< 2 מְלָכִים 11 >

וַֽעֲתַלְיָה֙ אֵ֣ם אֲחַזְיָ֔הוּ וּרָאֲתָה (רָאֲתָ֖ה) כִּ֣י מֵ֣ת בְּנָ֑הּ וַתָּ֙קָם֙ וַתְּאַבֵּ֔ד אֵ֖ת כָּל־זֶ֥רַע הַמַּמְלָכָֽה׃ 1
အာ​ခ​ဇိ​မင်း​၏​မယ်​တော်​အာ​သ​လိ​သည် မိ​မိ​၏​သား​တော်​အ​သတ်​ခံ​ရ​ကြောင်း သ​တင်း​ရ​သည်​နှင့်​တစ်​ပြိုင်​နက် မင်း​ဆွေ မင်း​မျိုး​ရှိ​သ​မျှ​တို့​ကို​သုတ်​သင်​ပစ်​ရန် အ​မိန့်​ပေး​လေ​သည်။-
וַתִּקַּ֣ח יְהֹושֶׁ֣בַע בַּת־הַמֶּֽלֶךְ־יֹ֠ורָם אֲחֹ֨ות אֲחַזְיָ֜הוּ אֶת־יֹואָ֣שׁ בֶּן־אֲחַזְיָ֗ה וַתִּגְנֹ֤ב אֹתֹו֙ מִתֹּ֤וךְ בְּנֵֽי־הַמֶּ֙לֶךְ֙ הַמַּמֹותְתִים (הַמּ֣וּמָתִ֔ים) אֹתֹ֥ו וְאֶת־מֵינִקְתֹּ֖ו בַּחֲדַ֣ר הַמִּטֹּ֑ות וַיַּסְתִּ֧רוּ אֹתֹ֛ו מִפְּנֵ֥י עֲתַלְיָ֖הוּ וְלֹ֥א הוּמָֽת׃ 2
အာ​ခ​ဇိ​၏​သား​ယော​ရှ​တစ်​ဦး​တည်း သာ​လျှင် လွတ်​မြောက်​သွား​၏။ အ​ခြား​သူ များ​နှင့်​အ​တူ​သူ့​အား​သတ်​မည့်​ဆဲ​ဆဲ ၌​ဒွေး​တော်​ယော​ရှေ​ဘ​က​ကယ်​ဆယ်​လိုက် လေ​သည်။ ယော​ရှေ​ဘ​သည်​ယ​ဟော​ရံ​မင်း ၏​သ​မီး​ဖြစ်​၍ အာ​ခ​ဇိ​နှင့်​အ​ဖေ​တူ အ​မေ​ကွဲ​မောင်​နှ​မ​တော်​သ​တည်း။ သူ သည်​ယော​ရှ​အ​သတ်​မ​ခံ​ရ​စေ​ရန်​ယော​ရှ နှင့်​အ​ထိန်း​တော်​အား​ခေါ်​၍ ဗိ​မာန်​တော် အိပ်​ခန်း​တွင်​ဝှက်​ထား​လေ​သည်။-
וַיְהִ֤י אִתָּהּ֙ בֵּ֣ית יְהוָ֔ה מִתְחַבֵּ֖א שֵׁ֣שׁ שָׁנִ֑ים וַעֲתַלְיָ֖ה מֹלֶ֥כֶת עַל־הָאָֽרֶץ׃ פ 3
ဘု​ရင်​မ​အ​ဖြစ်​ဖြင့်​အာ​သ​လိ​နန်း​စံ​နေ​စဉ် သူ​သည်​ခြောက်​နှစ်​တိုင်​တိုင် ထို​သူ​ငယ်​ကို ကျွေး​မွေး​ပြု​စု​ကာ​ဗိ​မာန်​တော်​၌​ပုန်း အောင်း​၍​နေ​စေ​၏။
