< דְּבָרִים 15 >

מִקֵּ֥ץ שֶֽׁבַע־שָׁנִ֖ים תַּעֲשֶׂ֥ה שְׁמִטָּֽה׃ 1
``ခု​နစ်​နှစ်​လျှင်​တစ်​ကြိမ်​မြီ​ရှင်​တို့​သည် မြီ​စား တို့​ထံ​မှ​ရ​ရှိ​ရန်​ရှိ​သော​အ​ကြွေး​ရှိ​သ​မျှ ကို သင်​ပုန်း​ချေ​ပယ်​ပစ်​ရ​မည်။-
וְזֶה֮ דְּבַ֣ר הַשְּׁמִטָּה֒ שָׁמֹ֗וט כָּל־בַּ֙עַל֙ מַשֵּׁ֣ה יָדֹ֔ו אֲשֶׁ֥ר יַשֶּׁ֖ה בְּרֵעֵ֑הוּ לֹֽא־יִגֹּ֤שׂ אֶת־רֵעֵ֙הוּ֙ וְאֶת־אָחִ֔יו כִּֽי־קָרָ֥א שְׁמִטָּ֖ה לַֽיהוָֽה׃ 2
အ​ကြွေး​များ​ကို​သင်​ပုန်း​ချေ​ပယ်​ဖျက်​နည်း ကား​ဤ​သို့​တည်း။ ဣ​သ​ရေ​လ​အမျိုး​သား​ချင်း တစ်​ဦး​အား​ငွေ​ချေး​ထား​သူ​သည် ထို​အ​ကြွေး ကို​သင်​ပုန်း​ချေ​ပယ်​ဖျက်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​သင်​ပုန်း​ချေ​ပယ်​ဖျက်​ကြောင်း ကြေ​ညာ​ပြီး​ဖြစ်​သော​ကြောင့် အ​ကြွေး​ကို ပြန်​၍​မ​တောင်း​ရ။-
אֶת־הַנָּכְרִ֖י תִּגֹּ֑שׂ וַאֲשֶׁ֨ר יִהְיֶ֥ה לְךָ֛ אֶת־אָחִ֖יךָ תַּשְׁמֵ֥ט יָדֶֽךָ׃ 3
လူ​မျိုး​ခြား​များ​ထံ​မှ​အ​ကြွေး​ကို​တောင်း​ယူ နိုင်​သော်​လည်း ကိုယ်​အ​မျိုး​သား​ချင်း​ထံ​မှ အ​ကြွေး​ကို​မူ​ကား​မ​တောင်း​ရ။''
אֶ֕פֶס כִּ֛י לֹ֥א יִֽהְיֶה־בְּךָ֖ אֶבְיֹ֑ון כִּֽי־בָרֵ֤ךְ יְבָֽרֶכְךָ֙ יְהוָ֔ה בָּאָ֕רֶץ אֲשֶׁר֙ יְהוָ֣ה אֱלֹהֶ֔יךָ נֹֽתֵן־לְךָ֥ נַחֲלָ֖ה לְרִשְׁתָּֽהּ׃ 4
``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​အား​ပေး​သ​နား​သော​ပြည်​တွင် သင်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​မည်။ သင် တို့​အား​ငါ​ယ​နေ့​ပ​ညတ်​သ​မျှ​တို့​ကို​စောင့် ထိန်း​၍ ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို နာ​ခံ​လျှင် သင်​တို့​လူ​မျိုး​တွင်​မည်​သူ​မျှ မ​ဆင်း​ရဲ​ရ။-
רַ֚ק אִם־שָׁמֹ֣ועַ תִּשְׁמַ֔ע בְּקֹ֖ול יְהוָ֣ה אֱלֹהֶ֑יךָ לִשְׁמֹ֤ר לַעֲשֹׂות֙ אֶת־כָּל־הַמִּצְוָ֣ה הַזֹּ֔את אֲשֶׁ֛ר אָנֹכִ֥י מְצַוְּךָ֖ הַיֹּֽום׃ 5
