< דְּבָרִים 14 >

בָּנִ֣ים אַתֶּ֔ם לַֽיהוָ֖ה אֱלֹהֵיכֶ֑ם לֹ֣א תִתְגֹּֽדְד֗וּ וְלֹֽא־תָשִׂ֧ימוּ קָרְחָ֛ה בֵּ֥ין עֵינֵיכֶ֖ם לָמֵֽת׃ 1
``သင်​တို့​သည်​သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​လူ​မျိုး​တော်​ဖြစ်​သော​ကြောင့် သေ​ဆုံး သူ​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​ကြ​သော​အ​ခါ ကိုယ်​ခန္ဓာ​ကို​ကွဲ​ရှ​ပွန်း​ပဲ့​စေ​ခြင်း၊ ဆံ​ဦး စွန်း​ကို​ရိတ်​ခြင်း​မ​ပြု​ရ။-
כִּ֣י עַ֤ם קָדֹושׁ֙ אַתָּ֔ה לַיהוָ֖ה אֱלֹהֶ֑יךָ וּבְךָ֞ בָּחַ֣ר יְהוָ֗ה לִֽהְיֹ֥ות לֹו֙ לְעַ֣ם סְגֻלָּ֔ה מִכֹּל֙ הָֽעַמִּ֔ים אֲשֶׁ֖ר עַל־פְּנֵ֥י הָאֲדָמָֽה׃ ס 2
ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး အ​ပေါင်း​တို့​အ​နက် သင်​တို့​အား​မိ​မိ​၏​လူ​မျိုး တော်​အ​ဖြစ်​ရွေး​ကောက်​တော်​မူ​သည်​ဖြစ်​သော ကြောင့် သင်​တို့​ကို​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ​၏။''
לֹ֥א תֹאכַ֖ל כָּל־תֹּועֵבָֽה׃ 3
``ထာ​ဝ​ရ​ဘု​ရား​က​မ​သန့်​ဟု​သတ်​မှတ်​သော တိ​ရစ္ဆာန်​ဟူ​သ​မျှ​၏​အ​သား​ကို​မ​စား​ရ။-
זֹ֥את הַבְּהֵמָ֖ה אֲשֶׁ֣ר תֹּאכֵ֑לוּ שֹׁ֕ור שֵׂ֥ה כְשָׂבִ֖ים וְשֵׂ֥ה עִזִּֽים׃ 4
သင်​တို့​စား​နိုင်​သော​တိ​ရစ္ဆာန်​များ​သည်​ကား နွား၊ သိုး၊ ဆိတ်၊-
אַיָּ֥ל וּצְבִ֖י וְיַחְמ֑וּר וְאַקֹּ֥ו וְדִישֹׁ֖ן וּתְאֹ֥ו וָזָֽמֶר׃ 5
သ​မင်၊ သိုး​ရိုင်း၊ တော​ဆိတ်၊ ဒ​ရယ်​အ​စ​ရှိ​သော၊-
וְכָל־בְּהֵמָ֞ה מַפְרֶ֣סֶת פַּרְסָ֗ה וְשֹׁסַ֤עַת שֶׁ֙סַע֙ שְׁתֵּ֣י פְרָסֹ֔ות מַעֲלַ֥ת גֵּרָ֖ה בַּבְּהֵמָ֑ה אֹתָ֖הּ תֹּאכֵֽלוּ׃ 6
ခွာ​ကွဲ​၍​စား​မြုံ့​ပြန်​တတ်​သော​တိရစ္ဆာန်​များ ဖြစ်​၏။-
אַ֣ךְ אֶת־זֶ֞ה לֹ֤א תֹֽאכְלוּ֙ מִמּֽ͏ַעֲלֵ֣י הַגֵּרָ֔ה וּמִמַּפְרִיסֵ֥י הַפַּרְסָ֖ה הַשְּׁסוּעָ֑ה אֶֽת־הַ֠גָּמָל וְאֶת־הָאַרְנֶ֨בֶת וְאֶת־הַשָּׁפָ֜ן כִּֽי־מַעֲלֵ֧ה גֵרָ֣ה הֵ֗מָּה וּפַרְסָה֙ לֹ֣א הִפְרִ֔יסוּ טְמֵאִ֥ים הֵ֖ם לָכֶֽם׃ 7