וּבַשָּׁנָ֣ה הַ֠שְּׁבִיעִית שָׁלַ֨ח יְהֹויָדָ֜ע וַיִּקַּ֣ח ׀ אֶת־שָׂרֵ֣י הַמֵּאיֹות (הַמֵּאֹ֗ות) לַכָּרִי֙ וְלָ֣רָצִ֔ים וַיָּבֵ֥א אֹתָ֛ם אֵלָ֖יו בֵּ֣ית יְהוָ֑ה וַיִּכְרֹת֩ לָהֶ֨ם בְּרִ֜ית וַיַּשְׁבַּ֤ע אֹתָם֙ בְּבֵ֣ית יְהוָ֔ה וַיַּ֥רְא אֹתָ֖ם אֶת־בֶּן־הַמֶּֽלֶךְ׃ 4
သို့​ရာ​တွင်​သတ္တမ​မြောက်​သော​နှစ်​သို့​ရောက် သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သည် ဘု​ရင်​မ​၏​ကိုယ်​ရံ​တော်​တပ်​မှူး​များ​နှင့် နန်း​တော်​အ​စောင့်​တပ်​မှူး​များ​ကို​ဗိ​မာန် တော်​သို့​ခေါ်​ပြီး​လျှင် မိ​မိ​၏​အ​ကြံ​အ​စည် အ​တိုင်း​လိုက်​နာ​ကြ​ရန်​သစ္စာ​ဆို​စေ​၏။ ထို နောက်​သူ​သည်​ထို​သူ​တို့​အား အာ​မ​ဇိ မင်း​၏​သား​တော်​ယော​ရှ​ကို​ပြ​ပြီး​လျှင်၊-
וַיְצַוֵּ֣ם לֵאמֹ֔ר זֶ֥ה הַדָּבָ֖ר אֲשֶׁ֣ר תַּעֲשׂ֑וּן הַשְּׁלִשִׁ֤ית מִכֶּם֙ בָּאֵ֣י הַשַּׁבָּ֔ת וְשֹׁ֣מְרֵ֔י מִשְׁמֶ֖רֶת בֵּ֥ית הַמֶּֽלֶךְ׃ 5
``ဥ​ပုသ်​နေ့​၌​တာဝန်​ထမ်း​ဆောင်​ရန်​လာ​သော အ​ခါ သင်​တို့​အ​နက်​သုံး​ပုံ​တစ်​ပုံ​သည်​နန်း တော်​ကို​စောင့်​ရ​ကြ​မည်။-
וְהַשְּׁלִשִׁית֙ בְּשַׁ֣עַר ס֔וּר וְהַשְּׁלִשִׁ֥ית בַּשַּׁ֖עַר אַחַ֣ר הָרָצִ֑ים וּשְׁמַרְתֶּ֛ם אֶת־מִשְׁמֶ֥רֶת הַבַּ֖יִת מַסָּֽח׃ 6
နောက်​သုံး​ပုံ​တစ်​ပုံ​မှာ​သု​ရ​တံ​ခါး​ဝ​ကို စောင့်​ရ​ကြ​မည်။ ကျန်​သုံး​ပုံ​တစ်​ပုံ​က​မူ ကင်း​နောက်​တံ​ခါး​ဝ​ကို​စောင့်​ရ​ကြ​မည်။-
וּשְׁתֵּ֤י הַיָּדֹות֙ בָּכֶ֔ם כֹּ֖ל יֹצְאֵ֣י הַשַּׁבָּ֑ת וְשָֽׁמְר֛וּ אֶת־מִשְׁמֶ֥רֶת בֵּית־יְהוָ֖ה אֶל־הַמֶּֽלֶךְ׃ 7
ဥ​ပုသ်​နေ့​၌​အား​လပ်​ခွင့်​ရ​သော​လူ​နှစ်​စု သည်​ကား ရှင်​ဘု​ရင်​အား​ကာ​ကွယ်​ရန် ဗိ​မာန် တော်​ကို​စောင့်​ရ​ကြ​မည်။-