כִּֽי־יְהוָ֤ה אֱלֹהֶ֙יךָ֙ בֵּֽרַכְךָ֔ כַּאֲשֶׁ֖ר דִּבֶּר־לָ֑ךְ וְהֽ͏ַעֲבַטְתָּ֞ גֹּויִ֣ם רַבִּ֗ים וְאַתָּה֙ לֹ֣א תַעֲבֹ֔ט וּמָֽשַׁלְתָּ֙ בְּגֹויִ֣ם רַבִּ֔ים וּבְךָ֖ לֹ֥א יִמְשֹֽׁלוּ׃ ס 6
ထာ​ဝ​ရ​ဘု​ရား​သည်​က​တိ​တော်​ရှိ​သည့် အ​တိုင်း သင်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ သ​ဖြင့် သင်​တို့​သည်​လူ​မျိုး​များ​စွာ​တို့​အား ငွေ​ချေး​ရ​လိမ့်​မည်။ သင်​တို့​က​မူ​ကား​သူ​တို့ ထံ​မှ​ချေး​ငှား​ခြင်း​ပြု​ရ​မည်​မ​ဟုတ်။ သင်​တို့ သည်​လူ​မျိုး​များ​စွာ​တို့​ကို​အုပ်​စိုး​ရ​လိမ့် မည်။ မည်​သည့်​လူ​မျိုး​က​မျှ​သင်​တို့​ကို မ​အုပ်​စိုး​ရ။''
כִּֽי־יִהְיֶה֩ בְךָ֨ אֶבְיֹ֜ון מֵאַחַ֤ד אַחֶ֙יךָ֙ בְּאַחַ֣ד שְׁעָרֶ֔יךָ בְּאַ֨רְצְךָ֔ אֲשֶׁר־יְהוָ֥ה אֱלֹהֶ֖יךָ נֹתֵ֣ן לָ֑ךְ לֹ֧א תְאַמֵּ֣ץ אֶת־לְבָבְךָ֗ וְלֹ֤א תִקְפֹּץ֙ אֶת־יָ֣דְךָ֔ מֵאָחִ֖יךָ הָאֶבְיֹֽון׃ 7
``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး သ​နား​တော်​မူ​သော​ပြည်​ရှိ​မြို့​ရွာ​များ​တွင် ဆင်း​ရဲ​နွမ်း​ပါး​သော​ဣ​သ​ရေ​လ​အ​မျိုး သား​ရှိ​လျှင် တစ်​ကိုယ်​ကောင်း​စိတ်​ရှိ​ပြီး ထို​သူ​အား​မ​စ​ရန်​မ​တွန့်​တို​နှင့်။-
כִּֽי־פָתֹ֧חַ תִּפְתַּ֛ח אֶת־יָדְךָ֖ לֹ֑ו וְהַעֲבֵט֙ תַּעֲבִיטֶ֔נּוּ דֵּ֚י מַחְסֹרֹ֔ו אֲשֶׁ֥ר יֶחְסַ֖ר לֹֽו׃ 8
စေ​တ​နာ​ထား​၍​သူ​လို​သ​မျှ​ကို​ချေး​ငှား လော့။-
הִשָּׁ֣מֶר לְךָ֡ פֶּן־יִהְיֶ֣ה דָבָר֩ עִם־לְבָבְךָ֨ בְלִיַּ֜עַל לֵאמֹ֗ר קָֽרְבָ֣ה שְׁנַֽת־הַשֶּׁבַע֮ שְׁנַ֣ת הַשְּׁמִטָּה֒ וְרָעָ֣ה עֽ͏ֵינְךָ֗ בְּאָחִ֙יךָ֙ הָֽאֶבְיֹ֔ון וְלֹ֥א תִתֵּ֖ן לֹ֑ו וְקָרָ֤א עָלֶ֙יךָ֙ אֶל־יְהוָ֔ה וְהָיָ֥ה בְךָ֖ חֵֽטְא׃ 9
အ​ကြွေး​ကို​သင်​ပုန်း​ချေ​ပယ်​ဖျက်​ရ​မည့်​နှစ် နီး​လာ​သ​ဖြင့် ထို​သူ​အား​မ​ချေး​ငှား​ဘဲ မ​နေ​နှင့်။ သင်​၌​ထို​ကဲ့​သို့​တွန့်​တို​သော​စိတ် မ​ဝင်​စေ​ရ။ သင်​သည်​သူ့​အား​မ​ချေး​ငှား​လျှင် သူ​သည်​ထာဝရ​ဘုရား​ထံ​တိုင်​တန်း​သ​ဖြင့် သင် သည်​အ​ပြစ်​ကူး​လွန်​ရာ​ရောက်​လိမ့်​မည်။-