ခွာ​လည်း​မ​ကွဲ၊ စား​မြုံ့​လည်း​မ​ပြန်​သော​တိ​ရစ္ဆာန် များ​ကို​မ​စားရ။ ကု​လား​အုတ်၊ ယုန်၊ ခွေး​တူ​ဝက်​တူ တို့​၏​အ​သား​ကို​မ​စား​ရ။ ဤ​တိ​ရစ္ဆာန်​တို့​သည် စား​မြုံ့​ပြန်​တတ်​သော်​လည်း ခွာ​မ​ကွဲ​သ​ဖြင့် မ​သန့်​သော​တိ​ရစ္ဆာန်​များ​ဟူ​၍​မှတ်​ရ​မည်။-
וְאֶת־הַ֠חֲזִיר כִּֽי־מַפְרִ֨יס פַּרְסָ֥ה הוּא֙ וְלֹ֣א גֵרָ֔ה טָמֵ֥א ה֖וּא לָכֶ֑ם מִבְּשָׂרָם֙ לֹ֣א תֹאכֵ֔לוּ וּבְנִבְלָתָ֖ם לֹ֥א תִגָּֽעוּ׃ ס 8
ဝက်​သား​ကို​မ​စား​ရ။ ဝက်​သည်​ခွာ​ကွဲ​သော် လည်း​စား​မြုံ့​မ​ပြန်​သော​ကြောင့် မ​သန့်​သော တိ​ရစ္ဆာန်​ဟူ​၍​မှတ်​ရ​မည်။ တား​မြစ်​ထား​သော ဤ​တိ​ရစ္ဆာန်​တို့​၏​အ​သား​ကို​မ​စား​ရ။ ယင်း တို့​၏​အ​သေ​ကောင်​များ​ကို​ပင်​လျှင်​မ​ကိုင် တွယ်​ရ။
אֶת־זֶה֙ תֹּֽאכְל֔וּ מִכֹּ֖ל אֲשֶׁ֣ר בַּמָּ֑יִם כֹּ֧ל אֲשֶׁר־לֹ֛ו סְנַפִּ֥יר וְקַשְׂקֶ֖שֶׂת תֹּאכֵֽלוּ׃ 9
``သင်​တို့​သည်​ဆူး​တောင်​နှင့်​အကြေး​ရှိ​သော ငါး​ဟူ​သ​မျှ​ကို​စား​နိုင်​သည်။-
וְכֹ֨ל אֲשֶׁ֧ר אֵֽין־לֹ֛ו סְנַפִּ֥יר וְקַשְׂקֶ֖שֶׂת לֹ֣א תֹאכֵ֑לוּ טָמֵ֥א ה֖וּא לָכֶֽם׃ ס 10
၁၀ဆူး​တောင်​နှင့်​အ​ကြေး​မ​ရှိ​သော​ရေ​သတ္တ​ဝါ များ​ကို​မူ​ကား​မ​စား​ရ။ ယင်း​တို့​ကို​မ​သန့် ဟု​မှတ်​ရ​မည်။
כָּל־צִפֹּ֥ור טְהֹרָ֖ה תֹּאכֵֽלוּ׃ 11
၁၁``သင်​တို့​သည် သန့်​စင်​သော​ငှက်​ဟူ​သ​မျှ​ကို စား​နိုင်​သည်။-
וְזֶ֕ה אֲשֶׁ֥ר לֹֽא־תֹאכְל֖וּ מֵהֶ֑ם הַנֶּ֥שֶׁר וְהַפֶּ֖רֶס וְהָֽעָזְנִיָּֽה׃ 12
၁၂သင်​တို့​မ​စား​ရ​သော​ငှက်​များ​သည်​ကား​လင်း ယုန်၊ ဇီး​ကွက်၊ သိမ်း​ငှက်​မျိုး၊ လင်း​တ၊ ကျီး၊ ငှက် ကု​လား​အုတ်၊ ဇင်​ယော်၊ ငှက်​ကျား၊ ဗျိုင်း၊ ငှက် ကြီး​ဝံ​ပို၊ တင်​ကျီး၊ တောင်​သူ​ဘီး​ငှက်၊ လင်း​နို့ စ​သည်​တို့​ဖြစ်​၏။