וְהִקַּפְתֶּ֨ם עַל־הַמֶּ֜לֶךְ סָבִ֗יב אִ֚ישׁ וְכֵלָ֣יו בְּיָדֹ֔ו וְהַבָּ֥א אֶל־הַשְּׂדֵרֹ֖ות יוּמָ֑ת וִהְי֥וּ אֶת־הַמֶּ֖לֶךְ בְּצֵאתֹ֥ו וּבְבֹאֹֽו׃ 8
သူ​တို့​သည်​ဋ္ဌား​လွတ်​ကို​ကိုင်​ဆောင်​ကာ​ရှင် ဘု​ရင်​အား စောင့်​ရှောက်​ရ​ကြ​မည်။ မင်း​ကြီး သွား​လေ​ရာ​သို့​သူ​နှင့်​အ​တူ​လိုက်​ရ​ကြ မည်။ သင်​တို့​အ​နီး​သို့​ချဉ်း​ကပ်​လာ​သူ မှန် သ​မျှ​ကို​ကွပ်​မျက်​ရ​မည်'' ဟု​အ​မိန့်​ပေး​၏။
וַֽיַּעֲשׂ֞וּ שָׂרֵ֣י הַמֵּאיֹות (הַמֵּאֹ֗ות) כְּכֹ֣ל אֲשֶׁר־צִוָּה֮ יְהֹויָדָ֣ע הַכֹּהֵן֒ וַיִּקְחוּ֙ אִ֣ישׁ אֶת־אֲנָשָׁ֔יו בָּאֵ֣י הַשַּׁבָּ֔ת עִ֖ם יֹצְאֵ֣י הַשַּׁבָּ֑ת וַיָּבֹ֖אוּ אֶל־יְהֹויָדָ֥ע הַכֹּהֵֽן׃ 9
တပ်​မှူး​တို့​သည်​ယော​ယ​ဒ​၏​ညွှန်​ကြား​ချက် များ​ကို​နာ​ခံ​လျက် မိ​မိ​တို့​တပ်​များ​မှ​ဥ​ပုသ် နေ့​၌​တာ​ဝန်​ကျ​သော​တပ်​သား​များ​နှင့် အား လပ်​ခွင့်​ရ​သည့်​တပ်​သား​များ​ကို​သူ​၏​ထံ သို့​ခေါ်​ခဲ့​ကြ​၏။-
וַיִּתֵּ֨ן הַכֹּהֵ֜ן לְשָׂרֵ֣י הַמֵּאיֹות (הַמֵּאֹ֗ות) אֶֽת־הַחֲנִית֙ וְאֶת־הַשְּׁלָטִ֔ים אֲשֶׁ֖ר לַמֶּ֣לֶךְ דָּוִ֑ד אֲשֶׁ֖ר בְּבֵ֥ית יְהוָֽה׃ 10
၁၀ယော​ယ​ဒ​သည်​ထို​တပ်​သား​တို့​အား​ဗိ​မာန် တော်​တွင် ထား​ရှိ​သည့်​ဒါ​ဝိဒ်​မင်း​၏​လှံ​နှင့် ဒိုင်း​လွှား​များ​ကို​ပေး​အပ်​လေ​သည်။-
וַיַּעַמְד֨וּ הָרָצִ֜ים אִ֣ישׁ ׀ וְכֵלָ֣יו בְּיָדֹ֗ו מִכֶּ֨תֶף הַבַּ֤יִת הַיְמָנִית֙ עַד־כֶּ֤תֶף הַבַּ֙יִת֙ הַשְּׂמָאלִ֔ית לַמִּזְבֵּ֖חַ וְלַבָּ֑יִת עַל־הַמֶּ֖לֶךְ סָבִֽיב׃ 11
၁၁သူ​သည်​မင်း​ကြီး​ကို​ကာ​ကွယ်​စောင့်​ရှောက် ရန်​အ​တွက်​ထို​သူ​တို့​အား ဗိ​မာန်​တော် အ​ရှေ့​ဘက်​တစ်​ဝိုက်​တွင်​ဋ္ဌား​လွတ်​များ ကို​ကိုင်​၍​နေ​ရာ​ယူ​စေ​၏။-