נָתֹ֤ון תִּתֵּן֙ לֹ֔ו וְלֹא־יֵרַ֥ע לְבָבְךָ֖ בְּתִתְּךָ֣ לֹ֑ו כִּ֞י בִּגְלַ֣ל ׀ הַדָּבָ֣ר הַזֶּ֗ה יְבָרֶכְךָ֙ יְהוָ֣ה אֱלֹהֶ֔יךָ בְּכָֽל־מַעֲשֶׂ֔ךָ וּבְכֹ֖ל מִשְׁלַ֥ח יָדֶֽךָ׃ 10
၁၀ထို​သူ​အား​တွန့်​တို​သော​စိတ်​မ​ရှိ​ဘဲ​စေ​တ​နာ ဖြင့်​ပေး​ကမ်း​လော့။ ထို​အ​ခါ​၌​ထာ​ဝ​ရ​ဘု​ရား သည်​သင်​ပြု​သ​မျှ​ကို​ကောင်း​ချီး​ပေး​တော် မူ​လိမ့်​မည်။-
כִּ֛י לֹא־יֶחְדַּ֥ל אֶבְיֹ֖ון מִקֶּ֣רֶב הָאָ֑רֶץ עַל־כֵּ֞ן אָנֹכִ֤י מְצַוְּךָ֙ לֵאמֹ֔ר פָּ֠תֹחַ תִּפְתַּ֨ח אֶת־יָדְךָ֜ לְאָחִ֧יךָ לַעֲנִיֶּ֛ךָ וּלְאֶבְיֹנְךָ֖ בְּאַרְצֶֽךָ׃ ס 11
၁၁သင်​တို့​တွင်​ဆင်း​ရဲ​နွမ်း​ပါး​သော​ဣ​သ​ရေ​လ အ​မျိုး​သား​များ​အ​မြဲ​ရှိ​နေ​မည်။ ထို့​ကြောင့် သူ​တို့​အား ရက်​ရော​စွာ​ပေး​ကမ်း​ရန်​ငါ​ပ​ညတ် ၏။''
כִּֽי־יִמָּכֵ֨ר לְךָ֜ אָחִ֣יךָ הָֽעִבְרִ֗י אֹ֚ו הָֽעִבְרִיָּ֔ה וַעֲבָֽדְךָ֖ שֵׁ֣שׁ שָׁנִ֑ים וּבַשָּׁנָה֙ הַשְּׁבִיעִ֔ת תְּשַׁלְּחֶ֥נּוּ חָפְשִׁ֖י מֵעִמָּֽךְ׃ 12
၁၂``ဣ​သ​ရေ​လ​အ​မျိုး​သား​သို့​မ​ဟုတ်​အ​မျိုး သ​မီး​တစ်​ဦး​ဦး​သည် သင့်​ထံ​၌​ခြောက်​နှစ် ကျွန်​ခံ​ပြီး​၍​သတ္တမ​နှစ်​သို့​ရောက်​သော​အ​ခါ သူ့​အား​ကျွန်​ဘ​ဝ​မှ​လွတ်​ခွင့်​ပေး​ရ မည်။-
וְכִֽי־תְשַׁלְּחֶ֥נּוּ חָפְשִׁ֖י מֵֽעִמָּ֑ךְ לֹ֥א תְשַׁלְּחֶ֖נּוּ רֵיקָֽם׃ 13
၁၃သူ့​ကို​လွတ်​ခွင့်​ပေး​သော​အ​ခါ လက်​ချည်း သက်​သက်​မ​သွား​စေ​ရ။-
הַעֲנֵ֤יק תַּעֲנִיק֙ לֹ֔ו מִצֹּ֣אנְךָ֔ וּמִֽגָּרְנְךָ֖ וּמִיִּקְבֶ֑ךָ אֲשֶׁ֧ר בֵּרַכְךָ֛ יְהוָ֥ה אֱלֹהֶ֖יךָ תִּתֶּן־לֹֽו׃ 14
၁၄ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​သ​ဖြင့် သင်​တို့ ၌​သိုး၊ စ​ပါး၊ စ​ပျစ်​ရည်​ကြွယ်​ဝ​ချမ်း​သာ​သည့် အ​တိုင်း ယင်း​ပစ္စည်း​မှ​သူ့​အား​ရက်​ရော​စွာ​ပေး ကမ်း​လော့။-