וְהָרָאָה֙ וְאֶת־הָ֣אַיָּ֔ה וְהַדַּיָּ֖ה לְמִינָֽהּ׃ 13
၁၃
וְאֵ֥ת כָּל־עֹרֵ֖ב לְמִינֹֽו׃ 14
၁၄
וְאֵת֙ בַּ֣ת הַֽיַּעֲנָ֔ה וְאֶת־הַתַּחְמָ֖ס וְאֶת־הַשָּׁ֑חַף וְאֶת־הַנֵּ֖ץ לְמִינֵֽהוּ׃ 15
၁၅
אֶת־הַכֹּ֥וס וְאֶת־הַיַּנְשׁ֖וּף וְהַתִּנְשָֽׁמֶת׃ 16
၁၆
וְהַקָּאָ֥ת וְאֶֽת־הָרָחָ֖מָה וְאֶת־הַשָּׁלָֽךְ׃ 17
၁၇
וְהַ֣חֲסִידָ֔ה וְהָאֲנָפָ֖ה לְמִינָ֑הּ וְהַדּוּכִיפַ֖ת וְהָעֲטַלֵּֽף׃ 18
၁၈
וְכֹל֙ שֶׁ֣רֶץ הָעֹ֔וף טָמֵ֥א ה֖וּא לָכֶ֑ם לֹ֖א יֵאָכֵֽלוּ׃ 19
၁၉``အ​တောင်​ရှိ​သော​ပိုး​မွှား​တို့​သည် မ​သန့်​စင် သော​ကြောင့်​မ​စား​ရ။-
כָּל־עֹ֥וף טָהֹ֖ור תֹּאכֵֽלוּ׃ 20
၂၀သန့်​စင်​သော​ပိုး​မွှား​များ​ကို​မူ​ကား​စား​နိုင်​၏။
לֹ֣א תֹאכְל֣וּ כָל־נְ֠בֵלָה לַגֵּ֨ר אֲשֶׁר־בִּשְׁעָרֶ֜יךָ תִּתְּנֶ֣נָּה וַאֲכָלָ֗הּ אֹ֤ו מָכֹר֙ לְנָכְרִ֔י כִּ֣י עַ֤ם קָדֹושׁ֙ אַתָּ֔ה לַיהוָ֖ה אֱלֹהֶ֑יךָ לֹֽא־תְבַשֵּׁ֥ל גְּדִ֖י בַּחֲלֵ֥ב אִמֹּֽו׃ פ 21
၂၁``အ​လို​အ​လျောက်​သေ​သော​တိ​ရစ္ဆာန်​၏​အ​သား ကို​မ​စား​ရ။ သင်​တို့​နှင့်​တစ်​ရပ်​တည်း​နေ​ထိုင် သော​လူ​မျိုး​ခြား​တို့​အား ထို​အ​သား​ကို​စား ခွင့်​ပြု​နိုင်​၏။ သို့​မ​ဟုတ်​ထို​အ​သား​ကို​လူ​မျိုး ခြား​တို့​အား​ရောင်း​ခွင့်​ရှိ​သည်။ သင်​တို့​ကို​မူ ကား သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပိုင်​တော်​မူ​၏။ သင်​တို့​သည်​ကိုယ်​တော်​၏ လူ​မျိုး​တော်​ဖြစ်​ကြ​၏။ ``သိုး​က​လေး​သို့​မ​ဟုတ်​ဆိတ်​က​လေး​ကို ယင်း​၏​အ​မိ​နို့​ရည်​၌​မ​ချက်​မ​ပြုတ်​ရ။''
עַשֵּׂ֣ר תְּעַשֵּׂ֔ר אֵ֖ת כָּל־תְּבוּאַ֣ת זַרְעֶ֑ךָ הַיֹּצֵ֥א הַשָּׂדֶ֖ה שָׁנָ֥ה שָׁנָֽה׃ 22
၂၂``နှစ်​စဉ်​သင်​တို့​၏​လယ်​ယာ​များ​မှ ထွက်​သ​မျှ သော​အ​သီး​အ​နှံ​ဆယ်​ဖို့​တစ်​ဖို့​ကို သီး​သန့် ဖယ်​ထား​ရ​မည်။-