וַיֹּוצִ֣א אֶת־בֶּן־הַמֶּ֗לֶךְ וַיִּתֵּ֤ן עָלָיו֙ אֶת־הַנֵּ֙זֶר֙ וְאֶת־הָ֣עֵד֔וּת וַיַּמְלִ֥כוּ אֹתֹ֖ו וַיִּמְשָׁחֻ֑הוּ וַיַּכּוּ־כָ֔ף וַיֹּאמְר֖וּ יְחִ֥י הַמֶּֽלֶךְ׃ ס 12
၁၂ထို​နောက်​ယော​ယ​ဒ​သည်​ယော​ရှ​အား​ထုတ် ဆောင်​လာ​ကာ​သ​ရ​ဖူ​ကို​ဆောင်း​စေ​ပြီး လျှင် မင်း​ကျင့်​တ​ရား​ကျမ်း​ကို​ပေး​အပ်​၏။ ထို့​နောက်​သူ့​အား​ဘိ​သိက်​ပေး​၍ ဘု​ရင် ဖြစ်​ကြောင်း​ကြေ​ညာ​လေ​သည်။ လူ​တို့​သည် လည်း​လက်​ခုပ်​တီး​လျက်``မင်း​ကြီး​သက် တော်​ရှည်​ပါ​စေ​သော'' ဟု​ကြွေး​ကြော် ကြ​ကုန်​၏။
וַתִּשְׁמַ֣ע עֲתַלְיָ֔ה אֶת־קֹ֥ול הָֽרָצִ֖ין הָעָ֑ם וַתָּבֹ֥א אֶל־הָעָ֖ם בֵּ֥ית יְהוָֽה׃ 13
၁၃အာ​သ​လိ​ဘု​ရင်​မ​သည်​အ​စောင့်​တပ်​သား များ​နှင့် လူ​တို့​၏​ကြွေး​ကြော်​သံ​ကို​ကြား သ​ဖြင့် ပ​ရိ​သတ်​စု​ဝေး​ရာ​ဗိ​မာန်​တော်​သို့ အ​ဆော​တ​လျင်​လာ​သော​အ​ခါ၊-
וַתֵּ֡רֶא וְהִנֵּ֣ה הַמֶּלֶךְ֩ עֹמֵ֨ד עַֽל־הָעַמּ֜וּד כַּמִּשְׁפָּ֗ט וְהַשָּׂרִ֤ים וְהַחֲצֹֽצְרֹות֙ אֶל־הַמֶּ֔לֶךְ וְכָל־עַ֤ם הָאָ֙רֶץ֙ שָׂמֵ֔חַ וְתֹקֵ֖עַ בַּחֲצֹֽצְרֹ֑ות וַתִּקְרַ֤ע עֲתַלְיָה֙ אֶת־בְּגָדֶ֔יהָ וַתִּקְרָ֖א קֶ֥שֶׁר קָֽשֶׁר׃ ס 14
၁၄ဗိ​မာန်​တော်​အ​ဝင်​ဝ​ရှိ​တိုင်​အ​နီး​၌ ယု​ဒ မင်း​တို့​ဋ္ဌ​လေ့​ထုံး​စံ​ရှိ​သည့်​အ​တိုင်း​ရပ် လျက်​နေ​သော​ဘု​ရင်​သစ်​ကို​လည်း​ကောင်း၊ တပ်​မှူး​များ​နှင့်​တံ​ပိုး​ခ​ရာ​မှုတ်​သူ​များ သည် မင်း​ကြီး​ကို​ခြံ​ရံ​လျက်​လူ​အ​ပေါင်း တို့​က​လည်း ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး ကြော်​လျက် တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​လျက် နေ​ကြ​သည်​ကို​လည်း​ကောင်း​မြင်​လျှင် မိ​မိ​၏​အ​ဝတ်​ကို​ဆုတ်​လျက်``ပုန်​ကန်​မှု ပါ​တ​ကား၊ ပုန်​ကန်​မှု​ပါ​တ​ကား'' ဟု အော်​ဟစ်​၏။
