြစ်၍၊ တပြည်လုံး ငြိမ်ဝပ် လျက်ရှိနေ သောအခါ ၊
וְעָלִ֙יתָ֙ כַּשֹּׁאָ֣ה תָבֹ֔וא כֶּעָנָ֛ן לְכַסֹּ֥ות הָאָ֖רֶץ תִּֽהְיֶ֑ה אַתָּה֙ וְכָל־אֲגַפֶּ֔יךָ וְעַמִּ֥ים רַבִּ֖ים אֹותָֽךְ׃ ס 9
သင်သည်မိုဃ်းသက် မုန်တိုင်းကဲ့သို့ တက် လာ၍၊ သင် ၌ ပါသောသမျှသောတပ်သား အလုံးအရင်း နှင့်တကွ ၊ ထိုပြည် ကို မိုဃ်းအုံ့ သကဲ့သို့ ဖြစ် လိမ့်မည်။
כֹּ֥ה אָמַ֖ר אֲדֹנָ֣י יְהוִ֑ה וְהָיָ֣ה ׀ בַּיֹּ֣ום הַה֗וּא יַעֲל֤וּ דְבָרִים֙ עַל־לְבָבֶ֔ךָ וְחָשַׁבְתָּ֖ מַחֲשֶׁ֥בֶת רָעָֽה׃ 10
၁၀အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုအခါ သင်သည် အရာရာတို့ကို အောက်မေ့ ၍ မကောင်း သော အကြံ ကိုကြံစည် လျက်၊
וְאָמַרְתָּ֗ אֶֽעֱלֶה֙ עַל־אֶ֣רֶץ פְּרָזֹ֔ות אָבֹוא֙ הַשֹּׁ֣קְטִ֔ים יֹשְׁבֵ֖י לָבֶ֑טַח כֻּלָּ֗ם יֹֽשְׁבִים֙ בְּאֵ֣ין חֹומָ֔ה וּבְרִ֥יחַ וּדְלָתַ֖יִם אֵ֥ין לָהֶֽם׃ 11
၁၁ရွာ ဇနပုဒ်များသောပြည် ၊ မြို့ရိုး မ ရှိ၊ တံခါးကျင် နှင့် တံခါး မ ရှိ၊ စိုးရိမ် စရာအကြောင်းအလျှင်း မရှိ၊ ငြိမ်ဝပ် သောပြည်သားတို့ရှိရာသို့ ငါချီသွား ၍ ၊
לִשְׁלֹ֥ל שָׁלָ֖ל וְלָבֹ֣ז בַּ֑ז לְהָשִׁ֨יב יָדְךָ֜ עַל־חֳרָבֹ֣ות נֹושָׁבֹ֗ת וְאֶל־עַם֙ מְאֻסָּ֣ף מִגֹּויִ֔ם עֹשֶׂה֙ מִקְנֶ֣ה וְקִנְיָ֔ן יֹשְׁבֵ֖י עַל־טַבּ֥וּר הָאָֽרֶץ׃ 12
၁၂သူတို့ဥစ္စာ ကို လုယက် သိမ်းယူမည်။ အရင် ဆိတ်ညံ ၍ ယခုလူနေ သောအရပ်တို့ကို၎င်း၊ လူ အမျိုးမျိုးထဲက စုဝေး သဖြင့် တိရစ္ဆာန် များနှင့် ဥစ္စာ များကိုရ တတ်၍၊ ပြည် အလယ် ၌ နေ သောသူတို့ကို၎င်းတိုက်မည်ဟု ကြံစည်လိမ့်မည်။
שְׁבָ֡א וּ֠דְדָן וְסֹחֲרֵ֨י תַרְשִׁ֤ישׁ וְכָל־כְּפִרֶ֙יהָ֙ יֹאמְר֣וּ לְךָ֔ הֲלִשְׁלֹ֤ל שָׁלָל֙ אַתָּ֣ה בָ֔א הֲלָבֹ֥ז בַּ֖ז הִקְהַ֣לְתָּ קְהָלֶ֑ךָ לָשֵׂ֣את ׀ כֶּ֣סֶף וְזָהָ֗ב לָקַ֙חַת֙ מִקְנֶ֣ה וְקִנְיָ֔ן לִשְׁלֹ֖ל שָׁלָ֥ל גָּדֹֽול׃ ס 13
၁၃ရှေဘ ပြည်သား၊ ဒေဒန် ပြည်သား၊ တာရှု ကုန်သည် များ၊ ခြင်္သေ့ ပျိုအပေါင်း တို့ကကိုယ်တော် သည်သူ့ဥစ္စာ ကိုလုယူ ခြင်းငှါ လာ သလော ။ သူ့ ဥစ္စာကို ဝေငှ၍ရွှေ ငွေ ကို၎င်း တိရစ္ဆာန် များနှင့် ဥစ္စာ များကို၎င်းသိမ်း သွားလျက်၊ များစွာလုယက် ဖျက်ဆီးခြင်းငှါ အပေါင်းအသင်း ကို စုဝေး စေပြီ လောဟု မေးမြန်း ကြလိမ့်မည်။