וְזָכַרְתָּ֗ כִּ֣י עֶ֤בֶד הָיִ֙יתָ֙ בְּאֶ֣רֶץ מִצְרַ֔יִם וַֽיִּפְדְּךָ֖ יְהוָ֣ה אֱלֹהֶ֑יךָ עַל־כֵּ֞ן אָנֹכִ֧י מְצַוְּךָ֛ אֶת־הַדָּבָ֥ר הַזֶּ֖ה הַיֹּֽום׃ 15
၁၅သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ရာ​မှ သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင် တို့​အား​လွတ်​မြောက်​စေ​ခဲ့​ကြောင်း​ကို​သ​တိ ရ​ကြ​လော့။ ထို​အ​ကြောင်း​ကြောင့် ငါ​သည် ယ​ခု​ဤ​ပညတ်​ကို​သင်​တို့​အား​ပေး​၏။''
וְהָיָה֙ כִּֽי־יֹאמַ֣ר אֵלֶ֔יךָ לֹ֥א אֵצֵ֖א מֵעִמָּ֑ךְ כִּ֤י אֲהֵֽבְךָ֙ וְאֶת־בֵּיתֶ֔ךָ כִּי־טֹ֥וב לֹ֖ו עִמָּֽךְ׃ 16
၁၆``သို့​ရာ​တွင်​ကျွန်​သည် သင်​နှင့်​သင်​၏​မိ​သား​စု ကို​ခင်​မင်​၍​ပျော်​ပိုက်​နေ​သ​ဖြင့် အိမ်​မှ​ထွက် မ​သွား​လို​ပါ​ဟု​ဆို​လျှင်၊-
וְלָקַחְתָּ֣ אֶת־הַמַּרְצֵ֗עַ וְנָתַתָּ֤ה בְאָזְנֹו֙ וּבַדֶּ֔לֶת וְהָיָ֥ה לְךָ֖ עֶ֣בֶד עֹולָ֑ם וְאַ֥ף לַאֲמָתְךָ֖ תַּעֲשֶׂה־כֵּֽן׃ 17
၁၇သူ့​ကို​အိမ်​တံ​ခါး​သို့​ခေါ်​ဆောင်​ပြီး​နောက် သူ ၏​နား​ကို​စူး​ဖြင့်​ဖောက်​ရ​မည်။ ထို​အ​ခါ​သူ သည်​သင်​ထံ​၌​ရာ​သက်​ပန်​ကျွန်​ခံ​ရ​မည်။ ကျွန်​မိန်း​မ​ကို​လည်း​ထို​နည်း​တူ​ပြု​ရ​မည်။-
לֹא־יִקְשֶׁ֣ה בְעֵינֶ֗ךָ בְּשַׁלֵּֽחֲךָ֙ אֹתֹ֤ו חָפְשִׁי֙ מֵֽעִמָּ֔ךְ כִּ֗י מִשְׁנֶה֙ שְׂכַ֣ר שָׂכִ֔יר עֲבֽ͏ָדְךָ֖ שֵׁ֣שׁ שָׁנִ֑ים וּבֵֽרַכְךָ֙ יְהוָ֣ה אֱלֹהֶ֔יךָ בְּכֹ֖ל אֲשֶׁ֥ר תַּעֲשֶֽׂה׃ פ 18
၁၈သင်​သည်​ကျွန်​တစ်​ယောက်​ကို​လွတ်​ခွင့်​ပေး ရာ​၌ စိတ်​အ​နှောင့်​အ​ယှက်​မ​ဖြစ်​စေ​နှင့်။ စင်​စစ်​သူ​သည်​အ​စေ​ခံ​ငှား​ခ​ထက်​ဝက် မျှ​ဖြင့် ခြောက်​နှစ်​ပတ်​လုံး​သင့်​ထံ​၌​ကျွန်​ခံ​ခဲ့​လေ​ပြီ။ ယင်း​သို့​ပြု​လျှင်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဆောင်​ရွက် သ​မျှ​ကို​ကောင်း​ချီး​ပေး​တော်​မူ​မည်။''
