< עָמוֹס 6 >

הֹ֚וי הַשַּׁאֲנַנִּ֣ים בְּצִיֹּ֔ון וְהַבֹּטְחִ֖ים בְּהַ֣ר שֹׁמְרֹ֑ון נְקֻבֵי֙ רֵאשִׁ֣ית הַגֹּויִ֔ם וּבָ֥אוּ לָהֶ֖ם בֵּ֥ית יִשְׂרָאֵֽל׃ 1
ဇိအုန်မြို့၌ ငြိမ်ဝပ်စွာနေသောသူ၊ ရှမာရိတောင်ပေါ်မှာ စိုးရိမ်ခြင်းနှင့် ကင်းလွတ်လျက်နေသောသူ၊ လူမျိုးတို့တွင် အထွဋ်အမြတ်ဟူ၍ ခေါ်ဝေါ်သောသူ၊ ဣသရေလအမျိုး ဆည်းကပ်သောသူတို့သည် အမင်္ဂလာရှိ ကြ၏။
עִבְר֤וּ כַֽלְנֵה֙ וּרְא֔וּ וּלְכ֥וּ מִשָּׁ֖ם חֲמַ֣ת רַבָּ֑ה וּרְד֣וּ גַת־פְּלִשְׁתּ֗ים הֲטֹובִים֙ מִן־הַמַּמְלָכֹ֣ות הָאֵ֔לֶּה אִם־רַ֥ב גְּבוּלָ֖ם מִגְּבֻלְכֶֽם׃ 2
ကာလနေမြို့သို့သွား၍ ကြည့်ရှုကြလော့။ ထိုမြို့မှဟာမတ်ကြီးမြို့သို့၎င်း၊ ဖိလိတ္တိလူတို့နေသော ဂါသမြို့ သို့၎င်း သွားကြလော့။ ထိုနိုင်ငံတို့သည် ဤနိုင်ငံတို့ထက်သာ၍ ကောင်းသလော။ သူတို့နယ်အပိုင်းအခြားသည် သင်တို့နယ်အပိုင်းအခြားထက်သာ၍ ကျယ်သလော။
הַֽמְנַדִּ֖ים לְיֹ֣ום רָ֑ע וַתַּגִּישׁ֖וּן שֶׁ֥בֶת חָמָֽס׃ 3
ဆိုးယုတ်သော နေ့ရက်ကို ရွှေ့၍၊ မတရားသဖြင့် စီရင်ရာပလ္လင်ကို အနီးမှာတည်စေခြင်း၊
הַשֹּֽׁכְבִים֙ עַל־מִטֹּ֣ות שֵׁ֔ן וּסְרֻחִ֖ים עַל־עַרְשֹׂותָ֑ם וְאֹכְלִ֤ים כָּרִים֙ מִצֹּ֔אן וַעֲגָלִ֖ים מִתֹּ֥וךְ מַרְבֵּֽק׃ 4
ဆင်စွယ်ခုတင်ပေါ်မှာ အိပ်၍ မွေ့ရာပေါ်မှာလျောင်းခြင်း၊ သိုးစုထဲက သိုးသငယ်တို့ကို၎င်း၊ နွားတင်း ကုပ်ထဲက နွားသငယ်တို့ကို၎င်း ယူ၍စားခြင်း၊
הַפֹּרְטִ֖ים עַל־פִּ֣י הַנָּ֑בֶל כְּדָוִ֕יד חָשְׁב֥וּ לָהֶ֖ם כְּלֵי־שִֽׁיר׃ 5
တယောထိုးသံနှင့်ပြိုင်လျက် သီချင်းဆိုခြင်း၊ တီးမှုတ်ရာတုရိယာမျိုးအသစ်ကို ဒါဝိဒ်မင်းရှာ၍ လုပ်သကဲ့သို့ လုပ်ခြင်း၊
הַשֹּׁתִ֤ים בְּמִזְרְקֵי֙ יַ֔יִן וְרֵאשִׁ֥ית שְׁמָנִ֖ים יִמְשָׁ֑חוּ וְלֹ֥א נֶחְל֖וּ עַל־שֵׁ֥בֶר יֹוסֵֽף׃ 6
စပျစ်ရည်ကို ဖလားနှင့်သောက်၍၊ အဘိုးထိုက်သော နံ့သာဆီနှင့် လိမ်းခြင်းတို့ကိုပြု၍၊ ယောသပ်အမျိုး ဆင်းရဲခံရသည်ကို စိတ်မကြင်နာဘဲနေသော၊
לָכֵ֛ן עַתָּ֥ה יִגְל֖וּ בְּרֹ֣אשׁ גֹּלִ֑ים וְסָ֖ר מִרְזַ֥ח סְרוּחִֽים׃ פ 7
ထိုသူတို့သည် အဦးဆုံးသိမ်းသွားခြင်းကို ခံရသောသူတို့နှင့်အတူ ပါသွားကြလိမ့်မည်။ လျောင်း၍ နေသောသူတို့၏ ပွဲသည်လည်း ကွယ်ပျောက်ရလိမ့်မည်။
נִשְׁבַּע֩ אֲדֹנָ֨י יְהוִ֜ה בְּנַפְשֹׁ֗ו נְאֻם־יְהוָה֙ אֱלֹהֵ֣י צְבָאֹ֔ות מְתָאֵ֤ב אָֽנֹכִי֙ אֶת־גְּאֹ֣ון יַֽעֲקֹ֔ב וְאַרְמְנֹתָ֖יו שָׂנֵ֑אתִי וְהִסְגַּרְתִּ֖י עִ֥יר וּמְלֹאָֽהּ׃ 8
ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ အရှင်ထာဝရဘုရားသည် ကိုယ်ကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်အတိုင်း၊ ယာကုပ်၏မာနကို ငါရွံရှာ၍ သူ၏ဘုံဗိမာန်တို့ကိုမုန်း သောကြောင့်၊ မြို့တော်နှင့် မြို့၌ရှိသမျှကို ငါစွန့်ပစ်မည်။
וְהָיָ֗ה אִם־יִוָּ֨תְר֜וּ עֲשָׂרָ֧ה אֲנָשִׁ֛ים בְּבַ֥יִת אֶחָ֖ד וָמֵֽתוּ׃ 9
အိမ်တဆောင်တွင် လူတကျိပ်ကျန်ကြွင်းသော်လည်း သေကြလိမ့်မည်။
וּנְשָׂאֹ֞ו דֹּודֹ֣ו וּמְסָרְפֹ֗ו לְהֹוצִ֣יא עֲצָמִים֮ מִן־הַבַּיִת֒ וְאָמַ֞ר לַאֲשֶׁ֨ר בְּיַרְכְּתֵ֥י הַבַּ֛יִת הַעֹ֥וד עִמָּ֖ךְ וְאָמַ֣ר אָ֑פֶס וְאָמַ֣ר הָ֔ס כִּ֛י לֹ֥א לְהַזְכִּ֖יר בְּשֵׁ֥ם יְהוָֽה׃ 10
၁၀ပေါက်ဘော်တော်၍ မီးဖြင့် သင်္ဂြိုဟ်ရသော သူသည် အိမ်ထဲကအသေကောင်ကိုထုတ်၍ ချီသွား သောအခါ၊ အိမ်အတွင်းတွင်ရှိသော သူကိုခေါ်၍၊ သင်၌ တစုံတယောက်ကျန်ကြွင်းသေးသလောဟု မေးသော်၊ မကျန်ကြွင်းဟု ပြန်ပြောလိမ့်မည်။ ထမ်းသွားသောသူကလည်း၊ တိတ်ဆိတ်စွာနေလော့။ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းရသော အခွင့်မရှိဟု ပြောဆိုလိမ့် မည်။
כִּֽי־הִנֵּ֤ה יְהוָה֙ מְצַוֶּ֔ה וְהִכָּ֛ה הַבַּ֥יִת הַגָּדֹ֖ול רְסִיסִ֑ים וְהַבַּ֥יִת הַקָּטֹ֖ן בְּקִעִֽים׃ 11
၁၁အကြောင်းမူကား၊ ထာဝရဘုရားအမိန့်တော် ရှိသဖြင့်၊ အိမ်ကြီးကိုဖြို၍ အိမ်ငယ်ကိုလည်း ကွဲစေတော် မူလိမ့်မည်။
הַיְרֻצ֤וּן בַּסֶּ֙לַע֙ סוּסִ֔ים אִֽם־יַחֲרֹ֖ושׁ בַּבְּקָרִ֑ים כִּֽי־הֲפַכְתֶּ֤ם לְרֹאשׁ֙ מִשְׁפָּ֔ט וּפְרִ֥י צְדָקָ֖ה לְלַעֲנָֽה׃ 12
၁၂မြင်းသည် ကျောက်ပေါ်မှာ ပြေးတတ်သလော။ လူသည် ကျောက်ပေါ်မှာ နွားနှင့် ထွန်တတ်သလော။ သင်တို့သည် တရားသဖြင့် စီရင်ခြင်းကို ခါးစွာသော သစ်ရွက်ဖြစ်စေခြင်းငှါ၎င်း၊ ဖြောင့်မတ်ခြင်းကို ဒေါနရွက် ဖြစ်စေခြင်းငှါ၎င်း ပြုကြသည်တကား။
הַשְּׂמֵחִ֖ים לְלֹ֣א דָבָ֑ר הָאֹ֣מְרִ֔ים הֲלֹ֣וא בְחָזְקֵ֔נוּ לָקַ֥חְנוּ לָ֖נוּ קַרְנָֽיִם׃ 13
၁၃အချည်းနှီးသောအရာ၌ ဝါကြွားဝမ်းမြောက်၍၊ ငါတို့သည် ကိုယ်အစွမ်းသတ္တိအားဖြင့် အာဏာကို သိမ်းယူပြီမဟုတ်လောဟု ဆိုတတ်ကြသည်တကား။
כִּ֡י הִנְנִי֩ מֵקִ֨ים עֲלֵיכֶ֜ם בֵּ֣ית יִשְׂרָאֵ֗ל נְאֻם־יְהוָ֛ה אֱלֹהֵ֥י הַצְּבָאֹ֖ות גֹּ֑וי וְלָחֲצ֥וּ אֶתְכֶ֛ם מִלְּבֹ֥וא חֲמָ֖ת עַד־נַ֥חַל הָעֲרָבָֽה׃ ס 14
၁၄အကယ်စင်စစ်၊ အိုဣသရေလအမျိုး၊ သင်တို့ တဘက်၌ လူတမျိုးကို ငါထစေ၊ ထိုလူမျိုးသည် ဟာမတ် မြို့လမ်းဝမှစ၍ တော၌ရှိသော မြစ်တိုင်အောင် သင်တို့ကို ညှဉ်းဆဲလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ၏။

< עָמוֹס 6 >