לָכֵן֙ הִנָּבֵ֣א בֶן־אָדָ֔ם וְאָמַרְתָּ֣ לְגֹ֔וג כֹּ֥ה אָמַ֖ר אֲדֹנָ֣י יְהוִ֑ה הֲלֹ֣וא ׀ בַּיֹּ֣ום הַה֗וּא בְּשֶׁ֨בֶת עַמִּ֧י יִשְׂרָאֵ֛ל לָבֶ֖טַח תֵּדָֽע׃ 14
၁၄သို့ဖြစ်၍ ၊ အချင်းလူသား ၊ ပရောဖက်ပြု ၍ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဂေါဂ အား ဆင့်ဆို ရမည်မှာ၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့သည် ငြိမ်ဝပ် စွာနေ သောအခါ သင်သည်သိ ၍၊
וּבָ֤אתָ מִמְּקֹֽומְךָ֙ מִיַּרְכְּתֵ֣י צָפֹ֔ון אַתָּ֕ה וְעַמִּ֥ים רַבִּ֖ים אִתָּ֑ךְ רֹכְבֵ֤י סוּסִים֙ כֻּלָּ֔ם קָהָ֥ל גָּדֹ֖ול וְחַ֥יִל רָֽב׃ 15
၁၅မြင်း စီး သောသူ အလုံးအရင်း အပေါင်း ၊ အားကြီး သောစစ်သူရဲ အပေါင်းတို့နှင့်တကွမြောက် မျက်နှာမှ ချီ လာမည်။
וְעָלִ֙יתָ֙ עַל־עַמִּ֣י יִשְׂרָאֵ֔ל כֶּֽעָנָ֖ן לְכַסֹּ֣ות הָאָ֑רֶץ בְּאַחֲרִ֨ית הַיָּמִ֜ים תִּֽהְיֶ֗ה וַהֲבִאֹותִ֙יךָ֙ עַל־אַרְצִ֔י לְמַעַן֩ דַּ֨עַת הַגֹּויִ֜ם אֹתִ֗י בְּהִקָּדְשִׁ֥י בְךָ֛ לְעֵינֵיהֶ֖ם גֹּֽוג׃ ס 16
၁၆ပြည် ကို မိုဃ်းအုံ့ သကဲ့သို့ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို တက် ၍တိုက်လာမည်။ နောင် ကာလ တွင် ငါ ၏ပြည် တဘက် ၌ သင့် ကို ငါဆောင် ခဲ့မည်မဟုတ်လော။ အကြောင်းမူကား၊ အိုဂေါဂ ၊ လူအမျိုးမျိုးတို့ မျက်မှောက် ၌ သင့် အားဖြင့် ငါ သည်ချီးမြှောက် ရာသို့ ရောက်သောအခါ ၊ သူတို့သည် ငါ့ ကိုသိ ရကြမည်အကြောင်း တည်း။
כֹּֽה־אָמַ֞ר אֲדֹנָ֣י יְהוִ֗ה הַֽאַתָּה־ה֨וּא אֲשֶׁר־דִּבַּ֜רְתִּי בְּיָמִ֣ים קַדְמֹונִ֗ים בְּיַד֙ עֲבָדַי֙ נְבִיאֵ֣י יִשְׂרָאֵ֔ל הַֽנִּבְּאִ֛ים בַּיָּמִ֥ים הָהֵ֖ם שָׁנִ֑ים לְהָבִ֥יא אֹתְךָ֖ עֲלֵיהֶֽם׃ ס 17
၁၇အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည် စစ်ချီ စေမည် ဟု၊ လွန်လေပြီးသောရှေး ကာလ ၌ ပရောဖက်ပြု သောငါ ၏ ကျွန် ဣသရေလ ပရောဖက် တို့ အား ငါသည်ဗျာဒိတ် ပေးသောအခါ၊ သင့် ကိုရည်မှတ်သည်မဟုတ်လော ။
וְהָיָ֣ה ׀ בַּיֹּ֣ום הַה֗וּא בְּיֹ֨ום בֹּ֥וא גֹוג֙ עַל־אַדְמַ֣ת יִשְׂרָאֵ֔ל נְאֻ֖ם אֲדֹנָ֣י יְהוִ֑ה תַּעֲלֶ֥ה חֲמָתִ֖י בְּאַפִּֽי׃ 18
၁၈အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ တွင် ဂေါဂ သည် ဣသရေလ ပြည် ကို တိုက်လာ သောကာလ အခါ၊ ငါ သည်ဒေါသ အရှိန် ထ ၍ အမျက် ထွက် လိမ့်မည် ။