כָּֽל־הַבְּכֹ֡ור אֲשֶׁר֩ יִוָּלֵ֨ד בִּבְקָרְךָ֤ וּבְצֹֽאנְךָ֙ הַזָּכָ֔ר תַּקְדִּ֖ישׁ לַיהוָ֣ה אֱלֹהֶ֑יךָ לֹ֤א תַעֲבֹד֙ בִּבְכֹ֣ר שֹׁורֶ֔ךָ וְלֹ֥א תָגֹ֖ז בְּכֹ֥ור צֹאנֶֽךָ׃ 19
၁၉``သင်​တို့​၏​နွား​နှင့်​သိုး​သား​ဦး​ပေါက်​အ​ထီး ဟူ​သ​မျှ​ကို သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အ​တွက်​သီး​သန့်​ထား​ရ​မည်။ နွား​သား ဦး​ပေါက်​များ​ကို​မ​ခိုင်း​စေ​ရ။ သိုး​သား​ဦး ပေါက်​များ​ကို​လည်း​အ​မွေး​မ​ညှပ်​ရ။-
לִפְנֵי֩ יְהוָ֨ה אֱלֹהֶ֤יךָ תֹאכֲלֶ֙נּוּ֙ שָׁנָ֣ה בְשָׁנָ֔ה בַּמָּקֹ֖ום אֲשֶׁר־יִבְחַ֣ר יְהוָ֑ה אַתָּ֖ה וּבֵיתֶֽךָ׃ 20
၂၀နှစ်​စဉ်​သင်​နှင့်​သင်​၏​မိ​သား​စု​တို့​သည် ဘု​ရား ဝတ်​ပြု​ရာ​တစ်​ခု​တည်း​သော​ဌာ​န​တွင်​ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​၌ ထို​နွား​ဦး​ပေါက်​နှင့် သိုး​ဦး​ပေါက်​တို့​၏​အ​သား​ကို​စား​ရ​မည်။-
וְכִֽי־יִהְיֶ֨ה בֹ֜ו מ֗וּם פִּסֵּ֙חַ֙ אֹ֣ו עִוֵּ֔ר כֹּ֖ל מ֣וּם רָ֑ע לֹ֣א תִזְבָּחֶ֔נּוּ לַיהוָ֖ה אֱלֹהֶֽיךָ׃ 21
၂၁ထို​နွား​နှင့်​သိုး​တို့​တွင်​ခြေ​ဆွံ့​ခြင်း၊ မျက်​စိ​ကန်း ခြင်း၊ သို့​မ​ဟုတ်​အ​ခြား​သော​အ​နာ​အ​ဆာ တစ်​ခု​ခု​ရှိ​လျှင် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​မ​ပူ​ဇော်​ရ။-
בִּשְׁעָרֶ֖יךָ תֹּאכֲלֶ֑נּוּ הַטָּמֵ֤א וְהַטָּהֹור֙ יַחְדָּ֔ו כַּצְּבִ֖י וְכָאַיָּֽל׃ 22
၂၂ထို​ကဲ့​သို့​သော​တိရစ္ဆာန်​များ​၏​အ​သား​ကို သင် တို့​၏​မြို့​ရွာ​များ​တွင်​စား​နိုင်​သည်။ သင်​တို့​တွင် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​သူ၊ မ​သန့် စင်​သူ​အ​ပေါင်း​တို့​သည်​သ​မင်​သား၊ ဒ​ရယ် သား​ကို​စား​သည့်​နည်း​တူ​ထို​တိ​ရစ္ဆာန်​တို့​၏ အ​သား​ကို​စား​နိုင်​သည်။-
רַ֥ק אֶת־דָּמֹ֖ו לֹ֣א תֹאכֵ֑ל עַל־הָאָ֥רֶץ תִּשְׁפְּכֶ֖נּוּ כַּמָּֽיִם׃ פ 23
၂၃သွေး​ကို​မူ​ကား​မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့ သို့​သွေး​ကို​မြေ​ပေါ်​မှာ​သွန်​ရ​မည်။''

< דְּבָרִים 15 >