וַיְצַו֩ יְהֹויָדָ֨ע הַכֹּהֵ֜ן אֶת־שָׂרֵ֥י הַמֵּיאֹות (הַמֵּאֹ֣ות ׀) פְּקֻדֵ֣י הַחַ֗יִל וַיֹּ֤אמֶר אֲלֵיהֶם֙ הֹוצִ֤יאוּ אֹתָהּ֙ אֶל־מִבֵּ֣ית לַשְּׂדֵרֹ֔ת וְהַבָּ֥א אַחֲרֶ֖יהָ הָמֵ֣ת בֶּחָ֑רֶב כִּ֚י אָמַ֣ר הַכֹּהֵ֔ן אַל־תּוּמַ֖ת בֵּ֥ית יְהוָֽה׃ 15
၁၅ယော​ယ​ဒ​သည်​အာ​သ​လိ​အား ဗိ​မာန်​တော် ဝင်း​အ​တွင်း​၌​ကွပ်​မျက်​သည်​ကို​မ​လို​လား သဖြင့်``သူ့​အား​အ​စောင့်​တပ်​သား​များ​အ​ကြား မှ​နေ​၍​ခေါ်​သွား​ကြ​လော့၊ သူ့​အား​ကယ်​ရန် ကြိုး​စား​သူ​မှန်​သမျှ​ကို​ကွပ်​မျက်​ကြ​လော့'' ဟု​တပ်​မှူး​တို့​အား​အ​မိန့်​ပေး​လေ​သည်။-
וַיָּשִׂ֤מוּ לָהּ֙ יָדַ֔יִם וַתָּבֹ֛וא דֶּֽרֶךְ־מְבֹ֥וא הַסּוּסִ֖ים בֵּ֣ית הַמֶּ֑לֶךְ וַתּוּמַ֖ת שָֽׁם׃ ס 16
၁၆တပ်​မှူး​တို့​သည်​လည်း​အာ​သ​လိ​ကို​ဖမ်း ဆီး​ပြီး​လျှင် နန်း​တော်​သို့​ခေါ်​ဆောင်​ကာ မြင်း​တံ​ခါး​ဝ​၌​ကွပ်​မျက်​ကြ​၏။
וַיִּכְרֹ֨ת יְהֹויָדָ֜ע אֶֽת־הַבְּרִ֗ית בֵּ֤ין יְהוָה֙ וּבֵ֤ין הַמֶּ֙לֶךְ֙ וּבֵ֣ין הָעָ֔ם לִהְיֹ֥ות לְעָ֖ם לַֽיהוָ֑ה וּבֵ֥ין הַמֶּ֖לֶךְ וּבֵ֥ין הָעָֽם׃ 17
၁၇ယော​ယ​ဒ​သည်​မင်း​ကြီး​နှင့်​တ​ကွ​ပြည်​သူ အ​ပေါင်း​တို့​အား ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​ဖြစ်​ကြ​စေ​ရန်​ကိုယ်​တော်​နှင့်​ပ​ဋိ​ညာဉ် ဖွဲ့​စေ​လေ​သည်။ မင်း​ကြီး​နှင့်​ပြည်​သူ​တို့​ကို လည်း​အ​ပြန်​အ​လှန်​ပ​ဋိ​ညာဉ်​ဖွဲ့​စေ​၏။-