וּבְקִנְאָתִ֥י בְאֵשׁ־עֶבְרָתִ֖י דִּבַּ֑רְתִּי אִם־לֹ֣א ׀ בַּיֹּ֣ום הַה֗וּא יִֽהְיֶה֙ רַ֣עַשׁ גָּדֹ֔ול עַ֖ל אַדְמַ֥ת יִשְׂרָאֵֽל׃ 19
၁၉အကယ်စင်စစ် ထိုအခါ ဣသရေလ ပြည် ၌ ကြီးစွာ သော လှုပ်ရှား ခြင်းဖြစ် လိမ့်မည်ဟု ငါ ၏ဒေါသ မီး လောင် လျက် ငါပြော ပြီ။
וְרָעֲשׁ֣וּ מִפָּנַ֡י דְּגֵ֣י הַיָּם֩ וְעֹ֨וף הַשָּׁמַ֜יִם וְחַיַּ֣ת הַשָּׂדֶ֗ה וְכָל־הָרֶ֙מֶשׂ֙ הָרֹמֵ֣שׂ עַל־הָֽאֲדָמָ֔ה וְכֹל֙ הָֽאָדָ֔ם אֲשֶׁ֖ר עַל־פְּנֵ֣י הָאֲדָמָ֑ה וְנֶהֶרְס֣וּ הֶהָרִ֗ים וְנָֽפְלוּ֙ הַמַּדְרֵגֹ֔ות וְכָל־חֹומָ֖ה לָאָ֥רֶץ תִּפֹּֽול׃ 20
၂၀ပင်လယ် ငါး ၊ မိုဃ်း ကောင်းကင်ငှက် ၊ တော တိရစ္ဆာန် နှင့် မြေ ၌ တွား တတ်သောတိရစ္ဆာန် ၊ မြေ ပေါ်မှာ ရှိသော လူ အပေါင်း တို့သည် ငါ့ ရှေ့မှာ တုန်လှုပ် ကြ လိမ့်မည်။ တောင် တို့သည်ပြို လျက် ၊ အစောက် မြင့်သော အရပ်တို့သည် လဲ လျက် ၊ အလုံးစုံ သောအုတ်ရိုး ပြုတ် လျက် ရှိကြလိမ့်မည်။
וְקָרָ֨אתִי עָלָ֤יו לְכָל־הָרַי֙ חֶ֔רֶב נְאֻ֖ם אֲדֹנָ֣י יְהוִ֑ה חֶ֥רֶב אִ֖ישׁ בְּאָחִ֥יו תִּֽהְיֶֽה׃ 21
၂၁အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ့ တောင် များ အရပ်ရပ် တို့တွင် သူ့ တဘက် ၌ထား ကို ငါမှာလိုက် သဖြင့် ၊ လူအပေါင်းတို့သည် တယောက်ကို တယောက်ထား နှင့် ခုတ်ကြလိမ့်မည်။
וְנִשְׁפַּטְתִּ֥י אִתֹּ֖ו בְּדֶ֣בֶר וּבְדָ֑ם וְגֶ֣שֶׁם שֹׁוטֵף֩ וְאַבְנֵ֨י אֶלְגָּבִ֜ישׁ אֵ֣שׁ וְגָפְרִ֗ית אַמְטִ֤יר עָלָיו֙ וְעַל־אֲגַפָּ֔יו וְעַל־עַמִּ֥ים רַבִּ֖ים אֲשֶׁ֥ר אִתֹּֽו׃ 22
၂၂ငါသည်ကာလနာ ဘေး၊ အသေ သတ်ခြင်းဘေး အားဖြင့် သူ့ ကို ဒဏ် ပေးမည်။ သူ နှင့် သူ၌ပါသောတပ် များ၊ အလုံးအရင်း များအပေါ်မှာ လွှမ်းမိုး သောမိုဃ်း ရေ၊ ကြီး သောမိုဃ်းသီး၊ ကန့် နှင့်ရောသောမီး မိုဃ်း ကို ရွာစေမည်။
וְהִתְגַּדִּלְתִּי֙ וְהִתְקַדִּשְׁתִּ֔י וְנֹ֣ודַעְתִּ֔י לְעֵינֵ֖י גֹּויִ֣ם רַבִּ֑ים וְיָדְע֖וּ כִּֽי־אֲנִ֥י יְהוָֽה׃ ס 23
၂၃ထိုသို့ ငါသည် ကိုယ်ကိုချီးမြောက် ၍ ရိုသေ ဘွယ် သော ဂုဏ်လက္ခဏာတို့ကိုပြလျက်၊ များစွာ သောလူမျိုး တို့ ရှေ့မှာ ထင်ရှား သောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< יְחֶזְקֵאל 38 >