וְאָכַלְתָּ֞ לִפְנֵ֣י ׀ יְהוָ֣ה אֱלֹהֶ֗יךָ בַּמָּקֹ֣ום אֲשֶׁר־יִבְחַר֮ לְשַׁכֵּ֣ן שְׁמֹ֣ו שָׁם֒ מַעְשַׂ֤ר דְּגָֽנְךָ֙ תִּֽירֹשְׁךָ֣ וְיִצְהָרֶ֔ךָ וּבְכֹרֹ֥ת בְּקָרְךָ֖ וְצֹאנֶ֑ךָ לְמַ֣עַן תִּלְמַ֗ד לְיִרְאָ֛ה אֶת־יְהוָ֥ה אֱלֹהֶ֖יךָ כָּל־הַיָּמִֽים׃ 23
၂၃ထို့​နောက်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား ရွေး​ချယ်​ထား​တော်​မူ​သော​ဘု​ရား ဝတ်​ပြု​ရာ​တစ်​ခု​တည်း​သော​ဌာ​န​သို့​သွား​၍ ထို​ဌာ​န​တွင်​ကိုယ်​တော်​၏​ရှေ့​တော်​၌ သင်​တို့ ဆယ်​ဖို့​တစ်​ဖို့​သီး​သန့်​ဖယ်​ထား​သော​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ နွား​နှင့်​သိုး​တို့​၏​သား ဦး​ပေါက်​များ​ကို​စား​သုံး​ရ​ကြ​မည်။ ဤ နည်း​အား​ဖြင့်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​ကြောက်​ရွံ့​ရို​သေ ရ​မည်​ဖြစ်​ကြောင်း​သင်​တို့​သိ​နား​လည်​ကြ လိမ့်​မည်။-
וְכִֽי־יִרְבֶּ֨ה מִמְּךָ֜ הַדֶּ֗רֶךְ כִּ֣י לֹ֣א תוּכַל֮ שְׂאֵתֹו֒ כִּֽי־יִרְחַ֤ק מִמְּךָ֙ הַמָּקֹ֔ום אֲשֶׁ֤ר יִבְחַר֙ יְהוָ֣ה אֱלֹהֶ֔יךָ לָשׂ֥וּם שְׁמֹ֖ו שָׁ֑ם כִּ֥י יְבָרֶכְךָ֖ יְהוָ֥ה אֱלֹהֶֽיךָ׃ 24
၂၄ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း​ချီး ပေး​သ​ဖြင့် ရ​ရှိ​သော​ဝတ္ထု​ပစ္စည်း​ထဲ​မှ​ဆယ်​ဖို့ တစ်​ဖို့​ကို ဘုရား​ဝတ်​ပြု​ရာ​ဌာ​န​သို့​ယူ​ဆောင် သွား​ရန်​ခ​ရီး​ဝေး​လွန်း​လျှင်၊-
וְנָתַתָּ֖ה בַּכָּ֑סֶף וְצַרְתָּ֤ הַכֶּ֙סֶף֙ בְּיָ֣דְךָ֔ וְהָֽלַכְתָּ֙ אֶל־הַמָּקֹ֔ום אֲשֶׁ֥ר יִבְחַ֛ר יְהוָ֥ה אֱלֹהֶ֖יךָ בֹּֽו׃ 25
၂၅ထို​ပစ္စည်း​ကို​ရောင်း​ချ​၍​ရ​သော​ငွေ​ကို ဘု​ရား ဝတ်​ပြု​ရာ​တစ်​ခု​တည်း​သော​ဌာ​န​သို့​ယူ သွား​ရ​မည်။-
וְנָתַתָּ֣ה הַכֶּ֡סֶף בְּכֹל֩ אֲשֶׁר־תְּאַוֶּ֨ה נַפְשְׁךָ֜ בַּבָּקָ֣ר וּבַצֹּ֗אן וּבַיַּ֙יִן֙ וּבַשֵּׁכָ֔ר וּבְכֹ֛ל אֲשֶׁ֥ר תִּֽשְׁאָלְךָ֖ נַפְשֶׁ֑ךָ וְאָכַ֣לְתָּ שָּׁ֗ם לִפְנֵי֙ יְהוָ֣ה אֱלֹהֶ֔יךָ וְשָׂמַחְתָּ֖ אַתָּ֥ה וּבֵיתֶֽךָ׃ 26