וַיָּבֹ֣אוּ כָל־עַם֩ הָאָ֨רֶץ בֵּית־הַבַּ֜עַל וַֽיִּתְּצֻ֗הוּ אֶת־מִזְבְּחֹתֹו (מִזְבְּחֹתָ֤יו) וְאֶת־צְלָמָיו֙ שִׁבְּר֣וּ הֵיטֵ֔ב וְאֵ֗ת מַתָּן֙ כֹּהֵ֣ן הַבַּ֔עַל הָרְג֖וּ לִפְנֵ֣י הַֽמִּזְבְּחֹ֑ות וַיָּ֧שֶׂם הַכֹּהֵ֛ן פְּקֻדֹּ֖ות עַל־בֵּ֥ית יְהוָֽה׃ 18
၁၈ထို​နောက်​ပြည်​သူ​တို့​သည်​ဗာ​လ​ဘု​ရား​ဗိ​မာန် ကို​ဖြို​ဖျက်​၍ ယဇ်​ပလ္လင်​များ​နှင့်​ရုပ်​တု​များ​ကို ချိုး​ဖဲ့​ပြီး​လျှင် ယဇ်​ပလ္လင်​များ​၏​ရှေ့​၌​ဗာ​လ ယဇ်​ပု​ရော​ဟိတ်​မ​ဿန်​ကို​ကွပ်​မျက်​ကြ​၏။ ယော​ယ​ဒ​သည်​ဗိ​မာန်​တော်​တွင်​အ​စောင့်​များ ချ​ထား​ပြီး​နောက်၊-
וַיִּקַּ֣ח אֶת־שָׂרֵ֣י הַ֠מֵּאֹות וְאֶת־הַכָּרִ֨י וְאֶת־הָרָצִ֜ים וְאֵ֣ת ׀ כָּל־עַ֣ם הָאָ֗רֶץ וַיֹּרִ֤ידוּ אֶת־הַמֶּ֙לֶךְ֙ מִבֵּ֣ית יְהוָ֔ה וַיָּבֹ֛ואוּ דֶּֽרֶך־שַׁ֥עַר הָרָצִ֖ים בֵּ֣ית הַמֶּ֑לֶךְ וַיֵּ֖שֶׁב עַל־כִּסֵּ֥א הַמְּלָכִֽים׃ 19
၁၉တပ်​မှူး​များ၊ ဘု​ရင်​၏​ကိုယ်​ရံ​တော်​တပ်​သား များ၊ နန်း​တော်​အ​စောင့်​တပ်​သား​များ​နှင့်​အ​တူ မင်း​ကြီး​အား​နန်း​တော်​သို့​ပို့​ဆောင်​ရာ​ပြည်​သူ တို့​သည် သူ​တို့​၏​နောက်​မှ​လိုက်​ပါ​လာ​ကြ​လေ သည်။ မင်း​ကြီး​သည်​ကင်း​တံ​ခါး​ဝ​မှ​ဝင်​တော် မူ​၍​ရာ​ဇ​ပလ္လင်​ပေါ်​တွင်​ထိုင်​တော်​မူ​၏။-
וַיִּשְׂמַ֥ח כָּל־עַם־הָאָ֖רֶץ וְהָעִ֣יר שָׁקָ֑טָה וְאֶת־עֲתַלְיָ֛הוּ הֵמִ֥יתוּ בַחֶ֖רֶב בֵּ֥ית מֶלֶךְ (הַמֶּֽלֶךְ)׃ ס 20
၂၀အာ​သ​လိ​အား​နန်း​တော်​တွင်​လုပ်​ကြံ​နှင့် ပြီး​ဖြစ်​ရာ ပြည်​သူ​အ​ပေါင်း​တို့​သည်​ဝမ်း မြောက်​၍​မြို့​တော်​သည်​လည်း​အေး​ချမ်း လျက်​နေ​၏။
בֶּן־שֶׁ֥בַע שָׁנִ֖ים יְהֹואָ֥שׁ בְּמָלְכֹֽו׃ פ 21
၂၁ယော​ရှ​သည်​အ​သက်​ခု​နစ်​နှစ်​တွင် ယု​ဒ ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​သ​တည်း။

< 2 מְלָכִים 11 >