၂၆ထို​ငွေ​ဖြင့်​သင်​တို့​နှစ်​သက်​ရာ​အ​မဲ​သား၊ သိုး သား၊ စ​ပျစ်​ရည်၊ အ​ရက်​သေ​ရည်​စ​သည်​တို့ ကို​ဝယ်​၍ ထို​ဌာ​န​တွင်​သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ သင်​နှင့်​သင် တို့​၏​မိ​သား​စု​များ​သည်​ပျော်​ရွှင်​စွာ​စား သောက်​ရ​ကြ​မည်။
וְהַלֵּוִ֥י אֲשֶׁר־בִּשְׁעָרֶ֖יךָ לֹ֣א תֽ͏ַעַזְבֶ֑נּוּ כִּ֣י אֵ֥ין לֹ֛ו חֵ֥לֶק וְנַחֲלָ֖ה עִמָּֽךְ׃ ס 27
၂၇``သင်​တို့​၏​မြို့​ရွာ​များ​တွင်​နေ​ထိုင်​ကြ​သော လေ​ဝိ​အ​မျိုး​သား​များ​၌ ကိုယ်​ပိုင်​ပစ္စည်း​ဟူ ၍​မ​ရှိ​သ​ဖြင့်​သူ​တို့​အား​ပြု​ရ​မည့်​ဝတ် မ​ပျက်​စေ​နှင့်။-
מִקְצֵ֣ה ׀ שָׁלֹ֣שׁ שָׁנִ֗ים תֹּוצִיא֙ אֶת־כָּל־מַעְשַׂר֙ תְּבוּאָ֣תְךָ֔ בַּשָּׁנָ֖ה הַהִ֑וא וְהִנַּחְתָּ֖ בִּשְׁעָרֶֽיךָ׃ 28
၂၈သုံး​နှစ်​လျှင်​တစ်​ကြိမ်​သင်​တို့​သည် ထွက်​သ​မျှ အ​သီး​အ​နှံ​ထဲ​မှ​ဆယ်​ဖို့​တစ်​ဖို့​ကို သင်​တို့ ၏​မြို့​ရွာ​များ​တွင်​စု​ဆောင်း​ထား​ရ​မည်။-
וּבָ֣א הַלֵּוִ֡י כִּ֣י אֵֽין־לֹו֩ חֵ֨לֶק וְנַחֲלָ֜ה עִמָּ֗ךְ וְ֠הַגֵּר וְהַיָּתֹ֤ום וְהָֽאַלְמָנָה֙ אֲשֶׁ֣ר בִּשְׁעָרֶ֔יךָ וְאָכְל֖וּ וְשָׂבֵ֑עוּ לְמַ֤עַן יְבָרֶכְךָ֙ יְהוָ֣ה אֱלֹהֶ֔יךָ בְּכָל־מַעֲשֵׂ֥ה יָדְךָ֖ אֲשֶׁ֥ר תַּעֲשֶֽׂה׃ ס 29
၂၉ထို​အ​စား​အ​စာ​များ​သည် ကိုယ်​ပိုင်​ပစ္စည်း​ဟူ​၍ မ​ရှိ​သော​လေ​ဝိ​အ​မျိုး​သား​များ၊ သင်​တို့​မြို့ ရွာ​တွင်​နေ​ထိုင်​ကြ​သော​လူ​မျိုး​ခြား​သား များ၊ မိ​ဘ​မဲ့​က​လေး​များ၊ မု​ဆိုး​မ​များ အ​တွက်​ဖြစ်​သည်။ သူ​တို့​သည်​ထို​အ​စား အ​စာ​များ​မှ လို​အပ်​သ​လောက်​ယူ​၍​စား သုံး​နိုင်​၏။ ဤ​သို့​ပြု​လျှင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဆောင် ရွက်​သ​မျှ​ကို​ကောင်း​ချီး​ပေး​တော်​မူ​လိမ့် မည်။''

< דְּבָרִים 14 >